အချစ်ဆိုတာ …

အချစ်ဆိုတာ .................

အချစ်ဆိုတာ
လူတကာ ကောက်စားလို့ရတဲ့
သစ်သီးတစ်လုံး ဖြစ်ပေမယ့်
အခန့်မသင့်ရင် အဆိပ်မိတတ်တယ် …

အချစ်ဆိုတာ
နှလုံးသားရဲ့ အာဟာရဖြစ်ပေမယ့်
မျှတရုံထက် ပိုရင်လည်း
လူကို အရူးတစ်ယောက်လို ဖြစ်စေတယ် …

အချစ်ဆိုတာ
ကြည်နူး နှစ်သက်စရာဖြစ်ပေမယ့်
စိုက်ပျိုးသူကို
အပူတွေလည်း ပေးတတ်တယ် …

အချစ်ဆိုတာ
တံတိုင်းကြီးတွေ
ကာဆီးထားလို့ မရပေမယ့်
စိတ်သွားတိုင်း
ကိုယ်မပါနိုင်တဲ့အခါ
ရင်မှာ ဝေဒနာတွေသာ ဖြစ်စေတယ် …

အချစ်ဆိုတာ
လွှင့်ပစ်ဖို့ ခက်ခဲတဲ့အရာ ဖြစ်ပေမယ့်
တယုတယနဲ့ သိမ်းဆည်းပြန်ရင်လည်း
အနိုင်ယူတတ်တယ် …

အချစ်ဆိုတာ
မွေးရာပါ ရင်တွင်းတရား ဖြစ်ပေမယ့်
တစ်ခါတစ်လေမှာ
သူ မပါဘဲနဲ့
အသက်ရှင် နေထိုင်သင့်ပါတယ် …. ။

 

ကျနော် ခံစားမိတဲ့၊ အချစ်အပေါ်မှာ ထားတဲ့ ထင်မြင်ချက်လေးတွေကို

ကဗျာ ဝါသနာရှင် တစ်ယောက်ပီပီ ကဗျာဆန်ဆန် ရေးဖွဲ့ထားတာလေးတွေပါ …။

ဖတ်ရှု၊ အားပေးတော် မူကြပါဦးလို့ …….။

 

ခင်မင်စွာဖြင့်

မောင်ရွာ

28 comments

  • အသူရာ

    March 19, 2012 at 12:32 pm

    အချစ်ဆိုတာ သုံးတတ်ရင်အရမ်းကောင်းမွန်ပြီးတော့
    မသုံးတတ်ရင် ဘေးထွက်ဆိုးကျိုး အမတန်များတယ်လို့ထင်ပါကြောင်း………….
    အားပေးသွားပါတယ် အံချာဒုံးရေ့ 🙂

    • အသူရာ ပြောသလိုဆို …
      ” အချစ်ဟာ မီး … လား … ” ပေါ့နော် … 😀
      လာရောက် အားပေးတဲ့အတွက် ကျေးကျေးပါလို့ ….

  • inz@ghi

    March 19, 2012 at 12:49 pm

    ဘာဒွေလဲ…
    သများ မသိဝူး…
    သများသိတာ ..အချစ်ဆိုတာ ..သင်္ချာဝင့်ကြော်…
    ဒါဗျဲ…

    ဒက်ဂလောက်..ဒက်ဂလောက်..

  • နတ်ဆိုးလေး

    March 19, 2012 at 12:52 pm

    အချစ်က ချိုလား ခါးလား မတိလို့နော် တိုတို အံစာ ဖြေပေးပါအုံးနော်

    • အမငီး …
      ကိုဂီ ကတော့ ဘာတွေလည်း သိဘူး ကြောသေး ..
      သချင်္ာဝင့်ကြော် ကိုတော့ ..
      ပါးစပ်ဖျားက ခါချ မရပါတော့လား … 😀
      _________________________

      ကိုနတ်ဆိုးလေး …
      ကျနော့်ကို ရွှဲ့တာတော့ ဟုတ်လောက်ပါဘူးနော် … 🙄
      ကျနော်က ကျနော် သိထားတာတွေကို မသိတဲ့ သူတွေကို ပြန်လည် ဝေမျှတဲ့ အဆင့်ပါ …
      Share ဆိုတဲ့ စကား အတိုင်းပေါ့ဗျာ …
      ဆရာကြီး လုပ်ချင်လို့ လိုက်လံ ဖြေပေးနေတာ မဟုတ်ပါဘူးဗျာ …
      မသိသေးသူတွေ မပင်ပန်းဘဲ သိစေချင်တဲ့ စေတနာ ကြောင့်ပါလို့ ………

  • Mon Kit

    March 19, 2012 at 12:57 pm

    အချစ်ဆိုတာ
    လွှင့်ပစ်ဖို့ ခက်ခဲတဲ့အရာ ဖြစ်ပေမယ့်
    တယုတယနဲ့ သိမ်းဆည်းပြန်ရင်လည်း
    အနိုင်ယူတတ်တယ် … 🙁

    အချစ်ဆိုတာ
    မွေးရာပါ ရင်တွင်းတရား ဖြစ်ပေမယ့်
    တစ်ခါတစ်လေမှာ
    သူ မပါဘဲနဲ့
    အသက်ရှင် နေထိုင်သင့်ပါတယ် …. ။ 🙂

    တိုက်ဆိုင်မှုတွေနှင့် ခံစားအားပေးသွားပါ၏။

  • အသူရာ

    March 19, 2012 at 12:57 pm

    ဟုတ်တယ် ဟုတ်တယ်
    အဆင်ပြေတုန်းကတော့ မိုးမမြင်လေမမြင် ဖြစ်ပြီး၊ပြတ်လည်းသွားရော တစ်ယောက်မျက်နှာတစ်ယောက်မမြင်ချင်အောင်မုန်းတာတို့၊
    ဟတ်ကွဲလို့ ရှပ်ဖြဲတာတို့၊ စော်တစ်ဗွေအတွက် ဘဲနှစ်ပွေ ဖိုက်တင်ပလေးတာတို့ ဆိုတာတွေက အချစ်ရဲ့ဘေးထွက်ဆိုးကျိုးတွေလေ။ ဒို့ဒွေက နှလုံးသားနုနယ်တဲ့ ယောကျာ်းသားတွေဆိုတော့ ထိခိုက်ခံစားလွယ်တာပေါ့နော . ဟိုသီချင်းထဲကလိုပေါ့ (လူကိုယူပါ အသည်းတော့ ချမ်းသာပေးးးပါ):mrgreen:

    • အသူရာ က နုလိုက်ဒါနော် … 😀
      လူတော့ ယူပါဘူး၊ ဘာလုပ်ဖို့လဲ …
      အသည်းယူတာကမှ မြည်းစားလို့ ရဦးမယ် .. နော့ …
      နောက်ထှာ … 😀

  • အသူရာ

    March 19, 2012 at 12:59 pm

    အပေါ်မှာပုံမပေါ်လို့ :mrgreen: :mrgreen: :mrgreen: :mrgreen:

  • Shwe Tike Soe

    March 19, 2012 at 1:03 pm

    အချစ်ဆိုတာ မချစ်မိရင် ပြသနာမရှိပေမယ့်
    ချစ်မိပြီဆိုရင်တော့ နားရွက်ပြတ်မတတ်ပါပဲ… ခွိခွိခွိ

    • အဲ … ဒါချို …
      ချွေတိုက်ချိုးဂျီးရဲ့ နားပြတ် .. အဲ .. နားရွက်လည်း
      ပြတ်လုမတတ်ပေါ့ … နော် းးးးးးးးးးး
      😀

    • နွယ်ပင်

      March 19, 2012 at 1:52 pm

      ရွှေတိုက်တို့က ကိုယ့်တွေ့တွေ ပြောနေတာ မှန်လောက်တယ် …. 😀

  • နတ်ဆိုးလေး

    March 19, 2012 at 1:31 pm

    တားတားကတော့ အချစ်က ချစ်ရင် ချိုတယ် မချစ်တော့ရင်ခါးတယ် ဒါဗြဲ။။။ တိုအံစာ ရော ဘယ်လိုလဲ ကောင်းပါဘူဗျာ တကယ်ချစ်တတ်ရင် အရမ်းစိတ်ဆင်းရဲတယ်ဗျ

  • thetnaingoo myanaung

    March 19, 2012 at 3:11 pm

    အချစ်ဆိုတာ အရှုံးပေးခြင်းတဲ့…ဗျ…တကယ်ပြောတာ….တယောက်ယောက်ကို ချစ်နေပြီဆိုရင် သူ့အလို သူ့အကြိုက်ကို လိုက်လုပ်ပေးနေရတော့တာဘဲ…….စိတ်ကုန်တယ်ဗျာ။။။။။။။။။။။

  • kyeemite

    March 19, 2012 at 3:25 pm

    အော်.မိအံဇာ..မိအံဇာ..
    နင်တောင်ချစ်တတ်လာပီကိုး..
    ကောင်မ သတိထားနော်..
    လင်စံရွေး လင်ခွေးနဲ့ညားတတ်သတဲ့..
    ဒီရွာထဲကလူဗျိုဒွေတော့ ရှောင်ဟေ့..
    ငါကလွဲ သိပ်ကောင်းကြတာဟုတ်ဖူး..ဟိ..
    ————————————–
    ကဗျာလေးက လှသားဘဲ..ဂလိုတွေလည်းရေးတတ်သကိုး..
    အားပေးသွားပါဂျောင်း..

  • chel gyi

    March 19, 2012 at 3:48 pm

    [အချစ်ဆိုတာ
    မွေးရာပါ ရင်တွင်းတရား ဖြစ်ပေမယ့်
    တစ်ခါတစ်လေမှာ
    သူ မပါဘဲနဲ့
    အသက်ရှင် နေထိုင်သင့်ပါတယ် …. ။]
    အမြင်တူလို့……..အားပေးပါတယ်….

  • pooch

    March 19, 2012 at 4:45 pm

    “Love is the thing
    with feathers
    that perches in the soul
    and sings the tune
    without the words,
    and never stops at all……. ” ( new version of Emily Dickinson) :mrgreen:

    by the way, i’d already read this poem on facebook.( my friend’s home page ) he shared via someone else. the date is 8 th January 2012.
    but the poet is သက္ကရာဇ်. now it’s မောင်ရွာ.
    maybe he made a wrong poet name.

    so , သက္ကရာဇ်=မောင်ရွာ
    ိisn’t it ? 😀

  • blackchaw

    March 19, 2012 at 5:01 pm

    ညီလေးရေ။
    အချစ်ဆိုတာ
    ကိုယ့်အတွက်တော့
    အိမ်ကမိန်းမပါပဲဗျာ…။
    😀

    • စိန်ပေါက်ပေါက်

      March 20, 2012 at 1:43 pm

      မနေ ့ကပြောတော့ လှည်းတန်းက အငယ်လေးဆိုဗျ

  • Thu Thu

    March 19, 2012 at 5:14 pm

    အချစ်ဆိုတာ
    လောကကြီးကိုသာယာစေတဲ့
    အကြောင်းတစ်ခုဆိုလည်း မမှားပါဘူး
    ဘာလို့လဲဆိုတော့ အချစ်ဟာအပြစ်ကိုပျောက်ကွယ်စေလိုု့ပေါ့။

  • ခပ် KING ကင်း

    March 19, 2012 at 9:02 pm

    အချစ်ဆိုတာ
    ပြန်တောင်းလို့လည်း ရကောင်းသောအရာ မဟုတ်ပါလားးးးးးးးး

  • surmi

    March 19, 2012 at 10:55 pm

    သေချာတယ် ၁၀၀% ပဲ
    အချစ်ဆိုတာ ဟင်းစား မဟုတ်ဘူး ။
    (ပြုတ် စားမရ ၊ ချက်စားမရတာကို ပြောတာ )

  • water-melon

    March 20, 2012 at 8:44 am

    သူများတွေများ အချစ်တွေဘာတွေနဲ့
    နာတို့များကြတော့လဲ
    အလကားပေးတောင် မယူလိုု့ စိတ်ညစ်ရပါတယ် ချင့်

  • jujuma

    March 20, 2012 at 11:27 am

    အချစ်ဆိုတာ ..
    ဘဝတစ်ခု ရှင်သန်ဖို့ အားဆေးတစ်ခွက်ဖြစ်တတ်သလို…
    တစ်ခါတစ်လေမှာ တစ်ဘဝလုံး သေသွားနိုင်တဲ့ ….
    အဆိပ်တစ်ခုလည်းဖြစ်တယ် ….

    အချစ်ဆိုတာ ..
    ပဒိုင်းသီးလို အပွင့်ကို ရှုလိုက်ရင် မူးသွားစေပြီး …
    လက်နဲ့ ဆုတ်လိုက်တဲ့အခါ ဆူးသွားသလို ..
    စားလိုက်တဲ့အခါ ရူးသွားတတ်တယ် …
    တစ်ခါတစ်လေ အသုံးတည့်ရင်တော့ ဆေးဖက်ဝင်ပါတယ် ….

    အချစ်ဆိုတာ ..
    တဒင်္ဂရှုရှိက်လိုက်ရင် သင်းပျံ့ တဲ့ ရနံ့ ရှိသလိုနဲ့ …
    ကြာလာတဲ့အခါ လက်ခုတ်ပွင့် ရဲ့ ရနံ့ နဲ့ တူသလိုလိုရှိလာတတ်တယ် …

  • Khaing Khaing

    March 20, 2012 at 3:47 pm

    အချစ်ဆိုတာ ဘာလဲ? ကိုကြီးအံ (လူပျိုစစ်စစ်) ….
    “Love is accident ”
    အချစ်ဆိုတာ ပေးဆပ်ခြင်းလား ရယူခြင်းလား ….
    အချစ်ဆိုတာ ချစ်သူထားသွား ရင်ကိုပူလောင်စေတယ် …
    အချစ်ဆိုတာ ပျော်ရွင်စေနိုင်သလို နုပျိုစေနိုင်တယ် …..
    အချစ်ကြောင့်အသက်ရှင်နိုင်သလို အချစ်ကြောင့်လည်းသေဆုံးသွားနိုင်တယ် …
    အချစ်ဟာ ဘာမှန်းမသိတော့ပါ ငါကိုယ်တိုင် အချစ်ဆိုတဲ့အရာနဲ့ ဆုံဆည်းလိုက်ချင်လည်း တစ်ခါတစ်လေတော့ အချစ်နဲ့ဝေးချင်တယ် …..

  • mg mg

    March 22, 2012 at 9:48 pm

    ကိုလေးထောင့် ဒါတွေလည်းရသားပဲ၊ အထင်သေးတာမဟုတ်ဘူးနော်၊ အတည်ကြီးနဲ့နောက်နေသလားလို့

Leave a Reply