မီဒီယာလွတ်လပ်ခွင့်ရှိမှ တိုင်းပြည်ဖွံ ့ဖြိုးတိုးတက်လိမ့်မည်

phone_kyawMarch 19, 20121min996

ကျနော်ခံယူချက်က မီဒီယာလွတ်လပ်လေလေ တိုင်းပြည်ဖွံ ့ဖြိုးတိုးတက်ဖို ့အလားအလာကောင်းလေလို ့ ခံယူထားပါတယ်။ ဒီနေရာမေးခွန်းတစ်ခုရှိပါတယ်။ မီဒီယာနဲ ့ဖွံ  ့ဖြိုးတိုးတက်မှုက ဘာဆိုင်လို ့လဲဆိုတဲ့မေးခွန်းပါ။ သိချင်ရင်ဆက်ဖတ်ကြည့်ပါ။ သဘောမတူတဲ့သူလည်း ရှိကောင်းရှိနိုင်ပါတယ်။ 

မီဒီယာလို ့ပြောရင် တီဗွီ၊ သတင်းစာ၊ ဂျာနယ်တွေအပြင် ကာတွန်းစာအုပ်အထိ ပါဝင်တယ်။ မီဒီယာဆိုတာက ကြားခံ လို ့ခေါ်မယ်ထင်တယ်။ ကြားခံပစ္စည်းတစ်ခု။ ဒီပစ္စည်းကို အသုံးပြုပြီး သတင်းတွေ၊ အချက်အလက်တွေ ဖလှယ်ကြတယ်။ ပြည်သူလူထုကြားမှာ ဖြစ်ပျက်နေတာကို ပြည်သူတွေကော အစိုးရတွေကော သိအောင် တင်ပြပေးတယ်။ အဲဒိကြားခံပစ္စည်းက မလွတ်လပ်ရင်၊ အရည်အသွေးမကောင်းရင်၊ မပြည့်စုံရင် လူထုကြားထဲမှာ ဘယ်လိုလုပ်ပြီး သတင်းအချက်အလက်တွေ ဖလှယ်နိုင်တော့မှာလဲ။ ဘယ်လိုလုပ်ပြီး မှန်မှန်ကန်ကန်ရောက်ရှိမှာလဲ။ ဆိုလိုချက်က မီဒီယာမှ အားမကောင်းရင် ဘယ်လိုလုပ်ပြီး သိနိုင်မှာလဲ။ ဒါဆိုရင် ပြည်သူက ကြာလေ ငတုံးငအတွေဖြစ်လာလေ ၊ တိုင်းပြည်နစ်နာလေပဲ။

အစိုးရ၊ ပညာရှင်၊ ကျောင်းသားစတဲ့ ဘက်ပေါင်းစုံက ပြည်သူပြည်သားတွေဟာ ဗဟုသုတရဖို ့စာဖတ်ရတယ်။ တီဗွီကြည့်ရတယ်။ ရေဒီယိုနားထောင်ရတယ်။ ဗဟုသုတဆိုတာက လောကကြီးမှာ ဖြစ်ပျက်နေတဲ့အချက်အလက်တွေကို ပြောတာဖြစ်တယ်။ အဲဒိအချက်အလက်တွေကို စာအုပ်စာတမ်း၊ ဂျာနယ်တွေနဲ ့ရုပ်မြင်သံကြားတွေမှာ လွတ်လပ်စွာတင်ပြကြတယ်။ ဒါတွေကို ကြည့်ပြီး ပညာရှင်မဖြစ်သေးတဲ့ကျောင်းသားတွေက လေ့လာလိုက်စားပြီးမှ ပညာရှင်ဖြစ်လာတယ်။ ဘွဲ ့ဒီဂရီတွေကို မီဒီယာပေါ်ကနေလေ့လာပြီးမှ ရကြတယ်။ အစိုးရတိုင်းရဲ  ့ဆုံးဖြတ်ချက်တစ်ခုချရင်လည်း မီဒီယာတွေပေါ်မှာ ဖြစ်ပျက်နေတဲ့ အချက်အလက်တွေကို ကြည့်ပြီး ၊ သုံးသပ်ပြီးမှ ဆုံးဖြစ်ချက်ချကြတယ်။ မီဒီယာလွတ်လပ်ခွင့်ရှိတဲ့တိုင်းပြည်တွေဖြစ်တဲ့ အမေရိန်ကန်၊ အင်္ဂလန်၊ ဩစတျေးလျ စတဲ့နိုင်ငံတွေမှာ မီဒီယာလွတ်လပ်ခွင့်တင်မကဘူး မီဒီယာကို အရည်အချင်းနှင့် အရည်အသွေးမြှင့်အောင် အစိုးရကိုယ်တိုင် ပါဝင်ကူညီပေးတယ်။ ကျောင်းတွေဖွင့်ပေးတယ်။ ငွေကြေးအကူညီပေးတယ်။ သူတို ့ယူဆချက်က မီဒီယာအားကောင်းမှ အရည်အချင်းရှိမှ သူတို ့လိုချင်တဲ့ အရည်အသွေးမှီ အချက်အလက်တွေကို ရမယ်။ ဒါမှ သူတို ့ဆုံးဖြတ်ချက်တွေကို အကျိူးရှိရှိ ပြည်သူအတွက် မှန်မှန်ကန်ကန်ဆုံးဖြတ်ချက် ချ နိုင်မယ်။ ဒါ့ကြောင့် သူတို ့မီဒီယာကို ကူညီပေးတယ်။

မီဒီယာမှ အရည်အချင်းမရှိရင် မလွတ်လပ်ရင် ချမ်းသာတဲ့နိုင်ငံတွေ ဒီလောက်ထိအောင် ချမ်းသာပြီးဖွံ ့ဖြိုးတိုးတက်မှာမဟုတ်ဘူးလို ့ ဖွံ ့ဖြိုးပြီး နိုင်ငံတွေက ယူဆတယ်။

မီဒီယာကို တချိူ  ့က ဘာ့ကြောင့်ချူပ်ချယ်ပြီး ၊ တချိူ  ့က ဖွင့်ပေးတာလဲဆိုတာကို လေ့လာကြည့်ပါတယ်။ အဓိက အချက်က အစိုးရတိုင်းရဲ  ့စဉ်းစားပုံခြင်းမတူလို ့ဖြစ်ပါတယ်။ အထူးသဖြင့် ယဉ်ကျေးမှုအပေါ် အခြေခံပြီး လူတစ်ဦးချင်းစီရဲ  ့ စဉ်းစားပုံ ၊ စဉ်းစားနည်းတွေ ကွာခြားပါတယ်။ နောက်ပြီး ပညာအခြေခံ နဲ ့ ဘဝအတွေ ့အကြုံတွေပေါ်မှုတည်ပြီးလည်း လူတစ်ဦးချင်းစီရဲ  ့စဉ်းစားပုံတွေ ကွာခြားပါတယ်။ ဒီနေရာမှာ ကျနော်တို ့တိုင်းပြည်က ့အစိုးရအဆက်အဆက်ရဲ  ့ စဉ်းစားပုံခြင်း နဲ ့ အနောက်တိုင်းက ဒီမိုကရေစီနိုင်ငံကြီးတွေရဲ  ့စဉ်းစားပုံကို တင်ပြချင်တယ်။ သူတို ့စဉ်းစားပုံက သူတို ့ဖြတ်သန်းကြီးပြင်းလာတဲ့ ယဉ်ကျေးမှု  ့ကြောင့် တမျိူးဖြစ်နေတယ်။ မြန်မာတွေရဲ  ့ယဉ်ကျေးမှု  ့ကလည်း မြန်မာ့ယဉ်ကျေးမှု  ့ကြောင့် တမျိူးဖြစ်နေတယ်။ ကွဲပြားခြားနားချက်ကို ပြောချင်လို ့ပါ။  မြန်မာအစိုးရတွေစဉ်းစားတာက မီဒီယာကိုလွတ်လပ်ခွင့်ပေးလိုက်ရင် ပြည်သူတွေဟာ မလိုအပ်တဲ့ အညစ်အကျေးတွေကို ရမယ်။ မြန်မာ့ယဉ်ကျေးမှု  ့ကို ထိခိုက်စေမယ်။ ဆိုလိုတာက လူတွေပျက်စီးလိမ့်မယ်။ ဒါကိုမကြိုက်ဘူး။ နောက်ဆုံး မီဒီယာပေါ်မှာ အစိုးရကို ဆန် ့ကျင်တဲ့စကားလုံးတွေပါလာမယ်။ ဒါဆိုရင် အစိုးရကို အကြည်အညို ပျက်စေတယ်ဆိုပြီး သူတို ့က ယူဆတယ်။ ဒါက သူတို ့စဉ်းစားပုံ။ ဒီနေရာမှာ အတိုက်အခံကော၊ အစိုးရကော စဉ်းစားပုံခြင်းဆင်တူပါတယ်။ အပြင်းနဲ ့အပျော့ပဲ ကွာပါတယ်။

အနောက်တိုင်းက အစိုးရတွေ စဉ်းစားတာက ဒီလိုဖြစ်ပါတယ်။ မီဒီယာကို လွတ်လပ်ခွင့်ပေးလိုက်ရင် ငါတို ့သိချင်တဲ့ အချက်အလက်ကို ရမယ်။ စာဖတ်တဲ့ပရိတ်သတ်က သူတို့ဖတ်ချင်တာကို သူတို ့ရွေးလိမ့်မယ်။ ဘယ်သူ ့ကိုမှ အတင်းဖတ်ခိုင်းလို ့မရဘူးဆိုတာ သူတို ့သိတယ်။ အညစ်အကျေးပါတဲ့စာပဲဖြစ်ဖြစ် ၊ အစိုးရကို ဆန် ့ကျင်တဲ့စာပဲဖြစ်ဖြစ် သူတို ့စိတ်ဝင်စားတာကို သူတို ့ဖတ်လိမ့်မယ်။ အစိုးရကို ဆန် ့ကျင်တဲ့စာတွေ များလာရင် သူတို ့ပိုပြီး သဘောကြတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒီစာထဲမှာ ငါတို ့ဘာမှားနေလဲဆိုတာကို ပြည်သူနဲ ့စာရေးသူတွေက ထောက်ပြနေတာဖြစ်တယ်။ ဒါ့ကြောင့် သူတို ့ဆန် ့ကျင်နေတာ။ ဘယ်သူမှတော့ အားအားယားယားမဆန် ့ ကျင်ဘူးဆိုတာကို သူတို ့သဘောပေါက်တယ်။ ငါတို ့ပြင်လိုက်ရင် ငါတို ့အစိုးရဟာ နောက်တစ်ခါရွေးကောက်ပွဲမှာ ထပ်ပြီး အာဏာရနိုင်လိမ့်မယ်။ ဒီလိုမျိူး သူတို ့စဉ်းစားကြတယ်။ အစိုးရကို အကြည်အညိုပျက်စေတာတို ့၊ စော်ကားတာတို ့သူတို ့စဉ်းစားတာမဟုတ်ဘူး။

ဆိုတော့ ယဉ်ကျေးမှုခြင်းမတူလို ့ အစိုးရတွေရဲ  ့စဉ်းစားပုံခြင်းလည်းမတူဘူး။ တိုင်းပြည်ကို တကယ်တိုးတက်စေချင်တယ်ဆိုရင် မီဒီယာကို လွတ်လပ်ခွင့်ပေးဖို ့၊ မီဒီယာတိုးတက်အောင်ကူညီပေးဖို ့အစိုးရတိုင်းမှာတာဝန်ရှိတယ်။ လူတိုင်းက မီဒီယာကို အားကိုပြီး လေ့လာလိုက်စားလို ့ ကျောင်းသားကနေ ပညာရှင် ဖြစ်လာတယ်။ စစ်သားကနေ စစ်ဗိုလ်ချူပ်တွေဖြစ်လာတယ်။ နိုင်ငံရေးသမားကနေ သမ္မတကြီးဖြစ်လာတယ်။ မီဒီယာမရှိရင် ကျနော်တို ့အားလုံး ကျောက်ခေတ်ကို ပြန်သွားရလိမ့်ထင်တယ်။ နောက်ဆုံးတစ်ခုရှိသေးတယ်။ အကန် ့အသတ်နဲ ့မီဒီယာကိုလွတ်လပ်ခွင့်ပေးတာ၊ တဖြည်းဖြည်းချင်းလျှော့ပေးမယ်လို ့ပြောနေတဲ့လူတွေဟာ သူတို ့အာဏာကို လွှတ်ရမှာကြောက်တာအပြင်၊ သူတို ့ရဲ  ့အပုတ်နံ ့တွေကို ပြည်သူတွေသိမှာစိုးရိမ်လို ့ဆိုပြီး မီဒီယာဘိုးအေကြီးတွေက မှတ်ချက်ပေးတာကို စာအုပ်တွေထဲမှာ ဖတ်ရပါတယ်။ သူတို ့အပြင် ကမ္ဘာကျော် နိုင်ငံရေးသမားကြီးတွေရဲ  ့ အတွေးအခေါ်ကိုလေ့လာကြည့်ရင်လည်း ဘယ်သူမှ မီဒီယာကို ပိတ်ထားပါလို ့မပြောပါဘူး။

ကျနော်တို ့ တိုင်းပြည်ထဲက မီဒီယာတွေကို လေ့လာကြည့်တဲ့အခါမှာ နလံထခါစ လူနာသည်လို ဖြစ်နေရှာတယ်။ လွတ်လပ်ခွင့်မရှိတာအပြင်၊ နည်းပညာ၊ငွေကြေးနဲ ့အတက်ပညာလည်း အားနည်းပါတယ်။ ဂျာနယ်တွေ ပလူပျံနေတာကလွဲလို ့ အရေးတကြီးလိုအပ်နေတဲ့ လွတ်လပ်တဲ့ တီဗွီလိုင်းမရှိတာကလည်း တိုင်းပြည်အတွက် အင်မတန်ကို နစ်နာလှတယ်။ သတင်းစာဆိုတဲ့ အရာကလည်း ဘယ်သူမှ အလေးမထားတဲ့သတင်းစာဖြစ်နေရှာတယ်။ ပြည်ပ မီဒီယာဆိုတာကလည်း တယ်လီဖုန်းဆက်ပြီးမေးလို ့ပဲရတယ်။ ဒီဘီဗွီကလည်း ခိုးကြောင်ခိုးဝှက်ရိုက်ပြီး အပျော်တမ်းကစားတဲ့သတင်းသမားလို ဖြစ်နေတယ်။ အားလုံးကို ခြုံကြည့်ပြီး ၊ နိုင်ငံတကာမီဒီယာနဲ ့ယှဉ်ပြီး ပြောရရင် အင်မတန်ကို အားနည်းသေးတယ်။ အဓိက ပြသနာက အစိုးရက လွတ်လပ်စွာပြောဆိုခွင့်ကို ခွင့်မပြုသေးလို ့ ဒီလိုဖြစ်နေတာလို ့ နိဂုံးချူပ်ချင်ပါတယ်။ ယနေ ့မှာ အစိုးရရဲ  ့ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ စီးပွားရေးပြုပြင်ပြောင်းလဲမှုနဲ ့ ဘတ်စုံတိုးတက်အောင်ကျိူးစားနေတဲ့ကာလမှာ မီဒီယာကလည်း တဘက်တစ်လမ်းက အစိုးရကို အားပေးကူညီသင့်တယ်။ ဒိ့ထက်ပိုပြီး အားကောင်းအောင်မြင်လာအောင် အားလုံးကို လွတ်လပ်စွာလုပ်ပိုင်ခွင့်ပေးသင့်နေပြီ။ အကယ်၍သာ ထပ်ပြီးပိတ်ဆို ့ထားရင် လက်ရှိအပြောင်းအလဲကာလမှာတင်မကဘူး အနာဂတ်အတွက်လည်း ဖွံ  ့ဖြိုးတိုးတက်ရေးကို အတားအဆီးဖြစ်ပါလိမ့်မယ်။ မီဒီယာကို လွတ်လပ်ခွင့်မပေးပဲထားရင် ဖွံ  ့ဖြိုးရေးလုပ်ငန်းတွေကြောင့် တိုင်းပြည်နဲ ့လူမျိူးဟာ တနေ ့မှာနစ်နာရလိမ့်မယ်။ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု၊ ရောဂါဘယထူပြောမှု၊ ဆင်းရဲမွဲတေမှု စတဲ့ ဆိုးကျိူးတွေဟာ ဖွံ  ့ဖြိုးရေးလုပ်ငန်းနဲ ့အတူ တပြိုင်တည်း ပြည်သူကို ဒုက္ခပေးလိမ့်မယ်။ ဒါတွေက ချက်ချင်းတော့ ပေါ်လာမှာမဟုတ်ပါဘူး။ ဒီလိုဒုက္ခတွေကို တားဆီးကာကွယ်ဖို ့၊ ကြိုတင်ပြင်ဆင်ဖို ့ဆိုတာ လွတ်လပ်တဲ့မီဒီယာမရှိပဲ မရနိုင်ဘူး။ အရည်အချင်းမရှိတဲ့မီဒီယာသမားတွေနဲ ့လည်းမရနိုင်ဘူး။ ဥပမာ ထားဝယ်က ရေနက်စီမံကိန်းနဲ ့မြစ်ဆုံဆည်ရဲ  ့ဆိုးကျိူးကို Documentry ရိုက်ပြီး မြန်မာ့အသံမှာ ဘယ်တုန်းက မှမလွှင်ခဲ့ဘူး။ စဉ်းတောင်စဉ်းစားပုံမပေါ်ဘူး။ ဆိုးကျိူးအပြင် ကောင်းကျိူးကိုလည်း တွဲဖက်ရိုက်သင့်တယ်။ ဒီလိုမျိူးအရည်အသွေးမှီမှီနဲ ့နိုင်ငံတကာအဆင့်မှီပြနို်င်ရင် ဘယ်လောက်ကောင်းလိုက်မလဲ။ အခုတော့ မီဒီယာလွတ်လပ်ခွင့်မရှိတော့ နောက်ဆုံးတိုင်းပြည်ပဲ နစ်နာရတော့တယ်။ တကယ်လို ့သာ အားလုံးကို လွတ်လပ်ခွင့်ပေးလိုက်ရင် တိုင်းပြည်ရဲ  ့ဘယ်နေရာမှာ ဘာတွေဖြစ်နေတယ်၊ ဘာတွေအားနည်းနေတယ်၊ ဘာတွေတိုးတက်တက်နေတယ်၊ ဘယ်လောက်ထိအောင်မြင်နေလဲဆိုတာကို ပြည်သူတွေအားလုံးကြည့်နိုင်မယ်။ ပြီးရင် လိုအပ်နေတာကို ပြည်သူကလည်း ဝိုင်းပြီး ပံ့ပိုးပေးတာအပြင် ၊ အစိုးရကလည်း ဝိုင်းပြီးကူညီပေးရင် ဘယ်လောက်ကောင်းလိုက်မလဲလို ့တွေးနေမိတယ်။ အားလုံးတက်ညီလက်ညီနဲ ့လုပ်ကြစေချင်လို ့ ဒီစာကို ရေးရခြင်းဖြစ်ပါတယ်။ နောက်ဆုံးပြောချင်တာက မီဒီယာလွတ်လပ်ခွင့်ကြောင့် ဘယ်တိုင်းပြည်မှ မပျက်စီးခဲ့ပါဘူးလို ့ပြောရင် နိဂုံးချုပ်ချင်ပါတယ်။

6 comments

  • Patriot

    March 19, 2012 at 8:28 am

    Hey Man, you have optimism now !! thumb-up this time. Keep it up!

  • kyeemite

    March 19, 2012 at 8:32 am

    လက်မတစ်ချောင်းထောင်ပီး အားပေးသွားပါကြောင်း။

  • memeseku

    March 19, 2012 at 10:34 am

    နောက်ဆိုကမန်.မရေးတော့ဘူး…. လမပဲထောင်တော့မယ်…

  • kai

    March 19, 2012 at 3:05 pm

    ကျုပ်ကတော့.. ရဲရဲပဲပြောချင်တာ..
    မြန်မာပြည်မှာ.. မီဒီယာကို.. ထိန်းချုပ်တဲ့ဘယ်ဥပဒေမှမရှိရင်.. ဒီမိုကရေစီနိုင်ငံစစ်စစ်ဖြစ်သွားမှာဖြစ်ပြီး ..တိုင်းပြည်တိုးတက်ဖို့လမ်းပေါ်.. ၁၀ဝရာခိုင်နှုန်းရောက်ပါတယ်လို့…

    အခုအစိုးရရဲ့လုပ်ရပ်တွေကို.. မီဒီယာလွတ်လပ်နှုန်းနဲ့တိုင်းချင်ပါတယ်..
    မီဒီယာ ၁၀၀% လွတ်လပ်ရင်.. အစိုးရရဲ့.. ပြုပြင်ရေးလမ်းကြောင်းပေါ်လျှောက်နေတာကို.. ၁၀၀% ယုံပါမယ်..။

    အဲလို..။

  • pyaponthu

    March 19, 2012 at 5:01 pm

    ဒီနေ့ဘဲ သစ်ထူးလွင် ဆိုဒ်ကို မြန်မာပြည် ကဝင်လို့မရအောင် ပိတ်လိုက်ပြီးတဲ့။

Leave a Reply