ကျွန်တော်…ချစ်သော…အမေ…

ကျွန်တော့် ဘဝမှာ… အမေ နှစ်ယောက် .ရှိပါသည် ။

ပထမ အမေသည်..ကျွန်တော့်ကို မွေးဖွါးသန့်စင်ပေးခဲ့သော…မွေးမေမေ ဖြစ်သည်။

မေမေ့ကို ကျွန်တော်..ချစ်သည် ။ ကိုးကွယ်..သည် ။ မေမေသည်… ကျွန်တော့် ဘဝ ဖြစ်သည် ။

အဲသည်..မေမေ အပြင်..နောက်ထပ် အမေတစ်ယောက် ထပ်..ရှိလာပါသည် ။

ဒုတိယ…အမေ…။ သို ့သော်…..ထိုမေမေသည်….ကျွန်တော် တစ်ဦးတည်း ၏ အမေ မဟုတ်ပါ ။

ကျွန်တော်တို ့တိုင်းပြည်..လက်ရှိ မျိုးဆက်….လူငယ်များ..အားလုံး၏ အမေ လည်း..ဖြစ်ပါသည် ။

ထိုအမေ..ကို အမေစု…ဟု ခေါ် ရုံဖြင့်….တစ်ကမ္ဘာလုံးမှ..သိကြပါသည် ။

အမေ့ ဂုဏ်သတင်း.၊ အမေ့…တည်ကြည်မှု..၊ အမေ့ ငြိမ်း ချမ်းရေးနှင့် …အမေ့ ဇွဲ သတ္တိ…တို ့ကို…အားလုံးက ချီးကျူး.ကြရသည် ။

အမေ…..။
အမေ…ကျွန်တော်..ချစ်သော..အမေ…. ။
အို……ကျွန်တော်တို ့အားလုံး.ချစ်ခင်လေးစားသော……..အမေ…။ ။
______________________________________________________________________

အမေနှင့် ငြိမ်းချမ်းရေး…

ငြိမ်းချမ်းရေး….ဆိုသော စကားလုံးကို မြင်ရုံဖြင့် အမေ့ပုံရိပ်နှင့် အမေ့ နာမည်…ကိုပါ…တွဲလျက်..မြင်ကြသည် ။

ခက်ခဲ၍…. ရနိုင်ခဲသော…. စစ်မှန်ခြင်းတရားတစ်ခုကို…ဘာလက်နက်မှ မသုံးဘဲ..

အမေ..တောင်းဆိုခဲ့သည် ။

အမှန်တရားကိူ….. ငြိမ်းချမ်းသော..နည်းများဖြင့်…အမေ ကြိုးစား…ရှာဖွေ.ခဲ့သည် ။

ထို ့ကြောင့်…..ငြိမ်းချမ်းရေး သည်..အမေ ဖြစ်၍…..အမေသည်….ပင်လျှင်…ငြိမ်းချမ်းရေး ဖြစ်သည် ။
________________________________________-

အမေနှင့် ယဉ်ကျေးမှု…

အမေ ဝတ်ဆင်သော…ဝတ်စုံများသည်…ယဉ်ကျေးမှု အစဉ်အလာ ကြီးမား ခမ်းနားခဲ့သော..

မြန်မာ ဝတ်စုံများ..ဖြစ်သည် ။

အမေ့ ဝတ်စုံများသည်….ကျွန်တော်တို ့နိုုင်ငံ ၏…ဝတ်စားဆင်ယင်မှု…

ဘယ်လောက်…တည်ငြိမ်ကြောင်း…
ဘယ်လောက်..ယဉ်ကျေး..သိမ်မွေ့ကြောင်း…
ဘယ်လောက်….လှပ တင့်တယ်ကြောင်း….
ဘယ်လောက် အေးချမ်း စင်ကြယ်.ကြောင်းများ…

ပြသ လျက်ရှိသည် ။

အမေ ဝတ်သော ဝတ်စုံများသည်….အမေနှင့် အမေ့ နိုင်ငံသူ နိုင်ငံသားများ၏

ကျက်သရေ..ရှိရှိ..လှပ တင့်တယ်သော…..မြန်မာ့ယဉ်ကျေးမှု..ကို..

ကိုယ်စားပြုသည် ။
_______________________________________-

အမေနှင့် ယုံကြည်ချက်…

အမေ့ ယုံကြည်ချက်များက ပြင်းထန် လှသည် ။ သိမ်မွေ ့သော်လည်း…ခိုင်မြဲ..သေချာ သည် ။

အမေသည်..ယုံကြည်ရာ..သို ့ရောက်အောင်….မဆုတ်မနစ်…ရှေ ့ရှု..သွားနေသည် ။

အမေ့ ယုံကြည်ချက်များသည်….အမေ့ အတါက် သီးသန့် မဟုတ်ခဲ့ပါ ။

အမေ့ ယုံကြည်ချက်များသည်.(.ကျွန်တော်တို ့) တိုင်းသူ ပြည်သားများ အတွက် ယုံကြည်ချက်လည်း..ဖြစ်သည် ။
_______________________________________________________

အမေနှင့် ဇွဲ..သတ္တိ..

အမေသည်…..မျှော်မှန်းသော..ပန်းတိုင်ကို..မရောက် မချင်း…. ဇွဲ.ကို မလျှော့..။

သတ္တိ ရှိရှိ… ရှေ ့ဆက် ခဲ့သည် ။

လောကဓံတရား.ရှစ်ပါးကို မလွန်ဆန်နိုင်သော…လူသားများ..သဘာဝ…

အမေ့ကို ချစ်သူ…များရှိသလို…မုန်းသူများလည်း..ရှိခဲ့သည် ။

ချစ်ခင်သူများက အားပေးကြိုဆို ခဲ့ကြသည် ။

မုန်းသူများကတော့ ( အမြ်င်မတူသူများကတော့..)

ဖျက်ဆီး ..ဖိနှိပ် လိုကြသည် ။

အတိုက်အခိုက်များကို….ဆိုးဝါးစွာ..ြ့ကုံတွေ ့ ခံစားရသော်လည်း..အမေ….မဖြုံ.. ။

မတုန်လှုပ်ခဲ့ ….။ အန္တရယ်….ဘယ်လို ကြုံကြုံ…..အမေ့ ပန်းတိုင်ဆီ…..

အမေက နောက်မဆုတ်ဘဲ…ဆက်….သွား..နေခဲ့သည် ။
_________________________________________

အမေနှင့် စေတနာ…

အမေသည်…တိုင်းပြည်တစ်ပြည်လုံးအတွက်……စေတနာ ထားနိုင်ခဲ့သည် ။

အမေ လုပ်သမျှ….လုပ်ရပ်တိုင်းသည်.. ဤ တိုင်းပြည်..ဖွံ ့ဖြိုးတိုးတက်..ဖို ့…၊

ပြည်သူများ…ပို၍ ထမင်း ဝ စေဖို ့…

ဆင်းရဲတွင်းထဲ…ပြုတ်..ကျနေသော…ပြည်သူများကို…ဆွဲ..တင်…ကူညီနိုင်ဖို ့……..။

အမေ့ စေတနာသည်..တော်ရုံ လူသား…..မထားနိုင်သော..စေတနာ ဖြစ်သည် ။

ကိုယ်ကျိုးမပါသလောက်..ဖြစ်တည်သော…ဖြူစင်သည့် စေတနာ ဖြစ်သည် ။

ဘယ်သူ ့ကိုမျှ..အကျိုး မယုတ်စေလိုသော…..ခမ်းနား ကျယ်ပြန့် သည့် စေတနာလည်း ဖြစ်ပါသည် ။
__________________________________________________________

အမေ နှင့် မျှော်လင့်ချက်…

အမေ မျှော်လင့်သမျှ ထဲတွင်….ပျက်စီးရာ ပျ့က်စီးကြောင်း..မပါ ။ ကောင်းသည် ထက် ပိုကောင်းဖို ့…

မြင့်သည် ထက် ပို့….မြင့်..ဖို ့

မျှော်လင့်သော..အမေ…. ။

အမေ့ မျှော်လင့်ချက် သည် ကျွန်တော်တို ့ အားလုံး၏ မျှော်လင့်ချက်လည်း..ဖြစ်သည် ။

တစ်ကမ္ဘာလုံးမှ….လူသားချင်း စာနာ ထောက်ထားတတ်သူများ..အားလုံး၏ မျှော်လင့်ချက်လည်း..ဖြစ်ပါသည် ။

အမေ့ မျှော်လင့်ချက် …ပြည့်ဝလျှင်…..

ကျွန်တော်တို ့ အားလုံး….. ပို့၍ ကောင်းမွန်သော..၊ ပို့၍ ထမင်းဝသော တိုင်းပြည် တစ်ခုမှာ…

နေထိုင်ခွင့် ရပါလိမ့်မည် ။

______________________________________________-

ကျွန်တော်တို ့ အားလုံး..ချစ်သော..အမေ….

အမေ..ရေ……

အမေ့ ဆန္ဒများ.. ( ကျွန်တော်တို ့ အားလုံး၏ ဆန္ဒများလည်းဖြစ်သည်..။ အမြန်ဆုံး ပြည့်ဝစေဖို ့….

ဆုတောင်းပါဦးမည် ။

ဆုတောင်း ရုံဖြင့် ရပ်တန့် မနေ ပဲ…..

အမေ့ကို ကူညီပေးပါဦးမည်..။

တစ်ထောင့် တစ်နေရာ..ပေါင်းများ..စွာမှ….စုစည်းမှုကြီး၏ အစွမ်းဖြင့်..

ကျွန်တော်တို ့..ပန်းတိုင်ဆီ…

အမေနှင့်အတူ…ချီတက်ပါဦးမည် ။

အမေ့ကို ချစ်သော..( ထို ့ပြင်…အမေက ချစ်သော..) သားသမီးများက….

အမေ့ အတွက်…အသင့် ဖြစ်နေခဲ့လေပြီ.။

ချစ်သော…အမေ……၊ အို……. .ကျွန်တော်တို ့..ချစ်သော…အမေ…။

_________________________________________________

ဝန်ခံချက်…

ဤ စာတန်းကလေး သည်..( စာတမ်း..ဟု ကျွန်တော် မသုံးခဲ့ပါ ။ )

အမေ့ အကြောင်းကို ပြည့်စုံအောင်…မဖော်ကျူးနိုင်ပါ ။

ကျွန်တော်တို ့၏ အမေ..။ အမေ၏ ဂုဏ်သတင်း.. ၊ ရဲစွမ်းသတ္တိ..၊ အားမာန်..နှင် ့ အမေ့ အကြောင်းအရာတို ့သည်..အလွန်..ခမ်းနား..ကျယ်ပြောသောကြောင့်..

ဤစာတန်းသည်…….

ပင်လယ်ပြင်ကြိးထဲမှာ…ရေ..တစ်ပွက်မျှ..သာ..ရှိနေပါလိမ့်မည် ။

သို ့သော်……

ရေပွက်ကလေး တစ်ခု ပီပီပြင်ပြင်..ပွက်ခွင့် ….ရလျှင်…..

ကျွန်တော်..ကျေနပ် ပါသည် ။

ယခုထက်ပို၍ …ကျွန်တော်..ကြိုးစားနေပါဦးမည်….။

__________________________________________________________________

ကျေးဇူးတင်ထိုက်သူများ…

ကျွန်တော့်ကို ပန်းချီကား…ပုံများ.. အသုံးပြုခွင့်ပြု..ခဲ ့သော….၊ ဝေမျှ..၍ ပို့ ့ပေးခဲ့သော..
(………… ) ကို အထူးကျေးဇူးတင်ပါသည် ။

ကျွန်တော်ရေးချင်သော….ခံစားချက် စာစုများကိူ……တင်ပြ..ခွင့် ရနေသောကြောင့် www.myanmargazette.net…
ကို..ဥိးစီးသူများ….ကိုလည်း.ကျေးဇူးတင်ပါသည် ။

အနုပညာ နှင့် နိုင်ငံရေးကို……မျှတ စွာ..မြင်တတ်အောင်….အကြံပေးခဲသော…

(…… …… ) ကို လည်း.ကျေးဇူးတင်ပါသည် ။

ကျွန်တော့် ပို ့စ်များကို အမြဲ.လိုလို ဖတ်ရှု..အားပေး..ဝေဖန်..အကြံပေးကြသော..ရွာသူ ရွာသားများနှင့်..

စာဖတ်သူများ..အားလုံးကိုလည်း..ကျေးဇူး အထူး တင်ရှိပါသည် ။

လေးစားစွာဖြင့်…

အလင်းဆက်

About alinsett

alinsett has written 615 post in this Website..

. . .