ကျွန်တော် ကြိုက်သောဟာသ များ

မှန်လွန်းတဲ့     အဖြေ

ဆရာမသည် အတန်းသားများကိုပြော၏ ။

“ ကောင်းပြီ တပည့်တို့  ဒီနေ့(အတိတ် ၊ ပစ္စုပ္ပန် ၊ အနာဂတ် ဆိုတဲ့ ) ကာလတွေ အကြောင်းကို သင်ခဲ့ကြတယ် ။ ဥပမာ ဆိုရင်ကွယ်ဆရာမဟာ လှပတယ် ဆိုတဲ့ ဝါကျ ဟာ  ဘယ်ကာလ ကိုညွန်းဆိုသလဲ တပည့်တို့ ” ကျောင်းသား တစ်ယောက်က လက်ထောင်ပြီး ပြောလိုက်သည် “ အသိသာကြီးပါ ဆရာမ ၊ အတိတ် ကာလကို ညွန်းဆိုပါတယ် ”

A teacher says ” OK , classs . Today we’re going to betalking about the tenses. If  I say ‘I’m beautiful,’ what tense am I using ? A boy raises his hand and says, “obviously the past tense , Miss.”

——————————————————————————————————————————————————————

လူငယ်တစ်ယောက်သည် ကုန်တိုက်ကြီး တစ်တိုက်တွင် အလုပ်ဝင်ရလေသည်။ အလုပ် ပထမ နေ့ဖြစ်သည့်အတွက် မန်နေဂျာကို သတင်းပို့ရလေသည် ။ မန်နေဂျာက သူ့ကို လက်ဆွဲနှုတ်ဆက်၍ ပြုံးပြုံးရွှင်ရွှင် လှို်က်လှိုက် လှလှ ကြိုဆိုလေသည် ။ ထို့နောက် သူ့ကို တံမျက်စည်း တစ်ချောင်း ကမ်းပေးလိုက်လေသည် ။ “မင်းရဲ့ ပထမ ဆုံး အလုပ်ကတော့ ဆိုင်သန့်ရှင်းရေး ပေါ့ကွာ ”   “ ဟာ . . ကျွန်တော်က ဘွဲ့ရပြီးသားဗျ ” လူငယ်က မကျေမနပ် ပြောလိုက်၏ ။ “ ဪ ဟုတ်လား၊ ငါမသိလို့ပါကွာ ၊စိတ်မကောင်းပါဘူး ၊ ပေး  ပေး တံမြက်စည်း ငါ့ကိုပေး ၊ တံမြက်စည်းလှည်းနည်း ငါသင်ပေးပါ့မယ် ”

A young man haired by a supermarket rrported for his first day of work . The manager greeted him with a warm handshake and a smile ,gave him a broom and said , ” Your first job will be to sweep out the store. ”     ” But I am a university graduate, ” the young men replied indignantly .  ” Oh I am sorry . I didn’t know thats “said the manager. ” Here, give me the broom I ‘ll show you how . ”

———————————————————————————————————————————————————————-

အချပ်ပို သတင်းထူး

မြို့တော် ခန်းမ အပြင်ဘက်တွင် လူငယ်လေး တစ်ဦးသည် သတင်းစာအော်ရောင်းနေလေသည် ။ “ အချပ်ပို သတင်းတွေ ၊ အချပ်ပို သတင်းတွေ ၊ ဒီ အထဲမှာ အားလုံးပါတယ် ၊ ဝယ်ဖတ်ကြပါဗျို့ ၊ နှစ်ယောက်တော့ အလိမ်ခံလိုက်ရပြီ ”   လူတစ်ယောက်သည် လူငယ် ထံသို့ လျှောက်လာပြီး  သတင်းစာ တစ်စောင်ဝယ်လေသည် ။ ပြီးနောက် ထိုင်ရင်းပင် ဖတ်လိုက်သည်  ။ အတန်ငယ် ကြာပြီးနောက် သူက လူငယ်လေး ကို လှမ်း ပြောသည်  ။ “ ဟေ့ကောင် လေး ၊ လူနှစ်ယောက် အလိမ်ခံရတဲ့ သတင်း ဘယ်မှာမှ မပါပါလားကွ ” လူငယ်လေးက အော်ဟစ်ရောင်းနေလေသည် ။ “ အချပ်ပို သတင်းတွေ ၊ အချပ်ပို သတင်းတွေ ၊ လူ သုံးယောက် အလိမ်ခံ လိုက်ရပြီ”

OUTSIDE CITY HALL , a boy selling sewspapers  bellowed , ” Extra ! Extra ! Real all about it ! Two mens swindled . ” A men walk up to the boy , bought a paper , and sat down to read it ” Hey, kid ,” he protested a few moments later , ” there’s nothing in hrer about two men being cheated . ”   “Extra ! Extra ! shouted the boy . ” Three men swindled.”

——————————————————————————————————————————————————————

5 comments

  • ကြောင် လတ်လေး

    March 18, 2012 at 8:34 am

    ဖတ်ပြီးရယ်သွားပါကြောင်း၊ ပထမဆုံး ကို ကြိုက်ပါကြောင်း ကိုချစ်ရင်ခင်ဗျာ။

  • ချစ်ရင်ထူးနှစ်

    March 18, 2012 at 9:19 am

    ဟုတ်ကဲ့. . .
    ရွာထဲလဲ စီအေတီ တွေချည်းပါလားဗျ
    ကျေးဇူးတင်ပါတယ်…

  • MTY

    March 18, 2012 at 11:10 am

    ဘာသာပြန်ပေးတော့ဖတ်တဲ့သူတွေပိုကြိုက်ကြမည်
    ထင်ပါကြောင်း၊ကြိုဆိုပါတယ်။

  • snow white

    March 18, 2012 at 3:10 pm

    ကိုချစ်ရင်ထူး ရေဟာသလေးကရယ်ရပါပေတယ် အပေါ်ဆုံးကဟာသကိုပို ကြိုက်ပါတယ်နော်

  • a me

    March 18, 2012 at 5:52 pm

    မိုက်တာ် အေမီ တော့ ကြိုက်တယ်

Leave a Reply