သူရမြင့်မောင်သည် ဝန်ကြီးအဆင့်အတန်းများထဲတွင်ဆင်းရဲသူဖြစ်သည်။ နောက်မိန်းမယူထားပြီး အိမ်ထောင်စုနှစ်စုပြဿနာနှင့်ရင်ဆိုင်နေရသူဖြစ်သည်။

studentMarch 19, 20121min30020

အသက် ၇ဝကျော်နေပြီဖြစ်သော သာသနာရေးဝန်ကြီး သူရမြင့်မောင်သည်
ဝန်ကြီးအဆင့်အတန်းများထဲတွင်ဆင်းရဲသူဖြစ်သည်။ နောက်မိန်းမယူထားပြီး
အိမ်ထောင်စုနှစ်စုပြဿနာနှင့်ရင်ဆိုင်နေရသူဖြစ်သည်။
ယင်းသို့နောက်မိန်းမယူရခြင်းမှာ
ဒုဗိုလ်ချုပ်မှူးကြီးမောင်အေးမှပေးစားသဖြင့် မငြင်းသာ၍ယူရသည်ဖြစ်ကြောင်း
၎င်း၏တပည့်အဆင့်မြင့် အရာရှိကြီးများထံမှသိရှိရသည်။
နောက်မိန်းမနှင့်နေထိုင်ရန်အတွက်
နေပြည်တော်တွင် သိန်းထောင်ချီတန်အိမ်သစ်ကြီးတစ်လုံးဆောက်လုပ်လျက်ရှိရာ
အိမ်သစ်အတွက်ငွေကြေးများကို ၎င်း၏ကိုယ်ပိုင်ငွေမှကုန်ကျခံခြင်းမရှိဘဲ
ဘာသာခြား(ကုလားများ)ထံမှအလှူခံကာဆောက်လုပ်နေခြင်းဖြစ်သည်။ ဝ၄-၀၅ခုနှစ်တွင်
အစိုးရဌာနများပိုင်ဆိုင်သော
သက်သာချောင်ချိရေးလုပ်ငန်းများနှင့်ရန်ပုံငွေများကို
နိုင်ငံတော်သို့ပြန်လည်အပ်နှံရမည်ဖြစ်သော်လည်း ဥပဒေများကိုချိုးဖောက်ပြီး
ယင်းရန်ပုံငွေများအား
သာသနာရေးဝန်ကြီးဌာန၏သီးခြားရန်ပုံငွေဟုငွေစာရင်းခေါင်းစဉ်ပြောင်းကာ
မောင်ပိုင်စီး၍ ၎င်း၏ကိုယ်ကျိုးအတွက်
သိန်းထောင်ပေါင်းများစွာသုံးစွဲလျက်ရှိပြီး ယနေ့အချိန်အထိ
ဘဏ္ဍ/အခွန်ဝန်ကြီးဌာနသို့လည်းကောင်း၊ နိုင်ငံတော်သို့လည်းကောင်း
ပြန်လည်အပ်နှံခြင်းမရှိဘဲသေးပါ။ ယင်းသို့နိုင်ငံတော်ဘဏ္ဍာငွေများအား
ကိုယ်ကျိုးသုံးစွဲနေခြင်းကို ၎င်း၏ညီအကို စစ်ဥပဒေချုပ်ဟောင်းကြီး
ဗိုလ်ချုပ်ကြီးစိုးမောင် နှင့်
စစ်ဘက်ဆိုင်ရာခေါင်းဆောင်ကြီးများသိရှိရန် ရေးသားလိုက်ပါသည်။

20 comments

  • ကြောင်ကြီး

    March 19, 2012 at 10:01 am

    သာသနာရေးဝံကျီးဆိုလို့ ဘုရားနဲ့တရားနဲ့များလားလို့.. အခုတော့ မယားနဲ့ကုလားနဲ့ ဒဲ့ 🙁

    • ဆူး

      March 19, 2012 at 11:36 am

      ကြောင်ကြီး ပြောမှပဲ.. ဘဝ ဘဝ သနားစရာ တော်တော် ကောင်းပါလား။

  • နတ်ဆိုးလေး

    March 19, 2012 at 11:36 am

    အော်သူများပေးစားတာနဲ့ မယူချင်ဘဲ ယူရသတဲ့လား။ ထူးဆန်းတာဘဲ အသက်က ငယ်ငယ်လေးတွေ ဆိုတော့ သူငယ်ပြန်ကြတာနေမှာပေါ့။ သူတို့ ရှိပြီးသားတွေ ဘာလို့ပေးစားနေတာလဲ ။ တို့များနဲ့ ပေးစားပါတော့ လားနော်။ ဟင်း။။ ဟင်း။။။ ဟင်း။။။

  • winkyawaung

    March 19, 2012 at 12:28 pm

    သူလဲလေ လောကီသားပေမို့ သာသနာရေးဝံကြီးဆိုသော်လည်း ပုထုဇဉ်သားပေကို။ လူကြီးတော့ လောဘကြီးတတ်ကြတယ်။

  • Lwin Aung

    March 19, 2012 at 12:29 pm

    If it is true, he should Withdraw from Minister Post.

  • myanmarcitizen

    March 19, 2012 at 12:57 pm

    ဒါမျိုးကြ ဒီကောင်က ၂ ခါမငြင်းဘူး 🙂

  • etone

    March 19, 2012 at 2:44 pm

    တပ်ထဲမှာ အဲ့ဒါဆိုးတယ် … ဗိုလ်ကြီးလောက်ဖြစ်လာလျှင်ပဲ .. မိန်းမမရှိလျှင် အတင်းယူခိုင်း ၊ ဟိုလူ့အမျိုးနဲ့စပ် ဒီလူ့အမျိုးနဲ ့စပ်တော့တာပါပဲ … ။ (မယားရှိသူကိုတော့ …ထပ်ယူခိုင်းတာမျိုး .. ရှိလျှင် ရှိမှာပေါ့ .. ဒါပေမယ့် … ကျွန်မသေချာမသိပါဘူး ) … ။
    စစ်တပ်ထဲက ယောကျာ်းကို ယူလိုက်ပြီဆိုလျှင် မိန်းမဖြစ်သူပါ တပ်ကိစ္စလိုက်လုပ်ရပါတယ် … ။ ရဲဘော်မိန်းမတွေက အရာရှိအိမ်မှာ သန့်ရှင်းရေးလုပ်ရတာမျိုးလည်းရှိပြီး … အဝတ်လျှော်ရတာမျိုးလည်း ရှိပါတယ် … တပ်ထဲမှာ ကြက်တွေ ဝက်တွေ မွေးတာမျိုး … သီးနှံပင်နဲ့မှိုတွေစိုက်တာမျိုး ၊ တပ်အားကစားလုပ်တာမျိုး ဖက်ထိပ်လုပ်တာမျိုးတွေမှာလည်း .. မိန်းမတွေပါရတယ် … တပ်ထဲမှာ ယောကျာ်းဖြစ်သူပဲ တာဝန်ထမ်းနေတယ်ဆိုပေမယ့် တပ်ထဲလိုက်နေရတဲ့ … မိန်းမတွေမှာလည်း … ပူးတွဲတာဝန်တွေပါလာပါပြီ… အခုလို သင်္ကြန်နီးပြီဆိုလျှင် သင်္ကြန်ယိမ်းလိုမျိုးတွေလည်း လုပ်ကြသေးတယ် … ။ မိဘအိမ်ကိုလည်း ပြန်ချင်တိုင်းမပြန်ရဘူး .. တပ်ကခေါ်ခိုင်းလျှင် … မရှိတဲ့အခါ ငြိငြင်ခံရတတ်တယ်လေ … ။
    အပေါ်က ကတော်ကို ဖားရ …. အောက်ကလူတွေကို ခိုင်းရနဲ့ .. ပြောရလျှင် … အနေကြပ်တဲ့နေရာမျိုးပါပဲ

    • Thel Nu Aye

      March 19, 2012 at 11:18 pm

      မိန်းမတွေလဲမိဘအိမ်ပြန်ရင်ခွင့်တင်ရသေးတာ။ အများဆုံး ၃ လပဲပေးတယ်။ ဒါတောင်အခုချက်ချင်းပြန်ခဲ့ဆို အကြောင်းပြချက်မရှိပြန်ရတာ။ မလွယ်ပါဘူး။

      • phone_kyaw

        March 20, 2012 at 5:41 am

        ကျနော်တော့မထင်ပါ။ သဲနု နှင့် အိတုံတို ့၏ လင်တော်မောင်များသည် စစ်သားများမဟုတ်သောကြောင့် ကျနော်မယုံပါ။

        • ကြောင်လေး

          March 20, 2012 at 8:59 am

          ကဖုန်းကျော် အိတုန်ကိုတော်တော်ချစ်တယ်ထင်တယ်၊
          နောက်ကလိုက်ပြီးစနေတယ်။

        • Thel Nu Aye

          March 20, 2012 at 9:21 pm

          ကိုဖုန်းကျော်ရေ။ ရှင်ကရှင့်ပိုစ့်တွေမှာ ကျွန်မတို့ကို ရန်စလို့မရလို့ သူများပိုစ့်အထိ ဝင်ပြီးရန်စနေ တယ်ပေါ့လေ။ ကျွန်မ အကြံတခုပေးလိုက်မယ်။ မယုံဘူးမဟုတ်လား။ ဟုတ်မဟုတ်သိရအောင် ကျွန်မတို့လဲပိုသေချာသိသွားရအောင် ရှင်စစ်သားတစ်ယောက်လောက် ယူကြည့်လိုက်ပါလား။ အဲဒါဆို အားလုံးအတိအကျသိသွားရ တာပေါ့။ ကျွန်မတို့ကတော့သိလဲသိတယ်။ ယုံလဲယုံတာမို့ စမ်းမကြည့်တော့ပါဘူး။ မယုံတဲ့ရှင်ပဲ ခဏပြန်လာပြီးစမ်းကြည့်ပေါ့။

  • ပေစိ

    March 19, 2012 at 10:50 pm

    တောက် တပ်ထဲမဝင်ခဲ့မိတာမှားတာပဲ နမို့ဆို ဝါ့လည်း နောက်ထပ်ရနေပြီ

    • Thel Nu Aye

      March 19, 2012 at 11:16 pm

      လွန်လေပြီးသောတပ်ချုပ်ကြီးလို အပိုဆု ၅ ဆုပါတဲ့ဟာဆိုဘယ့်နှယ်လုပ်မတုန်း မောင်ပေစိရဲ့။

  • san di

    March 20, 2012 at 7:57 am

    ဟိုးအရင်ကအောက်အငယ်ပိုင်းတွေကြတော့ တပ်မှာမိန်းမကလည်းတာဝန်ရှိတယ်ဆိုပြီး တပ်စည်းကမ်းနဲ့နေခဲ့တဲ့ တစ်မိသားစုလုံးတပ်ထဲမှာပဲဘဝကိုပေးဆပ်ခဲ့တဲ့ မိသားစုမျက်နှာကို မထောက် စားဝတ်နေရေးအတွက် မစာနာတော့ ဘဲ ဒီလိုဖြစ်ရင် တာဝန်ထမ်းဆောင်ရန်မသင့်လျော်ပါသဖြင့်ဆိုပြီး အလုပ်မှထုတ်ပယ်ခဲ့ကြတယ်။နိုင်ငံတော် လစာစားတဲ့သူတိုင်းဝန်ထမ်းပါ။ မျှတတဲ့တရားစီရင်မှုရှိရင်ကျေနပ်ပါပြီ။

  • etone

    March 20, 2012 at 11:03 am

    ကိုဘုန်းကျော် … လူဆိုလျှင် စကားကို ဆင်ခြင်ပြော .. လူပီပီသသပြော …. ။
    ရှင်ပြောတဲ့ လင်တော်မောင် အခုမရှိသေးဘူး … ကျွန်မက အခုထိ single အပျိုကြီး ပဲ ။ သေချာမှတ်ထား … မမှတ်မိလျှင် စာရွက်နဲ့ ဘောပင်လ်နဲ့ရေးမှတ်ထား ။ ဒါမှ မေ့တတ်လျှင် နှဖူးမှာ စာရေးပြီးမှတ်ထား ။

    လင်တော်မောင် စစ်သားဖြစ်မှ စစ်တပ်အကြောင်း သိရမှာလား … အမျိုးတွေထဲ ပတ်သတ်သူရှိတာနဲ့ သိနိုင်တဲ့ ကိစ္စကို … ရှည်ရှည်ဝေးဝေးတွေသိပ်တွေးမနေနဲ့ … ။ သေချာ ဂဃနဏတွေ သိချင်လျှင် ရှင့်ညီမဖြစ်ဖြစ် ၊ အစ်မဖြစ်ဖြစ်ကို ချက်ချင်း လက်ငင်း စစ်သားနဲ့ ပေးစားလိုက် …. ။ သူတို့ပြောပြလိမ့်မယ်။ 👿

    ဪမေ့လို့ … မေ့လို့ … ရှင့်အမေကိုမေးလည်း သိနိုင်တာပဲ … သူလည်း စစ်သားယူထားခဲ့ဖူးတာပဲ … ။ 😡

    • အသူရာ

      March 20, 2012 at 9:30 pm

      ဟယ် ….. (ဝမ်းသာအားရဖြစ်သံ) အီးတုံးလေးက အာပျိုဂျီးတဲ့ ။ :mrgreen:

      • ခပ် KING ကင်း

        March 20, 2012 at 10:07 pm

        အပျိုဂျိးဆိုပြီး
        အပိုကြီးလို့ မထင်နဲ့
        အစ်ကိုကြီးက ဝါရင်းတုတ်နဲ့တွယ်လိမ့်မယ် … 😆

      • Mလုလင်

        March 21, 2012 at 2:10 am

        အင်း … အသူရာ တစ်ယောက် တော့ ဆေးထိုးအပ် မကြောက်၊ ခွဲစိတ်ဓါးမကြောက် ပါလားနော့ …

  • နေဝန်းနီ

    March 20, 2012 at 11:07 pm

    ဆင်းရဲလို့သာပဲ….။ ဟင်းမပြောလိုက်ချင်ဘူး……………

  • MTY

    March 21, 2012 at 10:16 am

    ဘယ်နိုင်ငံမှစစ်တပ်မရှိရင်ကောင်းမယ်။စစ်တပ်မရှိတဲ့နိုင်ငံရှိတယ်။
    ဥရောပမှာ….????
    စစ်တပ်မရှိအောင်ကြိုးစားကြ။

Leave a Reply