နှစ်သိန်းတန် “ဂျီ”

ကြောင်လေးMarch 18, 20121min12110

နှစ်သိန်းတန် ဂျီအက်စ်အမ် ဖုန်းတွေ စတင်ရောင်းချနေပါပြီ။ အချို့ဒေသတွေမှာ မတ်လ ၂၈  ရက်နေ့မှ ရောင်းမယ်၊အချို့ဒေသတွေကတော့ ဧပြီ ၅ ရက်နေ့မှာ ရောင်းမယ်ဆိုတဲ့ သတင်းတွေလည်းအမျိုးမျိုးပေါ်ထွက်နေပါတယ်။ အဲဒါကအရေးမကြီးပါ။

အရေးကြီးတာက ကျေးလက်နေ သူတွေနဲ့ မြို့ကြီးတွေရဲ့ဆင်ခြေဖုန်းမှာ နေသူတွေဟာ ဖုန်းဝယ်တော့မယ်ဆိုရင်     မိမိနေထိုင်ရာ/ အများဆုံးသွားရောက် ပြီး (ဖုန်းနဲ့) အလုပ်လုပ်မည့်နေရာဟာ  ဆက်သွယ်မှု ဧရိယာမိတဲ့နေရာဟုတ်မဟုတ် ကို သေချာသိသူများနဲ့ မေးစမ်းလေ့လာပြီးမှ ဝယ်သင့်ကြပါတယ်။

တချို့ကျေးရွာတွေ ဟာ စီမံကိန်းလျာထားတဲ့ အထဲမှာပါလို့ ရမယ်လို့ သတင်းအသေအချာထွက်ပေါ်နေပေမဲ့ လတ်တလောမရသေးတဲ့ဒေသတွေ ရှိပါတယ်။ စီမံကိန်းကို အကောင်အထည်ဖော်ရာမှာ အဆင့်လိုက်                      ပထမ၊ဒုတိယ၊ တတိယ စသည်ဖြင့် ခွဲပြီးအကောင်အထည်ဖော်နေတာပါ၊ ဒါကြောင့်မိမိဒေသဟာ လက်ရှိသုံးလို့ရနေပြီလား၊ဘယ်တော့လောက်မှရမှာလဲဆိုတာ ဆက်သွယ်ရေးမှာ အရင်စုံစမ်းသင့်ပါတယ်၊ အဲဒါလဲ ဆက်သွယ်ရေးရဲ့  နယ်ကအဆင့်တွေ သေချာမသိပါဘူး၊ ကျနော် ကျမတို့ ရွာ (အခု)သုံးလို့ ရပြီလားဆိုတာကိုသာ သေချာမေးကြပါ၊ ကိုယ့်ရွာနဲ့ အနီးဆုံ ဘယ်ရွာမှာ စက်ဖွင့်နေပြီလဲဆိုတာစုံစမ်းကြပါ။

ဆက်သွယ်ရေးအနေနဲ့လဲပြည်သူတွေကို သေချာအသိပေးသင့်ပါတယ်။ ဘယ်ရွာတွေရပြီလဲဆိုတာ ရုံးမှာကြော်ညာကပ်ထားပေးသင့်ပါတယ်။  မိမိမြို့တိုင်းအတွင်းမှာ ရွာတစ်ရွာ အသစ်ဖွင့်တိုင်း သက်ဆိုင်ရာမြို့နယ်ရုံးတွေကိုကြေးနန်းထုတ်ပြီး ကြော်ညာခိုင်းသင့်ပါတယ်။ ဆက်သွယ်ရေးက ကြော်ညာတာဟာ သူတို့ ရဲ့စံနစ်အတိုင်းသတ်မှတ်ချက်အတိုင်း သေချာ( perfect) ဖြစ်မဲ့ ဧရိယာအတွင်းကိုပဲကြော်ညာမှာပါ။ ပုဂ္ဂလိက အရောင်းဆိုင်တွေကလည်း လာဝယ်တဲ့သူတွေကို ရောင်းရပြီးရော ပုံစံမျိုးမလုပ်ကြပဲ ဘယ်ဒေသမှာ သုံးမှာလဲ သေချာမေးပြီးသုံးလို့ရမှရောင်းသင့်ပါတယ်။ တာဝန်ယူမှု ဝန်ဆောင်မှုတွေ ကောင်းဖို့လိုပါတယ်။ မိမိရောင်းနေတဲ့ဒေသရဲ့ ဘယ်ရွာတွေမှာသုံးလို့ရပြီ၊ဘယ်ရွာတွေကမရသေးဘူး ဆိုတာကို သေချာ ကြော်ညာ ဘုတ်ကို ဗီနိုင်းနဲ့ ကြီးကြီးလေးကပ်ထားသင့်ပါတယ်။ ရောင်းချသူတွေ ကိုယ်တိုင်လဲသေချာ ရွာတွေကိုဆင်းပြီးစမ်းသပ်ထားသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အချို့ရွာတွေမှာလွှင့်တဲ့ စတေရှင်နဲ့ဝေးတဲ့ရွာကရနေပြီး ပိုနီးတဲ့ရွာက အကြောင်းအမျိုးမျိုး၊အတားအဆီးအမျိုးမျိုးကြောင့် မရတာရှိပါတယ်။ တရွာထဲမှာတောင် ရတဲ့နေရာနဲ့ မရတဲ့နေရာ ရှိနိုင်ပါတယ်။ မြို့ပေါ် ဆင်ခြေဖုန်းနေသူတွေ သူ့အိမ်ကရပြီး ကိုယ့်အိမ်က မရတာလည်းရှိနိုင်ပါတယ်။ ဒါကြောင့်ဝယ်တော့မယ်ဆိုရင် ဆက်သွယ်ရေးက ဘယ်နှမိုင်အတွင်းရမယ်၊ ဘယ်နေရာကမရနိုင်ဘူးပြောတာကိုမယုံပါနဲ့၊ အခြေအနေမျိုးမျိုးရှိနေပါတယ်။ သူက သူ့တာဝန်အတိုင်းသတ်မှတ်ချက်အတိုင်းပဲပြောမှာပဲ၊  ကိုယ်က သုံးမဲ့လူ၊ကိုယ် ကိုယ်တိုင်(သေချာ)လေ့လာပါ။ အကောင်းဆုံးက ဝယ်ပြီးသားမိတ်ဆွေကို  ကိုယ်သုံးမဲ့နေရာကိုအလည်ခေါ်၊ ဘီယာလေးဘာလေးနဲ့ ဧည့်ခံပြီး စမ်းသပ်ကြည့်တာအကောင်းဆုံးပါ။ နယ်ကလူတွေလည်း ကိုယ့်ရွာက ဝယ်ပြီးသားလူကို အကူအညီတောင်းပြီး စမ်းသပ်ပါ၊အထိုင်ဖုန်းများသုံးခြင်း၊ outdoor antenna တပ်ဆင်သုံးတာမျိုးရ မရ လေ့လာကြပါ။ repeater  များတော့မသုံးသင့်ပါ၊အခြားသူများအတွက် အနှောက်အယှက်ရှိနိုင်ပါတယ်။ အခုလောလောဆယ်က စီမံကိန်းရဲ့ ပထမနှစ် ပထမစီမံကိန်းဆိုတော့ နေရာတိုင်းအဆင်မပြေနိုင်ပါ၊ နောင် နေရာတိုင်းအဆင်ပြေလာမယ်လို့တော့လဲ ကြောင်လေးလဲ အာမ မခံနိုင်ပါ၊ လက်ရှိအနေအထားကို ကိုယ်သိသလောက်ပြောရတာပါ၊ နောင်ဖြစ်လာမယ့်ဟာကိုဘယ်သိမလဲ နော့ ………..

 

အားလုံးကို ခင်မင်လေးစားစွာဖြင့်

ကြောင်လေး

10 comments

  • windtalker

    March 18, 2012 at 1:42 pm

    ရီပီတာသုံးရင် အရေးယူပါ့မယ် ဆိုတာတောင် ၊ သုံးနေသေးတဲ့ ကောင်တွေ ကောင်မတွေ က တစ်ပုံကြီးဗျ ။ ဆက်သွယ်ရေးအနေနဲ ့၊ ဖိဖိစီးစီး ကို လိုက်ဖမ်းပြီး ထိထိရောက်ရောက် အရေးယူသင့်နေပါပြီ ။
    နော…ကကြေးလောင်

  • htet way

    March 18, 2012 at 4:24 pm

    ကောင်းတယ် ဒီလိုအကြံပေးမှ တော်ရာကျမယ်

  • MTY

    March 18, 2012 at 4:41 pm

    ဟုတ်တယ်ဗျို့..တိုင်းနှစ်တိုင်းရဲ့နယ်စပ်ရွာတစ်ရွာမှာဖြစ်ဖူးတယ်
    မြို့နယ်နယ်နိမိတ်အရရွာကဒီဘက်တိုင်းက၊ဒါကြောင့်ကိုယ့်
    တိုင်းအတွင်းဘဲရမယ်ဆိုတဲ့၄၅ဝတစ်လုံးဝယ်၊မြို့ပေါ်မှာတော့ရ
    တာပေါ့၊ရွာရောက်တော့မရတော့ပါ။အကူအညီလာတောင်းလို့မဟာ
    ဆသရကိုမေးပြီးစမ်းတော့မှအဲဒီရွာကဟိုဘက်တိုင်းကဖုံးနဲ့ကြတော့
    ရသဗျ။တစ်ရွာလုံးလဲသူ့ဖုံးတစ်လုံးရှိတာမို့ဖုံးပြန်ရောင်း၊ဟိုဘက်တိုင်း
    ကဖုံးပြန်ဝယ်ရဖူးတယ်။(အခုမဟုတ်ပါ၊လွန်ခဲ့သော၂/၃နှစ်ခန့်ကပါ)

  • ကိုရင်မောင်

    March 18, 2012 at 4:48 pm

    ကျေးဇူးဘဲကြောင်လေးရေ….
    သတိထားစရာပါ…

  • a me

    March 18, 2012 at 5:38 pm

    ကျေးဇူးတင်တာပေါ့ ဒါပေမယ့် 5000 တန် ဂျီကို စောင့်ရမယ် ဟိဟိ

  • Gipsy

    March 18, 2012 at 6:44 pm

    ၂ သိန်းတန် ဖုံးတွေ လက်ရှိ အဆင်မပြေ ကြပါ..
    တိုင်တွေ မပြည့်စုံသေးလို့ပါ တဲ့ ..
    လကုန်လောက် လိုင်းကောင်းပါမယ် တဲ့ ..
    ရန်ကုန်နဲ့ လှမ်းဆက်ကြည့်တော့ စကားပြောရတာ ပြတ်တောင်းပြတ်တောင်း …
    မက်ဆေ့ချ် လဲ ပို့မရပါ …
    ဆိုတော့ …..
    တခြားလူတွေ အဆင်ပြေပြီ ဆိုတော့မှ လိုုက်ဝယ်တာ အကောင်းဆုံးထင်ပါတယ် ..
    အရင်ဆုံး လက်ဦးပြီးဝယ်ထားတဲ့သူတွေ အခုတော့ စိတ်ညစ်နေကြပါကြောင်း…..။

  • နွေဦး

    March 18, 2012 at 9:54 pm

    မိ မမိ ဖုန်ဝယ်ပြီးသားသူငယ်ချင်းခေါ် ဘီယာတိုက်ပြီးစမ်းကြည့်တဲ့..
    လှမ်းခေါ်လိုက်နော်… ရွာမှာဆို စည်ဘီယာတော့ မရှိလောက်ဘူးနော်..
    ထရေလောက်လဲ မဆိုးပါဘူး..

  • ကြောင်လေး

    March 19, 2012 at 8:25 am

    -ဝုတ်ဒါပေါ့ ကပေရေ
    -သီးခံဒကာတော်၊ အဲလေ သော်သော်
    -အကြံလောက်တော့ပေးတတ်တယ်ဆရာထက်ရေ
    -အမ်တီဝိုင်ရေ အဲဒါငါးသိန်းစပေါ်ကာစ ဧရိယာကန့်သတ်ထားတဲ့ကာလကပါ၊
    -ကိုရင်မောင်ရေ လူတိုင်းသတိထားမိဖို့လိုပါတယ်၊ ဝယ်ပြီးမှ ကွန်ပလိန်းသွားတက်ရင် ဘယ်လိုမှရှင်းမပေးတတ်ပါ။
    -ရိုက် သက်တ် ကျီးမိုက်
    -စောင့်ပါစောင့်ပါအေမီရာ၊ အရင်မလိုရင် ဖြေးဖြေးလုပ်ပါ။
    -ဂျစ်ပစီရေ ခဏတော့ သိခံနေလိုက်ပါ။
    -ကြွက်ကြော်ပါ ပါတယ်တဲ့နွေဦးရေ့ သွားရေတောင်ကျလာပြီ ရှလွတ်လွတ်။

Leave a Reply