ရွေးကောက်ပွဲအပြီး ဒေါ်စုရဲ ့တာဝန်

phone_kyawMarch 19, 20121min21616

၂ဝ၁၄-မှာ အာဆီယံဥက္ကဌရာထူးအတွက် မြန်မာနိုင်ငံက ယူပါလိမ့်မယ်။ ဒီနေရာမှာ ပြောစရာရှိတာက မြန်မာနိုင်ငံက ဘယ်သူက တာဝန်ယူမှာလဲဆိုတဲ့ ကိစ္စဖြစ်နေပါတယ်။ ဦးသိန်းစိန်လား၊ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏမောင်လွင်လား။ သူတို ့နှစ်ဦးစလုံးအနေနဲ ့လည်း ဒီရာထူးနဲ ့မကိုက်ညီပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ သူတို ့မှာ လုပ်ငန်းဆောင်တာ ကိစ္စများတာအပြင် အခြားတာဝန်တွေလည်း ရှိနေသေးတယ်။ နောက်ပြီး အရည်အချင်းကစကားပြောပါတယ်။ ဘိုလိုကောင်းကောင်းမွန်မွန်လည်လည်ပတ်ပတ်ပြောနိုင်ရပါ့မယ်။ နိုင်ငံတကာက လေးစားရတဲ့လူဆိုရင် မြန်မာနိုင်ငံအတွက်လည်း သိက္ခာတက်နိုင်သလို အာဆီယံအတွက်လည်း မျက်နှာပန်းလှစေပါတယ်။ နှစ်ဦးနှစ်ဖတ်အကျိူးရှိစေမဲ့လူကို အာဆီယံကလည်း လိုလားနေပါတယ်။ နောက်ဆုံးကျနော့်သုံးသပ်ချက်ကတော့ ဒေါ်အောင်ဆန်းစုကြည်က ဒေါက်တာဆူဝန်ပစ်ဆူဝန်နေရာမှာ တာဝန်ယူပါလိမ့်မယ်။ မြန်မာပြည်ရဲ  ့နိုင်ငံခြားရေးဝန်ကြီးအသစ် သို ့မဟုတ် အာဆီယံရဲ  ့ဥက္ကဌအဖြစ် ဒေါ်အောင်ဆန်းစုကြည်တာဝန်ယူလိမ့်လို ့ကျနော်ယုံကြည်နေတယ်။ ဒါ့ကြောင့် ပြီးခဲ့တဲ့အပတ်က ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံခြားကို မကြာခင်ခရီးသွားရလိမ့်မယ်လို ့ပြောနေတာဖြစ်ပါတယ်။ ဒါကျနော့်သုံးသပ်ချက်ပါ။ ကျနော်တော့ ရင်ခုန်စွာနဲ ့စောင့်မျှော်နေပါတယ်ဗျာ။

16 comments

  • အသူရာ

    March 19, 2012 at 12:17 pm

    လက်ဆယ်ချောင်းလုံး ထောင်သွားပါတယ်။ ဂွတ်ထ ဂွတ်ထ

  • awra-cho

    March 19, 2012 at 12:57 pm

    ဖွတာလား၊ ဖြစ်ရင်တော့ သားရွှေအိုးထမ်းလာတာ မြင်ရသလိုပေါ့။ စောင့်ကြည့်နေပါမယ်။

  • နတ်ဆိုးလေး

    March 19, 2012 at 1:04 pm

    ထောက်ခံတယ်ဗျို့ ။ နိုင်ငံတကာမှာ ရခဲတဲ့ နိုဘယ်လ်ဆု ကိုရထားတဲ့သူ ဆိုတော့ အားလုံးက လေးစားပြီးသားပါ ။ ကပ္ပလီတွေကတော့ ကပ်ပီး ပလီရုံ တတ်မှာပါဗျာ။

  • Patriot

    March 19, 2012 at 1:05 pm

    ဟုတ်ပါတယ်! ကျွန်တော်လဲ ဒေါ်အောင်ဆန်းစုကြည် ကိုနိုင်ငံခြားရေး ဝန်ကြီးအဖြစ် အရမ်းတွေ့ခြင်ပါတယ်။ သဂျီးတို့ တိုင်းပြည်ကလို ဆိုရင် Secretary of State ပေါ့။ ဘယ်လောက်များ ကျွန်တော်တို့တိုင်းပြည် နိုင်ငံတကာ မှာမျက်နှာကောင်း ပွင့်လိုက်မလဲ။

  • Patriot

    March 19, 2012 at 1:21 pm

    အဲဒီလို တာတကယ် ဖြစ်ခဲ့မယ်ဆိုရင် အခုအစိုးရအတွက် ကော် ဒီမိုကရေစီ အတိုက်အခံတွေ အတွက်ပါ Win-Win Situation ပဲ။ ငြိမ်းချမ်းရေ နိုဗယ်ဆုရှင် ကို နိုင်ငံခြားရေးဝန်ကြီး ခန့်လို့လေ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 19, 2012 at 2:47 pm

    ချစ်သွားပြန်ပြီ မောင်ဘုန်းကျော်ကြီးကို အဟုတ်
    တကယ်လို့ ဒီအဒေါ်ကြီးပြည်ခရီးထွက်ဖြစ်တာကလည်း ထူးခြားတဲ့အကြောင်းရာတစ်ခုလို့
    ဆိုရမလားဘဲနော သမိုင်းတစ်ခုဖြစ်တန်ကောင်းပါရဲ့
    ကြံကြံဖန်တွေးပြောရရင်တော့ ( သဂျီးမင်းရဲ့ အလိုတော်အတိုင်းလေ )
    ပြန်အဝင်တံခါးပိတ်ထားရင်တော့ 😀 😀 😀

    • မိုက်ကယ်ဂျော်နီအောင်ပု

      March 19, 2012 at 2:49 pm

      ပြည်ပခရီးလို့ပြောတာ
      ပြည်ခရီး ဖြစ်သွားဒယ်ဗျို့

  • Reign

    March 19, 2012 at 3:25 pm

    The potential of assigning Daw Su as ASEAN General Secretary is not so bad but it is like using a nuclear bomb for the mission that can be fulfilled by an ordinary twelve powder gun.Myanmar has a lot to utilize the leadership of such a person and I cannot agree to waste her brilliant leadership in such a position. In my opinion she has a lot more to serve our country as a capable opposition leader who would influence, check and balance the majority USDP MP’s cruel actions until 2015 elections when she and NLD would be elected government.If she assumes any government position after April election, say a minsiter post, that will limit her political maneuverability.USDP government would be more than happy to offer her some ministerial post such as education, etc to silence her. But it is Daw Su , daughter of Aung San and who knows how she will manage things even in a USDP dominated parliament. One thing is sure, like her father, she will never betray the country and people ofmyanmar.

  • kyeemite

    March 19, 2012 at 3:37 pm

    ကျုပ်လည်းအဲဒီရာထူးသဘောကျသဗျို့
    ဒေါ်စုနဲ့အလိုက်ဘက်ဆုံး ရာထူးပါဘဲ…
    သူတို့ဘက်ကပေးနိုင်မပေးနိုင်သာ မသိတာ..
    ပေးမယ်ဆိုရင်တော့ အားလုံးအတွက်ကောင်းမှာ
    အသေအချာပါဗျာ..

  • Reign

    March 19, 2012 at 4:32 pm

    Daw Su is the most brilliant leader of our era and even most foreign people I have met agree that most people in the world countries like Daw Su to be their president or prime minister( whatever ..) and the only position she should assumes in myanmar government is the post of president of myanmar to ensure that her capacities are utilized to its full extent.Though there is no doubt that she could serve as minister for any(every ministry. even defense as the duty of minister is not technical but to make strategic decision and have vision) department but to do so would like wasting her time as myanmar desperately needs her leadership in this transition.

  • htoosan

    March 19, 2012 at 5:55 pm

    ဆြာကြီး .. Dr Surin Pitsuwan က ယိုးဒယား သား ။ Secretary-General of ASEAN အနေနဲ့ 2008-2012 အထိ အရွေးခံထားရတာပါ ။ အခု အာဆီယံ ဥက္ကဌက အင်ဒိုနီးရှားက ဘရူနိုင်းနဲ့လဲထားပြီး ၂၀၁၂ ဒီနှစ်မှာ ကမော္ဘဒီးယားက တာဝန်ယူမှာပါ ။
    ဆိုတော့ နိုင်ငံ အာဆီယံ ဥက္ကဌ ဖြစ်တာနဲ့ asean secretary-general နဲ့ မဆိုင်ဘူးထင်ပါသည်။
    ကျွန်တော်တို့လည်း ဒေါ်အောင်ဆန်းစုကြည်ကို asean secretary အနေနဲ့ မပေးနိုင် သေး ပါဘူး ထင်ပါသည်။

  • Khin Latt

    March 19, 2012 at 6:34 pm

    ကမ္ဘာ့နိုင်ငံကြီး တော်တော်များများ က လဲ ဒေါ်အောင်ဆန်းစုကြည် ကို အဲဒီ လို ဖြစ်စေချင်မယ် ထင်တာပါဘဲ။
    ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး လာတော့ အင်တာဗျူး မှာတောင် နိုင်ငံခြားရေး ဝန်ကြီး နေရာ အတွက် မေးသွားခဲ့တယ်လို့ မှတ်မိနေပါတယ်။
    အဲဒီ ရာထူး ကလဲ တိုင်းပြည် အတွက် အလွန်အရေးကြီးပါတယ်။
    အတွေးလေး က ကောင်းပါတယ် ကိုဘုန်းကျော်ရေ။
    ကျွန်မတို့ အကောင်းဆုံး အတွက် ဆုတောင်းကြတာပေါ့။ 🙂

  • Burmese or Chinese

    March 20, 2012 at 7:10 am

    ထောက်ခံတယ်ပါ..ဗျို့…….

  • mm co

    March 20, 2012 at 9:03 am

    ကျမလည်းအဲလိုတွေးဖူးပါတယ်။ အိုဘားမား ကြီး သမ္မတ ဖြစ်လာပြီး သူ့ရဲ့ပြိုင် ဘက် ဒေါ်ကလင်တန်ကနိုင်ငံခြားရေးဝန်ကြီး ဖြစ်တော့ ငါတို့နိုင်ငံမှာလည်း နိုင်ငံတကာက လေးစားတဲ့ဘာသာစကား ကျွမ်းကျင်တဲ့ အန်တီစု ကို နိုင်ငံခြားရေးဝန်ကြီး ခန့်ရမှာလို့ပြောမိတယ်။ အဲတုန်းက အန်တီစု အကြောင်းလွတ်လွတ်လပ်လပ်ပြောခွင့်မရှိသေးတဲ့ အချိန် ဝန်ထမ်း ကျမကရုံးမှာပြောမိတာဆိုတော့လုပ်ဖေါ်ကိုင်ဖက် တွေက ကျမကိုမျက်လုံးကြီး ပြူးပြီးပြန်ကြည့်ကြတယ်။

  • ba gyi

    March 20, 2012 at 9:35 am

    ကျုပ်ကတော့ ဒေါ်စုကို ပြည်သူကြားမှာပဲ နေ၊သူသွားလာနိုင်တုန်း၊သန်မာတုန်းမှာ ဒီမိုကျင့်စဉ်တွေနဲ့အညီ
    တို့ပြည်သူတွေကို လက်တွေ့လိုက်နာနေထိုင်လာအောင် စီးရုံး၊ဟောပြော၊အဖွဲ့ချုပ်နဲ့ တိုင်းပြည် ချစ်တဲ့ လူငယ်၊လူကြီး၊ဘုန်းကြီးမကျန် အားလုံးပူးပေါင်းစံပြနမူနာ ကျင့်စဉ်ဆိုတာ ကိုလိုက်နာနေထိုင်ရင်း ၊ပြည်သူ ကိုတွဲခေါ်၊ပွဲတော်အကြီုဒီမိုကရေစီခေတ်—-၊ အဲသည်တံခါးကိုဖွင့်ဘို့ ပိုအရေးကြီးတယ်ထင်ပါ့။
    နိုင်ငံအတွက် ကွန်စတီကျူးရှင်း ယွန်းယွင်းနေတာလေးတွေလည်းမြန်မြန်ပြင်ဘို့အရေး အလေးပေးရအုန်း မယ် မဟုတ်လား၊အဲသည်အခါ ပြည်မနာဘို့ ပါးနပ်ကြွမ်းကျင်၊ ခြေလှမ်းပြင်ရအုန်းမှာ။
    နိုင်ငံတစ်ကာအရေးစေ့စေ့တွေးလည်း ကျုပ်တို့ဒေါ်စု မဏ္ဏိုုင်ပြုရမှာမလွဲသေချာအမှန်ပါပဲ၊ မဏ္ဏိုင်အားလုံး
    စုစည်းရုံးသော် လူငယ်ကျေင်းသား ပါတီများနဲ့ ချောင်းကမ်းမချားဝန်းရံသွားကြဘို့လည်း အရေးကြီး လှပါ သဗျား။
    ပါတီဆိုတာအမျိုးသားရေးနိုင်ငံအရေးလို့ တွဲလို့ရှုမြင်၊ အားလုံးကိုအဖွဲ့ချုပ်ကြီးနဲ့ပူးပေါင်းစေချင်တယ်။ ကျရာနေရာ၊ကျရာအရပ်မှ ကျုပ်တို့စခဲ့ကြတဲ့ ဟောသည် ဇတ်ကို အောင်မြင်ပြီးမြောက် လူ လားမြောက် လျှက်၊ ခရီးအဆုံးတစ်ပြည်လုံးပြုံးအောင်ဒေါ်စုဝန်တာ လို့ပဲမတွေးကြစေချင်ပါဗျား။

  • ကိုတတ်ပ

    March 21, 2012 at 5:12 am

    ပြည်သူအားလုံး၏ တာဝန်သာလျှင်ဖြစ်ပါသည် ဘကြီး ။
    အမေစု က ဦးဆောင် လမ်းပြ လုပ်ပေးရပါမည်။

Leave a Reply