မိန်းကလေးများ သိသင့်ပါတဲ့ အချက်

April StarMarch 17, 20121min1073

၁။ နင်မှားတယ် မမှားဘူး ဆိုတာကို ထားလိုက်… ငိုတယ်ဆိုကတည်းက တန်းတူ အခွင့်အရေး တောင်းနေတဲ့ မိန်းမတွေကို အားနာသင့်ပါတယ်လေ။
၂။ စက္ကန့်တိုင်း သတိရဖို့ဆိုတာ ပုံပြင်တွေထဲမှာပဲ ရှိတာပါ… ဟုတ်တယ်ဟုတ်။
၃။ မင်းကို ကောင်လေးတွေက လာလာကြည့်မှတော့ ငါလည်း ကောင်မလေးတွေကို ပြန်ကြည့်ရတော့မှာပေါ့။
၄။ ငါမင်းကို မရစ်ဘူး၊ မရှုပ်ဘူး… အဲဒါကို ဂရုစိုက်သင့်တယ်။
၅။ မင်းချမ်းသာဖို့မလိုပါဘူး ဒါပေမဲ့ ချမ်းသာတဲ့သူနောက် လိုက်မသွားပါဘူး ဆိုတဲ့ ရည်ရွယ်ချက်ရှိရင် လုံလောက်ပါပြီ။
၆။ တခါတလေ အပြင်မသွားတဲ့အခါ သိပ်ပြီးတော့ သပ်သပ်ရပ်ရပ်တွေ ဝတ်မနေနဲ့လေ။
၇။ ငါကလည်း အချောဆုံး အဖြောင့်ဆုံးမဟုတ်ပါဘူး။ ဒါပေမဲ့ ဟိုလူက ငါ့ထက် ပိုချောတယ် ပိုဖြောင့်တယ် ဆိုတာတော့ မကြားချင်တာ အမှန်ပါ။
၈။ ငါဆံပင်ပုံစံ မပြောင်းတာ၊ မျက်လုံးအရောင်မခြယ်တာ၊ ဆံပင်အရောင်မပြောင်းတာ၊ ဖိနပ်အသစ် မဝတ်တာတွေကို မင်း သတိထားမိ စေချင်ပါတယ်။
၉။ အသိအမှတ်ဖြစ်တဲ့ရက် မွေးနေ့တွေကို မင်းသိနေမှတော့ ငါထပ်သိလည်း အပိုပဲလေ။
၁၀။ ငါရဲ့ကိစ္စတွေအားလုံးမဟုတ်ပါ
ဘူး။ မင်းကို ဝေမျှချင်တာ အနည်းကျဉ်းက မင်းဘာကို လိမ်းထားတယ်ဆိုတဲ့ အလှပြင်တဲ့အကြောင်းကို ဘယ်လိုမှ နားမလည်တဲ့လူကို မပြောသင့်ဘူးဆိုတာပါ။
၁၁။ တခါတလေ ဖုန်းမဆက်ခင်လေး အိပ်ကြည့်ပါလား။ အိပ်သွားပြီဆို ဖုန်းပြောတာထက်တောင် ကြည်နူးဖို့ ကောင်းမှာ… း)
၁၂။ မင်း ခေတ်ဆန်ဖို့မလိုပါဘူး။ သိပ်ပြင် သိပ်ထွင်မနေပါနဲ့၊ ကိုယ့်စတိုင်လ်နဲ့ ကိုယ်နေစမ်းပါ။
၁၃။ ငါလည်း ဒေါသထွက်တတ်တာပေါ့။ အဲလိုဆိုရင် တစ်လမှာ ၃ ရက်ကြီးတောင် ခွင့်မလွှတ်ပါနဲ့။
၁၄။ လျှပ်စစ်ပစ္စည်းတွေအားလုံးကို မင်းကောင်းကောင်းသုံးတတ်တယ်၊ ပျက်အောင် မလုပ်ဖူးလို့လည်း ငါက ယူဆထားတယ်။ ပြီးတော့ မသိရင်တောင် သွားပြင်တဲ့ နေရာလေးမှာ နောက်တခါ အဆင်ပြေအောင် ဘယ်လိုသုံးရမလဲဆိုတာ လေ့လာသင့်တယ်လေ။ တနည်းပြောရရင် စေ့စပ်တာပေါ့။
၁၅။ တချို့တွေကို ငါမလုပ်တတ်တာ အမှန်ပါ။ အဲဒီအခါ မင်းကိုယ်တိုင်လုပ်လိုက်တာ အကောင်းဆုံးလို့ ထင်ပါတယ်။
၁၆။ ငါဘယ်နေရာမှာ ဘယ်သူနဲ့ ဆိုတာတွေကို ဖုန်းဆက်ပြီး ခဏခဏ မပြောပြခိုင်းပါနဲ့။ ငါ့ရဲ့ တကယ့်အရိပ်ဆိုရင် အသံမှ မထွက်ဘဲ။ တဆင့်စကား မကြားချင်ဘူးဆို… နောက်ဆိုရင် ၂ ဆင့် ၃ ဆင့်လောက်မှ သိစေရပါမယ်… း)
၁၇။ မင်းဖုန်းကို ဒီတိုင်းမချခင်… ပြန်ဆက်စေချင်ရင်… ပြန်ဆက်နော်လို့တော့ ပြောသင့်တာပေါ့။
၁၈။ မင်းနည်းနည်းဝလာတာကို ငါမပြောပါဘူး ဒါပေမဲ့ ဖက်တီးမကြီးတော့ မဖြစ်စေနဲ့လေ။
၁၉။ နှုတ်ခမ်းနီတွေ ပါးနီတွေကက ခုခေတ်ယောက်ျားလေးတွေရဲ့အကြိုက်

မဟုတ်ပါဘူး။ ရွံစရာကောင်းပါတယ်။
၂၀။ ငါ့ကို ဆုံးမသင့်တယ်လို့ မြှောက်ပေးတဲ့ အပေါင်းအဖော်တွေ မင်းဆီမှာရှိရင် ငါ မပေါင်းစေချင်ပါဘူး။ သူတို့လို မင်းဆိုးမှာစိုးလို့ပါ။
၂၁။ ငါ့သူငယ်ချင်းတွေကိုလည်း မင်းလက်ခံနိုင်အောင်ကြိုးစားပါ။
၂၂။ ငါထမင်းဟင်းတွေ (တစ်ခါလောက်) ချက်ကျွေးရင် စားမကြည့်ဘဲနဲ့ မကောင်းဘူးလို့ မပြောပါနဲ့။
၂၃။ စာရေးတာ ပုံဆွဲတာ အားကစားတခုခု သီချင်းဆိုတာ တို့ကို မင်းလည်း တတ်သင့်တယ်။ ဂိမ်းကစားတာလည်း မင်းသိသင့်တယ်။ ဒါမှလည်း ငါလုပ်တာတွေ ခံစားပေးနိုင်မှာပေါ့
၂၄။ နင်လုပ်တဲ့ လေးစားသင့် လေးစားထိုက်တဲ့ အလုပ်ဆို လေးစားပါ့မယ်။
၂၅။ Lady First ဆိုတိုင်း ဦးစားပေးခံရမယ် ထင်နေလားဟေ။
၂၆။ ကိုယ်တိုင်ဆုံးဖြတ်နိုင်တဲ့ အရည်အချင်းရှိတိုင်း ယောက်ျားတွေ နူးညံ့ညံ့ မဆက်ဆံတတ် ဘူးလို့ မထင်ပါနဲ့။
၂၇။ ငါပန်းကန်ဆေးပြီးရင် ထမင်းထည့်ဖို့ ပြင်ထားပါ။ ငါကြမ်းတိုက်တဲ့အခါ တံမြက်စည်း သိမ်းဖို့ပြင်ပါ။
၂၈။ မင်းအဖော်လိုချင်တာ ငါသိတာပေါ့။ ဒီတော့ ငါ့အလုပ်တွေမှာ အဖော်လာလုပ်သင့်တာပေါ့။
၂၉။ ငါက ဟိုမသွားနဲ့လို့ ပြောရင် စိတ်မကောက်နဲ့။ မင်းနဲ့ ချိန်းတွေ့တာ စိတ်မပါသလို ငါခံစားရလို့ပါ။
၃၀။ ငါက မင်းလေးကိုချစ်နေမှာပဲလို့ပြောရင်… ပိန်အောင်တော့ နေပေးသင့်တယ်လေ။
၃၁။ ယောက်ျားလေး သူငယ်ချင်းတွေကို နင်လည်း ရင်းရင်းနှီးနှီးသိပ်မဆက်ဆံပါနဲ့။ ချစ်သူရှိကြောင်းပြောပြီး စည်းလေးတခုနဲ့နေပါ။ မိန်းကလေးတယောက်က အရှက်သိက္ခာနဲ့ လူလုပ်နေတယ်ဆိုတာ သိပါ။
၃၂။ နင့်မှာ ယောက်ျားလေး သူငယ်ချင်း ရှိတာ မပြောလိုပါဘူး။ အချစ်တွေ၊ ခင်မင်မှုတွေ၊ စည်းတွေ၊ တံတိုင်းတွေ ခဏထားလိုက်ပြီး အပေါ်က အချက် (၃၁) ကို သတိပြုသင့်တယ်နော်။
၃၃။ ငါကတော့ မင်းနဲ့ သိတဲ့ ယောက်ျားလေးတွေအားလုံးကို ဘယ်အရွယ်ပဲဖြစ်ဖြစ် ကြည့်မရတာ အမှန်ပါ။
၃၄။ မင်းရဲ့ အရင်ရည်းစားတွေအကြောင်းကို ပြောမနေလည်း ရပါတယ်… ငါ့ကိုသာ အသေးစိတ် ချစ်ဖို့ပဲ လိုတယ်။
၃၅။ ငါကတော့ ရှိသမျှ ရည်းစားဟောင်းတွေ၊ လက်ရှိတွေထက်… အသစ်တွေပဲ တွေးနေမိတာ ခက်တယ်ဟာ။
၃၆။ မထင်မှတ်တဲ့ surprise တွေ အလကားရတိုင်း မတောင်းဆိုပါနဲ့။ အဲလိုဆို ငါတို့တွဲတာ ကြာမှန်း မင်းဘယ်သိတော့မှာလဲ။
၃၇။ ငါကို ချစ်သေးရဲ့လားလို့ ခဏခဏ မမေးပါနဲ့။ မေးရင်… ငါ မချစ်တတ်တော့ဘူးလားဆိုပြီး ပြန်တွေးနေမိလို့ပါ။
၃၈။ လူတွေကွယ်ရာမှာ မင်းငါ့ကို ပြဿနာ မလုပ်ပါနဲ့။ ငါလည်းမင်းကို လေးစားမှာပါ။ မင်းရဲ့ သူငယ်ချင်းတွေ ရှေ့မှာတောင် မင်းကို မျက်နှာပျက်အောင် မလုပ်ပါဘူး။
၃၉။ မင်းလုပ်တာမှားသွားလို့ ဆုံးမတာ အော်တာလေ။ အဓိကက… အဓိကပဲလေ။ လုပ်ချင်တာ လုပ်ပြီးမှ အနမ်းလေး ချီးမြှင့်ပါဦးဆိုတာက မဟုတ်သေးဘူးလေ… း)
၄၀။ မင်းအတွက် ငါက ပြည့်စုံနေပြီဆိုရင် တခြားသူတွေ လာပိုးပန်းနေတာကို အပြတ်ဖြတ်သင့်တယ်။
၄၁။ မင်းစိတ်ဆိုးလို့ မင်းကို နောက်လာမရှာနဲ့ ဖုန်းမဆက်တော့နဲ့လို့ပြောနေပြီးတော့… မင်းကို လာရှာခိုင်းတာ ဖုန်းဆက်ခိုင်းတာက ဘယ်လိုလဲဟ။ (နည်းနည်းဝေးလို့ပါ)
၄၂။ မင်း ငါ့ဘေးမှာရှိတဲ့ မိန်းကလေး သူငယ်ချင်းတွေနဲ့ နှိုင်းယှဉ်ရင်း ယှဉ်ရင်း… သူတို့ ငါ့ကို စိုးမိုးသွားလို့၊ ရင်ခုန်သွားလို့ ဖြစ်ခဲ့ရင်… ရန်မလုပ်သင့်ဘူးနော်။
၄၃။ ငါချော့ရင်လည်း ချက်ချင်း စိတ်ဆိုးပြေပါ။ အေးဆေးသွားဖို့ အချိန်မပေးပါနဲ့။ ငါ အေးဆေးသွားဖို့ အချိန်တွေမလိုအပ်ပါဘူး။
၄၄။ ငါ ဝယ်မပေးတဲ့ ပစ္စည်းတွေကို နင်ကြိုက်စရာ မလိုပါဘူး။ ဝယ်ပေးတဲ့ဟာကိုလည်း အမှတ်တရဖြစ်ဖို့ ဝယ်ပေးတယ်ဆိုပြီး မင်းစိတ်ထဲမှာ ကျေနပ်သင့်တယ်။
၄၅။ ချစ်သူ နားမထောင်ချင်တဲ့အခါဆိုရင် အတင်းလိုက်မပြောပါနဲ့… နားရွက်နှစ်ဘက်လုံးက ဝင်သွားရင် ပါးစပ်က ပြန်ထွက်လာမှာနော်…။
၄၆။ ငါအပြင်ထွက်တိုင်း လိုက်ခဲ့မယ် မပြောပါနဲ့… ငါ့ရဲ့ သူငယ်ချင်းတွေက မင်းနဲ့ နှစ်ယောက်သား လည်ချင်တဲ့အချိန်ကျမှ လိုက်ချင်တယ်ဆို ဘယ့်နှယ် လုပ်ကြမလဲဟ…။
၄၇။ ဒီသီချင်းအရမ်းကောင်းတယ်လို့ ပြောတဲ့အချိန်မှာ စာသားလေးကိုပါ ရိုက်ပို့ပေးလေ… သီချင်းစာသားထဲမှာ နင်ပြောချင်တဲ့ စကားရှိတယ%E

3 comments

  • ရွာစားကျော်

    March 18, 2012 at 12:11 am

    – မင်န်ဘာတဦးသည် တရက်လျှင်ပို့စ် ၂ခုထက်ပိုမတင်ရ
    :-l

    • April Star

      March 20, 2012 at 6:40 pm

      hote ke
      ma thi loh par
      nout so 2 khu pal tin tot mal naw

  • a me

    March 18, 2012 at 5:55 pm

    ဟုတ် မှတ်တော့ထားလိုက်ပါတယ် နောက်ဆိုစာတွေ အများကြီးမရေးပါနဲ့

Leave a Reply