မိန်းကလေးများဖတ်ရန်

အမျိုးသမီး တစ်ဦးက ဓာတ်ဆီဆိုင်မှာ ဓာတ်ဆီ ဖြည့်နေတုန်း သပ်သပ်ရပ်ရပ်ဝတ်စား ထားတဲ့ ယောက်ျား တစ်ဦးက သူ့ကိုယ်သူ ကုမ္ပဏီ အရောင်းကိုယ်စားလှယ်အဖြစ်နဲ့ သူမကို ရည်ရည်မွန်မွန် မိတ်ဆက်ရင်း ပစ္စည်းဝယ်ဖို့ လိုအပ်ရင်ဆက်သွယ်ဖို့ လိပ်စာကဒ်ကို ပေးခဲ့တယ်။ သူမကလဲ သဘောရိုးနဲ့လို့ထင်မှတ်ပြီး ယဉ်ကျေးမှု အနေနဲ့ လိပ်စာကဒ်ကိုလက်ခံပြီး ကားပေါ်ပြန်တက်လို့မောင်းထွက် ခဲ့တယ်။ အဲဒီ အချိန်မှာပဲ အဲဒီယောက်ျားဟာ တခြား လူရည်သန့် ယောက်ျား တစ်ဦး မောင်းတဲ့ ကားပေါ် တက်သွားခဲ့တယ်။  ဓာတ်ဆီဆိုင်ထဲကနေ ကားမောင်း ထွက်လာတဲ့ သူမဟာ သူမရဲ့ ကားနောက်ကနေ စောစောကယောက်ျားက တချိန်တည်းမှာပဲ နောက်ယောင်ခံ ကားမောင်းလိုက်လာတာကိုနောက်ကြည့်မှန်က တဆင့် မြင်လိုက်တယ်။ အဲဒီအချိန်မှာပဲ သူမဟာ တအားခေါင်းကိုက်လာပြီး အသက်ရှူလို့မရဖြစ်လာခဲ့တယ်။ သူမဟာ ကားပြတင်းပေါက်ကို ဖွင့်ဖို့ ကြိုးစားရင်းနဲ့ အနံ့ဟာသူမရဲ့လက်ကလာတာ ဖြစ်ကြောင်း သတိထားမိလိုက်တယ်။စောစောက ယောက်ျား လှမ်းပေးတဲ့ ကဒ်ကိုလက်ခံ ကိုင်မိတဲ့ လက်ဆီက လာတဲ့ အနံ့ပါ။  ရုတ်တရက် ပတ်ဝန်းကျင်ကို ပြန်ငဲ့ ကြည့်မိတဲ့အခါ ကဒ်ပေးတဲ့ယောက်ျားရဲ့ကားကသူမကားရဲ့ နောက်တည့်တည့် ရောက်နေပါပြီ။ဒါနဲ့ လူနဲ့ ကားစည်ကားရာဆီကို သွားတဲ့ ကားလမ်းကြောကို အမြန်ဆုံးရွေးမောင်းရင်းကားဟွန်းကို ထပ်ခါ တလဲလဲ နှိပ်နေခဲ့ရတယ်။ သူမရဲ့ ကားကိုလူတွေသတိထားမိပြီး အကူအညီ ရလိုရငြားပေါ့။  အဲဒီတော့မှ သူမရဲ့ ကားနောက်က လိုက်နေတဲ့ ယောက်ျားတွေရဲ့ ကားကတခြားကိုမောင်းပြေး ပါတော့တယ်။သူတို့ရန်က လွတ်ခဲ့ပေမယ့် သူမကတော့ မိနစ်တော်တော်ကြာကြာ ခေါင်းမူးခေါင်းကိုက် ဖြစ်ပြီးနောက် ကားပြတင်းပေါက်တွေကတိုးဝင်လာတဲ့ လေတွေကြောင့်အသက် ပြန်ရှူနိုင် ခဲ့ပါတယ်။  လိပ်စာကဒ် ပေါ်မှာ ဘာပါလဲ သိလား…လူတဖက်သား ဆီက တခုခု ခိုးယူဖို့ ဒါမှမဟုတ် အဲဒီလူဆီကတစုံတခုအမြတ်ထုတ်ဖို့ ကြိုးစားရာမှာ သူတို့ ရည်ရွယ်ထားတဲ့ သားကောင်သို့မဟုတ်အနစ်နာ ခံရမယ့် သူက ဘာမှ ပြန်မတုံ့ပြန် နိုင် အောင် မသမာ သူတွေက’BURUNDANGA’ လို့ ခေါ်တဲ့ ဆေးကို သုံးတတ်ကြတယ်။အဲဒီဆေး ဟာ မုဒိမ်းကောင်တွေက မိန်းကလေးတွေကို မကျူးလွန်မီ မိန်းကလေးတွေထွက်မပြေးနိုင်၊ မလှုပ်ရှား နိုင်အောင် ကျွေးလေ့ ရှိတဲ့ ဆေးထက် လေးဆပိုပြင်းပါတယ်။ပိုဆိုးတာက ဒီဆေးက ပါးစပ်ထဲ ဝင်အောင် ခတ်စရာ မလိုပဲလိပ်စာကဒ်လိုရိုးရှင်းတဲ့ စာရွက် အပိုင်းအစ တစ်ခုက နေတောင် အနံ့အဖြစ်နဲ့ ကူးလွယ်၊ အသုံးချရ လွယ်ကူ နေပါတယ်။  ဒီလို လုပ်ရပ်မျိုးထဲမှာ ကိုယ့်အိမ်တံခါး လာခေါက်ပြီး သတင်းစာ ဝေတာ၊လက်ကမ်း ကြော်ငြာ စာရွက် ဝေပေးတာ၊ လူရှင်းပြီး ချောင်ကျတဲ့စားသောက်ဆိုင်တွေမှာ tissue box လာချတာက စလို့ ပုံစံ မျိုးစုံနဲ့ ချဉ်းကပ်လာနိုင်တာတွေ အများကြီး ရှိပါတယ်။  ကျေးဇူးပြုပြီး ဒီသတင်းကို သင် အလေးထား ဂရုစိုက်သူ တွေဆီကိုလက်ဆင့်ကမ်းပေးပါ။ မသမာ သူတွေရဲ့ မာယာ ကျော့ကွင်း တွေကို အပြစ်မဲ့သူတွေရှောင်ရှား နိုင်ကြပါေ။http://www.facebook.com/profile.php?id=100000177240495&ref=ffa http://www.facebook.com/thet.naingtun1

နတ်ဆိုးလေး ကူးယူပေးတာပါ။

3 comments

  • နတ်ဆိုးလေး

    March 19, 2012 at 1:23 pm

    တင်ပြီးသားဆိုရင် လဲ ခွင့်လွှတ်ပေးကြပါ

  • နတ်ဆိုးလေး

    March 19, 2012 at 1:32 pm

    တင်ပြီးသားကြီးဗျ ဘယ်လိုဖျက်ရမလဲ လုပ်ကြပါအုံး

  • Mon Kit

    March 19, 2012 at 3:45 pm

    စိတ်မြန်ရန်ကောကွယ်…….

Leave a Reply