အချစ်ဆိုတာ .................

အချစ်ဆိုတာ
လူတကာ ကောက်စားလို့ရတဲ့
သစ်သီးတစ်လုံး ဖြစ်ပေမယ့်
အခန့်မသင့်ရင် အဆိပ်မိတတ်တယ် …

အချစ်ဆိုတာ
နှလုံးသားရဲ့ အာဟာရဖြစ်ပေမယ့်
မျှတရုံထက် ပိုရင်လည်း
လူကို အရူးတစ်ယောက်လို ဖြစ်စေတယ် …

အချစ်ဆိုတာ
ကြည်နူး နှစ်သက်စရာဖြစ်ပေမယ့်
စိုက်ပျိုးသူကို
အပူတွေလည်း ပေးတတ်တယ် …

အချစ်ဆိုတာ
တံတိုင်းကြီးတွေ
ကာဆီးထားလို့ မရပေမယ့်
စိတ်သွားတိုင်း
ကိုယ်မပါနိုင်တဲ့အခါ
ရင်မှာ ဝေဒနာတွေသာ ဖြစ်စေတယ် …

အချစ်ဆိုတာ
လွှင့်ပစ်ဖို့ ခက်ခဲတဲ့အရာ ဖြစ်ပေမယ့်
တယုတယနဲ့ သိမ်းဆည်းပြန်ရင်လည်း
အနိုင်ယူတတ်တယ် …

အချစ်ဆိုတာ
မွေးရာပါ ရင်တွင်းတရား ဖြစ်ပေမယ့်
တစ်ခါတစ်လေမှာ
သူ မပါဘဲနဲ့
အသက်ရှင် နေထိုင်သင့်ပါတယ် …. ။

 

ကျနော် ခံစားမိတဲ့၊ အချစ်အပေါ်မှာ ထားတဲ့ ထင်မြင်ချက်လေးတွေကို

ကဗျာ ဝါသနာရှင် တစ်ယောက်ပီပီ ကဗျာဆန်ဆန် ရေးဖွဲ့ထားတာလေးတွေပါ …။

ဖတ်ရှု၊ အားပေးတော် မူကြပါဦးလို့ …….။

 

ခင်မင်စွာဖြင့်

မောင်ရွာ

About မဟာရာဇာ အံစာတုံး

has written 306 post in this Website..

အချို့သော အရာတွေဟာ "ပြောင်" ပြီးရင် ပြန်ကောင်းဖို့ မလွယ်ဘူး။ အချို့အရာတွေ ကျတော့ တစ်မျိုး။ "ပြောင်" ပြီးရင် ပိုပို ကောင်းလာတတ်တဲ့ အမျိုး။ နှုတ်ခမ်းမွေး ပြောင်အောင်လို့ ရိတ်တယ်။ ရိတ်လေ .. သန်လေပဲ။ ထိပ်ပြောင်လို့ ဆံပင် သန်အောင် လုပ်တယ်။ မလွယ်ပြန်ဘူး။ ဒီသဘော .. ဒီသဘော။