“40 လေးဆယ် ၄၀”

“40 လေးဆယ် ၄၀”

သူငယ်ချင်း

အသက်လေးဆယ်ဆိုတာ

ဟိုနိုင်ငံတွေမှာသာ ဘဝအစဆိုပေမယ့်

မြန်မာပြည်မှာတော့

ကြာဆံတွေခေါင်းပေါ်တင်လို့

အိုမင်းခြင်းကိုစလက်ခံရတဲ့အရွယ်ပါဘဲ။

သူငယ်ချင်း   အသက်လေးဆယ်ဆိုတာ

ခလေးဘဝက ဆရာမကို အဖြေလွှာပြသလို

အမှန်ခြစ်ကလေး ရတာနဲ့ပျော်ပြရမှာမဟုတ်သလို

ကြက်ခြေခတ်လေးတွေ့တာတာနဲ့ဝမ်းနည်းပြရမယ့်အရွယ်လဲမဟုတ်ပေါင်ကွယ်။

သူငယ်ချင်း     အသက်လေးဆယ်ဆိုတာ

ဟိုမျက်မှန်နဲ့ကောင်လေးမေးသလို

“အသက်လေးဆယ် လူတွေမေးတယ် ဘယ်တော့များမှစားရမှာလဲ”

ဆိုတာလဲသဘာဝမကျ။

ဒီအရွယ်ရောက်မှတော့ အမြီးတော့ပေါက်သင့်သပေါ့။

သူငယ်ချင်း   အသက်လေးဆယ်ဆိုတာ

လာမြှောက်ပေးရင်လဲ ဖောပေးလိုက်

လာခြောက်ရင်လဲ ကောပေးလိုက်

မြှောက်တက်သွားအောင်လဲမြှောက်မပေးနဲ့။

အောက်စိုက်သွားအောင်လဲဆောင့်မကန်လိုက်နဲ့

စလိုးအင်စတယ်ဒီဆိုတဲ့ ဘိုစကား

မေ့ထားလို့မရတဲ့အရွယ်လေကွယ်။

သူငယ်ချင်း   အသက်လေးဆယ်ဆိုတာ

လက်နဲ့ရွယ်တာနဲ့ မျက်ရည်ကျချင်လို့တော့မရဘူး။

လက်နဲ့တို့တာနဲ့ မျက်ရည်စို့ရမယ့်အရွယ်လဲလွန်ခဲ့တာကြာပေါ့။

သစ်ပင်တွေအပွေးတက်သလို

ရင့်သထက်ရင့် ကျက်သထက်ကျက်အောင်

ချက်ရမယ့်အရွယ်လေကွယ်။

သူငယ်ချင်း   အသက်လေးဆယ်ဆိုတာ

တကယ်တော့

မသိခြင်းတရားနဲ့ဆယ်နှစ်

နည်းနည်းသိသလိုလိုနဲ့ဆယ်နှစ်

တော်တော်လေးသိသလိုလိုနဲ့ဆယ်နှစ်

သေချာပြန်စစ်မှ ဘာမှမသိသေးတာဆယ်နှစ်

ဒီလိုနဲ့ဘဲအနှစ်လေးဆယ်

မွန်းအောင်သီချင်းလေးငှားသုံးရင်

“ကုန်လွယ်လွန်းလိုက်တာ”ပါဘဲ။

ကဲသူငယ်ချင်း        အသက်လေးဆယ်ဆိုတာ

တကယ်တော့ ကုန်လွန်ခဲ့တဲ့

အနှစ်လေးဆယ် ဒီထက်ဘာမှ မပိုတာ

အသေချာကြီးပါကွယ်။

ကိုပေါက်လက်ဆောင်အတွေးစဉ်

(18-3-2012)

45 comments

  • water-melon

    March 19, 2012 at 8:31 am

    လေးပေါက်ရော အသက်လေးဆယ်ကျော်ပြီလား 😀
    ကျွန်တော်တို့ကတော့ လေးဆယ်ရောက်ဖို့ နှစ်၂ဝလိုသေးတယ်
    လေးဆယ်ကျော်မှ လေးပေါက်ဆီက အကြံဉာဏ်တောင်းတော့မယ်။

  • Mon Kit

    March 19, 2012 at 8:45 am

    စာနာ နားလည်စွာဖြင့် ခံစား အားပေးသွားပါသည်။။

  • ကြောင်ကြီး

    March 19, 2012 at 8:47 am

    လေးဆယ်
    လည်ဆေး
    မငယ်သေး
    သူဌေးဆိုတာ
    အဲခါမှစ….
    မွဲပြာကျတော့လည်း
    ရုန်းထ
    အရှုံးစကို
    လုံးမပြဖို့သာလို..
    ဂတုံးမဆိုတာ
    ပြုံးပြတဲ့ခါ
    စပ်ဖြည်းဖြည်း…။ 👿

  • Moe Z

    March 19, 2012 at 8:58 am

    လေးပေါက်ရေ ကုန်ခဲ့တဲ့အချိန်တွေကို ဘယ်လိုသုံးခဲ့တယ်ဆိုတာလည်း အရေးကြီးပေမယ့်
    ကုန်လွန်ခဲ့တဲ့အချိန်ဆိုတာထက် ကျန်ရှိနေသေးတဲ့အချိန်ကိုပိုပြီးစိတ်ဝင်စားတယ်
    အဲဒါကပိုသေချာလို့လေ အင်း မိုးစက် အသက် ၄ဝ ဆိုရင် …..
    …. ဒီအချိန်… ဒီဇင်ဘာ.. အဖြူရောင်နှင်းများကြား..လွမ်းမိပါသည် ….. မင်းလည်း ဘဝအသစ်မှာ အခြေကျပြီး …. သားသား မီးမီးနဲ့ ..ပျော်လောက်ပြီ.. :mrgreen:

    • water-melon

      March 19, 2012 at 9:06 am

      ဟယ် ဒါဆိုလေးပေါက်က တော်တော်ကြီးနေပြီဘဲ (အသက်)
      ဒါပေမဲ့နုတယ်နော် ( မုန့်ဝယ်ကျွေး )

    • Moe Z

      March 19, 2012 at 4:12 pm

      ဒါဆိုလေးပေါက်က ၂၃ နှစ်မှာ အိမ်ထောင်ကျတာပေါ့ 😆

  • pooch

    March 19, 2012 at 11:03 am

    အသက်လေးဆယ်ဆိုတာ
    အကောင်းဘက်က မြင်ရင်
    ခုမှဘဝစမှာလေ။

    စိတ်ကို မြင့်
    ရင်ကိုဖွင့်ပြီး
    ရွက်ကုန်လွှင့်ရအုန်းမှာ။
    လိုချင်တာတွေ ရဖို့ ထပ်ကြိုးစားဖို့ အခွင့်ရှိသေးတာ။

    တွမ်ဟန့် ရဲ့ လာရီခရောင်းလို ၆ဝ နားနီးတာတောင် ဘဝသစ် အလုပ်သစ် အချစ်သစ်နဲ့ အစကပြန်စနိုင်သေးတယ်။

    အဆိုးမြင်တတ်ရင်တော့
    ဘာမှမသိပဲ ရှင်သန်နေခဲ့တာ
    သိသလိုလို မသိသလိုလို ရှင်သန်နေခဲ့တာ
    စတဲ့ အတွေးတွေနဲ့ စိတ်ဓာတ်ကျစရာပေါ့။

    အမှန်က ဘာမှမသိပဲ
    သိသလိုလို မသိသလိုလိုနဲ့
    ရှင်သန်နေခဲ့ရတာကိုက
    ဘဝရဲ့ တစိတ်တဒေသပါ။

    မနက်ဖြန်တိုင်းဟာလည်း
    ကိုယ်မသိသေးတဲ့ အသစ်တခုကို စတင်ဖို့ပါ။

  • kyeemite

    March 19, 2012 at 11:16 am

    ဖြတ်သန်းခဲ့ဖူးသောမှတ်တိုင်လေး
    ကိုပေါက်တွေးပြမှ ခပ်ရေးရေး
    အော်ပြန်လှည့်ကြည့်မိမှ…
    အတော်ဝေးဝေးမှာ ကျန်ခဲ့ပေါ့..
    ပြန်လှည့်လို့လဲမဖြစ်နိုင်တော့
    ဒီမှတ်တိုင်မရောက်သေးသူများကိုသာ..
    ဘဝအဓိပါယ်ရှိရှိ ရောက်လာကြဘို့
    မေတ္တာပို့ပါကြောင်း။
    အားလုံးကိုခင်တဲ့…

  • ” အသက် လေးဆယ် ..♫ .. ♪ .. လူတွေ မေးတယ် .. ♫ .. ♫ .. ဘယ်တော့များမှ စားရမှာလဲ .. ♪ .. ♫ .. ”

    မျက်မှန်နဲ့ ကောင်းလေး ဆိုခဲ့တဲ့ သီချင်းကို ပြန်ညည်းကြည့်တာ …
    လေးပေါက်ရေ ..
    အနော်လည်း အဲဒီ အသက် ၄ဝ ရောက်ဖို့က နောက်ထပ် ၁၅ နှစ်လောက် လိုသေးတော့ အသက် ၄ဝ အရွယ် လူကြီး တစ်ယောက်ရဲ့ ခံစားချက်ကို မြင်တတ်ဖို့တော့ လိုသေးတယ် ခင်ဗျာ …

    ” ကဲသူငယ်ချင်း အသက်လေးဆယ်ဆိုတာ
    တကယ်တော့ ကုန်လွန်ခဲ့တဲ့
    အနှစ်လေးဆယ် ဒီထက်ဘာမှ မပိုတာ
    အသေချာကြီးပါကွယ်။ ”

    ဒါလေးနဲ့ ပတ်သက်ပြီး ဦးကျော်ဝင်းရဲ့ “၂၁ ရာစု သားရွှေဥ” စာအုပ်ထဲက ကဗျာလေးတစ်ပုဒ်ဟာ နည်းနည်း ဆက်စပ်မှု ရှိနေမလားလို့ …….

    ငယ်ရွယ်၊ လွတ်လပ်
    အကန့်သတ်မဲ့စိတ်ကူးနဲ့
    ငါ့ရဲ့အိပ်မက်ထဲမှာ
    ” ကမာ္ဘကြီးကို ပြောင်းပစ်မယ် ” …

    အသက်ကလေးရလာ
    “ပညာ”ဆိုတာ နည်းနည်းသိ
    ပြန်ကြည့်လိုက်တော့မှာ
    ” ကမာ္ဘကြီးဟာ ကမာ္ဘကြီးပါပဲ ” …

    အိပ်မက်ကို ဈေးဆစ်
    ငါချစ်တဲ့ငါ့တိုင်းပြည်
    တစ်ခုခုဖြစ်ရမည်ပေါ့
    သည်တစ်ခါလည်း
    ” တိုင်းပြည်ဟာ တိုင်းပြည်ပါပဲ ” …

    ဘဝရဲ့ဆည်းဆာချိန်
    အိပ်မက်တွေ အရှိန်ကုန်စ
    ဇနီးမယား သမီးသားအတွက်
    ပေးဆပ်ဖို့ ကြိုးစားဆဲ
    သူတို့လည်း သူတို့ဘာသာ
    ” မိသားစုဟာ ဒီအတိုင်းပါပဲ ” …

    သေရာညောင်စောင်း
    လဲလျောင်းချိန်ရောက်တော့မှ
    ငါ သိရပြီ (ပထမဦးဆုံးအကြိမ်ပါ)
    ” ငါဟာ ငါပဲ၊ ဘာမှ မပြောင်းလဲ ” …..
    အင်္ဂလိကန် ဘုန်းတော်ကြီး

    ဆက်စပ်မှု ရှိ၊ မရှိတော့ သိဘူး။ ရေးချင်လွန်း၊ မန့်ချင် လွန်းလို့ ဝင်ရေး၊ ဝင်မန့် သွားပါ၏ ….

    ခင်တဲ့ .. အံစာတုံး

  • inz@ghi

    March 19, 2012 at 11:26 am

    အသက်၄ဝပြည့်လျင် ..နောက်မိန်းမ ယူမည်…

    ပုံ
    နှူးဘာဂီ

    • MaMa

      March 20, 2012 at 8:46 am

      (အသက်၄ဝပြည့်လျင် ..နောက်မိန်းမ ယူမည်……….
      ပုံ
      နှူးဘာဂီ)
      ဆိုတော့—
      မောင်ဂီ ကြည့်ရတာ အီကြာကွေးရဲ့ နောက်မယားလေးနဲ့ ထင်တယ်။

      သိလိုသူများ စုံစမ်းမေးမြန်းနိုင်ပါသည်။ 😆

  • ahnyartamar

    March 19, 2012 at 11:27 am

    “သူငယ်ချင်း အသက်လေးဆယ်ဆိုတာ
    လာမြှောက်ပေးရင်လဲ ဖောပေးလိုက်
    လာခြောက်ရင်လဲ ကောပေးလိုက်
    မြှောက်တက်သွားအောင်လဲမြှောက်မပေးနဲ့။
    အောက်စိုက်သွားအောင်လဲဆောင့်မကန်လိုက်နဲ့
    စလိုးအင်စတယ်ဒီဆိုတဲ့ ဘိုစကား
    မေ့ထားလို့မရတဲ့အရွယ်လေကွယ်။”
    The most I like there………………….then “40 လေးဆယ် ၄ဝ XXXX”

  • Novy

    March 19, 2012 at 11:55 am

    တကယ်တော့ ကုန်လွန်ခဲ့တဲ့
    အနှစ်လေးဆယ် ဒီထက်ဘာမှ မပိုတာ
    အသေချာကြီးပါကွယ်။

    မမပေါက်ရေ..နိုဗွီတော့ သီလှရှင်သာပြေးဝတ်လိုက်ချင်တော့တာပါဘဲ၊

    • Mလုလင်

      March 20, 2012 at 8:11 pm

      အကောင်အထည် ဖော်မယ် ဆို အသိပေးပါနော့ ….

  • ကြီးမင်း ခြောက်ထောင့်ရေ…………….
    ဆက်စပ်မူ့ရှိနို်င်ပါတယ်။
    ကျနော်က ရောက်တဲ့နေရာမှာ တွေ့သမျှစာကို ဖတ်တဲ့အကျင့်ရှိတော့ ဘယ်သူ့အတွေးရယ်လို့
    တိတိကျကျ မပြောနို်င်ပေမယ့် ကျနော့်ရှေ့က ရှိနှင့်သော ဆရာကြီးများရဲ့ အတွေးတွေ ကျနော့်
    ရင်ထဲမှာ ခိုအောင်းနေတာအမှန်ပါဘဲ။
    အဲဒီအတွေးလေးတွေကို စုပြီး ကျနော်က ပြန်ပွားကြည့်မိတာပါ။

  • ba gyi

    March 19, 2012 at 3:05 pm

    မသိခြင်းနဲ့ ဆယ်နှစ်
    နဲနဲသိသလိုလိုနဲ့ ဆယ်နှစ်
    တော်တော်လေးသိသလိုလိုနဲ့ဆယ်နှစ်
    သေချာပြန်စစ်မှဘာမှမသိသေးတာကဆယ်နှစ်——— ၊
    လေးဆယ်တွေရဲ့တစ်ကယ့်အဖြစ်
    ဘယ့်အနှစ်မှာ၊နွယ်ရစ်လို့ပတ်ရပါ့။
    တွက်ရေးတော့စက်သူဌေး
    တွက်ကြည့်တော့ စက်မရှိခဲ့တာတွေကလည်းမနဲ၊
    ကွက်ကြည့်ကွက်ကြည့် နဲ့
    လမ်းပေါ်မှာလမ်းမပျောက်ခင်
    စမ်းမိသလောက်အရာထင်အောင်
    ကျားကုတ်ကျားခဲ၊ မနဲရုန်းကန်ခဲ့ရတာအခါခါ၊
    ကြာလာတော့လည်း တစ်ချို့က သဘာလို့ခေါ်လာကြသဗျ။
    တော်ကြပါပြောလည်းမရ
    မရှုံးဖူးတဲ့လူ ဘယ်သူရှိပါ့မလည်း
    ဟဲ ဟဲ အရေးကြီးတာ အသိ ၊သတိကလေးကပ်လိုက်ပြီး
    ဇွဲစိတ်သန်သန်၊မှန်မှန်သာသွား
    အကြံဉာဏ်အားလည်းယူရမယ်နော်
    လေ့လာသမှု စု တု ပြု တော့ လားလားမဖြုတ်လေနှင့်
    သွားပုတ်လေလွင့် အခြေမတင့်တာတွေဘေးချိတ်၊
    အတိတ် ဆိုတာအကောင်းဆုံးမိတ်ဆွေလိုပြန်စမ်းစစ်
    အဖြစ် နဲ့ အပျက် ဘယ်စနက်ဆိုတာတွေ့လာမှာအမှန်ပါပဲ၊
    အဲသည်အခါ- ကိုယ့်ကိုယ်ကိုသာမညှာပဲ
    ဟေ့ အောင်ရမည်လိုသာကြွေးကြော်
    တစ်နေ့မှာတော့ ၊ဈေးခေါ်သလိုရ ရပါစေ့မယ် —— ၊
    သည်မှာ ဟေ့ အဖိုးကြီးဆိုတာလေ— တန်ဘိုးကြီးလို့မို့ အဖိုးကြီးလို့ ခေါ်တာပါဗျား။

  • ဆူး

    March 19, 2012 at 3:29 pm

    ၄ဝ ကျော် အချစ် ဆိုလား တွံတေးသိန်းတန် သီချင်း ရှိတယ်နော်..
    ငယ်ငယ်က ကြားဖူးသလားလို့..
    ၄ဝ ပိုစ်မှာ ၄ဝ အကြောင်း သတိရတာလေး ဆွေးနွေးသွားပါတယ်။

  • အခုအချိန်သာ လေးဆယ်ကျော်အချစ် သွားဟစ်လို့ကတော့
    ဆူးရေ…………..မဒမ်ပေါက်လက်ချက်မိသွားမယ်။
    မှတ်မှတ်ရရပြောလိုက်အုံးမယ် ဒီနေ့ မဒမ်ပေါက်မွေးနေ့ မဆူးရဲ့။

    • ဆူး

      March 19, 2012 at 5:20 pm

      ဆူး က သီချင်း ရှိကြောင်း ပြောယုံသက်သက်ပါ.. တမျိုး မတွေးပါနဲ့နော်။
      မဒမ် ကိုလည်း ပျော်ရွင်စရာ မွေးနေ့လေး ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်။
      ရန်ကုန်မှာ တွေ့မှ နုတ်ဆက်တဲ့ စကားကိုယ်တိုင် ပြောတော့မယ်။

    • MaMa

      March 19, 2012 at 6:13 pm

      မဒမ်ပေါက်အတွက် ကိုပေါက်ရဲ့ မွေးနေ့လက်ဆောင်ပေ့ါ။ 😆
      ကိုင်ဇာရဲ့ သီချင်းထဲကလို စပယ်ဖြူလေး ပန်ပေးလိုက်ဦးလေ။ 🙂

      • Khin Latt

        March 19, 2012 at 6:19 pm

        Wowwww … မမ – သတိပေးချက်လေးက မိုက်တယ်ကွာ။ 😉

    • Mr. MarGa

      March 19, 2012 at 6:58 pm

      ဟက်ပီးဘတ်ဒေးပါလို့
      မဒမ်ပေါက်ကို ဦးမာဃက ဆုတောင်းပေးလိုက်ပါတယ် လို့ ပြောပြလိုက်ပါဗျာ
      (ဦးမာဃ၏ နတ်ပြည်မှ လှမ်းပို့သောဆုတောင်း)
      ယနေ့မှသည် နောင် နှစ်ပေါင်းများစွာတိုင် ပါရမီ ဖြည့်ဖက်အဖြစ် လေးပေါက်၏ အနားတွင်
      လုပ်ချင်တာများလုပ်နိုင်အောင် ကူညီပေးနိုင်သူဖြစ်ပါစေဗျာ

      လေးစားစွာဖြင့်
      ဦးမာဃ (ခေတ္တ လူ့ပြည်)

  • ဦးဦးပါလေရာ

    March 19, 2012 at 5:22 pm

    ကိုပေါက်ရေ-
    ကျွန်တော်လဲ အဲဒီမှတ်တိုင်ကို ကျော်လာတာကြာပေါ့….

    ဒါထက်
    လေးဆယ်ဆိုတဲ့ဂဏန်းက
    အမှတ်တစ်ရာပေးတဲ့ စာမေးပွဲအတွက်
    အောင်မှတ် အမှတ်အသားပေါ့နော…

    အခုတော့ အသက်လဲ လေးဆယ်ကျော်တာ ကြာပါပြီ
    ဘဝစာမေးပွဲမှာ အောင်မှတ်ရော ဝင်အောင်ဖြေနိုင်ပါပြီလား… ဆိုတာတော့……

  • Khin Latt

    March 19, 2012 at 5:27 pm

    ကတောက် ….
    အရှိုက် ထိ သကွာ ကိုပေါက် ရာ။
    လေး ပြီး ရင်ငါး ….. 🙁
    အင်း မတွေးချင်တော့ဘူး။
    စင်ဒီ ကရောဖော့ဒ် Cindy Crawford လဲ လေးဆယ်ကျော် ငါးဆယ် တွင်း မို့ စိတ်ဓာတ်တော့ မကျပါ။ အဟိ 😉

  • Khin Latt

    March 19, 2012 at 6:02 pm

    မဒမ်ပေါက် ရဲ့ လေးဆယ် ပြည့် မွေးနေ့ မင်္ဂလာ နေ့မြတ် မှသည် နှစ်ပေါင်း ၁၂ဝ တိုင် ကိုပေါက် ကြီး နှင့် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း၊ အလိုရှိအပ် တောင့်တအပ်သော ဆန္ဒများ နှင့် ပြည့်စုံကာ တရားထူး တရားမြတ်များ လဲ အားထုတ်ပွါးများနိုင်ပါစေ။ လောကီ၊ လောကုတ္တရာ နှစ်ဖြာ အရာရာ တိုးတက် အောင်မြင်ပါစေ။

    ကိုပေါက် ကြီး လမ်းသလား နေသည်များ ကို လည်း ပို၍ ပါရမီ ဖြည့် ပေး နိုင်ပါစေ သောဝ်။

    ခင်မင်စွာ ဖြင့် ဆုမွန်တောင်းလိုက်ပါသည်။ 🙂

  • ခပ် KING ကင်း

    March 19, 2012 at 6:21 pm

    တစ်ခုတော့သိချင်သား
    အမျိုးသမီးရဲ့ မွေးနေ့မင်္ဂလာတွေမှာ ဘာလက်ဆောင်တွေ ပေးတတ်ပြီး
    နှစ်ပတ်လည်နေ့တွေမှာ ဘယ်လိုပုံစံနဲ့တင်ဆက်ကြသလဲ (ဥပမာ။ ဘုရားအတူတက်၊ အလှူအသေးအဖွဲ့များလုပ် စသည်ဖြင့်)
    ဖြေပေးပါနော် လေးပေါက်
    ခင်တဲ့
    🙂

  • ဘယ်သူမှ မပေးနို်င်တဲ့ လက်ဆောင်ပေးတာပေါ့ကွ။
    လာထား………………အာဘွား။
    ကဲ သင်သိပြီမဟုတ်လား………………………………………………..

  • Mr. MarGa

    March 19, 2012 at 6:59 pm

    လေးပေါက်
    မွေးနေ့မှာ မဒမ်ပေါက်အနားမနေဘဲ ဘာလို့ အင်တာနက်သုံးနေတာလဲ

    • Mr. MarGa

      March 19, 2012 at 7:37 pm

      ကျွတ် ကျွတ်
      သနားတယ်
      (ဟဲဟဲ လေးပေါက် စ တာနော် စိတ်ဆိုးနဲ့)

  • အောင်မာ ဘာလို့စိတ်ဆိုးရမှာလဲဟ။
    မင်းသနားတာက ကျွတ်ကျွတ်ကို သနားတာလေ။
    လေးပေါက်နဲ့အနေသာကြီး။

  • unclegyi1974

    March 19, 2012 at 10:14 pm

    တကယ်တော့
    မသိခြင်းတရားနဲ့ဆယ်နှစ်
    နည်းနည်းသိသလိုလိုနဲ့ဆယ်နှစ်
    တော်တော်လေးသိသလိုလိုနဲ့ဆယ်နှစ်
    သေချာပြန်စစ်မှ ဘာမှမသိသေးတာဆယ်နှစ်
    ဒီလိုနဲ့ဘဲအနှစ်လေးဆယ်
    မွန်းအောင်သီချင်းလေးငှားသုံးရင်
    “ကုန်လွယ်လွန်းလိုက်တာ”ပါဘဲ။

    မသိခြင်း သိခြင်း တော်တော်လေးသိခြင်း ဘာမှမသိခြင်း
    တွေနဲ့အိမ်ထောင်ကျခဲ့တာ
    အိမ်ထောင်ဘယ်လိုကျခဲ့တယ်ဆိုတာပြန်ပြောဖို့တောင်ခက်တယ်
    အခုမှဘဝသစ်စတော့မယ်
    ဟုတ်တယ်ဟုတ်လေးပေါက်
    ကြည့်လည်းလေလုပ်ပါအုန်း
    မြှောက်ပေးတဲ့အထဲဒို့မပါတယ်
    ၄ဝ ကျော်တေးချင်း

  • padonmar

    March 20, 2012 at 5:50 am

    မမရှယ်ရေ
    ကိုပေါက်က သူ့မဒမ်ပေါက် ကို ၄ဝပြည့်မွေးနေ့လို့ ထင်အောင် ပုံမှားရိုက်နေပါတယ်ဗျို့။
    မွေးနေ့မင်္ဂလာပါ ။
    ယနေ့မှစ နှစ်၁၀ဝ တိုင် ကိုပေါက်နဲ့အတူ ပျော်ရွှင်ဖွယ်မွေးနေ့များစွာ ပိုင်ဆိုင်ပါစေ။

  • မနေ့ညက အိမ်ပြန်ရောက်တော့ ရွာထဲက လူတွေဆုတောင်းပေးကြတာကို ပြန်ပြောပြလိုက်ပါတယ်။
    မမြင်ဘူးဘဲ ဆုတွေတောင်းပေးတာ ကြောင့် အထူးဝမ်းသာပါ၏ ပါတဲ့ခင်ဗျာ။

    • Mလုလင်

      March 20, 2012 at 11:33 pm

      ဝမ်းသာတယ်ဆို .. ရန်ကုန် လာရင် .. ဖရုံ ယို လေး ဝယ်ထည့် ပေးလိုက်ပါလို့ … 🙂
      အဲလို ကိုတောင်းစား တာ မှတ်ကရော …

  • kai

    March 20, 2012 at 2:52 pm

    Life begins at forty.
    W. B. Pitkin

    အသက်လေးဆယ်မှာ.. ဘဝစတယ်ဆိုတာ… အိမ်ထောင်ရှင်တွေအတွက်ပါ…။
    အဲဒီအချိန်မှာမှ.. တာဝန်ယူရ..ငဲ့ရတဲ့. နှောင်ကြိုးတွေက..လွတ်စပြုတယ်..
    ကိုယ့်ကိုယ်တိုင်က.. ကိုယ့်ကိုယ်တိုင်အတွက်လို့.. စဖြစ်တယ်..။

    မြန်မာရှေးအယူအဆကတော့..
    အသက်၄ဝမှာ.. အမေနို့က.. လူ့ခန္တာထဲ..လုံးဝခန်းခြောက်တယ်တဲ့..။
    အဲဒါနဲ့.. နွားနို့တွေလှိမ့်ပိတ်သောက်နေတာ.. မြင်ဖူးတယ်..။
    တကယ်…။ :mrgreen:

  • ကိုခို်င်
    ဓါတ်ပုံရောက်မရောက်လဲ မပြောဘူး ။
    အကြောင်းလဲမပြန်ဘူး။
    တိမ်နဲ့ကျုံး မြို့ရိုးပို့ထားတာကြာပြီ။
    အကြောင်းပြန်အုံးနော်။

  • Don Juan Ronald

    March 20, 2012 at 6:37 pm

    အသက် အကြောင်း ကို တွေ ့လိုက် တာ နဲ ့ မ မန် ့ရဲ တော့ ပါ ဘူး……….။

  • windtalker

    March 20, 2012 at 8:08 pm

    အသက်၃ဝပြည့်လျှင် သိန်းသုံးထောင်ကျော်ချမ်းသာအောင် လုပ်မည် ။
    အသက်၄ဝပြည့်လျှင် သိန်းလေးသောင်းခန် ့ချမ်းသာအောင် လုပ်မည် ။

  • amatmin

    March 20, 2012 at 8:45 pm

    လေးဆယ် ဆိုတော့ကိုယ်နဲ့အခုမဆိုင်သေးပေမဲ့..
    ဆိုင်နေတဲ့ ပွိုင့်ကိစ္စက ရှိနေတော့ကာ 🙂
    လေးပေါက်ရေ.. ဖီလင် လေးဆယ်ကို ဝင်ခံစားသွားပါတယ်ဗျ..

  • နေဝန်းနီ

    March 20, 2012 at 9:01 pm

    အသည်းစွဲကဗျာဆရာ(၉)
    အသက်နှစ်ဆယ်ကနေ
    ငါးနှစ်ကြီးလာခဲ့တုန်းက
    နိပ်ပါတယ်
    ကောင်းပါတယ်….။
    အသက်ငါးဆယ့်ငါးကနေ
    အသက်ငါးနှစ်ကြီးလာတာကတော့
    ချစ်သော”ဂျနီဖာ”
    တော်တော်ဆိုးတာပဲ….။
    အောင်ချိမ့်(2006)

    ဒီကဗျာလေးလှလို့ပြောချင်နေတာကြာပြီ…။ ခုမှပဲ လမ်းကြုံတော့တယ်…။

  • ကိုနေ
    ခင်ဗျား က အကောင်းစားလေးတွေကို အတော်စုထားဘဲဗျာ။

    လုပ်စမ်းပါအုံး ကိုနေရဲ့ လေးဆယ်ဖီလင်လေးတွေ။
    ဖတ်ချင်တယ်ဗျာ။

  • နေဝန်းနီ

    March 20, 2012 at 11:14 pm

    ဆရာအောင်ချိမ့် ရဲ့ အသဲစွဲကဗျာဆရာ စာအုပ်လေး pdf ရှိတယ်…။ မနက်ဖြန်မှ ပို့လိုက်မယ်…။ ဗန်းမော်တင်အောင်ရဲ့ ဘုန်းမောင်တစ်ယောက်ထဲရယ်နဲ့ ရောပြီးအတက်ချ်ဆွဲထားတာရှိတယ်…။ ခင်ဗျားမေးလ် ပြန်ရှာမတွေ့လို့ …။ ခုတော့ ညနက်နေပြီ…။ ဆိုင်ကတောင်ဝမ်နင်ပေးနေလို့ ပြန်ရတော့မယ်..။ ဘိုင့်

Leave a Reply