အတုခိုး မမှားသင့် (အပိုင်း-၁)

မျက်နှာကြီး အလှူပွဲတစ်သို့ ရောက်ခဲ့ရသည်။
ထိုအလှူပွဲသို့ လာကြသော ဧည့်ပရိတ်များ အနက်
လူငယ် ၆ ယောက်ခန့် ပါလာကြသည်။
ရာထူးကြီးကြီး မိဘများ၏ သားများဖြစ်ကြောင်း သိရသည်။
သူတို့ ဝတ်စားထားပုံမှာ မြန်မာမျက်စေ့ဖြင့် ကြည့်သော် အချိုး မကျလှပါ။
ပို၍ဆိုးသည်မှာ အသစ်စက်စက် ဝတ်လာသော ဂျင်းဘောင်းဘီ အသစ်ကို
ဒူးနေရာ၌ တမင်ဖာ၍ ဝတ်ထားသော မြင်ကွင်း ဖြစ်သည်။
သူတို့ကတော့ ခေတ်မီလှပြီ ၊ နိုင်ငံခြား စံချိန်မီနေပြီဟု ထင်ကောင်းထင်ပါလိမ့်မည်။
မြင်ရသူ အဖို့မတော့……….
ပရိတ်သက်က အထက်တန်းစား ၊
ဝတ်လာပုံက ကိုးရိုးကားရား ၊
အမျိုးသားဟန်က ပျောက်လို့ပါတကား ၊
လူစင်စစ်က မျောက်ဖြစ်ပါပေါ့လား…….။

အတုခိုးမမှားသင့် (မြင်းကျိုးကြီးနှင့် တူတတ်သည်)
နိုင်ငံခြားတွင် အလုပ်လုပ်ရလွန်း၍ အဝတ်အထည်များကို အထိအတွေ့
အပွန်းအပဲ့ များသောနေရာ(ဒူး နေရာ ၊ တံတောင်နေရာ) တို့တွင် ဖာထေးဝတ်ကြရသည်။
ွှဤသို့ ဆင်းဆင်းရဲရဲ ဖာထေးဝတ်ရသည်ကို ဖက်ရှင်သဘော အကောင်းထင်မှတ်ပြီး
မြန်မာလူငယ် တချို့က လိုက်၍ လုပ်နေခြင်းမှာ အတုခိုးမှားခြင်းတစ်ရပ်သာဖြစ်ပါသည်။
ဘုရားရင်ဟောကြားတော် မူသော ဇာတ်တော် တစ်ခုတွင် ပါရှိသည့်
ဘုရင်ကြီး တစ်ပါး၌ အလွန်ခွါစဉ်မှန်သော သိန္ဓောမြင်းတစ်ကောင်ရှိရာ ဂရိဒတ္တ အမည်ရှိသော
မြင်းထိန်းတစ်ယောက်အား အပ်နှံ၍ထားလေသည်။မြင်းထိန်းမှာ ခြေထောက်ခွင်နေ၍ သွားသည့်အခါ
လူကောင်းများကဲ့သို့ ခြေလှမ်းမှန်မှန် မသွားနိုင်ဘဲ ထော့ကျိုး ထော့ကျိုးဖြင့် သွားသောကြောင့်
အလွန်အကြည့်ရဆိုးလေသည်။နောက်မှပါလာသော ဘုရင့် စီးတော်မြင်းက မြင်းထိန်း၏ သွားဟန်ကို
အကောင်းထင်မှတ်ပြီး အတုလိုက်၍ သွားသောကြောင့် မြင်းကောင်းအသွင်မှ မြင်းကျိုးအသွင်သို့
ရောက်ရှိသွားလေသည်။
ယခုခေတ် မြန်မာလူငယ်တစ်ချို့ နိုင်ငံခြားမှ သရုပ်ပျက်ဟန်အမူအရာကို အကောင်းထင်ပြီး အတုခိုးကာ စွပ်လုပ်နေကြခြင်းမှာ ဂီရိဒတ္တဇာတ်တော်ထဲမှ မြင်းကောင်းကြီး မြင်ကျိုးဖြစ်ရပုံနှင့် တစ်ထပ်တည်းတူနေပါသည်။
နိုင်ငံခြားကို အကောင်းထင်ပြီး ကိုးရိုးကားရား ဝတ်စားသူများ ၊ သံသေးသံကြောင်ဖြင့် ဟစ်အော်သီဆိုနေကြသူများသည်လည်း အကောင်းကို ပယ်၍ အကျိုးနယ်သို့ ဝင်ရောက်သူများပင် ဖြစ်လေသည်။
နောက်ထပ် တင်ပြပါဦးမည်
အရင့်ရောင်
ဗုဒ္ဓ ယဉ်ကျေးမှုဆိုင်ရာ စာပေ ဟောဟြေမှ ထုတ်နှုတ်တင်ပြသည်။

One comment

  • ကို ကို

    March 21, 2012 at 2:11 pm

    အတုမြင်လို့ အတက်သင်နေကြတာ လေဗျာ …….
    အတက်ကောင်းတော့မဟုတ်ဘူးနော်……
    ကိုအရင့်ရောင် ဟြေတာ မှန်ပါတယ်……
    ထံခေါက်တယ်ဗျို့………

Leave a Reply