ပျော်စရာကောင်းခဲ့သည်

aye.kkMarch 18, 20121min12211

မျောက်ရှုံးအောင်ဆော့ဘူးသော ငယ်ငယ်ကအကြောင်းများအား ။ ပြန်စဉ်းစားမိလျှင် ။
ရင်သပ်ရှူမောဘွယ်ရာ ဖြစ်ရသည့်အပြင် ။ ပျော်စရာကောင်းခဲ့ပါသည် ။
ကြံကြံဖန်ဖန်ရှာကြံခါ ။ ဆော့တတ်လွန်းခဲ့သဖြင့် ။ လူကြီးများကပင် အံ့အားသင့်ခဲ့ကြရပါသည်။
ကျမသည် အမေကြီးပြင်းခဲ့သော ။ ဆွေမျိုးပမာ ခင်မင်တွယ်တာရသော ။ ဘကြီးတို့အိမ်ဆိုလျှင် အလွန်ပျော်သူဖြစ်ပါသည် ။
နံနက်ခင်းတိုင်းလည်း ။ ဘကြီး၏အမေ အမ်းမကခေါ်လျှင် ။ မသွားလို ့ကမရ သွားရပါသည် ။
အိမ်အကူတို့ ့ဈေးဝယ် ပြီးပြန်လာပါက ။ အမ်းမကိုယ်တိုင် ဟင်းသီးဟင်းရွက် များသင်သည့် အခါဘေးနား မှာနေပြီး
ကြည့်ခိုင်းသဖြင့်ကြည့်နေရပါသည်။ ဟင်းသီး ဟင်းရွက် သင်နေသည့်အချိန် ။ အမ်းမတို့လူကြီးများ အချင်းချင်းပြော ဆိုနေကြသည့်
စကားတို ့အား စိတ်ဝင်စားခါ မှတ်သားထားတတ်ပါသည်။

မကြာခဏ နားရည်ဝသည့် စကားမှာ ။ အမ်းမတို ့နောက်ဖေးမီးဖိုဆောင်
ကပ်လျှက်နား ခြံထဲက သရက်ပင်တွင် သရဲနေသည်။ ဘယ်သူမှမသွား ရဲကြဟု ။ သိရပါသည်။
ကလေးဘဝက သရဲလည်းနားမလည် မတွေ ့မြင်ဘူးသဖြင့် ဘာမှန်းကိုမသိပါ ။
အမ်းမတို ့အိမ်နောက်ဖေးခြံအား အသေပိတ်ထားပါသည် ။ သွားလို ့လည်းမရပါ ။
ကလေးပီပီ မသွားရသည့် နေရာဆိုလျှင် ။ တအား သွားချင်မိပါသည် ။ အိမ်နောက်ဖေး သရက်ပင်ရှိရာဆီ ။ ဘယ်လိုသွား၍ ရနိုင်မလည်းဆိုတာကို သိချင်နေမိပါသည်။ ကျမ၏ပင်ကိုယ်စိတ်က အရမ်းကို စူးစမ်းချင်ပါသည် ။
အတော်အတန်ကြာ ကာလအထိလည်း မနည်းကိုအောင့်အီး ထားခါနေလာခဲ့ရပါသည် ။

ကျမအသက် ကိုးနှစ်အရွယ် အရမ်းကိုအဆော့မက်ပါသည် ။ တစ်ရက်တွင် ။ သူငယ်ချင်းအား သရဲရှိသည့် သရက်ပင်ရှိသည် အလွန်ကြည့်ချင်သည်ဟု ပြောပြတိုင်ပင်ခါ ။ ထိုခြံနောက်ဖေး သို့ဝင်ရောက်ရန် ။
နည်းလမ်းရှာကြံလျှက် နှစ်ယောက်သား တိုင်ပင်မိကြပါသည်။

အမ်းမတို ့အိမ်၏ခေါင်းရင်းဂိုဒေါင်က ယ္ခင်ပြည်သူပိုင် သိမ်းခံထားရပြီး ။ ပြန်လည်ရရှိ ထားသော်လည်း ။ အစိုးရအား ပြန်လည် ငှားထားပေးရပါသည် ။ ထိုဂိုဒေါင်အား ကုန်သွယ်လယ်ယာရုံး ဖွင့်ထားမှန်းသိပါသည်။ ထိုရုံးနောက်ဖက်ကဝင်လျှင် သရက်ပင်ရှိရာ
နေရာသို ့သွားလို့ရနိုင်ပါသည်။ ထိုရုံးနောက်ဖက် သို့ဝင်ရောက်နိုင်ရန် နည်းလမ်းရှာကြံမိပါသည် ။ တရက်တွင် သူငယ်ချင်းက
ကျမအား အကြံကောင်း တခုပေးလာပါသည်။ ရုံးနှင့်ကပ်ရက်ဘေးနားက အိမ်သည် ဖဲဝိုင်းထာင်ထားပြီး မကြခဏဆိုသလို ဖဲဝိုင်း(ကြိတ်ဝိုင်း) ပြုလုပ်လျှက်ရှိပြီး ။ ထိုအချိန်ဆို ။ အိမ်ခြံဝန်း အဝင်ဝအရှေ့တံခါးအား ။ စေ့ရုံလေး သာစေ့ထားသည်ဟု သူငယ်ချင်းကပြောပြပါသည် ။

၎င်းအိမ်ရှင်က ။ သူငယ်ချင်းက ။ သူ၏အမေနှင့်ခင်မင်နေသဖြင့် ။ ထိုအိမ်သို့မကြာခဏ ရောက်ဘူးကြောင်း ရုံးနှင့်ကပ်ရက် အခြမ်းဖက်ခြံစည်းရိုးအား ။ သွပ်ဆူးကြိုးများ ခပ်ကြဲကြဲ ကာရံထားကြောင်း ။ သူသိသမျှအား ကျမကိုပြောပြ ပါသည်။
ထိုဖဲဝိုင်းပြုလုပ် ချိန်၌အိမ်ရှေ ့ တံခါးအားအသာ လေးစေ့ပြီး ပိတ်ထားခါ လူမရှိသည့်ပုံစံ ပြုလုပ်ထား၍ ထိုအချိန်တွင်
ဝင်သွားပါက လူကြီးတွေမသိကြောင်း ။ ခေါ်လျှင်လည်းပြန်၍ မထူးကြောင်း တစ်ခါကသူ၏ အမေအား အရေးကြီးကိစ္စရှိ
သဖြင့်သွားခေါ်ရာ အတန်ကြာသည် အထိခေါ်မရဘဲ ရှိနေကြောင်း ။
သငယ်ချင်းမ ှထိုအိမ် ထဲသို ့ဝင်ရောက်ရာ ။ အိမ်နောက်ဖေး ဆောင်၌ဖဲဝိုင်းပြု လုပ်နေတာမြင်လိုက်သဖြင့် ။
ကြောက်ပြီးပြန်ထွက် လာခဲ့ရကြောင်း ပြောပြပါသည်။ ကျမကသေချာလျှင် နှစ်ယောက်အတူတကွ သွားပြီးဝင်ရောက်ရအောင်ဟု အဖော်ဆွယ်လိုက်မိပါသည် ။

သရဲရှိတာကို အမ်းမတို့အိမ်အကူကတွေ ့ဘူးသဖြင့်လန် ့ဖျားဖျားဘူးသည်ဟု ပြောပြသိထားသဖြင့် ။
ကျမကဟုတ်မဟုတ် ပိုပြီးသိချင်နေမိပါသည် ။ ကျမရဲ ့စိတ်သဘောက ကိုယ်တွေ ့ မမြင်ရလျှင် မည့်သည့်အရာကိုမျှ လုံးဝ(အလျှင်း)ယုံကြည်ခြင်းမရှိပါ ။ ကြောက်လည်းမကြောက်တတ်ပါ စိတ်ထဲမှာလည်း ကြည့်ချင်စိတ်ကသာ ကြီးစိုးနေပါသည် ။
နှစ်ယောက်သား အဖော်ညှိပြီး ဖဲဝိုင်း(ကြိတ်ဝိုင်း) ပြုလုပ်နေချိန် အားစောင့်ကြည့်ပြီး ဝင်ရောက်ကြပါသည် ။ သွတ်ဆူးကြိုးများက ကြဲကြဲကါရံထားသဖြင့် အလွယ်နှင့်ပင် တယောက်ပြီးတယောက် ကျော်ခွ၍ဝင်ခဲ့ကြပါသည်။
တယောက်ဝင်လျှင် တယောက်က သွတ်ဆူးကြိုးအား ပင့်ပြီးမထားပေးကြပါသည်။ (အင်္ကင်္ျီများနှင့်ငြိမှာကြောက်၍ဖြစ်ပါသည်)
မိဘများသိလျှင် ကျောပြင်မှာ ဗျောကိုယ်စီအတင်ခံရနိုင်ပါသည်။ ထိုအိမ်ခြံဝန်းမှ တဆင့် ရုံးနောက်ဖေးဖက် မှဝင်ရောက်ခါ
သရက်ပင်ရှိရာသို့ ရောက်လာခဲ့ကြပါသည် ။
သူငယ်ချင်းနှင့်နှစ်ယောက်သား အခုချိန်တွင်သူခိုး ဝင်တက်ခိုးပါက တစ်အိမ်လုံးကုန်လျှင်တောင် မသိနိုင်ဟုပြောဆိုကြပြီး သဘောကြခါပြောဆိုရယ်မောမိကြရပါသည်။ သရဲတွေ ့ဘူးချင်သဖြင့် ။ သရဲရှိသည်ဟု ပြောသောသရက်ပင ်ရှိသည့်နေရာ သို့ရောက်ပြီး သရဲရှိမရှိ စောင့်ကြည့်ကြပါသည် ။ ဘာသရဲကမျှမှထွက်မလာပါ ။ ဘာမှလည်းမတွေ ့ရ ။ နွေရာသီရွက်ခြောက်များသာ သရက်ပင်အောက်မှာ
တွေ ့ရပါသည် ။ လူလည်းအဝင်အထွက်မရှိ သဖြင့် သရက်ပင် နှင့် တိုက်နရံအကြား ပင့်ကူမျှင်နှင့် ပင့်ကူအကောင်ကြီးကြီး တို့သာတွေ ့ရှိရပါသည် ရုံးနောက်ဖက်တံခါး လည်း အသေပိတ်ထားသဖြင့် စိတ်ခြောက်ခြားစရာဟု အာရုံခံစားမိပါသည် ။

အတန်ကြာသည်အထိ ဘာမှမတွေ ့ကြရသဖြင့် ပြန်ထွက်လာခဲ့ကြပါသည် ။ ရုံးနောက်ဖက်တွင်လည်း အမှိုက်တွေများ၊ ပင့်ကူမျှင်များအလိမ်းလိမ်းဖြင့် ထွေးလုံးရစ်ပတ်နေပါသည်။ အနံ ့အသက်လည်းကောင်းမွန်ခြင်းမရှိပါ ။ ပြန်ထွက်လာသည့် အချိန်ထိပင် ဖဲဝိုင်းကမပြီး သေး၍နှစ်ယောက်သား ပျော်ရွှင်မိပါသည်။ ကြိတ်ဝိုင်းကလည်း ဝိုင်းကောာင်းနေ ဆဲဖြစ်မည်ဟု ။
နှစ်ယောက်သား ထင်မြင်နေမိခါ ။ ဖဲဝိုင်းသတင်းအား စကားတင်းစပ်ရင်း နှစ်ယောက်သား သိသမျှပြောဆိုရင်း
အောင်မြင်စွာနှင့် ဖဲဝိုင်းလုပ်သော အိမ်ခြံဝင်းထဲမှပြန်ထွက်လာခဲ့ကြပါသည်။

ကျမတို့တွေ ့ချင်သော သရဲကမရှိပါ ။ လူကြီးတွေကတော့ ။ ပရိတ်များရွတ်ဖတ် ။သရဇ္ဇယ်လည်း မရ ။ကမ္မဝါညှပ်လည်းမရ သရဲက ထိုသရက်ပင်တွင်။ သာနေသည်ဟု လက်ခံပြောဆိုပြီး ။ ယုံကြည်နေကြသဖြင့် ။ နှစ်ယောက်သား စဉ်းစားမိကြခါ ။
ရုံးကထိုလူကြီးတွေအား သရဲခြောက်ဘို ့စိတ်ကူးအကြံစည် ့ဖြစ်ပေါ်ခဲ့မိကြပါသည်။ ထိုရုံးပိတ်ရက်ဖြစ်သည့်နေ ့ရက်များ၌ သရဲခြောက်ရန် အကြံရကြပြီး နောက်ရက်များတွင် ထပ်မံတွေ ့ဆုံရန်သဘော တူထားကြပါသည်။
ရုံးတွင်ရုံးဝန်ထမ်းစာရေး ရုံးစောင့်များနေတာကို သိထားပါသည်။

သူတို့အပြင်ထွက်လျှင် ရုံးရှေ့ကတံခါးအား သော့ဂလောက်ကြီးခတ်ထားပါသည်။ ရုံးပိတ်ရက်တွင် မရှိကြတာများပါသည်။
ကျမတို့အကြိုက်ပင် ဖြစ်ပင်ဖြစ်ပါသည် ။ ရုံးပိတ်ရက်လည်းဖြစ် ဖဲဝိုင်းကလည်း နေ့လည်ခင်း ကတည်းကလုပ်နေသဖြင့်
ကျမနှင့်သူငယ်ချင်းတို့ နှစ်ယောက်သား ရုံးနောက်ဖေးသို့ ရောက်လာကြပါသည်။ ရုံးနောက်ဖေးတွင် တံခါးရွက်တချပ်ပါ ။ တံခါးပေါက်အသေးတခု။ တံခါးရွက်နှစ်ချပ်ပါ ။ တံခါးမကြီးပေါက် အားလုံးနှစ်ခုမြင်ပါသည်။ တံခါးပေါက်ကြီးက အပြင်ဖက်မှသစ်သားပြား ကန့်လန့်ရိုက်ထားသဖြင့် ။ အပြင်သို ့ အဝင်အထွက် ။ မရှိသည်ကို သူငယ်ချင်းနှင့်ကျမတို့ နှစ်ယောက်သား တွက်မိကြပါသည် ။

ရုံးနောက်တံခါးပေါက်ဝ အကြီးအားကန့်ထားသောသစ်သား မှာနှစ်ကြာ၍လားမသိ ဆွေး၍ပြုတ်ချင်နေပါသည် ။
ကျမတို့နှစ်ယောက် အားထဲ့ပြီး ကန်လန့်ခံထားသော သစ်သားအား ဆွဲခွါကြည့်ကြရာအလွယ်တကူ ပြုတ်ထွက်သွားပါသည်။
ပြီးလျှင်တံခါးရွက် အောက်ခြေနှစ်ဖက်အား လက်ဖြင့်တံခါးရွက်တဖက်အား တွန်းကန်ကြည့်ရာ ဟသွားပါသည်။ ဟသည့်နေရာမှပင် အထဲဗွန်ချထားသည့် နေရာအား လက်ကိုထိုးသွင်းပြီးဗွန်ကို ဆွဲဖွင့်၍မတင်လိုက်ပါသည် ။ တံခါးအောက်ခြေ နှစ်ဖက်ပွင့်သွားပါသည် ။
ပြီးလျှင် တံခါးမကြီးအလယ်တွင် ။ မင်းတုံးခံထားသဖြင့် ။ နှစ်ယောက်သား ခွန်အားဖြင့် သစ်သားအချောင်းပြား တစ်ခုဖြင့်ကလော်တင်ခါ ထိုးချလိုက်လျှင်။ တံခါး မကြီးအလယ်တည့်တည့် ခံထားသောမင်းတုံးကြီး ပြုတ်ကျသွားပါသည်။ အသံလည်း ဘုတ်ကနဲ မည်သွားပါသည်။

လူရှိနေလို့ကတော့ ကျမတို့အားမိမှာ ကြိမ်းသေပါသည် ။ ဘယ်သူမှမရှိသဖြင့် နှစ်ယောက်သား ဖိုးကြိုင်းတုတ်(စိတ်တိုင်းကြ) ဖြစ်နေကြပါသည် ။ အဖေအမေတို့ ပြောသောစကားအား ယူသုံးထားခြင်း သာဖြစ်ပါသည်။ အဖေမေတို့မရှိ သည့်အချိန်အခါများ တွင်တစ်အိမ်လုံး ဗြောင်းဆန်အောင် ဆော့ထားကြသည့် အခါတိုင်း ။ အဖေမေတို့ ပြန်လာချိန်၌ ကျမတို့အားထိုသို ့ဆော့ထားသည်ကိုမြင်တွေ ့လျှင် ။ မိဘတို့မရှိလျှင် နင်တို့စိတ်တိုင်းအကျ ဖိုးကြိုင်းတုတ် လုပ်နေကြသည်ဟု ပြောတတ်သောကြောင့်ဖြစ်ပါသည် ။ ကျမတို့နှစ်ယောက်က စိတ်တိုင်းကျ ဖိုးကြိုင်းတုတ်လုပ်ရသဖြင့် ပျော်နေပါသည်။ အပေါ်ဗွန်က အရပ်မမှီ သဖြင့်ဖြုတ်၍ မရပါ ။ မင်းတုံးပြုတ်သွား၍ တံခါးကနှစ်ယောက်သား လူတစ်ကိုယ်ဝင်စာလေး ဟ၍ရသွားသဖြင့် အထဲသို့နှစ်ယောက်သား ဝင်ရောက်ခဲ့ကြပါသည်။

ရုံးနောက်ဖက်တွင် ။ မြင်နေရသော ။ တံခါးပေါက်သေးနေရာက ။ ထမင်းချက်သည့် မီးဖိုပြုလုပ်ထားသည့် ။ အလင်းရောင်ရရှိရန် ပြုလုပ်ထားသည့် ပြူတွင်းပေါက်ဖြစ်နေသည်ကို နှစ်ယောက်သား တွေ ့မြင်ကြပါသည်။ မီးဖိုပေါ်တွင် မြေဖြင့်ပြုလုပ်ထားသည့်
ထမင်းအိုးငယ် ၊ငပိအိုး၊ တို့အားတွေ ့မြင်ကြပါသည် ။ ငပိအိုးကတော့ အိမ်တွင်လည်း မြေအိုးနှင့်ချက်သဖြင့် တွေ ့ဖူးပါသည် ၊ထမင်းအိုးအား မြေအိုးနှင့် ချက်ထားတာတွေ ့ရ၍ စိတ်ထဲတွင် အထူးအဆန်း ဖြစ်နေမိပါသည်။
တို့ ့စရာမြေအိုး ကလေးတလုံးသပ်သပ်တွေ ့ပါသည် ။ ကလေးဘဝ ဖြစ်၍အကျိုးအပြစ် အားသိနားမလည်ခဲ့ပါ ။
သရဲခြောက်သော အိမ်ကြီးအကြောင်းအား ။ အမ၏ဖတ်စာအုပ်ကို် စိတ်ဝင်စားသဖြင့် ယူဖတ်မိဘူးပါသည်။
ကိုယ့်ဖတ်စာအုပ် မဟုတ်ပါဘဲ ။ ယူဖတ်မိ၍ အမ၏အဆူကို ခံရဘူးပါသည် ။ အစ်မကကြီးကျယ်သည့်သူဟု ကျမစိတ်တွင်တသက်လုံးမှတ် ယူထားပါသည် ။ ကျမကနာမည်အရင်း ကိုုစိတ်ထဲတွင်မရှိ ။ မကြီးကျယ်ဟုသာ သတ်မှတ်ထားပါသည်။ အမကလည်း ကျမကို ခေါင်းအလွန်မာ၍ မည်သည့်အရာကိုမျှ လက်တွေ ့မမြင်လျှင်မယုံ ။ ရုပ်ဝါဒီအလွန် ဆန်သည့် “ကွန်မြူနစ်မ” ဟုအမည်ပေး
သတ်မှတ်ထားပါသည်။ အဖေနှင့်အမေတို့စိတ်ထဲတွင် စိတ်မကောင်းဖြစ်နိုင်ပါသည်။
ခေါင်းအလွန်မာသည့်ကျမနှင့် ။ အလွန်ကြီးကျယ်သည့်ကျမ၏အမ မကြီးကျယ်တို ့ ရေစက်ဖြစ်တည်လာမှုအား ။
မိတ်ဆွေဘဘကြီးက ရှေးရှေးဘဝ၏ ဆုတောင်းများရှိကြသဖြင့် ။ အသွင်မတူပဲ ။ ညီအစ်မတွေအဖြစ် ဆုံစည်းလာရခြင်းဖြစ်သည်ကို ပြောပြဘူးပါသည်။
ကျမနှင့်သူက နှစ်ယောက်သား ။ မြေအိုးလေးထဲတွင် ရှိနေသော ။ ထမင်းများအား ယောင်းမနှင့်ခပ်တင်ကလော်ပြီး ။
မီးဖိုတံခါးပေါက်အဝမှ တဆင့်အပြင်သို့့် လွင့်ထုတ်ပြစ်ကြပါသည်။ စိတ်ထဲတွင် တိရိစာ္ဆန်လေးများစားရသည် ။
အပြစ်မရှိဟု ထင်နေမိပါသည်။ ပြီးလျှင်တော့ တံခါးပေါက်ကြီးအား ဗွန်ပြန်ချခဲ့ပြီး ။ မင်းတုံးလည်းပြန်တပ်ထည့် ထားလိုက်ပါသည်။
နှစ်ယောက်သား ခွေးချေခုံအပုလေးပေါ်မှတစ်ဆင့် မီးဖိုဆောင် ပြူတွင်းပေါက်ဝမှ တစ်ဆင့် ပြန်ခုန်ဆင်းကြပါသည်။

ပြူတွင်းပေါက်က တံခါးရွက်တဖက် ပဲဖြစ်ပြီးဗွန်ကအောက်ခြေတွင် တခုထဲသာရှိပါသည်။
နှစ်ယောက်သားပြန်ခုန်ဆင်းကြပြီးလျှင် ။ ပြူတွင်းပေါက်တွင်တပ်ထားသော ဂျက်ထိုးရသည့် ။ ဗွန်အားတည့်မတ်ပြီး ။
တည်းတည်းလေးလုပ်ခါ ။ အပြင်ဖက်မှနေပြီး လက်အရှိန်နှင့်ဆောင့်ပြီး ပြန်ပိတ်ထားခဲ့ပါသည်။
ဗွန်ကအပေါက်ဝတည့်တည့် ဂျက်ကျပြီး ပြန်ပိတ်သွားပါသည်။
ပြူတင်းပေါက်အား ဖွင့်ကြည့်၍မရတော့မှသာ ။ နှစ်ယောက်သား ။ တယောက်မျက်နှာ ။ တယောက်ကြည့်ပြီး ။
ရုံးနောက်ဖက် မီးဖိုနရံအား ။ ကပ်မှီခါ ထိုင်ချလျှက် ။ နှစ်ယောက်သား ။ အားရပါးရရယ်မောကြပါသည် ။
တွေးတွေးပြီး ။နှစ်ယောက်သား ကိုယ့်ဗိုက်ကိုယ်ပြန်နှိပ်ခါ ။ အူတက်မတတ် ။ ရယ်မောမိကြပါသည် ။
ရယ်ရသည်မှာ နဖူးမှချွေးထွက်၍ ။ မျက်လုံးထဲဝင်ခါ ။ မျက်လုံးစပ်သည် အထိပင် ဖြစ်ပါသည်။

ပြန်ထွက်လာသည့်အချိန် ။ ဖဲဝိုင်းက ကောင်းနေဆဲတုံးပင် ။ နေလည်းအတော်မြင့် တက်လာနေပြီဖြစ်၍ ။
နှစ်ယောက်သား ကိုယ်စီ အိမ်ပြန်လာကြပါသည် ။ နှစ်ခါသုံးခါမျှ ။ သွားလုပ်ခဲ့ကြမိသဖြင့် ။ ထိုရုံးမ ှစာရေးမကြီးက
ရုံးအိမ်သာအား ။ မတက်ရဲတော့ဘဲ တကယ်သရဲခြောက်သည်ဟု တကယ်ထင်မှတ်ပြီး ။
ကျမတို့အိမ်တွင် ခွင့်တောင်းခါ ။ အိမ်သာလာ တက်ပါတော့သည်။ အမေ့အားလည်း ။ ရုံးဝန်ထမ်းအစောင့်များက
သူတို့ချက်ထားသည့် ထမင်းအိုးမှာ ။ ထူးဆန်းစွာ ပျောက်ဆုံးပြီး ။ ထမင်းများအား မတွေ ့ရတော့ကြောင်း ။ သရဲကအခြေနေဆိုးရွားခါ ထမင်းများပင် ချက်ထား၍ မရကြောင်း ။ ထူးထူးဆန်းဆန်း ပျောက်ဆုံးသွားကြောင်း ။ ပြောသံကြားနေရသဖြင့် ။
မိမိမှာက ။ သရဲကြောက်တတ်သူ ဖြစ်၍ ။ ရုံးအိမ်သာအားလည်း ။မီးဖိုချောင်နှင့်ကပ်ရက်ဖြစ်နေသဖြင့် ။ မသွားရဲကြောင်း ။
ဖောက်သည်ချခါ ။ အမေ့အားလာပြောပါသည်။ ထိုစကားကို ကျမကြားလျှင်အလွန်ပျော်ပါသည်။

ဆရာဝန်တင်ရွှေရေးသော ။ သရဲခြောက်သည်ဆိုသောအိမ်ကြီး အားဖတ်မိရခါ ။ စိတ်၏ထင်မြင်ချက်များအား ။လူတွေမှ
သရဲခြောက်သည်ဟု အမြင်မှားထင်နေကြခြင်း ဖြစ်သည်ဟုသာ ကျမက ယုံကြည်မိပါသည်။
ကလေးဘဝကကဲလွန်းလှပါသည် စတာနောက်တာ ကိုယ့်ကိုယ်လည်းအထင်ကြီးလွန်းသည်။
နောက်ပိုင်းတွင်လည်း ။ အစရသွားပြီဖြစ်၍ တဆင့်တက်ခါ ။ သူတို့စားသုံးသည့် ပစ္စည်းပန်းကန် အိုးခွက်တို ့အား
နေရာရွေ ့ပြောင်းသည်ထိ ပြုမူမိခဲ့ကြပါသည်။

ထုံးစံအတိုင်းပင် ။ ရုံးစာရေးမကြီးက ။ အိမ်သို့ပေါက်ချလာပြီး ။ အမေ့အားဖောက်သယ် ချပြန်ပါသည် ။ ရုံးနှင့်ကပ်ရက်အိမ်က
တစ်မြို ့လုံးကလေးစားရသည့် ဂုဏ်သရေရှိလူကြီးလူကောင်းအိမ် ။ ရုံးဘေးကပ်ရက ်ခြံဝန်းကလည်း အဖိုးကြီး အဖွားကြီး လင်မယားနှစ်တည်းသာနေထိုင်ပြီး ။ သားသ္မီးကလည်းတယောက်မျှမရှိ။ အိမ်ခြံဝန်းခတ်ထားပြီး တော်ယုံတန်ယုံကလေးများလည်း အနားပင်လာမသီရဲနိုင်ဟု အမေ့အား ပြောဆိုပြနေပါသည်။
အမေ့အားလည်း ။ စည်းကမ်းအလွန်ကြီးသည့်သူဖြစ်ပြီး ။ သားသ္မီးများအား ။ ဗိုင်းကောင်းကျောက်ဖိ သွန်သင်ဆုံးမထားသည် ။ ကလေးများအားလည်း ။ ဥပုသ်ကျောင်းသွားတိုင်း ။ ခေါ်သွားတာ မြင်တွေ ့ရသည် ။
အမကြီးကလေးများကလည်း ။မည်သည့်နည်းနှင့်မျှမဖြစ်နိုင်ဟု ။ သူ ့ဖာသာ ထင်ကြေးပေး သုံးသပ်ပြောဆိုပြီး ။
ခွင့်တောင်းခါ ။ အိမ်သာလာတက်တတ်ပြီး ။ ပြန်သွားတတ်ပါသည် ။ ရုံးအားကမ္မဝါညှပ်ချင်သည် ။ ဘာသာမတူသူတွေလည်း ။ ရှိနေသဖြင့် လုပ်ရခက်သည် ။ တစ်ရုံးလုံးကလည်းသရဲရှိသည်ဟုတစ်ဖုံ၊ တစ်ချို ့ကလည်းမယုံ ။ အမျိုးမျိုးပြောဆိုနေကြသည်ဟု ပြောပြပြီး ပြန်သွားပါသည်။ ရုံးဝန်ထမ်းအစောင့်များနှင့် စောင့်ကြည့်ပြီး အမိဖမ်းမည်ဟုလည်း သိထားမိပါသည် ။
လူကြီးစကားများအား ကြားထားသဖြင့် ။ သူငယ်ချင်းအား ပြန်ပြောပြထားပြီး ။ရက်အတော်အတန် ကြာသည်အထိပင် ။ နှစ်ယောက်သား ငြိမ်ချက်သားကောင်းနေမိခဲ့ကြပါသည်။
ခွေးမြီးကောက်က ကျည်တောက်စွပ်လျှင် ။ခဏပဲဖြောင့်သည်ဟု ။ ပြောရမလိုပင်။ ကျမနှင့်သူငယ်ချင်းမှာ။မဆော့ရမနေနိုင်မိအောင်ပိုးဝင်သွားခဲ့မိပါတော့သည် ။
ကျမတို့ဆော့ကစားနည်းက လွန်စွာကိုရင်သပ် ရှုမောရသည့်အပြင် ။
ကျမအတွက် အလွန်ပင် ပျော်စရာကောင်းပါသည်။

ချောချောမောမောနှင့်ပြီးသွားလျှင် ။နှစ်ယောက်သား ထိုင်ပြီး ရယ်မော နိုင်ကြပါသည်။ အရမ်းလည်းပျော်ပါသည်။
တရက်တွင ်ရုံးဝန်ထမ်းတို့ ရှိမရှိ ။ သေချာ အောင်ကြည့်ပြီး ထပ်သွားခဲ့ပြန်ပါသည်။ဒီတစ်ခါတော့ ရုံးစောင့်ဝန်ထမ်းတွေချိုးသည့် ရေပုန်းအားဖွက်မည်ဟု နှစ်ယောက်သား ဆုံးဖြတ်ထားကြပါသည်။ ကျမနှင့်သူငယ်ချင်းတို့နှစ်ယောက်လုံးက ။
ရုံးနေရာအနေအထားအားလုံး တို့အားအကျွမ်းတဝင်ရှိနေပြီဖြစ်ပါသည် ။ မီးဖိုချောင်ကပ်ရက်တွင် အိမ်သုံးရေတွင်းရှိပါသည်။ရေတွင်းကလွန်စွာကျဉ်းကျဉ်းလေးဖြစ်ပါသည် သံဇကာများကာထားပါသည်။
ပြီးလျှင်ကပ်ရက်ကအထပ်ခိုးပါသည့်စတိုခန်း ရှိပါသည် ။

ရေတွင်းဘောင်နခမ်းဝကအထူကြီးဖြစ်ပါသည်။လှေခါးငယ်အထောင်တစ်ခုရှိပါသည်။ထိုလှေခါးငယ် အထောင်လေးဖြင့် ရေတွင်းနခမ်းဘောင်အထူဝမှ ထောင်ခါအထပ်ခိုးအထိ တက်၍ ရပါသည်။ အန္တရာယ်တော့ရှိပါသည်၊သတိနှင့်တက်လျှင်တော့ ရပါသည် ။ မတော်တဆ ကျမတို့အားမိသွားလျှင် တက်ပြေးပုန်းရန်လှေခါးငယ်အထောင်လည်း အနားမှာရှာယူထားပါသည်။ ရေပုန်းကြိုးကရော်ဘာကြိုးမဲလုံးကြီးဖြစ်ခါ ။ ရေပုန်းကို သွတ်နန်းကြိုးနှင့် အသေအချာတုတ်ထားသဖြင့် ။ ဖြုတ်ရအလွန်ခက်နေပါသည်။ ဖြုတ်နေတုံးတန်းလန်း ။ ရုံးဝန်ထမ်း အစောင့်တွေ ။ အပြင်မှရောက်လာသည့်။ ခြေသံ၊သော့ဖွင့်နေသံကို
ကြားလိုက်ရပါသည် ။ ကျမနှင့်သူငယ်ချင်းလည်း ။ တိုင်ပင် ကိုက်ထားကြသည့် အတိုင်း ။ လှေခါးအတိုလေးအား ။ ရေတွင်း နခမ်း ဘောင်နံရံနှင့် ကပ်ပြီးထောင်လျှက် ။ သတိထားပြီး ။အထပ်ခိုးလေးပေါ်သို ့ရောက်အောင်တက်ခဲ့ကြပါသည် ။ စတိုအထပ်ခိုးဖြစ်၍ ဝမ်းလျားထိုးမှောက်၍ ဝင်ရောက်ရပါသည် ။ အသက်ပင်ဝဝ မရှူရနိုင်ပါ ။ နေမရ ။ လေမရ ။ မွှန်းကြပ်ခါ ။ အသက်ရှူရ ခက်ပါသည် ။
ရုံးစောင့်တွေက ။ အနောက်ဖေးအထိဝင်ကြည့်ပြီး။ကြိုးနှင့်ရေပုံးဖြုတ်လျှက် ။တန်းလန်း ဖြစ်နေတာတွေ ့ပြီး လူအားလိုက်ရှာကြပါသည်။
ကျမတို ့ပုန်းနေတာကို ့လုံးဝပင်မတွေ ့ပါ ။ လှေခါးထောင်ကလည်း ။ကျမတို့အပေါ်ကို ။ တစ်ပါတည်းဆွဲတင်ထားပြီး ။ သူတို့ရှာမတွေ ့အောင်လက်ရာဖျောက်ထား၍ ဖြစ်ပါသည်။ ရုံးအစောင့်တို့က ထုံးစံအတိုင်း ။ လှေခါးအထောင် ။ အတိုတခုအားရှာမတွေ ့သဖြင့် ထင်ကြေးပေးကြခါ ။ ဘယ်သူငှားထားမှန်းမသိဟု ပြောဆိုနေကြပြန်ပါသည်။

အထပ်ခိုးလေးက ။ လေဝင်လေထွက် ။ ကောင်းစွာမရ၍နှစ်ယောက်သား ။ အသက်ရှူမွန်းကြပ်နေပါသည်။
ကျမနှင့်သူငယ်ချင်းက အပြင်က ရုံးစောင့်များ၏ လှုပ်ရှားမှုအသံက်ိုသာ နားစွင့်ခါ နေမိကြရပါသည်။
သူတို့လည်း ။အပြင်သို ့ပြန်မထွက်တော့ဘဲ ။ ရုံးရှေ့တွင် ။ ရေနွေးကရားအိုး ။ တလုံးချခါ ။ ပဲကြီးလှော်ထိုင်ဝါးရင်း ။
သူခိုးဖမ်းဘို ့ ။ စောင့်နေကြတာကို သိရပါသည်။
ကျမတို့နှစ်ယောက် ။ နံနက်(၁၁)နာရီ ကတည်းက ။ ရောက်လာပြီး ။ ပုန်းနေသည့်အချိန်ထိ ။
ညနေ(၃)နာရီထိမျှကြာခဲ့ပါသည်။ သူတို့ပြောဆိုနေသည့် အသံကို နားဖြင့်ကြားနေရကာ ။ သိနေရပါသည် ။
ဝယ်ထားသည့် ပဲကြီးလှော်များဝါး၍ ကုန်သာသွားကြပါသည် ။ သရုံးအစောင့်တွေက ဇွဲကောင်းကောင်း ဖြင့်စောင့်နေကြသည်မှာ
ညနေပင်စောင်းလာခဲ့ပါသည် ။ ကျမနှင့်သူယ်ချင်းမှာ ။ အသက်ရှူ မွန်းကြပ်ပြီးသည့် ။ ဒဏ်အား ။ မခံနိုင်ကြတော့သည့် အပြင် ။
မိဘများ အဆူခံရနိုင်သည်ကို လည်း တွေးပြီး ။ အကြောက်လွန်လာပါသည် ။

မထူးတော့ဟုဆိုခါ ။ အထပ်ခိုးပေါ်မှနေ၍ ။ ပြန်မဆင်းတတ်တော့သဖြင့်။ ယူတင်ထားသည့် လှေခါးကလည်း ။
ပြန်ပြီးချရ၍မတတ်ခါ ။ခက်ခဲနေသဖြင့် ။ ကျမမှ မတတ်သာသည့်အဆုံး၌ ။ ခုန်ချလိုက်ရပါတော့သည်။
အောက်ပြုတ်ကြပြီး ဒူးဂေါင်းထိခိုက်ခါ ပေါက်ပြဲ သွားခဲ့ပါသည် ။
နာကျင်စွာဖြင့် “ အား ”ဟုအော်သံနှင်အတူ ။ ပြုတ်ကျသည့်အသံအား ။ ကြားသွားကြပါသည်။ ရုံးစောင့်နေသူတို ့လည်း ။
အသံကြားရာ ။ ရုံးနောက်ဖေး မီးဖိုဆောင်ဖက်ရှိရာသို ့ အပြေး ရောက်လာ ကြပါတော့သည်။
သူငယ်ချင်းက မခုန်ချရဲသဖြင့် ။ ထိုလူကြီးများထဲမှ ခန္ဓာကိုယ် ပိန်အသေးဆုံး တယောက်က ။အထပ်ခိုးပေါ်တက်ပြီး ။
သူငယ်ချင်းအား ချီမပိုး၍ ထုတ်ယူလိုက်ကြရပါသည်။

ကျမနှင့်သူငယ်ချင်းတို့ဖြစ်ကြောင်းကုန်စင်ရှင်းပြကြရပါတော့သည်။ လူကြီးများလည်း ငိုအားထက်ရယ်အားသန်ခဲ့ကြရပါသည်။ သရဲရှိသည်အထင်နှင့်တစ်ရုံးလုံးပင် ကမ္မဝါညှပ်ယူခဲ့ကြ၍ ဖြစ်ပါသည်။ ကျမအားလည်း အထပ်ခိုးတွင်လေဝင်လေထွက်မရှိ အသက်ရှူလမ်းကြောင်းပိတ်ခါ သေဆုံးနိုင်သည်။ နောင်ဒီလိုစွန့်စားရသည့် ကစားနည်းမျိုးအားဆော့မကစားရန် ပြောဆိုဆုံးမကြပါသည်။ ကျမမှာမိဘတို့အားမတိုင်ပါရန်နှင့် နောင်ဒီလိုမျိုး ဆော့ကစားခြင်းအား မပြုလုပ်ကြတော့ပါဟု ဂတိစကားပြောကြားခါ ကိုယ့်ပြဿနာအားကိုယ်ရှင်းပြီး ပြန်လာခဲ့ကြပါသည်။
ရုံးဝန်ထမ်းထိုလူကြီးတို့က အကျယ်မဖွတော့ပါ ။ ကျမတို့အားမိဘတွေနှင့်တိုင်ပါလျှင် နောက်ထပ်အသားနာယုံပဲရှိမည်။ မိဘတို့အားလည်းအားနာသည်ဟုပြောပါသည်။
နောင်ဆော့လိုပါက အတတ်ဆန်းထွင်တာမျိုးမဆော့ပဲ ။ရိုးရိုးသားသား လာဆော့ရန်ပြောပြီး ကျမ၏ဒဏ်ရာရသော ဒူးဂေါင်းနေရာအား ဆေးလူးပတ်တီးစည်းပေးပြီး ဆုံးမပြောဆို၍ပြန်လွတ်လိုက်ပါသည်။

သူငယ်ချင်းကကြောက်တတ်ပြီး မခုန်ချရဲသဖြင့် ဘာဒဏ်ရာမှမရှိပဲ ကောင်းမွန်စွာဖြင့်အိမ်သို့ပြန်သွားနိုင်ခဲ့ပါသည်။ ကျမခုန်ချစဉ်ကတည်းက ကြောက်စိတ်မရှိ အကျတော်၍သာတော်ပါသေးသည်။ မိဘအဆူခံရမှာကိုသာ ကြောက်မိပါသည်။ ထိုရုံးဝန်ထမ်းအစောင့် လူကြီးများကလည်း ကျမမှ အမြင့်ကခုန်ချရဲသည့်သတ္တိအား ။ အံ့ဩသင့်ခဲ့ကြပြီး ။ ကလေးများက ကိုယ်စောင့်နတ်က အတော်ကောင်းသည် ။ ကြောင်ကြကျကြ၍ ။ ကံကောင်းသည်ဟု ထင်ကြေးပေးခါ ဝိုင်းဝန်းပြောဆိုနေကြပါသည်။

ကျမ၏ ဒူးဂေါင်းဂုံညင်းဆ ံမကွဲလို ့သာ ။ တော်သေးသည် ။ အပြင်ဒူးဂေါင်းဒဏ်ရာ အမာရွတ်က သေရာပါ အမှတ်အသား တစ်ခုအဖြစ် ကျန်နေခဲ့ပါသည်။
ထိုနေ့ကစပြီး ထိုသို့ဆော့သည့် အပြုအမူမျိုးအား ကျမမှစွန့်လွတ်ခဲ့ပါသည်။ အမေ့အားလည်း အဖြစ်မှန်တိုင်းဝန်ခံ၍ဝန်ချတောင်းပန်ခဲ့ပါသည်။ ငယ်ရွယ်သူမို ့ အကျိုးအပြစ်မသိ ၍နားမလည်ခဲ့ပါ၊
ထိုသို ့ဆော့ကစားရသည်မှာ ကျမအတွက် ပျော်စရာကောင်းခဲ့ပါသည်။။

11 comments

  • ကိုရင်မောင်

    March 18, 2012 at 5:34 am

    အေကေကေရဲ့ပျော်ရွင်ဘွယ်စွန့်စားခန်းကိုအားပေးရင်း
    ပျော်ရွင်ဘွယ်ငယ်ဘဝလေးကိုအမှတ်ရမိပါရဲ့ဗျာ…….

  • Khin Latt

    March 18, 2012 at 5:46 am

    စိတ်ဝင်စားစရာ အရေးအဖွဲ့ လေးပါဘဲ အစ်မရေ။
    ကလေးဘဝ ဇာတ်ကြောင်းတွေကို ဒီအချိန်မှာ ပြန်စဉ်းစားတော့ လွမ်းစရာ လေးတွေ ပေါ့။
    ပြန်မှမရနိုင်တော့တာနော်။
    ဘာဘဲဖြစ်ဖြစ် ဒီလို အပျော်အတွေး လေး ကဘဲ နာခဲ့တာတွေ အတွက် တန်ပါတယ် မဟုတ်လား။ 🙂
    အားပေးပါတယ်။ ဆက်ရေးပါဦး။

  • ဆူး

    March 18, 2012 at 11:33 am

    စွန့်စားခန်းကတော့ ပျော်စရာ ကောင်းပါတယ်။
    ရုပ်ရှင်ထဲက ဇတ်လမ်းတခုကို ဖတ်ရသလို ဖြစ်နေတယ်။
    အန်တီ ဇတ်လမ်း ဟာသ ဇတ်လမ်း ရိုက်ဖို့တောင် ကောင်းတယ်။

  • နတ်ဆိုးလေး

    March 18, 2012 at 4:13 pm

    (လုံးဝပင်မတွေ ့ လှေခါးအထောင်လေး ကလည်းကျမတို့အပေါ်ကိုတစ်ပါတည်းဆွဲတင်ထား ၍သူတို့ရှာမတွေ ့အောင်လက်ရာဖျောက်ထားလိုက်ပါသည်။) လှေကားရှိရဲ့သားနဲ့ ဘာလို့များ ဒူးနာခံပြီး ခုန်ချရသလဲ လို့ စဉ်းစားနေတာပါ။

    • aye.kk

      March 18, 2012 at 6:09 pm

      တက်တုံးကဆွဲတင်လိုက်ပေမယ့်အောက်ကိုပြန်ချလို့
      မတတ်တော့တာ။လူတောင်ဝမ်းလျှားမှောက်ပြီးပြန်ဆင်းမရတော့လို့လေ..။

  • a me

    March 18, 2012 at 5:39 pm

    စာတွေ အများကြီးမရေးပါနဲ့ ဗျာ

    • aye.kk

      March 18, 2012 at 6:11 pm

      အားနာမိပါတယ်..။

  • အမအေးရေ …
    အမရဲ့ ငယ်စဉ်ဘဝ မဟာစွန့်စားခန်း များကို
    စိတ်ဝင်တစား ဖတ်ရှု၊ အားပေးသွားပါတယ် ခင်ဗျာ …
    ပြီးတော့ အဆော့သန်တာထက် အမအေးရဲ့ သတ္တိကို ပိုပြီး မြင်မိပါတယ်၊ လေးစားမိပါတယ်လို့ …။

    ခင်မင် လေးစားစွာဖြင့်
    အံစာတုံး

  • Ma Ei

    March 19, 2012 at 1:08 pm

    အေး ကေကေရဲ့ ပျော်စရာ ကောင်းခဲ့သည်ကို ဖတ်ပြီး
    မအိ တို့ရဲ့ ငယ်ဘဝ ပျော်စရာ ကောင်းခဲ့တာလေးတွေကိုလဲ
    သတိရမိသွားပါပြီ…တကယ်ကို ပျော်ခဲ့ရတဲ့ ဘဝလေးတွေပါနော်…

  • aye.kk

    March 19, 2012 at 2:54 pm

    အံစာတုံးရေ…
    အားပေးတာဝမ်းသာမိပါတယ်..
    ထင်မြင်ချက်လေးတွက်ကျေးဇူးပါနော်..
    ငယ်ငယ်ထဲကတန်းမြင့်ခုန်တာကိုအရမ်းဝါသနာကြီးခဲ့တာ..
    ဒါကြောင့်လည်းကြောင်ကြလေးကျသွားခဲ့တာ..
    နို ့မို ့ဆိုတစ်ကယ်မလွယ်တာ၊ဂုံညှင်းကွဲမှာသေချာတယ်..
    အပေါ်အထပ်ခိုးကဝမ်းလျားထိုးစာလေးဘဲမှောက်လို ့ရတာ..
    အန်တီမခုန်ချလည်း၊အသားနာဒဏ်ရာမရရင်၊အတိုင်ခံရနိုင်တယ်..
    ကလေးဆိုပေမယ့်အပြစ်လုပ်ထားမိလို ့..
    အပြစ်လွတ်အောင်စဉ်းစားပြီးအသားအနာခံခုန်ချခဲ့တာပါ..
    အတိုင်ခံရနိုင်တာအသေအချာဘဲလေ..
    သူငယ်ချင်းကတော့ကိုယ့်ကြောင့်သာပဲ၊ဒဏ်ရာလည်းမရ
    မိဘတွေလည်းအဆူမခံရ၊ကိုယ်ကဘဲ
    အပြစ်ရှိတဲ့အကြောင်းသူ ့မိဘတွေဆီဝန်ခံပြောပြခဲ့ရသေးတယ်..
    အဲဒီထဲကအားလုံးကိုနားလည်သလိုလိုခံစားလိုက်ရတာပါ..
    အန်တီကဒဏ်ရာရသွားတော့၊သူတို့ကသနားသွားတာ..
    အထပ်ခိုးကအသက်ရှူမဝ၊အပေါ်မှာလူကမျော့မျော့ဘဲ..
    အသံတောင်မပြုနိုင်တော့ဘူး..
    ခုန်ချလိုက်ပေမယ့်ခြေခေါက်မိရက်သားဖြစ်သွားလို ့သာဒူးခေါင်းပေါက်သွားတာ..
    အဲဒီတုံးကလူကြီးတွေထင်မြင်ချက်ပေးကြတာက..
    ကလေးဆိုတာသီလကောင်းလို ့ဘာမှမဖြစ်တာလို ့ပြောကြသေးတယ်..
    တစ်ဦးနဲ ့တစ်ဦးထင်မြင်ချက်တွေမတူကြတာ..
    ခလေးဘဝကတည်းကောင်းကောင်းလေးသဘောပေါက်ခဲ့မိပါတယ်..။
    အန်တီအလုပ်ထဲရောက်လာတော့ပြေးခုန်ပစ်ဂျနီဖာတင်လေးကနည်းပြဆရာလုပ်ပေးတဲ့သူပါ။

  • aye.kk

    March 19, 2012 at 2:59 pm

    မအိ..
    အားပေးဖတ်သွားတာ..
    ဝမ်းသာခံစားရတယ်ဆိုတာလေးပြောလိုက်ပါရစေနော်..။

Leave a Reply