သန်းရွှေ တရုတ်ပြည်ထွက်မယ်ဆိုတဲ့ သတင်းတွေ ရန်ကုန်မှာ ထွက်ပေါ်နေ

studentMarch 19, 20121min18314

အနောက်တိုင်း သံတမန်သတင်းရပ်ကွက်က လာတဲ့သတင်းအရ ဗိုလ် ချုပ် သန်းရွှေဟာ ပြေးဖို့ ပြင်နေပြီလို့ သိရတယ်။ တရုပ်ပြည်မှာ ဒေါ်လာ တဘီလီယံကျော်တန်တဲ့အိမ်ကို ဝယ်ထားပြီ ဖြစ်တယ်။ ဒီအိမ်မှာ သူမြေးက အခု ကြီးကြပ်နေတယ်လို့ သိရတယ်။

ဒေါ်လာသန်းပေါင်းများစွာကို တရုပ်ဘဏ်တွေကို ပြောင်းရွှေ့ပြီး ဖြစ်တယ်။ တရုပ်ပြည်ကအိမ်ကို ဝယ်ယူတာတွေ ရွှေ့ပြောင်းတာတွေကို ဗခ-တင် အောင်မြင့်ဦး နဲ့ ခင်အောင်မြင့် တို့က ဆောင်ရွက်ပေးခဲ့တာလို့ သိရတယ်။ အခြေအနေမဟန်ရင် ပြေးနိုင်ဖို့ ဆောင်ရွက်နေတာလို့ သိရပါတယ်။

နေပြည်တော်ရှိ သူရဲ့ အိမ်ထဲက အကောင်းစာ ပရိဘောဂတွေကို တရုပ် ပြည်ကို ပြီးခဲ့တဲ့ အပတ်ကတည်းက စတင်ရွှေ့ပြောင်းခဲ့တယ်။ နေပြည် တော်က သူအိမ်ကို မောင့်ပလဲစန့် (Mt. Pleasant ) လို့ သူတို့ စကားဝှက်နဲ့ ခေါ်ကြတယ်။ ဒီအိမ်ဟာ နေပြည်တော်က တောင်ကုန်းတခုပေါ်မှာ တည် ဆောက်ထားတာ ဖြစ်တယ်။ ရောမခေတ် ကျောက်တိုင်ကြီးတွေနဲ့ တည် ဆောက်ခဲ့ပြီး ဥရောပက အကောင်းဆုံး ပရိဘောဂတွေကို တပ်ဆင်အသုံး ပြုခဲ့တဲ့အတွက် အမေရိကန်ဒေါ်လာသန်း ၇ဝ လောက် ကုန်ခဲ့တယ်လို့ သိရတယ်။

စစ်တပ်ထိပ်ပိုင်းထဲမှာလည်း နှစ်အုပ်ကွဲနေတယ်လို့ သတင်းတွေထွက်ပေါ်နေပြီး၊ နအဖ စစ်အုပ်စုတွင်း ဖယိုဖရဲ အကွဲကွဲ အပြားပြားနဲ့ ရှုတ်ထွေးနေတဲ့ အခြေအနေတွေကို ပြည်သူလူထုက စိတ်ဝင်စားမှုမရှိတာ တွေ့ရှိနေရတယ်လို့ ရန်ကုန်မြို့ခံ လူငယ်တဦးက ပြောပြပါတယ်။

မောင်သိန်းနိုင် (နေပြည်တော်)

14 comments

  • အသူရာ

    March 19, 2012 at 9:35 am

    အမြန် ကြွတော်မူပါဖျာ့

  • chel gyi

    March 19, 2012 at 10:19 am

    ထွက်ပြေးလဲ ဝဌ်ကတော့ လိုက်နေမှာဘဲ….

  • ဆူး

    March 19, 2012 at 11:22 am

    သွားတာ မသွားတာတော့ စိတ်မဝင်စားတော့ဘူး
    အခု လက်ရှိ အုပ်ချုပ်နေတဲ့ ယန္တရားကြီးကို တရားမျှတစွာ ကောင်းကောင်းမွန်မွန် လည်ပတ် စေဖို့ပဲ မျှော်လင့်တယ်။
    မြန်မာနိုင်ငံသားတွေ ကြီးပွားတိုးတက် စီးပွားတက် ဖို့ပဲ မျှော်လင့်တယ်။
    ဒုက္ခဆင်းရဲတွင်းထဲကနေ ရုန်းထွက်နိုင်အောင် လုပ်ပေးနိုင်တဲ့ သူတွေ ပေါ်လာပါစေလို့ မျှော်လင့်တယ်။

  • kokothandar

    March 19, 2012 at 11:24 am

    သွားမယ်မထင်ပါ သွားရင် မြစ်ဆုံတုုံးက ယူထားတဲ့ ကော်မရှင်တွေ ပြန်ပြီး လည်ပင်းညှစ်အတောင်းခံရမှာ
    ရွှေကြီး အဲဒီလောက် န.အ. မည်မထင်ပါ။
    စင်ကာပူဘဏ်တွေမှာလဲ သူဘတ်ထားတဲ့ ငွေ ဓါတ်ငွေ့ရောင်းတဲ့ထဲက ခိုးထားတဲ့ငွေတွေရှိနေတော့
    သူသေခါနီး ဆေးကုဖို့ ဆိုရင် စင်ကာပူက ပိုဖြစ်နိူင်ပါတယ် သေတော့မသေပါစေနဲ့အုံးဗျာ။
    လေလေး ဘာလေးဖြတ် တပြည်လုံးကို နှိပ်စက်ခဲ့. ဆင်းရဲတွင်းထဲတွန်းချခဲ့တာ တွေအတွက်
    စိတ်ဝေဒနာသည်ဘဝမျိုးနဲ့ အသက်ရာကျော်ရှည် ပါစေအုံးလို့ နေ့ညမပျက်ဆုတောင်းပေးနေပါရဲ့
    မသေခင် အဝတ်အစားမကပ်ဘဲ လမ်းတကာလျောက်သွားနေတဲ့အရူးကြီးဖြစ်ရင် ပိုကောင်းမယ်
    ထင်ပါရဲ့ ရွှေကြီးရေ အရင်က ယုတ်ပြီးပြီ ဒါလေးတွေလုပ်ပြရင်း အသက်ရှည်ပါစေဗျာ။

  • Mon Kit

    March 19, 2012 at 12:38 pm

    ကုလားကို အဖေတော်ပီး တီလုပ်ကို ပထွေးထပ်တော်ပြန်ပီ…….

  • aunty tun

    March 19, 2012 at 12:43 pm

    ပြေးချင်ရင် ယူထားတဲ့အကြွေးတွေဆပ်ပြီးမှပြေး ။

  • တီတီရေငုံနှုတ်ပိတ်

    March 19, 2012 at 12:46 pm

    ဟဲ့… ဟဲ့… ကျုပ်လဲပြောပါရစေဦး…
    ကျုပ်ဗယာကြော်ဝယ်စားလို့ ထုပ်ပေးလိုက်တဲ့သတင်းစာအပိုင်းလေး ဖြန့်ကြည့်မိတော့
    ကျောက်ဖြူကိုပို့တဲ့ ရေပိုက်လုံးကြီးတွေ့တယ်တော့…
    တရုတ်ရေပိုက်ကြီးတွေက ကောင်းလိုက်တာတော်…

  • ရွာစားကျော်

    March 19, 2012 at 2:18 pm

    စားပီးနားမလည်.. ဝါးပြီးထွက်ပြေး လုပ်လို့ရမလားဟ
    မတရားလုပ်ခဲ့သမျှ ကြောက်လို့ ပြေးတော့မယ်..
    သံပုံးတီး ခြောက်လွှတ်စရာတောင်မလိုတော့ပါလား..

    စကားအတင်းစပ်.. သူများပြောတဲ့နာမည်ကို သဘောကျတယ်လား .. တီတီရေငုံနှုတ်ပိတ် 😛 😆

    • တီတီရေငုံနှုတ်ပိတ်

      March 19, 2012 at 10:09 pm

      ဟုတ်ပါ့တော်….
      တော်တို့ရွာသားတွေ သူကြီးကအစ ဆိုင်းဆရာအဆုံး
      နာမည်ပေးတော်ကြတာ
      ကိုယ်တွေ့ပါတော့ …… 😀

  • kai

    March 19, 2012 at 2:54 pm

    သတင်းမှားဖြစ်ဖို့.. ၉၉ ရာခိုင်နှုန်းလောက်ရှိတယ်… ဆိုပေမဲ့..။

  • cobra

    March 19, 2012 at 3:03 pm

    ဟုတ်လို့လား…
    ဟုတ်ပါ့မလားးးးးးးးးး။

  • swe tuu

    March 19, 2012 at 4:18 pm

    That’s old news and I’ve been read this news before last year.

    • swe tuu

      March 19, 2012 at 4:24 pm

      That’s old news and I’d been read it last year.
      If anybody read it before, please confirm to make sure as old one.

  • Thel Nu Aye

    March 19, 2012 at 11:05 pm

    စကာင်္ပူမှာဆေးကုနေတယ်လို့တော့ ဟိုနေ့က အသိတယောက်ကလှမ်းပြောတယ်။ အခြေအနေမကောင်းဘူးဆိုလား။ ဆေးရုံနံမယ်လဲပြောပါတယ်။ မေ့သွားလို့။

Leave a Reply