မြေပိုင်ရှင်မြန်မာတွေ သတိထားကြပါ

phone_kyawMarch 18, 20121min22020

နိုင်ငံခြားသားများ တိုက်ရိုက်ရင်းနှီးမြုပ်နှံနိုင်တော့မည်ဆိုတဲ့ သတင်းကို ဖက်ပြီး ၊ တစ်ဖက်က တိုင်းပြည်အတွက်ပျော်ရွှင်ရသလို တစ်ဖက်ကလည်း အတော်လေးကို ရင်လေးမိတယ်။ ဘာ့ကြောင့်ပျော်ရွှင်ရလဲဆိုတော့ အရမ်းကိုဆင်းရဲတဲ့ ပြည်သူတွေ အလုပ်ရတော့မယ်။ လုပ်ငန်းအတွေ ့အကြုံရတော့မယ်။ ဘွဲ ့ရပြီး အလုပ်မဲ့နေတဲ့လူငယ်တွေအတွက် ပိုပြီးအခွင့်အလမ်းတွေ ရတော့မယ်။ အထူးသဖြင့် တိုင်းပြည်ရဲ  ့အမျိူးသားထုတ်ကုန်ပိုထွက်လာပြီး၊ နိုင်ငံခြားဝင်ငွေ ပိုပြီးတိုးလာနိုင်လို ့ပါပဲ။ ဒါကိုတွေးပြီး ကျနော်အရမ်းပျော်မိပါတယ်။ အလုပ်တွေပေါလာတော့ အရင်တုန်းကလို သူများနိုင်ငံကိုလည်း သွားပြီးလုပ်ကိုင်စရာမလိုတော့ဘူးပေါ့။ ဒါပေမဲ့ ဒီဥပဒေက ဘယ်လောက်ထိ အကျိုးရှိစေမှာလဲဆိုတာ့ကို နောက်ထပ် ၁ဝ-နှစ်လောက်အထိ စောင့်ကြည့်ပြီးမှ သိမယ်လို ့ ယူဆပါတယ်။ ဒီဥပဒေအမြန်အသက်ဝင်ပါစေလို ့ဆုတောင်းပါတယ်။

ဘာ့ကြောင့်ရင်လေးမိလဲဆိုတော့ ကျနော်တို ့တိုင်းပြည်ဟာ အရမ်းကို ဆင်းရဲလှပါတယ်။ ပြည်သူတွေမှာ စုဆောင်းငွေမရှိ။ တနေ ့လုပ်မှ တနေ ့စားရတဲ့ပြည်သူက အများစု။ ဒါကို လူတိုင်းသိမယ်လို ့ထင်ပါတယ်။ လက်တစ်ဆုပ်စာ လူနည်းစုကသာလျှင် ဒေါ်လာတွေ ဘီလျှံလိုက် ချမ်းသာနေတာကို သတိထားမိကြမယ်ထင်ပါတယ်။

နိုင်ငံတကာက အရင်းအနှီးတွေဝင်လာတဲ့အခါမှာ ငွေထုတ်ကြီးပဲမဟုတ်ပါဘူး။ အတတ်ပညာ နဲ ့နည်းပညာတွေအပါအဝင် သူတို ့ဆီက ယဉ်ကျေးမှု ့တွေလည်း တပြိုင်တည်းပါလာပါတယ်။ ဝင်လာတာနဲ ့တပြိုင်တည်း ပထမဆုံး စီးပွားရေးလုပ်ဖို ့အတွက် မည်သူမဆိုသူတို ့ပါလာတဲ့ငွေနဲ ့မြန်မာပြည်က မြေတွေကိုငှားမယ်။ ဒါမှမဟုတ် အောက်လမ်းနည်းနဲ ့ဝယ်မယ်။ ဒီမှာတင် အရင်းဆင်းရဲတဲ့ပြည်သူတွေရဲ  ့မြေတွေယာတွေကို အဆမတန်ဈေးပိုပေးတဲ့ အခါမှာ ဘယ်သူပဲ ဖြစ်ဖြစ်ရောင်းကြပါတယ်။ ငှားကြပါတယ်။ ဒီမှာတင်ပြည်သူတွေဟာ ဘိုးဘွာပိုင်မြေတွေကို နိုင်ငံခြားက လာတဲ့လုပ်ငန်းရှင်တွေအပြင်၊ ပြည်တွင်းက သူဌေးကြီးတွေရဲ  ့လက်ထဲကို မရောင်းချင်လဲ ရောင်းခဲ့ရပါတယ်။ နောက်ဆုံးသူတို ့နှစ်ပေါင်းများစွာ အမြတ်တနို်းထိန်းသိမ်းခဲ့မြေတွေ ယာတွေကို ဘူဒိုဇာတွေထိုး မြေတူးစက်ကြီးတွေနဲ ့တူးပြီး စက်ရုံအလုပ်ရုံတွေဆောက်ကြပါတယ်။ စက်ရုံအလုပ်ရုံဆောက်တဲ့အကျိူးဆက်က ကောင်းတာရှိသလို ၊ ဆိုးတာလည်းရှိတာကို အားလုံးသိမယ်ထင်တယ်။

နောက်ဆုံး မြေပိုင်ရှင် ၊ ယာပိုင်ရှင်အစစ်တွေဟာ မဖြစ်စလောက်ငွေတွေကို ပိုက်ပြီး မြို  ့နဲ ့ဝေးတဲ့နေရာကို ပြောင်းရပါတော့တယ်။ မြေဖိုးရတဲ့ မြန်မာငွေဟာ တကယ်တန်းတော့ သူတို ့အတွက် တန်ဖိုးရှိပေမဲ့ နိုင်ငံခြားကလာတဲ့ ရင်းနှီးမြုပ်နှံသူတွေအတွက်တော့ ဘီယာတစ်ဝိုင်းစာတောင်မရှိပါဘူး။ မြန်မာတွေဟာ မြန်မာကျပ်ငွေနဲ ့သာ သူတို ့ရပါတယ်။ ဒေါ်လာနဲ ့မြန်မာကျပ်ငွေကိုယှဉ်ရင် ဘယ်ဟာက ပိုပြီးတန်ဖိုးရှိလဲဆိုတာကိုလည်း သိပါလိမ့်မယ်။
တောင်ကိုရီးယား၊ ဂျပန် နဲ ့ စင်္ကာပူနိုင်ငံတွေကိုလေ့လာကြည့်တဲ့အခါမှာ သူတို ့ဆီမှာ မြေယာမဲ့တွေအရမ်းပေါပါတယ်။ လူအများစုဟာ တိုက်အမြင့်ကြီးတွေနဲ ့နေရတဲ့အထိမြေရှားပါတယ်။ မြေဈေးကလည်း အင်မတန်ကိုကြီးပါတယ်။ တရုတ်နိုင်ငံလည်း ဒီအတိုင်းပါပဲ။ အခု မြန်မာပြည်မှာ မြေတွေအရမ်းပေါနေပါတယ်။ ကံကောင်းတာက ကျနော်တို ့တိုင်းပြည်မှာ မြေပိုင်ရှင်တွေအရမ်းပေါတယ်။ ရွာတွေမှာ လယ်စိုက်တဲ့လူတွေအရေအတွက်ကို တွက်ကြည့်ရင် မြန်မာတွေဟာ စင်္ကာပူ၊ ဂျပန်၊ တောင်ကိုရီးတွေထက် မြေပိုင်ရှင် ယာပိုင်ရှင်အရမ်းပေါပါတယ်။ တနည်းပြောရရင် မြန်မာလူမျိူးတွေဟာ သူတို ့ထက်မြေနေရာပိုပြီး ချမ်းသာပါတယ်လို ့ပြောနိုင်တယ်။

အခု ရင်းနှီးမြုပ်နှံမှု  ့တွေဝင်လာတဲ့အခါမှာ ဒေါ်လာတစ်သိန်းလောက်ပေးရင်တောင် မြန်မာပြည်မှာ မြေနေရာကောင်းကောင်း ရနိုင်တယ်လို ့ဆိုပြီး မြန်မာဂျာနယ်တွေမှာ ဖတ်ခဲ့ရတယ်။ လယ်တွေအများကြီး ဝယ်နိုင်တယ်။ ဒေါ်လာတစ်သိန်းဆိုတာက မြန်မာငွေ သိန်းတစ်ထောင်နီးပါးလောက်ဈေးပေါက်ပါတယ်။  ဘီလျှံနာသူဌေးကြီး တစ်ယောက်အတွက်တော့ ဒီငွေဟာ ဝိုင်တစ်ပုလင်းစာလောက်ပဲ ရှိတဲ့အတွက် မြန်မာပြည်ကမြေတွေတော့ ကုန်တော့မှာပဲလို ့တွေးနေမိပါတယ်။

ရခိုင်က သဘာဝဓာတ်ငွေ ့ပိုက်လိုင်းကို တရုတ်ပြည်ကို သွယ်တန်းတဲ့လမ်းတစ်လျှောက်မှာ ယာတွေဖယ်ပေးရပါတယ်။ တရုတ် Company က တစ်အိမ်ထောင်ကို နစ်နာကြေးအနေနဲ ့ တီဗွီတစ်လုံးအပြင်၊ မြန်မာငွေ တစ်သိန်းခွဲလောက်ပေးပါတယ်။ ဒီငွေနဲ ့တီဗွီတစ်လုံးဟာ တကယ်တန်းတော့ တရုတ်ယွမ်ငွေနဲ ့ဆိုရင် တရုတ်ပြည်မှာ ခေါက်ဆွဲလေးငါးပွဲစာလောက်ပဲ ရှိပါတယ်။ တစ်ခါမှ တီဗွီကောင်းကောင်းမမြင်ဘူးတဲ့ မြန်မာတွေအတွက်တော့ များတာပေါ့။ ဒီလိုအခြေအနေကို တိုင်းပြည်ရဲ  ့နေရာအနှံ ့အပြားမှာ မြင်တွေ ့နေရပါပြီ။ တရုတ်စီးပွားရေးအပြင်နိုင်ငံတကာက လုပ်ငန်းရှင်တွေပါပေါင်းလိုက်ရင် မြန်မာတွေရဲ  ့တန်ဖိုးမဖြတ်နိုင်တဲ့ မြေယာတွေ ဘယ်လောက်ဆုံးရှုံးနစ်နာမလဲဆိုတာကို တွက်ကြည့်ကြစေချင်ပါတယ်။ မြေယာမဲ့တွေပေါလာတော့မယ်။ ကြာရင် သူတို ့မြေပိုင်ပြီး ၊ ကျနော်တို ့က မြေမဲ့ယာမဲ့ဖြစ်တော့မယ်။

တရုတ်တွေဟာ မြန်မာပြည်လောက်ကိုတော့ သနားတယ်လို ့ပြောပါတယ်။ ချမ်းသာတဲ့ ဩစတျေးလျမှာ တရုတ် Company တွေလာပြီး မိုင်းတူးပါတယ်။ ဩစတျေးလျတွေပိုင်တဲ့မြေယာတွေကို တရုတ်တွေက ပေါက်ဈေးထက်သုံးဆလောက်ပေးပြီး ဝယ်ပါတယ်။ ဩစီလယ်သမားတွေလည်း တစ်ခါမှ မမြင်ဘူးတဲ့ပေါက်ဈေးရတော့ရောင်းပါတယ်။ ဒါရဲ  ့အကျိူးဆက်ကတော့ လယ်သမားအများအပြား ငွေပိုက်ပြီး တခြားနေရာပြောင်းရတဲ့အပြင် ဘာလုပ်စားရမှန်းမသိဖြစ်ကုန်တယ်။

သူတို ့လယ်မြေတွေနေရာမှာ တရုတ်ကြီးတွေ ခန် ့ခန် ့ကြီးနဲ ့မိုင်းတူးပြီး အကျိူးအမြတ်ခံစားလာတာကို ဩစီတွေအနေနဲ ့ရင်ထုမနာဖြစ်ပြီး သူတို ့ရောင်းခဲ့တာကို နောင်တအကြီးအကျယ်ရကြပါတယ်။ ဒါကို ကျနော်တီဗွီမှာတွေ ့တော့ ဒီလိုနိဂုံးချူပ်မိတယ်။ ငါတို ့တိုင်းပြည်ဟာ ဩစီလို ဒေါ်လာသုံးတဲ့နို်င်ငံမဟုတ်တော့ ပိုပြီး ထိလိမ့်မယ်လို ့တွေးမိတယ်။ ပိုပြီးဆိုးလိမ့်မယ်လို ့ခန် ့မှန်းမိတယ်။ အခုလည်းမြေယာကျူးကျော်မှု  ့၊ သိမ်းပိုက်မှုအသံတွေ ကြားနေရတယ်။ နောက်ဆုံးတော့ ငွေဟာ ခဏပဲခံပါတယ်။ မြေတွေ ယာတွေဟာ ကျနော်တို ့တစ်သက်တင်မကဘူး နောင်မျိူးဆက်တွေအတွက်ပါ အရမ်းကို အရေးကြီးတယ်။

ကိုယ့်မြေ ကိုယ့်ရေကို တန်ဖိုးကြပါ။ ဈေးဘယ်လောက်ပေးပေး မရောင်းဖို ့သတိထားကြပါ။ မြန်မာကျပ်ငွေ သိန်းတစ်ထောင်ဟာ သူဌေးကြီးတွေ ဘီယာဖိုးလောက်ပဲ ရှိပါတယ်။ ဒီငွေကို မက်ပြီး ကျနော်တို ့ရဲ  ့မြေတွေယာတွေ မဆုံးရှုံးရအောင် ဝိုင်းပြီးကာကွယ်ကြပါ။

20 comments

  • ကိုရင်မောင်

    March 18, 2012 at 11:36 am

    ကိုဘုန်းကျော်ရဲ့ဒီပို့စ်လေးကအပြုသဘောဆောင်တဲ့ပို့စ်ဖြစ်လို့
    ကြိုဆိုပါတယ်……
    နောက်လဲဒီလိုပို့စ်တွေတင်ပါအုံးလို့…တောင်းဆိုပါတယ်ဗျာ..

  • water-melon

    March 18, 2012 at 11:52 am

    ကိုဖုန်းကျော်ရေ
    လက်မထောင်သွားပါတယ်
    အမှန်အကန်ထောက်ခံပါကြောင်း

  • အသူရာ

    March 18, 2012 at 12:06 pm

    အဲ့ဒီလို အပြုသဘောလေးတွေ များများရေးပေးပါ ကိုဘုန်းကျော်ရယ်။
    အားပေးနေပါ့မယ်

  • windtalker

    March 18, 2012 at 12:57 pm

    ရေးသားထောက်ပြထားတာ အမှန်တွေချည်းပါဘဲ ။
    ခက်တာက ဒီဘက်က လူတွေအဖို ့ကျပြန်တော့လည်း ၊ စီးပွားအဆင်ပြေနေတဲ့ မိသားစုမျိုးဆို မှုစရာမရှိပေမယ့် ၊ သိပ်အဆင်မပြေဖြစ်နေတဲ့ မိသားစုမျိုးကြတော့ ပေးလာတဲ့ ဈေးက မပေါက်တဲ့ ဈေး / တစ်သက်နဲ ့တစ်ခါမကြားဖူးတဲ့ ဈေးတွေ ဖြစ်နေတော့ ၊ ရောင်းကုန်ကြတာပေါ့ဗျာ ။
    အဲဒါထက်ဆိုးတာက ၊ ကြားနေရတဲ့ လုပ်ပုံက ၊ တရုတ်နိုင်ငံထဲမှာ နေတဲ့အိမ်ကို တရုတ်အစိုးရဆီမှာ ပေါင်ခဲ့ပြီး ၊ သည်မှာ မြေဝယ် တိုက်လာဆောက်ကြတယ် ၊ ပြီးတော့ ဒီဘက်က ဘဏ်မှာ (ရာဖြတ် နဲ ့ပေါင်း) သုံးလေးဆ တန်ဖိုးမြှင့်ပေါင်ပြီး ၊ ဟိုဘက်ကို ပြန်ပြေး ၊ ဟိုဘက်က နဂိုအိမ်ကိုပြန်ရွေးပြီး ပိုငွေကို သုံးကြတယ် တဲ့ဗျာ ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 18, 2012 at 1:14 pm

    မောင်ဘုန်းကျော်ကြီးပြောတာ ထောက်ခံသကွာ
    မြေကြီးနဲ့ ပတ်သက်လာရင် ကျုပ်က တောသူတောင်သားတွေဖက်က
    လုံးဝရပ်တည်ပြီးပြောလာတာ
    ( ပြောဆိုကျုပ်ကိုယ်တိုင်ကတောသားဖြစ်ပြီး ဒီအကြောင်းတွေ သိနေတာကိုး )
    ကျုပ်တို့မြန်မာတွေ ကိုယ့်ရွာမှာမှ ကိုယ်ပိုင်ခြံလေးတစ်ကွက်လောက် မရှိရင်မနိမ့်ဘူးဗျ
    ( ကျောင်းလွှတ်တဲ့အချိန် ကျောင်းသူကျောင်းသားလေးတွေကို နှစ်ယောက်တစ်တွဲတွက်ပြီး
    မြေကွက်သစ်တွေရိုက်ပေးရမယ်ဆိုရင် မနည်းဘူးလို့ကြံကြံဖန်ဖန်တွေးဩည့်မိဘူးသဗျ 😀 )
    ဒါ့ကြောင့်ပြောတာ
    ကုမ္မဏီထောင်တယ် စီမံကိန်းဆောက်တယ် ဒါဟာတိုင်းပြည်တိုးတက်ဘို့လို့လွယ်လွယ်ပြောနေကြတာ
    ကိုယ့်အဘခြံ အသိမ်းမခံရတိုင်း ဖင်ကုန်းပြီးအော်နေတဲ့ ငါလခွီးတွေ
    ခင်ဗျားတို့အဘခြံထဲက သရက်ကိုင်းတစ်ကိုင်းလောက်
    မြူနီစပါယ်နဲ့မလွတ်လို့အခုတ်ခံရမှ ထောကခံကြ
    ပြဿနာက ခင်ဗျားတို့မြန်မာနိုင်ငံကြီးကဂွတော့အကျသား
    နိုင်ငံတော်မြေဆိုတာကဘာလည်း ပြည်သူတွေမသိ
    ပြည်သူ့မြေတွေဆိုတာကလည်း နိုင်ငံတော်က ဂရုမစိုက်
    ပိုက်ဆံရှိတဲ့ကောင်က နိုင်ငံတော်မြေကို ကိုယ်ပိုင်လုပ်တယ်
    အာဏာရှိတဲ့ကောင်က နိုင်ငံတော်မြေရော ပြည်သူ့မြေရော ရောင်းစားတယ်
    အဲ့ဒါ အဲ့ဒါ
    ရှမ်းပြည်မှာတော့ နိုင်ငံမြေကို နိုင်ငံသားနာမည်နဲ့ဘဲဝယ်လို့ရတယ်လို့ပြောကြတာဘဲ
    ဆိုတော့ကာ
    ခင်ဗျားတို့မြန်မာပြည်က ငါလိုးမသားတွေကတော့
    ဘယ်လိုရောင်းပြီးဘယ်လိုဝယ်နေကြသလဲကျုပ်လည်းသိတော့ပါဘူး

  • ကြောင်လေး

    March 18, 2012 at 1:27 pm

    ကိုဘုန်းကျော်ရေ အကျိုးရှိတဲ့ ပို့စ်လေးကို အားပေးပါတယ်၊လက်မထောင်ခဲ့ပါတယ်။ ကိုဘုန်းကျော်ကသာတွေးပူနေတာ၊ ပြည်သူတွေကတော့ ဘာမှ မသိရှာပါဘူး၊ဒီလိုလဲတွေးမိကြမှာ မဟုတ်ပါဘူး၊ ဖတ်မိတဲ့ ရွာသားများက ပြည်သူတွေကိုသိအောင်ပြန်ပြောပြပေးသင့်ပါတယ်၊ ဒီစကားမျိုးကိုလူမုန်းရင်မုန်းပါစေ၊ နားထောင်ချင်သည်ဖြစ်စေ နားမထောင်ချင်သည်ဖြစ်စေ၊ လုပြောရင်ပြောရပါစေ အခွင့်ရရင် ရသလို ပြန်ပြောပြကြစေချင်ပါတယ်။

    ကိုအောင်ပုရေ နောက်ဆုံးကပြောသလို လေးလေးပင်ပင်လေးပြောတာကြိုက်သဗျာ။

  • htoosan

    March 18, 2012 at 2:37 pm

    ့မြန်မာပြည်တစ်နံတစ်လျား တစ်ခုလုံးရဲ့ မြေက အခုထိတော့ နိုင်ငံသား၊သမီး နံမည်နဲ့ဘဲဝယ်လို့ ရပါသေးတယ်။
    အဲ့ဒီ့တော့ နိုင်ငံသမီးများ နံမည်နဲ့ အဝယ်များကြပါတယ်။
    အချို့သော နိုင်ငံသမီးများက ဘတ်တီးချလိုက်လို့ ကျောဗလာနဲ့ပြန် သွားရတဲ့ နိုင်ငံခြားသားများ လည်းရှိပါတယ်။
    အဲ အချို့သော နိုင်ငံခြား အထီးများက နိုင်ငံသမီးလည်းရ နိုင်ငံမြေလည်းရနဲ့ နှစ်သီး စားနေသူများလည်း ရှိပါတယ်။ ဒီအရေအတွက်က ပိုများပါတယ်။

  • blackchaw

    March 18, 2012 at 4:36 pm

    ပို့စ်ကို ဖတ်ပြီး လက်မကြီး တစ်ချောင်းထောင်ခဲ့ပါတယ်ဗျာ။
    🙂

  • kai

    March 18, 2012 at 4:56 pm

    ဒီကိစ္စက… တကမ္ဘာလုံး.. မနိုင်တဲ့ကိစ္စပဲ..။
    ယူအက်စ်လည်း.. ဖြစ်တာပဲ.. ဥရောပလည်း… ဖြစ်တာပဲ..။

    ဂျပန်တွေ စီးပွားရေးဘောလုံးကြီးလာတော့.. ယူအက်စ်ကမြေတွေအကုန်.. ဈေးပေးဝယ်တာပဲ..။
    ဂျပန်စီးပွားကျတော့.. အကုန်အောက်ဈေးနဲ့ပြန်ထုတ်ရပါတယ်..။
    ပိုတောင်ခံရသေး..
    အခုဆို.. ချိုင်းနီးစ်တွေ.. တိုကျိုမြေတွေလက်ညိုးထိုးဝယ်နေတယ်လေ..
    ရောင်းနေတာပေါ့…။ တချို့… မျိုးချစ်စိတ်ကွ.. ဂျပန်ကွ.. ဆိုပြီး… မရောင်းဘူးပေခံနေတာ…
    ဘေးကအကွက်ရောင်းထည့်လိုက်တော့… ကားယားကြီးကွက်ပြီး .. ဝယ်လက်မရှိတော့ပဲ.. ဂန့်နေတာလည်း… ကြားရသေးတယ်..။ 😕

    ဆိုတော့…
    မြန်မာ့မြေက.. ဈေးမနည်းပါဘူး..
    ဈေးကောင်းရရင်.. ရောင်းသာစားလိုက်ပါ..။ ဂရမ်မြေအရောင်အဝယ်… အလုပ်လုပ်ပုံမှာ.. ဥပဒေစည်းကမ်းလေး… နည်းနည်းထည့်ပေးထားယုံပါပဲ..
    သေချာချင်ရင်တေ့ာ.. ယူအက်စ်လုပ်ပုံကြည့်ပေါ့..။ အမြဲတန်းနေထိုင်ခွင့်ဆိုတဲ့.. လဝကကိစ္စရယ်.. အမြတ်ခွန်.. ပရောပါ့တီးအခွန်.. စသဖြင့်အဆင့်ဆင့်.. အစိုးရက..အိပ်ထဲပါအောင်ထည့်သွားတဲ့ဥပဒေတွေနဲ့ပါ..။
    မသိရင်.. ပညာတော်သင်လွှတ်ပါရစေ..တောင်းဆိုပြီး.. လွှတ်ပေါ့…။

    တကယ်တော့.. ကမ္ဘာ့မြေကြီး.. ဘယ်သူမှမပိုင်ပါဘူး..
    လွန်ခဲ့တဲ့..အနှစ် ၂၅၀ဝကျော်က.. ဂေါတမဗုဒ္ဓတောင်.. မြေကြီးခွဲဝေနေတာမြင်ရကြားရတော့ ..ပြုံးတော်မူတယ် ဖတ်ဖူးပါတယ်..။
    လူသက်တမ်း.. အနှစ်၁၀ဝ လေးထဲမှာ..နှစ်သန်းထောင်ချီသက်တမ်းရှိတဲ့.. ကမ္ဘာ့မြေကြီး.. စိတ်ပိုင်းခွဲနေကြတယ်ဆိုတာ… ရယ်စရာပါ..

    ပြေရရင်.. ကမ္ဘာ့တိုင်းပြည်မြေပုံတွေဟာ.. ရာစုနှစ်တခု.. အတိအကျကြီးတောင်..မြဲမနေနိုင်ပါဘူး..
    ကြီးလိုက်..သေးလိုက်..ပဲ့ပါလိုက်.. ပေါင်းထည့်လိုက်နဲ့…။
    သမိုင်းပြန်လှန်ကြည့်ပေါ့လေ…

    • မိုက်ကယ်ဂျော်နီအောင်ပု

      March 18, 2012 at 6:06 pm

      လုပ်ဘီ လုပ်ဘီ
      သေဂျင်းဇိုး ကာလနာ မွေဗွေးကိုက်သဂျီး 😀
      မလိမ့်တစ်ပတ်နဲ့ သူ့ဗိုလ်ချုပ်တွေဖက်ကိုခြံစည်းရိုးခတ်ပြီ
      တစ်ခါတစ်လေချစ်ဘို့ကောင်းသလောက် တစ်ခါတစ်လေ ရိုက်ပေါက်ဘဲ
      ရွာသူရွာသားတွေ
      အဲ့သည်သဂျီးပြောတာသွားနားမယောင်နဲ့
      ထမင်းကိုရေစိမ်ပြီးနေလှန်းရင် ထမင်းခြောက်ဖြစ်တယ်ဆိုတာလောက်ကတော့
      စပျော့
      အမေဒိဂန်မှာ ဂျပန်ခြံဝယ်တယ်
      ဂျပန်မှာတရုပ်ခြံဝယ်တယ်ဆိုတာက
      ဥပမာဗျာ
      သူဌေးအိမ်က အိမ်သာကျင်းတူးလို့ရှုပ်တဲ့မြေတွေကို ချောင်းဘေးမြောင်းဘေးနေတဲ့လူတွေက
      ကိုယ့်ခြံထည်းမြေဖို့ဘို့ဝယ်သလိုဖြစ်နေတယ်ဆိုတာလေးသတိချပ်ဘို့ပါ
      ( သေချာချင်ရင်တေ့ာ.. ယူအက်စ်လုပ်ပုံကြည့်ပေါ့..။ အမြဲတန်းနေထိုင်ခွင့်ဆိုတဲ့.. လဝကကိစ္စရယ်.. အမြတ်ခွန်.. ပရောပါ့တီးအခွန်.. စသဖြင့်အဆင့်ဆင့်.. အစိုးရက..အိပ်ထဲပါအောင်ထည့်သွားတဲ့ဥပဒေတွေနဲ့ပါ..။
      မသိရင်.. ပညာတော်သင်လွှတ်ပါရစေ..တောင်းဆိုပြီး.. လွှတ်ပေါ့…။)
      မြန်မာပြည်မှာက အရေးကြီးတဲ့ အဲ့သည်ဖွဲ့စည်းပုံကြီးမရှိဘဲ
      ဘယ်လိုလုပ် ကိုယ့်မြေကြီးရောင်းစားလို့ရမှာတုန်း
      တရုပ်ဆိုတာကသိတဲ့အတိုင်းဘဲ
      ပေါ်ပြူလေးရှင်းက ခပ်များများ ခုဟာက တောသားက မြို့တက်ပြီးခြံဝယ်တာမဟုတ်ဘူး
      မြို့ကကောင်တွေက အာဏာပိုင်နဲ့ပေါင်းပြီး
      ရွာဖျက် ဝက်ခြံဆောက်မယ့်ကိန်းဆိုက်နေတာဗျို့

      • ကိုရင်မောင်

        March 18, 2012 at 6:49 pm

        ဟယ်ကြည့်စမ်းကြည့်စမ်း
        ထမင်းကိုရေစိမ်အခြောက်လှမ်းရင်ထမင်းခြောက်ဖြစ်တယ်ဆိုတာ
        ခုမှသတိထားမိတယ်
        ငါ့နဲ့ဒါကြောင့်ရေစိမ်အခြောက်မလှမ်းဖြစ်လို့ငါ့ထမင်းတွေအတုံးလိုက်တွေဖြစ်နေတာကို
        ကျေးဇူးဘဲပုပုရေ…

    • htoosan

      March 18, 2012 at 10:31 pm

      ိသူကြီးလည်း ဒေါ်လှ နှစ်သိန်းယူလာရင်ပေးနေလိုက်လို့ပြောရတာ မောသွားပြီ။ ဒီတစ်ခါ မပါတော့ဘူး။
      😀

  • kyeemite

    March 18, 2012 at 5:19 pm

    ခက်တော့ခက်တယ်ဗျာ..မြို့လယ်မှာနေပီး တစ်နေ့လုပ်တစ်နေ့စား
    နေနေတဲ့လူကို သူ့အိမ်လေးသိန်းငါးရာလာပေးတော့..
    ဘိုးဘွားပိုင်မြေလေးနှမြောပေမဲ့ ..ဆင်ခြေဖုန်းမှာအိမ်လေးတစ်လုံးဝယ်နိုင်မယ်
    ပိုတဲ့ငွေနဲ့ အောက်ကားလေးတစ်စီးဝယ်ပီး တက်စီမောင်းစားရင်မဆိုးဘူး..
    ကားပိုင် အိမ်ပိုင် နေ့စဉ်ပုံမှန်ဝင်ငွေရ..ဆိုတော့ကာ မြို့ကိုစွန့် မြို့ပြင်ထွက်..
    ကဲ ဒီလိုနဲ့ ဗမာတွေမြို့ပြင်ရောက်ပီး မန္တလေးမြို့ကြီး တရုတ်ပြည်လိုဖြစ်ခဲ့တာမဟုတ်လား..
    ဘယ်လိုတားမလဲ..ဘယ်လိုအပြစ်တင်မလဲ..ပြော..

  • MTY

    March 18, 2012 at 5:45 pm

    @windtalkerပြောတဲ့နည်းပါမက၊မြေ၊ရွှေ၊ငွေကုန်ပစ္စည်းမကျန်
    ဟိုဘက်ဘဏ်ဒီဘဏ်လုပနေကြတာ၊ဟိုတစ်လောကပင်နီစူလာပလာဇာရှိ
    ရွှေရတနာဆိုင်မှ ဒေါ်တင်တင်မြင့်case မှာဒါမျီုးတွေဘဲလေ…

  • minn zaw

    March 18, 2012 at 5:53 pm

    ခက်တော့ခက်တယ်ဗျာ။ တခါတလေတော့ တစ်မျိုးလုံးတောင်ထိုင်ဆဲလိုက်ချင်မိတယ်။

    ကျွန်တော်တို့ မြန်မာလူမျိုးတွေ အထူးသဖြင့် ဗမာတွေ ဝံသာနု စိတ်ဓာတ် အရမ်းကို စိတ်သုန်းလွန်းတယ်။

    မျိုးချစ်စိတ်တွေ ပြန်လည်ရှင်သန်လာအောင် ကျွန်တော်တို့ အားလုံး ကြိုးစားကြရအောင်။

  • Gipsy

    March 18, 2012 at 6:37 pm

    ခက်တာတော့ အမှန် ..
    ငွေဆိုတာ လဲ လူ့သည်းခြေကြိုက် ..
    တသက်လုံးရှာလို့ မရနိုင်တဲ့ ငွေ ပမာဏ ရမယ် ဆိုတော့ လိုချင်တာလေးတွေ
    လုပ်ချင်ဇော နဲ့ ရှိတဲ့ မြေကွက်လေးတွေ ရောင်းကြရတာ ..

  • zaw min

    March 19, 2012 at 12:39 am

    မြေယာတန်ဖိုးက ကမ္ဘာတည်သ၍တက်နေမှာပဲ…မြန်မာပြည်မှမဟုတ်ဘူး…ယူအက်(စ်)မှမဟုတ်ဘူး…ဒါပေမယ့် ဆိုမာလီးယားတို့ အီသီယိုးပီးယားမှာ မြေရောင်းဖို့ရှိတယ်၊ဘယ်သူဝယ်မလဲ…တန်ဖိုးဆိုတာ အချိန်ကာလ၊နေရာဒေသပေါ်မှာမူတည်တယ်လို့ သဘောပေါက်ပါတယ်…မှန်တယ် မြန်မာလူမျိုးတွေ မြေပိုင်၊ယာပိုင်များတယ် လုပ်မစားတတ်တော့ သူများစားသွားတယ်…နောင်လဲ..စားနေအုံးမှာပဲ…ဦးနှောက်ရှိဖို့တော့လိုတယ်…ဘယ်အချိန်မှာ ဘယ်လိုရင်းနှီးမြုံ့နှံရမလဲဆိုတာသိဖို့လိုတယ်…စီပွါးရေးလုပ်ငန်းရှင်တွေ ငွေရှင်တွေက ဘယ်လိုရင်းနှီးမြုံနှံရမယ်ဆိုတာကောင်းကောင်းသိတယ်…ကျနော့် ကိုယ်တိုင်လည်း မြေစုထားတယ်…ဝယ်ထားတာသိမ်းထားတာ…မြေကရွှေထက်တန်ဖိုးရှိတယ်…လွန်ခဲတဲ့ (၄)နှစ်လောက်က သိန်းနှစ်ဆယ်…ယနေ့ပေါက်ဈေး သိန်း ရှစ်ရာ…ဘာကြောင့်လဲ အချိန်က စကားပြောတာပဲ…ဝယ်ရင်လည်း နောင် (၁၀)နှစ်မှာ ဘာဖြစ်လာနှိင်သလဲဆိုတာ သိဖို့တော့လိုတယ်နော်…မြန်မာတွေ ချမ်းသာအောင် ဘိုးဘိုးအောင် “မ” လို့ ဆုတောင်းနေစရာမလိုပါ။

  • Khin Latt

    March 19, 2012 at 4:32 am

    အမှန်တကယ် သတိထားရမဲ့ အချက်ပါဘဲ ကိုဖုန်းကျော်ရေ။
    အားပေးသွားပါတယ်။

  • myanmarcitizen

    March 19, 2012 at 1:10 pm

    သတိထားရမဲ့အချက်ပါကိုဖုန်းကျော်ရေ။ ဒါပေမဲ့ မတန်တဆဈေးပေးတာကို မရောင်းပါနဲ့ လို့ပြောဖို့ကလဲ ခက်တော့။ နဲနဲတော့ခက်မယ့်လလုပ်ပဲ။ လာပြီးဖတ်သွားပါတယ်ဗျာ။

Leave a Reply