ဒီနေရာတွေရောက်ခဲ့သည်။

မောင် ပေMarch 17, 20122min27627

မင်္ဂလာပါ ခင်ဗျာ ။ တစ်လပိုင်း ၊ နှစ်လပိုင်း နဲ ့သုံးလပိုင်းအတွင်း ကျွန်ုပ် မောင်ပေ ပရဟိတခရီး ၊ အလုပ်ခရီးများ သွားခဲ့စဉ်က ရိုက်ခဲ့သော ဓါတ်ပုံများ ကို ပြန်ရှဲလိုက်ပါသည် ခင်ဗျား ။
(သဂျီးအနေဖြင့် ကျွန်ုပ် ဓါတ်ပုံများကို သဘောကျလို ့ဝယ်ချင်ခဲ့ရင် တစ်ပုံ ဒေါ်တစ်ထောင် ဘဲ၊ဟီဟိ)
ကျောက်ဆည် ဆင်ဖြူချပ် မိဘမဲ့ကလေးကျောင်းတွင် နေ ့လည်စာ စားနေကြပုံ



ပေါ်တော်မူဘုရားမှ ရုပ်ပွားတော်များ
ဒုဋ္ဌဝတီ

ရွှေစက်တော်

နေပြည်တော် ကျောက်ပြပွဲခန်းမ အတွှုင်း
ယခုပို ့စ်တွင် ကျန်ဓါတ်ပုံများကို ဆက်လက်တင်ပါဦးမည် ခင်ဗျား ။
……. အားလုံး ကို ကျေးဇူးတင်ပါသည် …….

27 comments

  • mandalarthu

    March 17, 2012 at 9:16 pm

    ကိုပေေ၇
    ကိုပေရဲ ့အလှူ အတွက် သာဓုပါနော်။
    ပရဟိတခရီးမှာ မိဘမဲ ့ ကလေးတွေကို မြင်ရတာ ညိုးညိုးငယ်ငယ်လေးတွေနဲ ့စိတ်မကောင်းစရာသနားစရာလေးတွေနော်။သူတို ့တွေ သပ်သပ်ရပ်ရပ်နဲ ့စည်းကမ်းရှိရှိ စားသောက်နေကြတာကိုမြင်ရတော ့သွားလှူချင်စိတ်ပေါက်လာတယ်။ ဘုန်းကြီးတွေက စောင် ့ရှောက်ထားတာလား။
    ကိုပေေ၇…အဲဒီပရဟိတကျောင်းနာမည်နဲ ့လိပ်စာလေး သိပါရစေ။

    • windtalker

      March 17, 2012 at 9:49 pm

      ကျောင်းနာမည် က ဆင်ဖြူချပ် မိဘမဲ့ကလေးစောင့်ရှောက်ရေးကျောင်းဗျ ။ ကျောက်ဆည်မြို ့လယ် ဆင်ရုပ်ကြီးတွေရှိတဲ့လမ်းကနေ ကျောက်ဆည်ဝေဘူတောင် ဘက် လမ်းအတိုင်း သွားရတာ ။ တောင်ခြေမှာဘဲ ။

  • MaMa

    March 17, 2012 at 9:39 pm

    ဘုန်းတော်ကြီးသင် ပညာရေးကျောင်းများလား။
    ကလေးတွေ တော်တော်များတာပဲနော်။
    စည်းကမ်းလည်း ရှိတဲ့ပုံပေါ်တယ်။
    ဟင်းချိုင့်ဆွဲနေတဲ့ ကလေးလေးလည်း ငယ်ငယ်လေးပဲ ရှိသေးတယ်နော်။
    ရှု့ခင်းပုံလေးတွေ ရှယ်ပဲ။

  • pooch

    March 17, 2012 at 9:43 pm

    ရွှေစက်တော်က အပင်တွေ ခြောက်နေသလားလို့ ။ ကလေးတွေက စည်းကမ်းရှိလိုက်တာ ။
    ဘုရားပုံတော်က ပေါ်တော်မူဘုရားမဟုတ်လား ။ မရောက်တာကြာလို့ အဲ့လို ပြုပြင်ထားမှန်းတောင်မသိတော့ဘူး။

  • padonmar

    March 17, 2012 at 10:27 pm

    ဆင်ဖြူချပ်ကျောင်းမှာ 2000gp က ယဉ်ကျေးလိမ္မာသင်တန်း လုပ်ပေးဖူးတယ်။

  • htoosan

    March 17, 2012 at 11:16 pm

    အောက်ဆုံးပုံက ဆရာပေ ထရိတ်ဖဲ သွားတက်တဲ့ ပုံလား .. မိုက်တယ် ။

  • kai

    March 18, 2012 at 7:44 am

    ကလေးတွေက..ညိုးငယ်နေသလိုပဲ..
    စည်းကမ်းသိပ်တင်းကြပ်လွန်းနေသလား တွေးမိတယ်..။

    ရွေစက်တော်မှာ.. တချိန်က.. ချောင်းရေကြိးပြီး ချောင်းဘေးမှာတည်းတဲ့လူတွေသေခဲ့ဖူးတယ်..။
    အဲဒီလို သဘာဝဘေးအန္တရာယ်တွေအတွက်.. အခုဘယ်လိုပြင်ဆင်ထားသလည်းတော့မသိ…

    ပုံလေးတွေကြီုက်ပါ့ဗျာ…
    ဒေါ်တစ်… ထောင်ဘဲ ဆိုတာဘာလည်းဟင်င်င်.. 🙂

    • windtalker

      March 18, 2012 at 10:27 am

      သဂျီး ကိုအောင်ပု ပြောသလို တစ်ကယ်ကြီးပေါ့
      ဟန်ဆောင်တတ်တယ်ဆိုတာ ( ဒေါ် 1 ကေ နော် ဟဲဟဲ )
      ကလေး တွေ က မညှိုးငယ်ပါဘူး ခင်ဗျ ။
      ဘာလို ့လဲ ဆိုတော့ အဲဒီကျောင်းအုပ် ဘုန်းကြီးက ပညာရေး ၊ ကျန်းမာရေး ၊ စားဝတ်နေရေး က အစ အားလုံး ကောင်းမွန်အောင် ၊ ကြိုးစားပြီး ထိန်းသိမ်းစောင့်ရှောက်ကျွေးမွေး ပြုစုနေပါတယ် ။
      ရွှေစက်တော်မှာ လူသေတယ် ဆိုတာကတော့ သဂျီး တို ့ခေတ် တုန်း က ဖြစ်မှာဘဲ ။
      သားတို ့လို ၂ဝကျော်လေးတွေ တော့ မမှီ မသိတော့ဘူး ။

  • Moe Z

    March 18, 2012 at 9:04 am

    ဟုတ်တယ် သဂျီးပြောတဲ့အတိုင်း ကလေးတွေမျက်နှာက ညိုးနေတယ်
    မြင်ရတာ စိတ်မကောင်းစရာပဲ 🙁
    ကိုပေရေ ပရဟိတလုပ်နေတယ်ဆိုလို့ သာဓုပါနော်
    ဝယ်ရင် တစ်ထောင်ဆိုတော့ မဝယ်တော့ပဲ အလကားယူသွားတယ်..

    • windtalker

      March 18, 2012 at 10:31 am

      အိုဗျာ ပေးချင်လွန်းလို ့မှ တင်ထားတာပါ ညီမငယ်ရေ ။ ကြိုက်သလိုသာ ယူဗျာ ။ စကားသာပြောနေရသာ ကျုပ် ပုံတွေကဖြင့် ဘာမှ ဟုတ်တာ မဟုတ်ဘူးရယ် ။ ဘာဘဲဖြစ်ဖြစ် ကွန်မင့်ချီးမြှင့်တော်မူတဲ့အတွက် ကျေးကျေးဘာ ။

  • ချစ်ရင်ထူးနှစ်

    March 18, 2012 at 9:24 am

    ကိုပေ …
    အဲဒီလို လှူတယ်ဆိုရင် ကိုကိုယ်တိုင် ကြပ်မတ်နှိုင်မှ အဆင်ပြေတာနော်
    ကုသိုလ် မရဘဲ ငရဲ ရနှိုင်တဲ့ အဖြစ်မျိုးတွေ အများကြီး ရှိနေလို့ပါ
    သာဓု ခေါ်ပါတယ်. . .
    ဒီထက်မက လှူနိုင် တန်းနှိုင်ပါစေ. . .

  • water-melon

    March 18, 2012 at 9:24 am

    ကိုပေနောက်တစ်ခါသွားလှူရင် ဦးဆောင်ပါလားဟင်
    ပြောတာပြောရတာ သူက အားရှိ ကျောက်ဝိုင်းနဲ့ မာစွတ်ရောက်နေတာ
    ကျောက်တွေပါးတယ်ဆို 😀

  • ဦးဦးပါလေရာ

    March 18, 2012 at 9:39 am

    ကိုပေရဲ့ဘောလုံးပွဲအကြာင်းမဟုတ်တဲ့
    ရှားရှားပါးပါးပိုစ့်လေးကို
    အားရပါးရ အားပေးသွားပါတယ်။
    (ဘောလုံးပွဲကတော့ ကျုပ်က တလုံးမှမသိလို့..:( )
    အရင် ကျောက်စိမ်းအကြောင်းရေးတုန်းကလို ပိုစ့်လေးတွေလဲ
    မျှော်မိပါရဲ့ဗျာ..။

    • windtalker

      March 18, 2012 at 10:54 am

      ဟုတ်ကဲ့ပါ ခင်ဗျာ ။
      ကျွန်တော် အဆင်ပြေသလို ကျောက်စိမ်းအကြောင်းကို ထပ်မံ ရေးတင်ပါမယ်ခင်ဗျ ။

  • ဦးဦးပါလေရာ

    March 18, 2012 at 9:49 am

    kai says: ကလေးတွေက..ညိုးငယ်နေသလိုပဲ..
    စည်းကမ်းသိပ်တင်းကြပ်လွန်းနေသလား တွေးမိတယ်..။
    ရွေစက်တော်မှာ.. တချိန်က.. ချောင်းရေကြိးပြီး ချောင်းဘေးမှာတည်းတဲ့လူတွေသေခဲ့ဖူးတယ်..။
    အဲဒီလို သဘာဝဘေးအန္တရာယ်တွေအတွက်.. အခုဘယ်လိုပြင်ဆင်ထားသလည်းတော့မသိ…

    လူပေါင်းစုံ စရိုက်စုံကလေးတွေအတွက် စည်းကမ်းကတော့ ကြပ်မှဖြစ်မှာပေ့ါ….။
    မြို့ရွာ ကို အလှူရှင်ကိုမှီပြီး ရပ်တည်ရတာဆိုတော့ မြို့ရွာမျက်နှာ အလှူရှင်မျက်နှာကို ကြည့်ရတော့တာပေါ့..။

    ပရဟိတလူမှု့စောင့်ရှောက်ရေးဆိုတာ ဘာမှမရှိတာထက်တော့ ကောင်းပေမယ့်
    တကယ်တော့ အဲဒါမျိုးက အစိုးရက (ထောက်ပံ့တာမဟုတ်ပဲ) တာဝန်ယူလုပ်မှ
    တမူထဲ တစံနစ်ထဲ သင့်လျှော်အောင်စီမံနိုင်ပါတယ်။
    အစိုးရက ဘုန်းကြီးတွေကို ဖါးပြီးသွပ်တွေ သံတွေ လှူလိုက်-
    ဘုန်းကြီးတွေက သူတို့အလုပ်မဟုတ်တဲ့နေရာ ကြောင့်ကြစိုက်ပြီး ပရဟိတလုပ်ငန်းထောင်လိုက်
    ကျုပ်တို့ပြည်သူတွေကလဲ တခြားမှယုံစရာမရှိတော့ ဘုန်းကြီးပဲယုံပြီး ဝိုင်းလှူလိုက်ကြနဲ့…
    ဒီလောက်ရတာပဲ ကံကောင်း…။

  • ကိုရင်မောင်

    March 18, 2012 at 10:05 am

    ဓါတ်ပုံနဲ့စာတွဲထားယင်ပိုကောင်းမယ်ထင်တယ်ကိုပေရေ
    ဓါတ်ပုံတွေကြည့်ရတာစိတ်ဝင်စာလွန်းလို့ပါ..
    ခလေးလေးတွေအတော်များတယ်နော်
    ရှု့ခင်းကလဲသာယာပါဘိ…
    နောက်ပုံတွေထပ်တင်ပါအုံး
    စောင့်မျှော်အားပေးနေပါတယ်…..

  • ဆူး

    March 18, 2012 at 12:08 pm

    ချောင်းနဲ့ တဲတွေကို ကြည့်ပြီး ဘယ်နားလဲ မေးမလို့ ဖတ်ရင်းနဲ့ ကွန်မန်းတွေ ကြည့်လိုက်တော့ ရွှေစက်တော်မှန်း သိသွားတယ်။
    ရွှေစက်တော် ရောက်ခဲ့တုန်းက တော်တော် ငယ်သေးတဲ့ အတွက် မှတ်ဉာဏ်တွေ ဝေဝေဝါးဝါး ဖြစ်နေတာ အခုပုံတွေကိုကြည့်ပြီး အသစ်မှတ်တမ်းတင်လိုက်ပါပြီ။

    ကလေးတွေ စည်းကမ်းတကျ စားနေတာ ကြည့်ပြီး သဘောကျမိတယ်။
    စည်းစနစ်တကျ အုပ်ချုပ်တယ် ထင်ပါတယ်။
    စကားမစပ် ဆူး ရဲ့ သူငယ်ချင်းများက တနှစ်တခါ အဲဒီလို ပရဟိတ လုပ်နေတဲ့ မိဘမဲ့ ကလေးတွေ ကြည့်ပေးနေတဲ့ ဘုန်းကြီးကျောင်းတွေကို ရွေးပြီး နှစ်တိုင်း ကထိန်ခင်းကြပါတယ်။
    ကထိန် အလှူကတော့ ဒီနှစ်ဆို ၆နှစ်ဖြစ်ပြီပေါ့။
    ကထိန် အလှူ အတွက် အလှူခံပြီး ရတဲ့ ပိုက်ဆံကို ကထိန် အတွက် သင့်သလောက် သုံးပြီးတော့ ကလေးအရေ အတွက် စာရင်း အတိအကျနှင့် ကလေးတွေ အတွက် လိုအပ်တဲ့ အသုံးအဆောင် စားဖို့ ဆန်ဆီဆား ငရုတ်ကြက်သွန် စတာတွေကို ကုန်ကားကြီး တစီးနဲ့ တိုက်ပြီး ဝယ်ခြမ်းပြီး အလှူသွားလုပ်ကြပါတယ်။ အလှူမတိုင်ခင် တဖွဲ့က အရင်သွားပြီး အလှူနေ့ အတွက် ကလေးတွေကော အလှူလာတဲ့ မိတ်ဆွေတွေကော အတွက် အဖွဲ့လိုက် ကိုယ်တိုင် ချက်ပြုတ်ပြီး အလှူနေ့ကို ခင်းကျင်းကျွှေးမွေးကြပါတယ်။
    အလွန်အားကျစရာ ကောင်းလှတဲ့ အလှူကြီး ဖြစ်ပါတယ်။ အလှူပြီးလျှင်တော့ ဓါတ်ပုံများ ဝေဝေ ဆာဆာ ဖြင့် အလွန်အားရ နှစ်လိုဖွယ်ကောင်းလှပါတယ်။

  • snow white

    March 18, 2012 at 2:30 pm

    တကယ်ကိုအာရစရာပါဘဲ လှူချင်စိတ်တကယ်ကို ပေါက်လာပါတယ် မန်းဂေဇက်တရွာလုံးလှူဖြစ်တဲ့အလှူဆိုပိုတောင် ကောင်းမယ်နော် ညီမကတော့ရွာထဲ ရောက်တာမကြာသေးပါဘူးညီမမရောက်ခင်ကရွာသူား တို့လှူဖူးတယ်ဆိုရင်တော့မပြောတက်ဘူးနော် ရွှေစက်တော်လည်းမရောက်ဖူးဘူး သွားတော့ဖူးချင်တယ်

  • aye.kk

    March 18, 2012 at 3:11 pm

    ကိုပေ…
    လောကနီတိတရားနဲ့အညီ..
    တကယ်လိုအပ်တဲ့နေရာတွေမှာကုသိုလ်လုပ်လို့…
    နှစ်ထောင်းအားရဝမ်းသာပီတိဖြစ်မိရပါတယ်..။။

  • koaung

    March 18, 2012 at 3:17 pm

    ကိုပေရေ (သာဓု)၃ ပါဗျာ

  • နတ်ဆိုးလေး

    March 18, 2012 at 3:42 pm

    ရိုက်ချက်တွေ မိုက်တယ်ဗျာ အားပေးနေပါတယ်

  • blackchaw

    March 18, 2012 at 4:29 pm

    ကိုပေရေ။
    လက်မကြီးတစ်ချောင်းထောင်ပြီး အာပေးခဲ့တယ်ဗျို့။
    ရွှေစက်တော် မရောက်ဖူးသေးဘူး။
    ဒီပုံတွေကြည့်ပြီး သွားချင်စိတ် ပေါက်နေပြီ။
    သာဓု သာဓု သာဓု ပါ ဗျာ။
    🙂

  • a me

    March 18, 2012 at 5:57 pm

    ဟုတ်ကဲ့ပါ ဖတ်ရှုမှတ်သားသွားပါတယ်ရှင့်

  • ကြောင်ကြီး

    March 18, 2012 at 8:23 pm

    ကပေအလှူအတွက် ကကြောင်ကြီးမှ ကသာဓု ကသုံးကြိမ် ကခေါ်၏..။
    ကသာဓု ကသာဓု ကသာဓု….
    ခလေးတွေ မျက်နှာညှိုးတယ်လို မထင်မိပါဗျာ.. မျက်နှာမလန်းလို့ ပြောမယ်ဆိုရင်တော့ရတယ်။ ပုံစကြည့်ရတာ စည်းကမ်းတဂျ စားခိုင်းလို့ထင်ပါတယ်။ သူတို့စားတဲ့ စားပွဲခုံမှာ ညစ်ပတ်ပေကျံနေတာ၊ ဆူဆူညံညံစားသောက်နေတာ မတွေ့ရဘူး။ ခလေးမပြောနဲ့ လူကြီးများတောင် စည်းနဲ့ကမ်းနဲ့ စားဆိုရင် သိပ်ကြည်ကြမယ်မထင်..။ သို့ပေသိ အဲလိုမှမလုပ်ရင် သဂျီးက သန့်ရှင်းရေး သွားလုပ်ပေးမလို့လား… မိုးစက်လေးကတော့ ကိုကြောင်ကြီးအနားမှာ နေပါ၊ အဲလို ညစ်ညစ်ပတ်ပတ် လုပ်စရာလိုဘူး.. ကကြောင်ကြီးကို ဂျီးတွန်းရေချိုးပေရင်ရပြီ…။ 😳

    • windtalker

      March 18, 2012 at 8:35 pm

      ကကြောင်ကြီး က တော်တော်ညစ်ပတ်ပေတူးနေတဲ့ လူဂျီး ဆိုတာ အခုမှ သိရတော့ သဗျား ။

  • ကိုပေရေ …
    ကိုပေရဲ့ ပရဟိတ အလှူအတွက်တော့ …
    သာဓု .. သာဓု .. သာဓု ပါလို့ …
    ရွှေစက်တော်ကိုတော့ ကျနော် ပုစိညှောင့်တောင့် ဘဝက ရောက်ခဲ့ဖူးပါတယ် …
    တည်းခိုခန်းတွေရဲ့ နောက်က ချောင်းထဲမှာ ဘောကွင်းနဲ့ ရေတောင် ကူးခဲ့သေး … 😀
    လှေကလေးနဲ့ ပုံကတော့ အမြင်အေးစေပါတယ်လို့ …
    အောက်ဆုံးပုံကတော့ ဘာမှန်း သိဘူး …

    ခင်တဲ့ … အံစာတုံး

  • ခပ် KING ကင်း

    March 18, 2012 at 9:05 pm

    သာဓု သာဓု သာဓု
    အောက်ဆုံးပုံတွင် လေလံဝင်ဆွဲပါက
    ကျောက်စိမ်းတွဲ၊ ပုလဲတွဲ စတဲ့ ရတနာတွဲမှန်သမျှ
    အောင်ပါစေကြောင်း အောင်စေကြောင်းးးးးးးးးးးးးးးး

Leave a Reply