ကျွန်တော်တို ့ အားလုံး ၏…အမေ……

alinsettMarch 18, 20121min36217

ကျွန်တော်…ချစ်သော…အမေ…

ကျွန်တော့် ဘဝမှာ… အမေ နှစ်ယောက် .ရှိပါသည် ။

ပထမ အမေသည်..ကျွန်တော့်ကို မွေးဖွါးသန့်စင်ပေးခဲ့သော…မွေးမေမေ ဖြစ်သည်။

မေမေ့ကို ကျွန်တော်..ချစ်သည် ။ ကိုးကွယ်..သည် ။ မေမေသည်… ကျွန်တော့် ဘဝ ဖြစ်သည် ။

အဲသည်..မေမေ အပြင်..နောက်ထပ် အမေတစ်ယောက် ထပ်..ရှိလာပါသည် ။

ဒုတိယ…အမေ…။ သို ့သော်…..ထိုမေမေသည်….ကျွန်တော် တစ်ဦးတည်း ၏ အမေ မဟုတ်ပါ ။

ကျွန်တော်တို ့တိုင်းပြည်..လက်ရှိ မျိုးဆက်….လူငယ်များ..အားလုံး၏ အမေ လည်း..ဖြစ်ပါသည် ။

ထိုအမေ..ကို အမေစု…ဟု ခေါ် ရုံဖြင့်….တစ်ကမ္ဘာလုံးမှ..သိကြပါသည် ။

အမေ့ ဂုဏ်သတင်း.၊ အမေ့…တည်ကြည်မှု..၊ အမေ့ ငြိမ်း ချမ်းရေးနှင့် …အမေ့ ဇွဲ သတ္တိ…တို ့ကို…အားလုံးက ချီးကျူး.ကြရသည် ။

အမေ…..။
အမေ…ကျွန်တော်..ချစ်သော..အမေ…. ။
အို……ကျွန်တော်တို ့အားလုံး.ချစ်ခင်လေးစားသော……..အမေ…။ ။
______________________________________________________________________

အမေနှင့် ငြိမ်းချမ်းရေး…

ငြိမ်းချမ်းရေး….ဆိုသော စကားလုံးကို မြင်ရုံဖြင့် အမေ့ပုံရိပ်နှင့် အမေ့ နာမည်…ကိုပါ…တွဲလျက်..မြင်ကြသည် ။

ခက်ခဲ၍…. ရနိုင်ခဲသော…. စစ်မှန်ခြင်းတရားတစ်ခုကို…ဘာလက်နက်မှ မသုံးဘဲ..

အမေ..တောင်းဆိုခဲ့သည် ။

အမှန်တရားကိူ….. ငြိမ်းချမ်းသော..နည်းများဖြင့်…အမေ ကြိုးစား…ရှာဖွေ.ခဲ့သည် ။

ထို ့ကြောင့်…..ငြိမ်းချမ်းရေး သည်..အမေ ဖြစ်၍…..အမေသည်….ပင်လျှင်…ငြိမ်းချမ်းရေး ဖြစ်သည် ။
________________________________________-

အမေနှင့် ယဉ်ကျေးမှု…

အမေ ဝတ်ဆင်သော…ဝတ်စုံများသည်…ယဉ်ကျေးမှု အစဉ်အလာ ကြီးမား ခမ်းနားခဲ့သော..

မြန်မာ ဝတ်စုံများ..ဖြစ်သည် ။

အမေ့ ဝတ်စုံများသည်….ကျွန်တော်တို ့နိုုင်ငံ ၏…ဝတ်စားဆင်ယင်မှု…

ဘယ်လောက်…တည်ငြိမ်ကြောင်း…
ဘယ်လောက်..ယဉ်ကျေး..သိမ်မွေ့ကြောင်း…
ဘယ်လောက်….လှပ တင့်တယ်ကြောင်း….
ဘယ်လောက် အေးချမ်း စင်ကြယ်.ကြောင်းများ…

ပြသ လျက်ရှိသည် ။

အမေ ဝတ်သော ဝတ်စုံများသည်….အမေနှင့် အမေ့ နိုင်ငံသူ နိုင်ငံသားများ၏

ကျက်သရေ..ရှိရှိ..လှပ တင့်တယ်သော…..မြန်မာ့ယဉ်ကျေးမှု..ကို..

ကိုယ်စားပြုသည် ။
_______________________________________-

အမေနှင့် ယုံကြည်ချက်…

အမေ့ ယုံကြည်ချက်များက ပြင်းထန် လှသည် ။ သိမ်မွေ ့သော်လည်း…ခိုင်မြဲ..သေချာ သည် ။

အမေသည်..ယုံကြည်ရာ..သို ့ရောက်အောင်….မဆုတ်မနစ်…ရှေ ့ရှု..သွားနေသည် ။

အမေ့ ယုံကြည်ချက်များသည်….အမေ့ အတါက် သီးသန့် မဟုတ်ခဲ့ပါ ။

အမေ့ ယုံကြည်ချက်များသည်.(.ကျွန်တော်တို ့) တိုင်းသူ ပြည်သားများ အတွက် ယုံကြည်ချက်လည်း..ဖြစ်သည် ။
_______________________________________________________

အမေနှင့် ဇွဲ..သတ္တိ..

အမေသည်…..မျှော်မှန်းသော..ပန်းတိုင်ကို..မရောက် မချင်း…. ဇွဲ.ကို မလျှော့..။

သတ္တိ ရှိရှိ… ရှေ ့ဆက် ခဲ့သည် ။

လောကဓံတရား.ရှစ်ပါးကို မလွန်ဆန်နိုင်သော…လူသားများ..သဘာဝ…

အမေ့ကို ချစ်သူ…များရှိသလို…မုန်းသူများလည်း..ရှိခဲ့သည် ။

ချစ်ခင်သူများက အားပေးကြိုဆို ခဲ့ကြသည် ။

မုန်းသူများကတော့ ( အမြ်င်မတူသူများကတော့..)

ဖျက်ဆီး ..ဖိနှိပ် လိုကြသည် ။

အတိုက်အခိုက်များကို….ဆိုးဝါးစွာ..ြ့ကုံတွေ ့ ခံစားရသော်လည်း..အမေ….မဖြုံ.. ။

မတုန်လှုပ်ခဲ့ ….။ အန္တရယ်….ဘယ်လို ကြုံကြုံ…..အမေ့ ပန်းတိုင်ဆီ…..

အမေက နောက်မဆုတ်ဘဲ…ဆက်….သွား..နေခဲ့သည် ။
_________________________________________

အမေနှင့် စေတနာ…

အမေသည်…တိုင်းပြည်တစ်ပြည်လုံးအတွက်……စေတနာ ထားနိုင်ခဲ့သည် ။

အမေ လုပ်သမျှ….လုပ်ရပ်တိုင်းသည်.. ဤ တိုင်းပြည်..ဖွံ ့ဖြိုးတိုးတက်..ဖို ့…၊

ပြည်သူများ…ပို၍ ထမင်း ဝ စေဖို ့…

ဆင်းရဲတွင်းထဲ…ပြုတ်..ကျနေသော…ပြည်သူများကို…ဆွဲ..တင်…ကူညီနိုင်ဖို ့……..။

အမေ့ စေတနာသည်..တော်ရုံ လူသား…..မထားနိုင်သော..စေတနာ ဖြစ်သည် ။

ကိုယ်ကျိုးမပါသလောက်..ဖြစ်တည်သော…ဖြူစင်သည့် စေတနာ ဖြစ်သည် ။

ဘယ်သူ ့ကိုမျှ..အကျိုး မယုတ်စေလိုသော…..ခမ်းနား ကျယ်ပြန့် သည့် စေတနာလည်း ဖြစ်ပါသည် ။
__________________________________________________________

အမေ နှင့် မျှော်လင့်ချက်…

အမေ မျှော်လင့်သမျှ ထဲတွင်….ပျက်စီးရာ ပျ့က်စီးကြောင်း..မပါ ။ ကောင်းသည် ထက် ပိုကောင်းဖို ့…

မြင့်သည် ထက် ပို့….မြင့်..ဖို ့

မျှော်လင့်သော..အမေ…. ။

အမေ့ မျှော်လင့်ချက် သည် ကျွန်တော်တို ့ အားလုံး၏ မျှော်လင့်ချက်လည်း..ဖြစ်သည် ။

တစ်ကမ္ဘာလုံးမှ….လူသားချင်း စာနာ ထောက်ထားတတ်သူများ..အားလုံး၏ မျှော်လင့်ချက်လည်း..ဖြစ်ပါသည် ။

အမေ့ မျှော်လင့်ချက် …ပြည့်ဝလျှင်…..

ကျွန်တော်တို ့ အားလုံး….. ပို့၍ ကောင်းမွန်သော..၊ ပို့၍ ထမင်းဝသော တိုင်းပြည် တစ်ခုမှာ…

နေထိုင်ခွင့် ရပါလိမ့်မည် ။

______________________________________________-

ကျွန်တော်တို ့ အားလုံး..ချစ်သော..အမေ….

အမေ..ရေ……

အမေ့ ဆန္ဒများ.. ( ကျွန်တော်တို ့ အားလုံး၏ ဆန္ဒများလည်းဖြစ်သည်..။ အမြန်ဆုံး ပြည့်ဝစေဖို ့….

ဆုတောင်းပါဦးမည် ။

ဆုတောင်း ရုံဖြင့် ရပ်တန့် မနေ ပဲ…..

အမေ့ကို ကူညီပေးပါဦးမည်..။

တစ်ထောင့် တစ်နေရာ..ပေါင်းများ..စွာမှ….စုစည်းမှုကြီး၏ အစွမ်းဖြင့်..

ကျွန်တော်တို ့..ပန်းတိုင်ဆီ…

အမေနှင့်အတူ…ချီတက်ပါဦးမည် ။

အမေ့ကို ချစ်သော..( ထို ့ပြင်…အမေက ချစ်သော..) သားသမီးများက….

အမေ့ အတွက်…အသင့် ဖြစ်နေခဲ့လေပြီ.။

ချစ်သော…အမေ……၊ အို……. .ကျွန်တော်တို ့..ချစ်သော…အမေ…။

_________________________________________________

ဝန်ခံချက်…

ဤ စာတန်းကလေး သည်..( စာတမ်း..ဟု ကျွန်တော် မသုံးခဲ့ပါ ။ )

အမေ့ အကြောင်းကို ပြည့်စုံအောင်…မဖော်ကျူးနိုင်ပါ ။

ကျွန်တော်တို ့၏ အမေ..။ အမေ၏ ဂုဏ်သတင်း.. ၊ ရဲစွမ်းသတ္တိ..၊ အားမာန်..နှင် ့ အမေ့ အကြောင်းအရာတို ့သည်..အလွန်..ခမ်းနား..ကျယ်ပြောသောကြောင့်..

ဤစာတန်းသည်…….

ပင်လယ်ပြင်ကြိးထဲမှာ…ရေ..တစ်ပွက်မျှ..သာ..ရှိနေပါလိမ့်မည် ။

သို ့သော်……

ရေပွက်ကလေး တစ်ခု ပီပီပြင်ပြင်..ပွက်ခွင့် ….ရလျှင်…..

ကျွန်တော်..ကျေနပ် ပါသည် ။

ယခုထက်ပို၍ …ကျွန်တော်..ကြိုးစားနေပါဦးမည်….။

__________________________________________________________________

ကျေးဇူးတင်ထိုက်သူများ…

ကျွန်တော့်ကို ပန်းချီကား…ပုံများ.. အသုံးပြုခွင့်ပြု..ခဲ ့သော….၊ ဝေမျှ..၍ ပို့ ့ပေးခဲ့သော..
(………… ) ကို အထူးကျေးဇူးတင်ပါသည် ။

ကျွန်တော်ရေးချင်သော….ခံစားချက် စာစုများကိူ……တင်ပြ..ခွင့် ရနေသောကြောင့် www.myanmargazette.net…
ကို..ဥိးစီးသူများ….ကိုလည်း.ကျေးဇူးတင်ပါသည် ။

အနုပညာ နှင့် နိုင်ငံရေးကို……မျှတ စွာ..မြင်တတ်အောင်….အကြံပေးခဲသော…

(…… …… ) ကို လည်း.ကျေးဇူးတင်ပါသည် ။

ကျွန်တော့် ပို ့စ်များကို အမြဲ.လိုလို ဖတ်ရှု..အားပေး..ဝေဖန်..အကြံပေးကြသော..ရွာသူ ရွာသားများနှင့်..

စာဖတ်သူများ..အားလုံးကိုလည်း..ကျေးဇူး အထူး တင်ရှိပါသည် ။

လေးစားစွာဖြင့်…

အလင်းဆက်

17 comments

  • ဘမျိုး ဘိုးတူ

    March 18, 2012 at 9:53 pm

    ဘဝ အမောတွေ ချွေးသိပ်ဖြေဖို့

    သားတို့ သမီးတို့

    မျှော် လင့်ကြီးစွာ စောင့်နေမည် ။

  • padonmar

    March 19, 2012 at 2:18 am

    လက်မထောင်ခဲ့ပါတယ်နော်။ပန်းချီနဲ့ ပန်းပုပုံလေးတွေ တွက် ကျေးဇူးပါ။

  • Khin Latt

    March 19, 2012 at 3:15 am

    အလင်းဆက်ရေ
    ခရစ်ယန်ဘုရားသီချင်း တစ်ပုဒ် ထဲက စာသားတွေကို ကြားရတိုင်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ မျက်နှာကို မြင်ပြီး အမြဲသတိတရရှိတယ်။
    မြန်မာလို ဘာသာ ပြန်ရင် လိုရင်း မထိမှာစိုးလို့ ဒီအတိုင်း မျှလိုက်ပါရစေ။
    Our hope, our Strong Deliverer ….
    You’re the defender of the weak ….
    You comfort those in need ….
    You lift us up on wings like eagles ….
    အရီးတို့ မြန်မာပြည်က လူအများစု အတွက် (အရီး အပါအဝင်) ဆင်းရဲတွင်း (ရုပ် + စိတ်) မှ လွတ်မြောက်စေနိုင်ဖို့ကို မျှော်လင့်ချက် ပေးနိုင်တဲ့ အားထားရာ ကယ်တင်ရှင် မို့ပါ။
    လက်ရှိ အာဏာရှိသူတွေထဲမှာ ဘယ်သူများ ဒီလို အနစ်နာခံပြီး ဒီလူအများစုအတွက် အင်အားရှိရှိ ရပ်တည်ပေးခဲ့ပါသလဲ။
    ဒီလို Post လေး ရေးပေးတဲ့အတွက် တကယ် ကျေးဇူးတင်ပါတယ်။

  • kyeemite

    March 19, 2012 at 9:28 am

    ရေးဖွဲ့ထားတာလေးတော်တော်နှစ်သက်မိပါတယ်
    ဒီလိုဖေါ်ကျူးပေးဖို့သတိရတာနဲ့ တင်ကိုလေးစားမိပါတယ်…
    အမေစုလည်းဖတ်မိခဲ့ရင်အားဆေးတစ်ခွက်သောက်ရသလို
    ခံစါးမိမှာပါ..

  • htoosan

    March 19, 2012 at 10:04 am

    လက်မထောင်သွားပါသည်။

  • ကြောင်ကြီး

    March 19, 2012 at 10:11 am

    အမေနဲ့ကြောင်ကြီး…
    သားလေးငကြောင်
    အမြီးထောင်
    ယောင်တိယောင်တောင်
    တညောင်ညောင်မို့
    အမေဆောင်ကာ
    ပေးပါ့မယ်ကွဲ့
    အပျိုချောချော
    ချိုသဘောနဲ့
    နှစ်ကိုယ်တောမှာ
    တူတူစံဖို့…။

  • zun zun

    March 19, 2012 at 6:42 pm

    ဲမြင့်မြတ်သောကရုဏာရှင်ရဲ့အားမာန်ကြောင့်
    တို့ပြည်သူတွေအမှန်တကယ်လိုအပ်နေတဲ့ပန်းတိုင်ကိုရောက်ရှိကြပါစေ။

  • alinsett

    March 19, 2012 at 8:02 pm

    အရီးလတ်…ရေ..တကယ့်ကို ကျေးဇူးပါနော် ။ အရီးလတ်ရဲ ့..စကားလေး..စာသားလေးကြောင့် ကျွန်တော် ပို ့စ်လေး ပို့ပြည့်စုံ သွားပါတယ် ။ကျေးဇူး တကယ်တင်ပါတယ် ။
    _____________________-
    ဘမျိုး…ဘိုးတူ..၊ ပဒုမ္မာ..နဲ့
    ကိုကြီးမိုက်….၊ မိတ်ဆွေ…ထုူးဆန်း…တို ့ကိုလည်း.ကျေးဇူးပါ ။
    __________________________

    ကိုကြောင်ရေ…
    စာသားလေး.အတွက်..လေးစားစွာ..ကျေးဇူးတင်ပါတယ်ဗျာ။
    ________________-

    အားပေး…လက်မထောင်သွားတဲ ့….မဟာရာဇာ.အံစာတုံး..နဲ ့
    zun zun ကိုလည်း…တကယ့် ကို ကျေးဇူးတင်ပါကြောင် း..။
    __________________________

    အမေ..့ အကြောင်းရေးရာ မှာ..ကျွန်တော်.ရေးချင်တာတွေ..အများကြိး ကျန်နေခဲ့ပါတယ် ။
    စာသားတွေ အရမ်းများသွားမှာ စို းလို ့…ချန်ခဲ ့ရပါတယ် ။ အမေ ့ အကြောင်းကလည်း…ပြောမကုန်အောင် ကျယ်ပြန့်ပါတယ်လေ..။

    ပြီးတော့…..
    တစ်ဘက် ကို…အမွှန်းတင်ရင်း…အခြားတစ်ဘက်ကို ကဲ့ရဲ ့သလို ဖြစ်မသွားအောင်လည်း…သတ်ိ ကြီးကြီး..ထားရေးရသေးတယ်လေ။
    ကျွန်တော်က ဘယ်သူ ့ကိုမှ…ထိခိုက် နစ်နာ စေလိုတဲ ့စိတ် မရှိပါဘူး။

    အကောင်းကို… အကောင်းအတိုင်း ။ အဆိုးကို အဆိုးအတိုင်း…ချပြ ခွင့်ရရင် ပဲ.. ကျေနပ်ပါတယ် ။
    အခု အချိန်မှာတော့ အဆိုးကို…ဆိုးပါတယ်..လို ့ပြတ်ပြတ်သားသား ပြော..ဖို ့..အခြေအနေ မပေးသေးပါဘူး။
    (ကျွန်တော့် အခြေအနေ..ပါ )

    ဒီ ့ထက်..ပို..တိကျ ပြတ်သားသော…စာသားများကိူ… ရေးဖြစ်ဥိးမှာပါ ။

    စာဖတ်သူများ..၊ မြန်မာနိုင်ငံသားများ..အားလုံးကို…ချစ်ခင်လေးစားစွာ….

    အလင်းဆက်

  • blackchaw

    March 19, 2012 at 8:10 pm

    နောက်ကျနေတတ်တဲ့ လက်မလေးတစ်ချောင်း
    ကိုအလင်းဆက်ပို့စ်အတွက် ထောင်ခဲ့ပေးပါတယ်ဗျာ။ :mrgreen:

  • alinsett

    March 19, 2012 at 8:19 pm

    ကျေးဇူးပါပဲ..ကို ဘလက်ရေ..။
    ကျွန်တော့် ပိုစ်ကို….. နှစ်သက်တယ်..လို ့ ခံစားရုံတင်….မက..
    အမေ့ ကို..ကျေကျေနပ်နပ်လက်ခံကြတာ..လို ့ပါ….ခံစားရပါတယ် ။
    တကယ်ပါ ။
    အမေ့ အကြောင်း….ဒီ ့ထက်မက..ပြောချင်ပါသေးတယ် ။
    ပြောခွင့်ရချင်ပါသေးတယ် ။

  • blackchaw

    March 19, 2012 at 8:22 pm

    ကိုအလင်းဆက်ရေ။
    ကြော်ငြာဝင်တယ်လို့ မထင်ပါနဲ့ဗျာ။
    ချို ပေါ့ ကျ (၅) မှာ ခင်ဗျားအတွက် တာရာမင်းဝေ ကဗျာလေးနဲ့
    ကိုမင်းကိုနိုင် ရဲ့ တာရာမင်းဝေ အမှတ်တရကဗျာလေး ကျွန်တော်ထည့်ရေးထားပါသေးတယ်။
    ကဗျာလေးတွေက ပိုင်ရှင်အမှန်ဖြစ်တဲ့ ခင်ဗျားကို မျှော်နေပါတယ်ခင်ဗျာ။
    :mrgreen:

  • ခပ် KING ကင်း

    March 19, 2012 at 8:23 pm

    တစ်ချို့စာတွေမှာ ပြောင်တာနောက်တာတွေက
    သိပ်ကိစ္စမရှိပေမယ့် တစ်ချို့တစ်ချို့အကြောင်းရာတွေမှာ
    ဒီအတိုင်းဘာမှ မှတ်ချက်မချတာက ပိုလှတာမို့
    ဘာမှတော့ ဝင်မပြောပါဘူး
    လက်မတစ်ချောင်းထောင်ရင် စောင့်ဖတ်နေပါအုံးမယ် …………

  • mandalarthu

    March 19, 2012 at 9:35 pm

    အလင်းဆက်ေ၇
    သိပ်ကို ကောင်းမွန်တဲ ့ပို ့စ်လေးပါဘဲ ..။
    အရေးအသားနဲ ့ဖော်ကျုးပုံတွေကို အထူးနှစ်သက်မိပါတယ်။

  • moe minthar

    March 20, 2012 at 6:25 pm

    အလင်းဆက်ရေ………
    ကျေးဇူးတင်လိုက်တာဗျာ…………..။တကယ်ကိုပြောတာပါဗျာ…….

  • စိန်ပေါက်ပေါက်

    March 20, 2012 at 6:46 pm

    အပြည့်အစုံ မဖော်ကျူးတတ်ပေမဲ့ လေးလေးနက်နက် ရေးဖွဲ ့ထားတာမို ့..အရသာရှိ ထိမိပါ၏ဗျာ
    သို ့ပါ၍ အပေါ်က ဟိုလူကြီးတွေလို လက်မလေးထောင် ဖတ်ရှုသွားပြီး များတို ့လဲ စာရေးသူနှင့်ထပ်တူပင် ဖြစ်ပါကြောင်း
    ကြေငြာမောင်းခတ်ခဲ့ခြင်း ဖြစ်ကြောင်းရယ်ပါလေ။

  • alinsett

    March 21, 2012 at 9:30 pm

    ကိုဘလက်ရေ.. ဝင်ကြည့်လိုက်ပါဦးမယ် ။ သတင်းပေးလို့ကျေးဇူးပါပဲ။

    ကို ခပ်ကင်း..ရေ.။ …ဟုတ်သားပဲ..နော် ။

    မန္တလာသူ ..ရဲ ့အရေးအသား နဲ ့ တင်ပြပုံ ကို ချီးကျူး..ချက်ကြောင့် ကျွန်တော်..အားတက်ရပါတယ် ။
    ဆက်ကြိုးစားပါဦးမယ်.နော် ။ကျေးဇူးပါ ။

    မိုးမင်းသား..နဲ ့ ဒေါ်လေးစိန်ပေါက်ကိုလည်း..တကယ့်ကို ကျေးဇူးတင်တယ်နော် ။ လက်မလေးတွေ.ကိုယ်စီထောင်…နေကြလို့ ဝမ်းသာရပါတယ် ။

Leave a Reply