ကမ္ဘာ့ဖလားသီချင်း ဗီဒီယိုတွင် မြန်မာ ၂ ဦးပါဝင်

BayoteJune 9, 20101min1098

ယခုနှစ် ၁၉ ကြိမ်မြောက် ကမာ္ဘ့ဖလား ဘောလုံး ပြိုင်ပွဲ၏ တရားဝင် သီချင်း “Waka Waka” (This Time for Africa) ကို သုံးဘက်မြင် ရုပ်ကြွ ဗီဒီယို အဖြစ် ရိုက်ကူးရာတွင် မြန်မာ အမျိုးသမီးငယ် တဦး၏ “ကျမတို့က အာဖရိက ကပါ” ဟူသည့် မြန်မာ ဘာသာဖြင့် ပြောကြားချက် ကိုလည်း ထည့်သွင်း ရိုက်ကူးထားသည်။

တောင်အာဖရိက တီးဝိုင်း Freshlyground ဖြင့် ယင်းသီချင်းကို နာမည်ကျော် အဆိုတော် Shakira က သီဆိုထားပြီး ရိုက်ကူးသည့် အစီအစဉ်ကို Youtube တွင် ကြည့်ရှုနိုင်သည်။

မြန်မာ အမျိုးသမီးငယ် ၂ ဦးက ကမာ္ဘပေါ်ရှိ နိုင်ငံ အသီးသီးမှ နိုင်ငံသား များနှင့်အတူ ပါဝင် သရုပ်ဆောင် ထားပြီး ကိုယ်ပိုင် ဘာသာ စကားဖြင့် “We’re all Africa” ဟု ပြောကြားရာတွင် မြန်မာအမျိုးသမီးငယ် တဦး၏ ပြောကြားချက် ကိုလည်း ထည့်သွင်း ထားခြင်း ဖြစ်သည်။

“အရမ်းကို စိတ်လှုပ်ရှားမိပါတယ်၊ အတွေ ့အကြုံကောင်း တခုပါပဲ။ သုံးဘက်မြင် ရုပ်ကြွနဲ့ ကျမရဲ့ ပထမဆုံးသော ဗီဒီယိုပါပဲ”ဟု Shakiraက ဆိုသည်။

ပါဝင် သရုပ်ဆောင်ကြ သူများကလည်း ယင်းရုပ်သံတွင် ပါဝင်ခွင့်ရသည့် အတွက် ဝမ်းမြောက် ဂုဏ်ယူကြောင်း ပြောကြသည်။

http://www.youtube.com/watch?v=3279WyvqX4Q&feature=player_embedded#at=35

8 comments

  • faizal

    June 9, 2010 at 4:18 am

    သူတို့က africa မှာရောက်နေတဲ့မြန်မာတွေလားဗျ၊ဒါမှမဟုတ် အဲဒီသီချင်းရိုက်ဖို့အတွက်တစ်ခြားနိုင်ငံတစ်ခုခုကလာကြတာလား

  • khinmintatthu

    June 9, 2010 at 4:43 am

    သူတို့သာ ပါဝင်ခဲ့ပေမယ့် မြန်မာအသင်းကတော့ ဘယ်တော့များမှ ကစားခွင့်ရမလဲ မသိဘူးနော် ကမ္ဘာ့ဖလားမှာ….

  • yannaingech

    June 9, 2010 at 7:00 am

    တော်ပါသေးရဲ့…လုံချည်နဲ့ရင်ဖုံးလေးတွေဝတ်ထားလို့…

  • timothy

    June 9, 2010 at 4:31 pm

    Yes, there are a numbers of Burmese community in South Africa. South Africa was liberated from dehumanising Apartheid system. The fall of Apartheid was victory for global peace loving citizens who had supported the liberation struggles. Burma is comparable to South Africa in regards of lives under dictatorship. South Africa got chances to convene cricket world cup, Rugby world cup and now the giant FIFA world cup was given to South Africa to recognize their achievement of non-racial Rainbow country. Burma will definitely get the chance to host the world cup and Olympics when the country is liberated from military dictatorship. The whole world is waiting for the moment for world-wide celebration. I had witnesses the fall of Apartheid and celebration in London. I wish Burmese people will come back to the global civilisation.

  • lu ta lone

    July 9, 2010 at 6:32 am

    သူတို့က နိုင်ငံခြားရောက် မြန်မာတွေပါ… faizal
    ဒီ Mandalay Gazette မှာပဲ သူတို့ကို အင်တာဗျူးထားတာ ရှိပါတယ်…
    ကျွန်တော် တင်ထားပါတယ်… အဲဒီ ပို့စ်ကို…

  • Htoo

    July 10, 2010 at 2:43 am

    ကျွန်တော်တို့ မြန်မာတွေနေရာတစ်နေရာ ရတယ်လို့ပဲဆိုရမှာ ပေါ့လေ

  • Yin Nyine Nway

    July 21, 2010 at 11:26 am

    မြန်မာ ဟေ့ ဒို့မြန်မာတော့ ဟုတ်ပါပြီ
    သူတို့က ဘာလို့ မြန်မာက လာတာပါလို့မပြောတာလဲ!!!!!!!!!!!!!

  • cruz

    October 17, 2010 at 10:55 pm

    မြန်မာဝတ်စုံနဲ့ဆိုတော့ မြန်မာဆိုတာလက်ခံရတော့မပေါ့
    နို့ ဒါပေမယ့် ဘာလို့ မြန်မာလို့မအော်ရတာလည်း..
    ဒါရိုက်တာက မအော်ရလို့ပြောထားလို့လား မသိ.. ဟိဟိ

Leave a Reply