အောက်ပါမေးခွန်းများကိုဖြေဆိုပါ

1 -81လမ်းနဲ့ 26ဘီလမ်းဒေါင့်ကဆိုင်ကလေး
2- သူကတော့81လမ်းပေါ်မှာ အိတ်တွေရောင်းတာလေ
3 ဗိုလ်ချုပ်နဲ့သမီးဒေါ်စု ပုံကို လမ်းဘေးမှာအကျအနရောင်းနေတာလေ
4 ဆိုင်ကယ်ပေါ်က မဆင်းဘဲမေးနေတဲ့ဈေးဝယ်
5လမ်းဘေးမှာအကျအနဖွင့်တဲ့အိတ်ဆိုင်

 

            “ဖတ်မိကြည့်မိတဲ့ မိတ်ဆွေအပေါင်း အောက်ပါမေးခွန်းများကိုဖြေဆိုပါ”

 

အစကတော့ တစ်ပါတ်လောက် ပုံမတင်စာမရေး နားအုံးမယ်လို့တော့ စိတ်ကူးထားပါတယ်။

ဒါပေမယ့်ဖြတ်သွားဖြတ်လာနဲ့တွေ့နေပြန်တော့ ရေးချင်စိတ်က ရုန်းကြွလို့လာပြန်ရော။

ရေးဘို့မြောက်ပေးသူကတော့ အန်ကယ်ဂျီး ပါဘဲ။

ပုံထဲမှာပါတဲ့ဆိုင်လေးက ပေါ်လာတာမကြာသေးပါဘူး။

ဒေါ်အောင်ဆန်းစုကြည်တို့ သားအဖ ရဲ ့ ဓါတ်ပုံတွေနဲ့ပင်နီအကျီတွေ အမှတ်တရပစ္စည်းတွေရောင်းတဲ့ဆိုင်ကလေးပါ။.

26ဘီလမ်းမ လမ်း80ဒေါင့် တောင်ဇလပ်ဟိုတယ်(အခုပိတ်ထားပါတယ်)၊

အရင်ဟောင်ကောင်စတိုးနဲ့မျက်နှာချင်းဆိုင်မှာဖွင့်ထားတာပါ။

ဒီဆိုင်လေးမှာ ဝင်ဝယ်ကြအားပေးသူတွေလဲရှိပါတယ်။

အခုချိန်မှာမှ ကိုယ်ချစ်တဲ့လေးစားတဲ့သူရဲ့ ပုံရိပ်တွေကို မြင်ခွင့် ဝယ်ယူသိမ်းထားခွင့်

ရလာတာကိုး။
တွေ့ပါများတော့ ရင်ထဲမှာမေးခွန်းလေးတွေတန်းစီလို့လာပါတယ်။

(က)    အခုဖွင့်ထားတဲ့ဆိုင်က NLD အဖွဲ့ချုပ်ရန်ပုံငွေအတွက်အဖွဲ့အစည်းသို့မဟုတ်

ရုံးခွဲတစ်ခုခုက လာဖွင့်တဲ့ဆိုင်ဘဲလား။

(လမ်းလေးဆယ် 84-85ကြားမှာတစ်ခါ ၊84×31 ဒေါင့်မှာတစ်ခါ အဖွဲ့ချုပ်ယူနီဖောင်းတွေနဲ့ သေသေသပ်သပ်တက်တက်ကြွကြွရောင်းသွားကြတာတော့ အားရဝမ်းမြောက်ဘွယ်ရာ မြင်ဘူးပါတယ်။

အားပေးသူတွေ ဝယ်ယူသူတွေ အုံးနေတာပါဘဲ။)

(ခ)     ကိုယ်သဘောနဲ့ကိုယ်လာ စီးပွားရှာပြီးဖွင့်တဲ့ဆိုင် လေးဘဲလား။

(ဒါဆိုရင် ရောင်းလို့ရတဲ့ အမြတ်ထဲကနေ NLD အဖွဲ့ချုပ် အတွက်ရန်ပုံငွေထည့်ပေးပါသလား)

(ဂ)     မန္တလေးစည်ပင်သာယာ ကရော လမ်းဘေးမှာ ဒီလိုဖွင့်ထားတာတွေကို

ဖွင့်ခွင့်ပေးထားပါသလား။

(ဃ)    ပိတ်များပိတ်လိုက်ရင် ဝိုင်းအော်ကြမှာကိုစိုးရိမ်လို့ မပြောဘဲခွင့်ပြုထားသလား။

(င)     ကျနော်တို့ ခင်ဗျားတို့ လေးစားချစ်ခင်သူရဲ့ ပုံရိပ်တွေကို လမ်းဘေးမှာ ဖြစ်သလို

ချပြီးစီးပွားရှာနေတာကို နှစ်သက်ပါသလား။

(စ)     ဒီလို ကိုယ့်သဘောနဲ့ကိုယ် ရောင်းဝယ်နေတာထက်စာရင်အဖွဲ့ချုပ်ကနေ

ဒေါ်အောင်ဆန်းစုကြည်နဲ့ပါတ်သက်တဲ့ အမှတ်တရပစ္စည်း၊ဓါတ်ပုံတွေ

အကျီတွေရောင်းချခွင့်ကို စနစ်တကျဖြစ်အောင်လုပ်ပေးရင် အဖွဲ့အတွက်

ရန်ပုံငွေတွေတိုးမလားနိုင်ပါဘူးလား။

(င)     သတ်မှတ်ထားတဲ့စည်ပင်သာယာဥပဒေကို ဒေါ်အောင်ဆန်းစုကြည်အကြောင်းပြလို့

ဖောက်ဖျက်တာကို ရော လက်သင့်ခံပါသလား။

 

မေးခွန်းအားလုံးကတော့ ကျနော်လဲမသိတဲ့အတွက်မဖြေနို်င်ပါဘူး။

ဒါပေမယ့် ကျနော်တစ်ယောက်ထဲအမြင်ပြောရင် မြန်မာပြည်သူပြည်သားတွေကရော

နိုင်ငံတကာကပါ လေးစားရပါသော ခေါင်းဆောင်များရဲ့ ပုံရိပ်တွေအမှတ်တရပစ္စည်းတွေကို

အခုလို စည်းမဲ့ကမ်းမဲ့လမ်းဘေးချရောင်းနေတာကိုတော့ သဘောမကျပါဘူးလို့ဘဲပြောချင်ပါတယ်။

ကြုံတဲ့သူက ကြုံသလို လုပ်စားတာကို ခွင့်မပြုစေချင်ပါဘူး။

NLD အဖွဲ့ချုပ် ကနေ ဒီလိုရောင်းချခွင့်ကို စီစဉ်ပေးစေချင်ပါတယ်။

ကျန်တဲ့ဆိုင်တွေကတော့ ဆိုင်ဖွင့်ချင်ဖွင့် စည်းကမ်းဖောက်ချင်ရင် ဖောက်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါတ်သက်တာမှန်သမျှကတော့ သူများလက်ညိုးထိုးတာလွတ်စေချင်ပါတယ်။

ဒါမှ သင့်တော်တယ်လို့ ယုံကြည်ကြောင်းပါဗျာ။

 

ကဲ ခင်ဗျားတို့အမြင်ကရောဗျာ…………………………..

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ ရလာတဲ့အတွေးပါးပါး။

(18-3-2012)

45 comments

  • water-melon

    March 18, 2012 at 4:47 pm

    လေးပေါက်
    အားတဲ့နေ့ကျရင် အဲဒီဆိုင်ကို သွားရစ်ရအောင် 😀
    ဆိုင်တွေကတော့ ပြောမနေတော့နဲ့
    လမ်း ၈ဝ မှာလဲ သေးသေးဆိုုင်လေးတွေဖွင့်ထားတာတွေအများကြီး
    သင်္ကြန်နားနီးလေးပိုပေါလေဘဲ
    ကျွန်တော်တောင်ဖွင့်မလို့ စိတ်ကူးသေးတယ်
    အိမ်က ပူညံပူညံလုုပ်နေလုို့ စိတ်ကူးပျက်သွားတယ်
    တရုတ်က အထည်တွေအောက်ကြေးနှိုက်ပြီး ပြန်ရောင်းရင် ဒီနှစ်သင်္ကြန်အတွက် အပီဘဲ အခုုတော့ 🙁

  • Zaw Wonna

    March 18, 2012 at 5:08 pm

    မေးခွန်း (က) ကနေ (ဃ) အထိကတော့ ကိုပေါက် ကိုယ်တိုင် စုံစမ်းမှ သိရမှာပါ။
    (င) လမ်းဘေးမှာ ရောင်းတာကို နှစ်သက်ပါတယ်။(ကျနော်တို့ အောက်ခြေ ပြည်သူ အများစုက ခမ်းခမ်းနားနား ရောင်းတဲ့ နေရာတွေကို ဝင်မဝယ်ရဲကြလို့ပါ)
    (စ) ဒါကတော့ မူပိုင်ခွင့်နဲ့ ဆိုင်မယ်လို့ ထင်ပါတယ်။
    (ဆ) သတ်မှတ်ထားတဲ့ စည်ပင်သာယာ ဥပဒေကို ဘယ်သူ့ကိုပဲ ဖြစ်ဖြစ် အကြောင်းပြပြီး ဖောက်ဖျက်တာကို လက်မခံပါဘူး။

  • Zaw Wonna

    March 18, 2012 at 5:25 pm

    ဒီလို ဆိုင်လေးတွေကတော့ မြို့ပြတွေတိုင်းမှာ ရှိကြပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို လက်ညိုးထိုးမယ်ဆိုရင်လည်း သူကတော့ အပြုံးပျက်မယ်လို့ မထင်ပါကြောင်း။

  • kyeemite

    March 18, 2012 at 5:26 pm

    မည်သည့်အကြောင်းပြချက်ကြောင့်ပင်ဖြစ်စေ
    သက်ဆိုင်ရာကချမှတ်ထားတဲ့စည်းမျဉ်း စည်းကမ်းကို
    မဖြစ်မနေလိုက်နာလုပ်ကိုင်စားသောက်သော
    အလေ့အထ ရှိလာအောင် လေ့ကျင့်သွားကြဘို့လိုပါတယ်..
    ဒီလိုသာစည်းကမ်းကိုသောက်ဂရုမစိုက် ထင်တိုင်းကြဲနေကြမယ်ဆိုရင်
    ဒေါ်စု သမ္မတဖြစ်လည်း တိုင်းပြည်မတိုးတက်နိုင်ပါဘူး..

    • Zaw Wonna

      March 18, 2012 at 5:30 pm

      သက်ဆိုင်ရာက ချမှတ်ထားတဲ့ စည်းမျဉ်း စည်းကမ်းဆိုတာကလည်း တရားမျှတမှု ရှိဖို့တော့ လိုအပ်ပါလိမ့်မယ်။ မတရားတဲ့ စည်းမျဉ်းတွေကို အင်္ဂလိပ်ခေတ်ကတည်းက ဖီဆန်ခဲ့ကြလို့ ဒီလို အခြေအနေကို ရောက်လာတာ မဟုတ်လား

  • ဒါက ဒေါ်အောင်ဆန်းစုကြည်ကိုလက်ညှိုးထိုးနေတာမဟုတ်ပါဘူး။
    ဒေါ်အောင်ဆန်းစုကြည်ကို အကြောင်းပြပြီးလုပ်စားနေတာကိုထောက်ပြနေတာပါဗျိုး။
    ဒါက အောင်နိုင်ရေးအတွက် ရန်ပုံငွေ NLD က ဒီလိုရှာလို့ရတယ်ဆို်တာထောက်ပြနေတာပါ။

    နောက်တစ်ချက်လမ်းဘေးရောင်းတာကို မနှစ်သက်တာမဟုတ်ဘူးလေ။
    အဖွဲ့ချုပ်ကလူတွေရောင်းတုန်းကလဲ လမ်းဘေးရောင်းတာပါဘဲ။
    ဒါပေမယ့်ခုံလေးတော့ ခင်းသင့်တာပေါ့။
    (လမ်းလေးဆယ် 84-85ကြားမှာတစ်ခါ ၊84×31 ဒေါင့်မှာတစ်ခါ အဖွဲ့ချုပ်ယူနီဖောင်းတွေနဲ့ သေသေသပ်သပ်တက်တက်ကြွကြွရောင်းသွားကြတာတော့ အားရဝမ်းမြောက်ဘွယ်ရာ မြင်ဘူးပါတယ်။
    အားပေးသူတွေ ဝယ်ယူသူတွေ အုံးနေတာပါဘဲ။)
    ဒါလေးကို ဖတ်လိုက်ရင် ပေါက်သွားမှာပါ။

    • windtalker

      March 18, 2012 at 6:36 pm

      ဟုတ်တယ် အမှန်ပါဘဲ မှန်ပါတယ် ခင်ဗျ
      ဒေါ်အောင်ဆန်းစုကြည် ကို ခုတုုံးလုပ်ပြီး စီးပွားသောင်းကျန်းနေတာပါ ။
      တစ်ကယ်လို ့၊ သူရို ့ရတဲ့ အမြတ်ရဲ ့ တစ်ဝက် ကို NLD ကို မလှူဘူးဆိုရင် ၊ သူရို ့ဆီက မအားပေးသင့်ပါဘူး ။

  • a me

    March 18, 2012 at 5:34 pm

    မေခွန်းဖြေဖို့တောင် အားမရှိဘူး ဦးဦးရေး……စိတ်တွေညစ်နေလို့ ……….အဲ့လိုရောင်းခွင့်မပေးတော့ရော
    မရောင်းပဲနေမှာလား လုံခြုံရေးတွေ ရဲတွေဘာလုပ်နေလည်း

  • လမ်းဘေး ပလက်ဖောင်းပေါ်ဈေးမရောင်းရဆိုတာ မတရားတဲ့ဥပဒေတော့မဟုတ်ဘူးဗျ။
    ဒါပေမယ့် မြိုတိုင်းမှာ ပလက်ဖောင်းပေါ်ရောင်းနေကြတာပါဘဲ။
    ရှင်းရှင်းလေးပြောရရင် ဒီပြင်လူ့သူ့ဘာသာသူလုပ်စားတာကို “မင်းတို့အဖွဲ့လဲစည်းကမ်းမရှိပါဘူးကွာ”လို့
    လက်ညှိုးထိုးမခံချင်တာဗျာ။
    ဖြစ်နိုင်ရင် အခုလို အပြိုင်အဆိုင်လုပ်နေရတဲ့ကာလမှာ ကို်ယ့်ဘက်က မှဲ့တစ်ပေါက်တောင်အစွန်းမခံချင်တာဗျာ။
    အဲဒါကြောင့်ကိုယ့်အဖွဲ့အစည်းကို တန်ဘိုးရှိဘို့အတွက် ဒါမျိုုးတွေကို အဖွဲ့ချုပ်က တရားဝင်တားစေချင်တာ.
    ကိုယ်တိုင်ရောင်းစေချင်တာ။.

  • Zaw Wonna

    March 18, 2012 at 5:39 pm

    ကိုပေါက် ကိုယ်တိုင် မန်းလေး NLD တွေကို အဲလိုမျိုး ဈေးရောင်းပွဲလေးတွေ လုပ်ပေးဖို့ အကြံပေးပါလို့ ပြောချင်ရဲ့ …

  • အဖွဲ့ချုပ်ကို သွားပြောဘို့ဆိုတာအဆင်မပြေဘူးလေ။
    နောက်ကျနော်သွားပြောရအောင် ကျနော်ကလဲ ဘာကောင်မှမဟုတ်ဘူး။
    ဒီစာဖတ်သူတွေထဲက ပေါက်ရောက်သူတွေ က ပေါက်ရောက်အောင်ပြောစေချင်လို့ တင်ပေးတာလေကွယ်။
    ကျနော်တို့အဆင့် က ဒါလေးတော့ ဒီလိုရှိပါတယ်ဗျာလို့ ပြောပြပေးနိုင်တဲ့အဆင့်လောက်မှာဘဲရှိပါတယ်။

  • Zaw Wonna

    March 18, 2012 at 5:46 pm

    ဒီခေတ်မှာ လူကိုယ်တိုင် သွားပြောစရာ မလိုတော့ပါ ခင်ဗျ။ ကြွက်ကို ကလစ်နှိပ်ပြီး ခိုင်းစားနိုင်ပါပြီ။
    https://www.facebook.com/NldMandalay

  • Zaw Wonna

    March 18, 2012 at 6:01 pm

    ယခု မန္တလေးတိုင်း၊ မဟာအောင်မြေမြို့နယ် လစ်လပ်သော လွှတ်တော်ကိုယ်စားလှယ်နေရာ ရွေးချယ်ရာ၌ ရွေးကောက်ပွဲကော်မရှင်သည် နည်းမျိုးစုံနှင့် မဲလိမ်မဲခိုးပြုလုပ်၏။ သူတို့ မဲခိုးမဲလိမ်နည်းတစ်ခုမှာ ဤသို့ဖြစ်၏။ သူတို့ကြံ့ခိုင်ရေးသို့ သေချာပေါက် မဲထည့်မည့်ပုဂ္ဂိုလ်ကို အကွက် (၂၈၉)၌လည်း မဲစာရင်းထည့်ထား၏။ ထိုနှင့်မျက်နှာချင်းဆိုင် အကွက် (၂၉၄)၌လည်း မဲစာရင်းထည့်ထား၏။ ဤသို့ထည့်ခြင်းဖြင့် တစ်နေရာ မဲအတွက် ကြိုတင်မဲယူ၍ တစ်နေရာ၌ လူကိုယ်တိုင်သွားရောက်ထည့်၏။ ဤသို့ဖြင့် ကြံ့ခိုင်ရေးမဲရအောင် ကြံစည်ကြ၏။ အတိုက်အခံဘက် ထည့်မည်ဟု သေချာသော မဲဆန္ဒရှင်များကိုတော့ မေ့တာလိုလို၊ အသက်မပြည့်တာလိုလိုနှင့် မဲစာရင်း၌ ချန်ခဲ့၏။ သွားရောက်ပြောသောအခါ သေချာစိစစ်ပါဦးမည်။ လေးရက်လောက်စောင့်ပါဟု ပြော၏။ သူတို့ချန်ခဲ့သော ပုဂ္ဂိုလ်မှာ အသက်မပြည့်သေးပြောရအောင်ကလည်း ကလေး နှစ်ယောက်ပင်ရ၍ သားသမီးသည်ပင် အမှတ် ၁၄ ကျောင်း၌ ကျောင်းတက်နေပေပြီ။
    (ဒီလို ကိစ္စမျိုးတွေကိုလည်း တိုင်ကြားနိုင်ကြပါတယ်)

  • ကြောင်ကြီး

    March 18, 2012 at 8:14 pm

    ဒီတခါပုံလေးတွေက သန့်ပြန့်နေတာပဲ…။ ဦးပေါက်ကိုယ်တိုင် ဓါ့ပုံမရိုက်ခင် တံမြက်စည်းလှဲ ထားသလားသိဘူး…။ ဒေါ်စုဓာတ်ပုံကိစ္စကတော့ ဒီအခြေအနေမှာ ဒီအတိုင်းဖြစ်နေမှာပဲ။ အခြေအနေတွေက တကယ်တမ်းပြောရင် မတည်ငြိမ်သေးပါဘူး။ အန်အယ်လ်ဒီအနေနဲ့ သွားတားဆီး၊ စည်းကမ်းကြပ်မတ် ပြောဆိုဝေဖန်မယ်ဆိုရင် အကျိုးထက် အပြစ်ရဖို့သာများမယ်။ အလွန်အကျွံမဖြစ်အောင်သာ ဂရုစိုက်ရပါမယ်။ အများစုနဲ့ အလုပ်လုပ်တဲ့အခါ ကြိုက်ကြိုက်မကြိုက်ကြိုက် လိုက်ရောညီထွေဖြစ်ဖို့ အရေးအကြီးဆုံးပဲ။ ပဓါနမကျတဲ့ အရာမျိုးဆို လိမ္မာသလို ကြည့်နေတာ အသင့်တော်ဆုံးပါ..။ အာဏာပိုင်များကတောင် လူမိုက်ဝင်မလုပ်တဲ့အချိန်မှာ အန်အယ်လ်ဒီက ဘာပြုလို့ ဓါးခုတ်ရာ လက်ဝင်လျှိုရမှာလဲ..။ လုပ်ရမှာ အခုဖြစ်နေတဲ့ ရေစီးကြောင်းကို မျက်ခြေမပြတ်စောင့်ကြည်၊ မှတ်တမ်းတင် (ထောက်လှမ်းရေးလုပ်သလိုပါပဲ)။ လိုအပ်တဲ့အခါမှ အရေးယူတာ အဓိပ္ပါယ် ရှိပါမယ်..။ စီးပွားရေးသဘောအရပြောရင်လည်း ကိုယ်မှမကြော်ငြာနိုင်တာ… လုပ်နိုင်သူတွေ လုပ်ကြပါစေ… ဖြစ်လာတဲ့ အခြေအနေကို အကောင်းဆုံးဖြစ်အောင် အသုံးချခြင်းသာ လက်ရှိအနေအထားအတွက် အမှန်အကန်ဆုံး ဖြစ်ပါတယ်။ အန်အယ်လ်ဒီ အာဏာရလာရင် တာဝန်ရှိတဲ့ နိုင်ငံရေးပါတီ ဖြစ်လာရင် တမျိုးပြန်စဉ်းစားရပါမယ်။ အခုချိန်တော့ လွဲလွဲလေးပဲ ကောင်းပါတယ်…။

  • လေးပေါက်ရေ …

    အဲလို လမ်းဘေးမှာ ကျော်ကြားတဲ့ လူပုဂ္ဂိုလ် တစ်ဦးတစ်ယောက် ဖြစ်စေ၊ အဖွဲ့ဖြစ်စေ … ပေါ့ ။ ရောင်းစား နေကြတဲ့ ဈေးသည်တွေကို ကျနော်လည်း အများကြီး တွေ့ဖူးပါတယ် …
    ဒါနဲ့ ပတ်သက်ပြီး တွေးမိတာလေး တစ်ခုကို ပြောချင်ပါတယ် …

    ကျနော်တို့ နိုင်ငံမှာ ခုဆို ဒေါ်အောင်ဆန်းစုကြည်က လွတ်လပ်စွာ ကျော်ကြားခွင့် ရလာတော့ ဒေါ်အောင်ဆန်းစုကြည့်ရဲ့ ပုံတွေ၊ သူ့ပုံပါတဲ့ အကျင်္ီတွေ စသည်ဖြင့် .. ဒါတွေကို လမ်းဘေးမှာ အများအပြား ရောင်းချ လာကြတာကို တွေ့လာရပါတယ် …

    သူက ကျော်ကြားသူဆိုတော့ သူ့ကို ခုတုံးလုပ်ပြီး စီးပွားရေး ရှာကြတာဟာ ကျနော်တို့ မြန်မာပြည်က အချို့သော လမ်းဘေး ဈေးသည်များ အတွက်တော့ အထူးအဆန်း မဟုတ်တော့ပါဘူး …

    ဒီနေရာမှာ ကျနော် တစ်ချက် တွေးမိတာက လမ်းဘေးမှာ ဘုရား ပုံတော်တွေကိုလည်း ရောင်းစား နေကြတာကို တွေ့ရပါတယ် …။ ဒါတွေရော ဘယ်လို ပြောကြမလဲဗျာ …။ အချို့ဆို ဘုရားပုံတော်တွေကို ပလက်ဖောင်းပေါ် ဒီအတိုင်း ခင်းပြီး ရောင်းနေကြတာပါ …။ ဒါတွေဟာလည်း မဖြစ်သင့်တဲ့ ကိစ္စတစ်ရပ်ပါလို့ …….။

    အံစာတုံးရဲ့ အတွေးပါးပါး … 😀
    (အတွေးပါးပါး –> လေးပေါက်ထံမှ ကော်ပီယူထားခြင်း ဖြစ်ပါ၏ ) 😀

  • နေဝန်းနီ

    March 18, 2012 at 8:56 pm

    ဆရာံဖာသာပဲကြည့်ကျက် ဖြေလိုက်ပါတော့ဗျို့…။ ကျွန်တော် အဲဒိလောက်ဉာဏ်မမှီဘူး

  • aye.kk

    March 18, 2012 at 9:23 pm

    ကိုပေါက်ရေ..
    မြို ့ပြရဲ ့အကျည်းတန်..
    အရုပ်ဆိုးစရာတွေကိုလက်ညိုးမထိုးပြနိုင်ရင်..
    တာဝန်ရှိတဲ့သူတွေကနေသာသလိုနေနေကြမှာအမှန်ပါဘဲ..
    အကျည်းတန်အရုပ်ဆိုးမဖြစ်ရအောင်မြို ့ပြလုံခြုံရေးအတွက်စည်ပင်ရဲတွေကိုထားထားတာဘဲ..
    အခုလိုတာဝန်မရှိတဲ့သူတောင်မှမြင်မကောင်းလို ့မနေနိုင်ပဲရေးပြမှတော့..
    တာဝန်ရှိတဲ့သူတွေအနေနဲ ့ကမနေရဲလောက်တော့ပါဘူး..။
    ပြောမှသိတဲ့သူတွေကိုတော့ပြောကိုပြောဘို ့လိုအပ်လှပါတယ်..။
    ကိုယ့်တဝမ်းတခါး၊တထွာလေးအတွက်ကိုယ်ပဲကြည့်ပြီး..မသိနားမလည်ဘဲ
    လုပ်စားပြီး၊ဈေးရောင်းစားနေကြတာကိုလည်းခွင့်မပြုသင့်ပါဘူး..
    နေရာလေးသတ်သတ်မှတ်မှတ်နဲ့..
    စည်းကမ်းစနစ်တကျနဲ ့ပုံစံလေးကျအောင်လုပ်ပေးရမှာကတာဝန်ရှိတဲ့သူတွေပါဘဲ..။။

  • ဒီခေတ်မှာ လူကိုယ်တိုင် သွားပြောစရာ မလိုတော့ပါ ခင်ဗျ။ ကြွက်ကို ကလစ်နှိပ်ပြီး ခိုင်းစားနိုင်ပါပြီ။
    https://www.facebook.com/NldMandalay
    ညီလေးဇဝနရေ မင်းပြောတဲ့အတိုင်းဒီပိုစ်ကို လင့်ပေးလိုက်ပါပြီဗျာ။
    ဒေါ်အောင်ဆန်းစုကြည် လာတုန်းက ရိုက်ထားတဲ့ပုံတွေပါလင့်ပေးလိုက်ပါတယ်။
    ကျနော်က ဒီလိပ်စာကို မသိဘူး။မင်းပြောပြမှသိတာကွဲ့။
    ကြောင်ကြီး တူတော်မောင်ရေ
    မန်းလေးမြို့မှာ လမ်းမတန်းတော်တော်များများက အမိူက်လှည်းပြီးသားပြောင်နေတာရယ်။
    မယုံလာကြည့်။
    ငါလှည်းစရာမလိုအောင်ပြောင်ပြီးသား။

    • Zaw Wonna

      March 19, 2012 at 3:52 am

      https://www.facebook.com/CJMyanmar
      အဲဒါလည်း မန်းလေးက Citizen Journalist တွေ လုပ်ထားကြတာပါ။
      ကျနော်တော့ CJ တွေကို သိပ်စိတ်ဝင်စားပါတယ်။
      အရင်တခါ မန်းလေးက ဂရုစိုက်မှု အားနည်းနေတဲ့ အာဇာနည်ဗိမာန်ကို ကိုပေါက် တင်ပြသွားတာကိုလည်း ဂုဏ်ပြုအပ်ပါတယ်။
      အခုလို မီဒီယာ လွတ်လပ်ခွင့်တွေ မရခင်ကတည်းက CJ တွေရဲ့ ကျေးဇူးကြောင့် ကောလာဟဠ နဲ့ အမှန်တရားကို လူတွေ ခွဲခြားနိုင်ခဲ့ကြတာ မဟုတ်လား။

    • Mr. MarGa

      March 19, 2012 at 6:37 pm

      မှန်ပါတယ် လေးပေါက်ခင်ဗျာ
      မန်းစည်ပင်ရဲ့ကျေးဇူးလို. ပြောရမှာပေါ့နော်
      လင်းပြောင် စနစ်ဆိုလားပဲ
      မနက်လင်းတာနဲ့ ရှင်းနေပြီ

  • ဆရာံဖာသာပဲကြည့်ကျက် ဖြေလိုက်ပါတော့ဗျို့…။ ကျွန်တော် အဲဒိလောက်ဉာဏ်မမှီဘူး

    ကိုနေရေ
    ကိုပေါက်က ဆရာမဟုတ်ရပေါင်ဗျာ။
    မြင်တာလေး အာချောင်တဲ့အဆင့်ပါ။

  • နွေဦး

    March 18, 2012 at 10:33 pm

    ပုံကောင်းလေးတွေ ကြည့်ရင်းကနေ
    ခံစားချက် ရသ တမျိုးပြောင်းသွားအောင်
    လုပ်နိုင်စွမ်းပါပေ့….။

  • မပူပါနဲ့နွေဦးရေ
    နောက်နေ့ပုံကောင်းလေးတွေစုထားပါတယ်။
    ဆက်တိုက်ဆိုရင် ဟုန်သွား ညည်းငွေ့သွားမှာစိုးလို့ပါ။

  • surmi

    March 19, 2012 at 12:26 am

    ဒီမှာလဲ ရောင်းစားခံရတာဘဲ ဗျ ။ လှည်းတန်းပွိုင်.မှာမမြင်ချင်တဆုံး ……
    ကျွန်တော.ကလေးရဲ. လေ.ကျင်.ခန်းဗလာစာအုပ်မှာလဲ ဗိုလ်ချုပ်ပုံနဲ. ဒေါ်စုပုံကို စာရွက်တိုင်းမှာ
    ရေစာနဲ.ရိုက်ထားတယ် ။ ဘုရားပုံတောင်လမ်းဘေးပလက်ဖောင်းမှာဒီတိုင်းချရောင်းသေးတယ်ဗျို. ။

  • padonmar

    March 19, 2012 at 1:38 am

    NLD အနေနဲ့ ဒီလိုအချိန်မျိုးမှာတစ်ဦးချင်းစီလိုက်ပြီး ပြောမယ်မထင်ပါ။
    ခေတ်ရေစီးဆိုတော့ ဒေါ်စုနဲ့ ဗိုလ်ချုပ်ပုံတွေ ရောင်းစားခံရတာ မဆန်းပါဘူး။
    တစ်ဖက်ကပြောရရင် အခမဲ့ ကြော်ငြာတောင်ရပါသေးတယ်။
    ဟိုလူကြီးတွေပုံ အဲဒီလို ရောင်းကြည့်ပါလား၊ဝယ်ကြမလားလို့။

    အမှန်တော့ ဒေါ်စုအကြောင်းပြမှမဟုတ် ဘာအကြောင်းနဲ့မှ စည်းကမ်းမဖောက်သင့်ပါဘူး။

    • Khin Latt

      March 19, 2012 at 4:15 am

      ~~~ ဟိုလူကြီးတွေပုံ အဲဒီလို ရောင်းကြည့်ပါလား၊ဝယ်ကြမလားလို့။ ~~~
      တွေးပြီး အူလိမ့် ရီ သွားပါတယ်။ 😆

  • Khin Latt

    March 19, 2012 at 4:10 am

    (က) NLD အဖွဲ့ချုပ်ရန်ပုံငွေအတွက် လာဖွင့်တဲ့ဆိုင် လို့ လုံးဝ မထင်ပါဘူး။

    (ခ) ကိုယ်သဘောနဲ့ကိုယ်လာ စီးပွားရှာပြီးဖွင့်တဲ့ဆိုင် လေး လို့ ထင်ပါတယ်။
    ရောင်းလို့ရတဲ့ အမြတ်ထဲကနေ NLD အဖွဲ့ချုပ် အတွက်ရန်ပုံငွေထည့်ပေး မယ် လို့ လုံးဝ မထင်ပါဘူး။

    (ဂ) မန္တလေးစည်ပင်သာယာ ကရော ဖွင့်ခွင့်ပေးမှာ မဟုတ်ပါဘူး။

    (ဃ) ပိတ်များပိတ်လိုက်ရင် ဝိုင်းအော်ကြမှာကိုစိုးရိမ်လို့ ဆိုရင် အော်ဘဲ ရီလိုက်ပါတော့ မယ်။

    (င) လေးစားချစ်ခင်သူရဲ့ ပုံရိပ်တွေကို လမ်းဘေးမှာ ဖြစ်သလိုချပြီးစီးပွားရှာနေတာ သမာအာဇီဝ မို့ မနှစ်သက်စရာလို့ မထင်ပါဘူး။ စည်းကမ်းဘောင် အတွင်း ဝင်ဖို့တော့ ဖြစ်စေချင်ပါတယ်။

    (စ) အဲဒီ ပုံတွေကို မဆိုင်သူ မသုံးရလို့ မှတ်ပုံတင်မထားရင် သူတို့ မှာလဲ သူတို့လွတ်လပ်ခွင့် နဲ့ မို့ မတားသင့်ပါဘူး။ ဒီလိုပုံလေးတွေ ရောင်းလို့ ရတာက လဲ ခိုင်မာတဲ့ ရံပုံငွေ မရလောက် တာမို့ တစ်ခြား ပိုပြီး ရနိုင်တဲ့ နည်း တွေကို တိုး စဉ်းစားရမှာပါ။

    (င) သတ်မှတ်ထားတဲ့ စည်ပင်သာယာဥပဒေ ကို ဒေါ်အောင်ဆန်းစုကြည် အကြောင်းပြ လို့ ဖောက်ဖျက် တာကို လုံးဝ (* တစ်သိန်း) လက်သင့် “မခံ” ပါဘူး။ ဘယ်သူမဆို ချမှာထားတဲ့ အများနဲ့ ဆိုင်တဲ့ ဥပဒေကို လိုက်နာရပါမယ်။
    VIP ဆိုတာ လုံးဝ (* တစ်သိန်း) မရှိရပါဘူး။

    ပုံ
    ကိုလတ် 😉

  • တကယ်ပြောကြစို့ဆိုရင် လမ်းဘေးက ဆိုင်လေးတွေက အဖျားသပ်ကလေးတွေပါ။
    သူတို့ကလူမြင်သူမြင်ခံပြီးရောင်းလို့ နည်းနည်းလေးမြတ်တာလေ။
    တကယ်ကို အမြတ်အစွန်းကြီးသူကတော့
    ဒီလို အထိမ်းအမှတ်ပါတဲ့ တီရှပ် ဦးထုပ် အကျီ ပိုစတာ ဓါတ်ပုံတွေကို အုံလိုက်ကျင်းလိုက်ထုတ်လုပ်ရောင်းချသူတွေပါဘဲ။
    အဖွဲ့ချုပ်က တကယ်လုပ်ချင်ရင်အဲဒီဆိုင်ကြီးတွေ ထုတ်လုပ်သူတွေနဲ့ ညှိနိုင်းရမှာ။
    မင်းတို့လဲမြတ်အောင်လုပ်ပါ အဖွဲ့ချုပ်ကိုလဲ ထိုက်သင့်သလောက် အလှုငွေထည့်ပါပေါ့.။
    ဒါဆိုပိုမကောင်းဘူးလားဗျာ။

  • kaung kin pyar

    March 19, 2012 at 10:23 am

    ဗိုလ်ချုပ်ပုံတွေကို Photoshop နဲ့ ပြင်ပြီး ရုပ်ပြင်ထားတာတွေ့ရင် ရင်နာတယ်….။

  • Thel Nu Aye

    March 19, 2012 at 10:54 am

    အဖွဲ့ချုပ်မှာတော့လက်လီ လက်ကားရောင်းနေတာတွေ့တာပဲ။ တဆင့်ပြန်ရောင်းမယ်သူတွေလဲလာဝယ်နေ ကြတာတွေ့တယ်။ အင်္ကျ ီဆိုလဲအထည်သုံးဆယ်တို့လိုမျိုး၊ ပြက္ခဒိန်၊ ပိုစတာ၊ မတ်ခွက်၊ ဦးထုပ်၊ တံဆိပ်၊ အလံ အများ ကြီးပဲယူရောင်းနေကြတာတွေ့တယ်။ ဒီလိုယူပြီးလမ်းဘေးမှာရောင်းတယ် ဆိုရင်တော့အဖွဲ့ချုပ်က ရန်ပုံငွေရ ပါတယ်။ မေးကြည့်ပါလားလေးပေါက်ရဲ့။ အဖွဲ့ချုပ်ကယူရောင်းတောဆိုရင်တော့ အားပေးသင့် ပါတယ်။

  • inz@ghi

    March 19, 2012 at 11:22 am

    ကျုပ်တို့ဆီမှာ ..နာမည်ကြီးရင် လမ်းဘေးရောက်တယ်….
    လေဒယ်အဟုတ်…

    ဆယ်လစ်ဘရစ်တီများဆိုရင် …မြောင်းထဲပါရောက်တယ်…
    အချဉ်ထုတ် တိုင်တယ်လ် ဖြစ်ကုန်တာကိုး …

    😛

  • chel gyi

    March 19, 2012 at 12:26 pm

    ုပြီးခဲ့တဲ့ကျိုက်ဝိုင်းဘုရားပွဲမှာ တော့ မရမ်းကုန်းNLD ကအဖွဲ့ဝင်တွေဒေါ်အောင်ဆန်းစုကြည့်ရဲ့ ပုံတွေ၊ သူ့ပုံပါတဲ့ အကျင်္ီတွေရောင်းပြီး ရံပုံငွေရှာနေတာတော့တွေတယ်…

  • အဲလိုအဖွဲ့ဝင်တွေက စနစ်တကျနဲ့ရောင်းတာသိပ်ကောင်းတာပေါ့။
    စည်းရုံးရေးဆင်းပြီးသားလဲဖြစ်သွားရော……………………..

  • Sandakuu May

    March 19, 2012 at 2:44 pm

    ကျန်ကျောင်းခေတ်စားတုန်းက ကျန်ကျောင်းပုံ ရိုက်ပီးရောင်းသလို..
    အွန်စောတုန်းကလဲ အွန်စော…
    အခြေခံစီးပွားရေးသမားတွေအတွက် ပိုက်ဆံရ ရမယ်ထင်တာနဲ့ ရေလိုက်ငါးလိုက် လုပ်စား နေရတာမို့ သူတို့အပြစ်လဲမဆိုသာပါဘူး။
    နိုင်ငံကြီးတွေမှာ သူတို့ခေါင်းဆောင်ပုံအိကျီရိုက်ပီးရောင်းလို့ တရုတ်တန်းမှာ ၅ ဒေါ်လာနဲ့ ဝယ်ဝတ်သူတွေများကြီးပါ။
    ဒါကတော့ အဖွဲ့ရန်ပုံငွေတို့..အဆင့်အတန်းမရှိတာတို့နဲ့တော့မဆိုင်ဘူးလို့ ရိုးရိုးသားသားမြင်ပါတယ်။ အန်တီစုနဲ့ ဗိုလ်ချုပ် ပုံရိုက်ပီး ရောင်းနေတာ ဗိုလ်ချုပ်ဈေးသစ်တစ်ခုလုံးနီးပါးပါ..လူသွားလျှောက်လမ်းတစ်ခုလုံးလမ်းဘေးနားမှာ ပုံပြီး ချထားတာ…

  • (အဆင့်အတန်းမရှိတာတို့နဲ့တော့မဆိုင်ဘူးလို့ ရိုးရိုးသားသားမြင်ပါတယ်။ )
    စန္ဒကူးမေရေ
    ကျနော်ပြောတဲ့အထဲမှာအဆင့်အတန်းကိစ္စမပါ ပါဘူးကွယ်။
    ရန်ပုံငွေကိစ္စကတော့အလေးအနက်ပြောချင်တဲ့ကိစ္စပါ။
    ဒါကိုမှီပြီးစီးပွားဖြစ်သွားသူတွေက သာမန်လူတန်းစားတွေမဟုတ်ပါဘူး။
    ဘယ်သူတွေလဲဆိုတာ တစ်ဆင့်ပြီးတစ်ဆင့် မြင်သွားစေချင်တာပါကွဲ့။
    အခုလိုဖတ်ပြီးထင်မြင်ချက်ပေးတာ လေးစားပါတယ် နော်။

  • Mr. MarGa

    March 19, 2012 at 6:42 pm

    ကျွန်တော်လဲ အဲဒီဆိုင်လေးကို နေ့တိုင်းတွေ့ပါတယ်။
    အဲဒီလမ်းကနေ ကျောင်းသွားတာကိုး
    ဝိရိယ ရှိတယ်လို့ပြောရမလားမသိဘူး
    ရ နာရီလောက်ကတည်းက ဖွင့်နေပြီ

    ဒါပေမယ့်ဗျာ
    ကျွန်တော် တော့ ဗိုလ်ချုပ်ကို လမ်းဘေးမှာ ပစ်ထားသလို ခံစားရတယ်။
    ခုံလေးနဲ့တော့ ရောင်းသင့်တယ်ထင်တာပဲ

  • unclegyi1974

    March 19, 2012 at 11:13 pm

    ပလက်ဖောင်းအပြည့်ခင်းပြီးအပြီရောင်းနေတာ
    NLDကယူရောင်းတာဆိုလည်းမဖြစ်သင့်ပါဘူး
    တဦးချင်းအနေနဲ့ရာသီစာလိုလုပ်စားတာဆိုလည်းမဖြစ်သင့်ပါဘူး
    ကျန်ကျောင်းတို့အွန်စောတို့လိုစီးပွားရေးလုပ်စားရအောင်ကလည်း
    သူတို့နဲ့အနေအထားကတခြားစီ
    စည်ပင်အနေနဲ့လည်းNLDမို့လို့မဖမ်းတာဆိုလည်းမဖြစ်သင့်ပါဘူး
    NLDအနေနဲ့ဆိုလည်းလမ်းဘေးစီးပွားရှာတာမဖြစ်သင့်ပါဘူး
    ဘာပြောပြောNLDဆိုတာမြန်မာပြည်ရဲ့ရှေ့ဆောင်ပါတီတခုပါ
    ရှေ့ဆောင်ပါတီတခုအနေနဲ့ပြည်သူတွေကြားမှာစံပြဖြစ်ရပါမယ်
    ကိုကြောင်ပြောသလိုကြော်ငြာပြီးသားဖြစ်ပေမဲ့NLDရဲ့ဂုဏ်ကပိုအရေးကြီးပါတယ်
    NLDဆိုတာကြော်ငြာမလိုဖူးလို့ထင်ပါတယ်
    ဆိုင်နဲ့ကနားနဲ့ရောင်းနိုင်ရင်ရောင်းကြ
    လမ်းဘေးတော့မရောင်းကြနဲ့အဖွဲ့နာမည်ကျတယ်
    စည်းကမ်းဖောက်တယ်အပြောခံရမယ်ဆိုပြီးလိုက်လံစည်းရုံးပေးသင့်တယ်လို့မြင်ပါတယ်

  • အာ ချောင်

    March 20, 2012 at 12:35 pm

    အမလေးလေး.. အာချောင်လည်းပြောချင်တာမှအာကိုယားနေတာ ကျေးဇူးပဲကိုကြီးကိုပေါက်ရေ..
    ဈေးသည်တွေကပေါ်ပြူလာဖြစ်တာတွေကိုစီးပါွးရှာဖို့ရောင်းစားနေကြတာကိုတော့မပြောလိုပေမယ့်
    မြန်မာ့လွတ်လပ်ရေးဖခင်ကြီးဆိုပြီး အများသူငှာလေးစားနေကြရတဲ့ ဗိုလ်ချုပ်ပုံတွေကို လမ်းပေါ်မှာချရောင်းနေတာ
    အာချောင်တို့ လှိုင်သာယာကဈေးတွေမှာဆို ကိုပေါက်ပုံထဲကဆိုင်တွေထက်အဆတစ်ရာမကဆိုးတယ်ဗျ
    စွယ်တော်ကြွလာတုန်းကလည်းစွယ်တော်ပုံပေါ့နော် လမ်းဘေးလည်းမဟုတ်ဘူး၊ ပလက်ဖောင်းလည်း မဟုတ်ဘူး။ လမ်းပေါ်မှာဖြန့်ခင်းပြီးကိုရောင်းတာ ကြပ်ပိတ်နေတဲ့ဈေးသွားဈေးလာသူတွေကကျော်ခွသွားကြနဲ့ပေါ့ တကယ့်ကိုမသင့်တော်ပါဘူးဗျာ
    သူတို့ကိုယ်တိုင်အသိစိတ်ဓါတ်မရှိကြရင်တောင်ပြောမယ့်သူတွေဘာတွေမရှိကြတော့ဘူးလားမသိဘူးနော်

  • Thel Nu Aye

    March 20, 2012 at 3:34 pm

    အောင်မယ်ငီး။ ဘဇာ့ကြောင့်ရဲရဲတောက်နေရပါသနည်း။ ပြန်စိမ်းပေးထားပါ၏။
    ဒို့မြန်မာတွေ ရဲရဲတောက် ကြောင်းပြတာထင်ပါ့။

  • မသဲနုရေ နီချင်သလိုသာနီပေတော့။
    တကယ့်ကိုဖျက်လို့ဖျက်ဆီး နဲ့ရွာဆူအောင်လုပ်ပေးနေတာသက်သက်ပါ
    ပစ်ထားလိုက်ပါတော့

Leave a Reply