ကျွန်မအခုပြောချင်တာလေးကတော့ ပြီးခဲ့တဲ့ စနေနေ့က ကွန်ဖူး ၅ ဖော် နှင့် ရွာသူ/သား အချို့တွေ့ဆုံ ခဲ့ပုံလေးပါ ကွန်ဖူး ၅ ဖော်ကတော့ ကျွန်မရယ် မမအုံရယ် ကိုဖက်cat မိတိုက်မ နှင့် မိတူရတို့ပါပဲ တွေ့မယ့်နေရာကတော့ Market Place မှာပါ …. ၁နာရီမှာ ဆုံရန်ချိန်းထားကြ၏ သို့ပေသည့် ကျွန်မ တို့ရုံးက ၁၂ နာရီကဆင်းတော့ ဗိုက်ကလည်းဆာနေတာနှင့် ရုံးကဖယ်ရီလေးနဲ့ ဂုံးဆင်းလိုက်ပြီး Market Placeကိုသွားခဲ့တယ် ရုံးပြေးမမအုံကတော့ကြိုရောက်နှင့်လေရဲ့  ဒါပေသည့် ကားပေါ်ကနေ ရှိုးစမိုးအပြည့်နဲ့ ဆင်းနေသောကျွန်မကတော့မမြင်ပါ တူရကတော့ အားကြိုးမာန်တက် မမအုံဟိုမှာ သူ့မျက်နှာမှာပုစဉ်းကပ်နေလေရဲ့လို့ ကလေးငယ်တစ်ယောက်ပမာအော်နေလေတော့ ကျွန်မလည်း အပြေးအလွှားလေးမျက်စိကိုကစားကာရှာမိလေသည် ဟုတ်ပ မမအုံက မျက်မှန်ကြီးနဲ့ စတိုင်အပြည့် ဒါကိုမတူရကမသိရှာတော့ ပုစဉ်းကပ်တယ်အထင်နှင့် အော်နေလေရဲ့ မနည်းကိုပြန်ရှင်းပြရလေသည် ၃ယောက်သား စင်တာထဲကိုဝင်ခဲ့လေသည် မည်သူမှမရောက်ကြသေး ကျွန်မနဲ့မမအုံလည်း မိတူရကို ဂိတ်စောင့်ထားပြီး စင်တာထဲလျှောက်ပတ်ကြည့်နေမိ၏ မိတူရနားကိုပြန်ရောက်တော့ ကိုကြီးကမ်းနှင့် တူသော လူတစ်ယောက်မိတူရနားထိုင်လေသည် ကျွန်မကကိုကြီးကမ်းလို့ထင်မိကာ ၀မ်းသာအားရ မမအုံကိုပြောတော့ မမအုံက မဖြစ်နိုင်ဘူး မိတူရအိနြေ္ဒရနေတယ် ကိုကြီးကမ်းသာဆို သူနဲ့အီစီကလီ ရိုက်နေလောက်ပြီ ဒီကောင်မကလွယ်တာမဟုတ်ဘူး မြင်သမျှတွေ့သမျှ အားလုံးငါ့မိန်းမဆိုတဲ့အမျိုးထဲကဟာလေတဲ့ ခုပုံကမဖြစ်နိုင်ဘူး …. မိတူရနားကပ်ကာ ဟဲ့အဲဒါကိုကြီးကမ်းလားဆိုတော့ သူက မဟုတ်ဘူးလို့ထင်တာပဲတဲ့ … ကျွန်မတို့လည်း ဘယ်သူမှမတွေ့တာနဲ့ကားဆီကိုပြန်လာပြီး ကားပေါ်တွင် စားသောက်ကာ အခြားသူများကိုမျှော်နေမိသည် အဲအချိန်တွင် မိတူရမှ စဖောက်တော့သည် သူ့ပုံကမရိုးမရွဖြစ်နေပြန်၏ ဘာဖြစ်သလဲပေါ့ သူမျက်လုံးလားရာကိုကြည့်တော့ စင်တာအ၀တွင် အသားမဲမဲနှင့် နံ့သာရောင် ချည်ထည်ဂါဝန်လေးကို ၀တ်ထားသော နီဂဒိုးမကို သူကမမဆူးအထင်နှင့် ငမ်းကြောထနေသည် မမဆူးမဟုတ်မှန်းသူအသေအချာသိသောအခါ အိနြေ္ဒမရငမ်းလေတော့သည် သူ့ကိုပဲဟိုက ဟန်ရေးပြနေသလိုလိုပြောသေး၏ ဓာတ်ပုံရိုက်ပြီး ရွာသားများကိုတင်ပေးရန် အကြံရှိသော်လည်း အလှမ်းဝေးနေသောကြောင့်မရိုက်ဖြစ်လိုက် ဒါပေသည့် မပူပါလင့် အခုတင်ပေးသောပုံနှင့် လုံးဝတူပါသည်

တူရငမ်းသော နီဂဒိုးမ

အရင်ကဆိုလျှင် ကိုဖက်နှင့် မိတိုက်ထိုကဲ့သို့နောက်မကျတတ် ကျွန်မကစိတ်မချသဖြင့် မိတူရကို စင်တာသို့သွားခိုင်းရာ မိတူရက ဇွတ်အတင်းငြင်းဆန်နေသည် သူ့ကိုအ၀င်ပေါက်တွင် ယောက်မကိုင်သော လူကြီးက ရှေ့နောက်လာပွတ်တာသူမခံနိုင်ဘူးလို့ပြော၏ ဒါနှင့် ကျွန်မနှင့် မမအုံက အဖော်လုပ်ပြီးမိတူရနှင့်အထဲသို့တဖန်ပြန်ဝင်လိုက်ကာ ရွာသားများကိုရှာပြန်လေ၏ မည်သူ့ကိုမျှမတွေ့ ကိုကြီးကမ်းနှင့် တူသောလူကတော့ရှိနေဆဲ ကျွန်မတို့လည်း မိန်းမမာယာများနှင့် အဲလူနားတွင်မယောင်မလည်လုပ်ကာ ကိုကြီးကမ်းများဖြစ်လေမလားဆိုသည့်အတွေးနှင့် “ရွာသားတွေလည်း၁နာရီတောင်ထိုးပြီ မလာသေးဘူးနော်လို့” အဲလူနားတွင် အော်ကြီးဟစ်ကျယ်လုပ်နေမိသည် အဲလူကတော့ ကျွန်မတို့ရဲ့ ကြိုးကြာကဲ့သို့ သာယာသော အသံလေးကြောင့် ခေါင်းထောင်ကြည့်ကာ သူ၏စာအုပ်ကိုဆက်ဖက်မြဲဖတ်သည့်အခါမှ ဒါဆိုကိုကြီးကမ်းမဟုတ်တန်ကောင်းရဲ့ဟု ကျွန်မနဲ့မမအုံလက်လျှော့လိုက်တော့သည် မကြာခင်မှာပဲမမဆူးက အနီရောင်အကျီလေးနှင့် ကျွန်အနားကိုကပ်လာကာ ခိုင်ခိုင်လားဟုမေးလာ သည် ကျွန်မလည်းဟုတ်ပါတယ် ဟုပြန်လည်ဖြေကြားခဲ့ပြီး မမဆူးလက်ဆွဲခေါ်ဆောင်ရာနောက်သို့ ပါလာခဲ့သည် အဲမမဆူးဘေးနားတွင် ခန့်ခန့်ချောချောကြီး ဦးဦးပါလေရာ ပါရှိနေရဲ့  ဒီလိုနဲ့ကျွန်မတို့ ၅ယောက်အဖွဲ့ကျနေတုန်း ကိုMလုလင်ရောက်လာလေသည် အလဲ့သူကလည်း နံမည်နဲ့လူနဲ့လိုက်သား လုလင်ငယ်သွေးတစ်ယောက်ပဲ ခင်စရာကောင်းပါတယ် အားလုံးက ကိုဖက်နဲ့မိတိုက်သာမလာသေး လည်ပင်းလည်းဘဲငန်းဖြစ်နေပြီ သူတို့ကလူသာမလာသေးတာ လမ်းလျှောက်ပြီးကျွန်မတို့ဆီလာနေပုံရသည် ဖုန်းကိုတော့ တွေ့ကရာ PCO ကနေတော့ ကျွန်မတို့ဆီကိုလှမ်းတော့ဆက်ဖော်ရသား ဒီလိုနဲ့မကြာခင်အချိန်အတွင်းမှာ ကိုဖက်ရောက်လာလေသည် သူ့ရဲ့ပြိုင်ဘီးနဲ့မဟုတ် ကိုဖက်အထဲလည်းဝင်လာရော အ၀မှာ ပုံခနဲ့လဲကျသွားလေသည် ကျွန်မတို့လည်း ပြူးတူပြာတာဖြစ်ကာ ကိုဖက်နားသို့ပြေးသွားမိလေသည် စင်တာမှ Security တွေလည်းရောက်ရှိလာ၏ ကိုဖက်ကိုဝိုင်းဝန်းဆွဲထူကြလေသည် ကိုဖက်ကလည်း ကပျာကယာလူလဲထကာ “ကျွန်တော်ဘာမှမဖြစ်ပါဘူး ခင်ဗျားတို့ပဲ အိပ်ပြဆိုလို့ကျွန်တော်အိပ်ပြတာလေ ”ဟုပြန်လည်ဖြေကြားလေသည် အော်ဖြစ်မှဖြစ်ရလေ ကိုဖက်ရယ် ကျွန်မမှာဖြင့် ကိုဖက်များ အပူကနေအအေးခန်းထဲဝင်တော့ မူးလဲကျသွားတယ်ထင်တာ … ဒီလိုနဲ့ကိုဖက်နဲ့ကျွန်မတို့ Seasons မုန့်ဆိုင်သို့ ပြန်လည်ရောက်ရှိလာခဲ့လေသည် ကိုဖက်ဘာနဲ့လာလဲမေးတော့သူက Taxiနဲ့ တဲ့ ပြိုင်ဘီးမပါဘူးတဲ့ အဲဒီအချိန်မိတူရက ကျွန်မကို လက်တို့သည် သူလာတာဆိုက်ကားနဲ့တဲ့ သူဝင်လာတော့ ဆိုဒ်ကားတစ်စီဖြတ်သွားတာတွေ့လိုက်တယ်တဲ့ အော်ထားပါတော့လေ ကိုဖက်ရှက်မည်စိုးသောကြောင့် ကျွန်မနှုတ်ဆိပ်နေခဲ့သည် … ကိုဖက်က မမဆူးကိုနောက်၏ “မိတူရရေ ငါက ဆူးဆိုတော့သေးသေးလေးထင်တာတဲ့” ကိုဖက်ကအဲသည်လိုပြော၏ ကိုဖက်ပြောသည့်အဓိပာယ်ကျွန်နားမလည်း နားလည်းမလည်ချင် ကျွန်မစိတ်တွေက ၂နာရီအထိမရောက်လာသေးသော မိတိုက်မဆီသို့သာ ရောက်နေသည် မျက်စိမှာလည်းမငြိမ် လမ်းမဘက်သို့သာ ငေးကြည့်နေမိ၏ ဒါကိုသိသော မိတူရ အခိုင်ရေ ခုံအောက်ထဲရောက်နေလား သေချာရှာကြည့်ဦးဟု သတိပေးတော့ ကျွန်မကမန်းကတန်းငုံ့ကြည့်မိသေး မတွေ့….. မမအုံကလည်း စင်တာရှေ့အုံခုံနဲ့များကွယ်နေသလားပြောပြန်၏ ကျွန်မမတ်တပ်ရပ်ကြည့်သည် မမြင်…. မိတိုက်ကိုအဲသည်လိုရှာတာ အကြောင်းရှိသည် မိတိုက်ကို တွေ့လျှင်ကျွန်မဘာကြောင့် အဲသည်လိုပြောသည်ကို ရွာသားတွေသိလိမ့်မည်.. ဒီလိုနဲ့ မိတိုက်မလေးလုံးတုံးလုံးတုံးနှင့် ကားလမ်းကူးလာသည် ကျွန်မအရမ်းဝမ်းသာသွားသည် ဒါပေသည် မိတိုက်တွင် တစ်ခုခုထူးခြားနေသည် သူ… သူ …အရှေ့အလယ်ပိုင်း ဟုတ်ပါသည် သူ့ရဲ့ဗိုက်ကလေးစူထွက်လာသည် သူမန်းမှာ ဖရဲမလား လေးပေါက်လက်ချက်လား၊ သူ့အလုပ်မှ စီအီးအို လက်ချက်လေလားမသိ ဒါပေသည့်ကျွန်မသိချင်ယောင်ဆောင်နေလိုက်သည် သူ့လက်ထဲတွင် အထုပ်တစ်ထုပ်ပါလာလေသည် အဲဒါကိုလည်းကျွန်မစိတ်ဝင်စားသည် “မာစကဒ်”ကျွန်မမှာထားတာတွေ ပါလာသည့်အထင်နှင့် အထုပ်ကလေးကိုတောင်းတော့ မိတိုက်မက ကပျာကယာ သူ့ရဲ့ဗိုက်ကလေးကို အထုပ်နဲ့ ဖုံးကာ ကိုဖက်နားကိုပြေးကပ်လေသည် ထိုးမုန့်ထုပ်တွေက ကားပေါ်မေ့ကျန်ခဲ့တယ်တဲ့ ကဲကြည့်စမ်း ဘယ်လောက်ဒေါသထွက်စရာလဲ ကျွန်မလည်း ပထမသူ့ကိုသနားနေသော စိတ်များအဝေးသို့လွင့်ထွက်ခဲ့သည် သူမီးဖွားလျှင်ကူညီမည့်စိတ်များ သူရဲ့လင်ကောင်မပေါ်ပဲပူနေရှာတဲ့ဗိုက်ကလေးအတွက် ဖရဲမ သို့မဟုတ် လေးပေါက်ကိုတောင်းပန်ပြီး သူ့ကိုကလေးအဖေအမည်ခံခိုင်းရန် အကူအညီပေးချင်စိတ်များ ခုတော့ ဒေါသနှင့်အတူ လွင့်ပျောက်ကုန်ကာ မမအုံကိုလက်ဆွဲပြီး အားလုံးကိုနှုတ်ဆက်ကာထိုနေရာမှ ထွက်ခွာခဲ့လေသည်……….. အဲသည်နောက် မိတူရ ကိုဖက်နဲ့မိတိုက်တို့ အုပ်စုဘာဆက်ဖြစ်သည်ကိုတော့ ကျွန်မမသိတော့ပါ သိလည်းမသိချင်ပါ သို့ပေသည့် ကျွန်မ `မာစကဒ်´နှင့် ပတ်သက်လျှင် မန်းမှဖရဲမလေး ရန်ကုန်အလာကိုစောင့်ကာ နောက်ထပ်ရရှိရန် အခွင့်အရေးရှိသေးသည် ……..

 

အားလုံးပျော်ရွင်ပါစေ…..

Khaing Khaing

 

About Khaing Khaing

- - has written 38 post in this Website..