ငါးဖယ်လား၊ပြောင်းဖူးလား…

Sat,Sun ရုံးပိတ်ရက်မှာ ကော်ပြန့်ကြော် လုပ်စားကြပါတယ်…

ငါးဖယ်နဲ့ တစ်ရက်၊ ပြောင်းဖူးနဲ့ တစ်ရက်ပါ…

ပုံလေး တင်လိုက်မယ်နော်…

1.ငါးကော်ပြန့်ကြော်

ပြုလုပ်ပုံလေးလဲပြောမယ်နော်…

1.ငါးဖယ်ခြစ် ကိုဂျင်း၊ကြက်သွန်ဖြူ နနွင်း၊ဆား တို့ဖြင့် ထောင်းထားပါ…

2.မုန်လာဥနီ ကိုအတုံးသေးသေးများ တုံးပါ…

3.ထောင်းထားသော ငါးဖယ်ခြစ် ဥနီတုံး ငရုတ်ကောင်းမှုန့် နဲနဲ ထည့်နယ်ပြီး

အနေတော်အတုံးလေးများတုံးထားရင် အဆာဖြစ်ပါပြီ…

2.ငါးဖယ်ခြစ် အဆာ နဲ့ ကော်ပြန့်ရွက်

ဒါလေးက ပြောင်းဖူးနဲ့ပါ…

3.ပြောင်းဖူး ကော်ပြန့်ကြော်

သူကပိုလွယ်တယ်…

1.ပြောင်ဖူး(ပန်မျိုး က ပိုချိုတယ်) ပါးပါးလှီးပါ…

2.ကော်ပြန့်ရွက်လေးထဲထည့်ပြီး လိပ်လိုက်ရင်ရပါပြီ…

4.အရွက် လေးနဲ့ လိပ်ပါ...

5.လိပ်ပြီးပြီ...

ကော်ပြန့်လိပ်ကလေးတွေကို မီးအေးအေးနဲ့ ကြော်ရပါမယ်…

ဆီကြော်စာ ရှောင်သူတွေလဲ စားလို့ရအာင် ဇကာလေးပေါ်မှာထားပြီးဆီကိုစစ်ထားပါတယ်…

ကော်ဖီ နဲ့ အအေးလဲပါတယ်…

6.စားလို့ရပြီ...

သမီးလေးကတော့ ပြောင်းဖူးကော်ပြန့် ဘဲကြိုက်တယ်…

မအိတော့ နှစ်မျိုး စလုံး အကြိုက်ဘဲ…

ရွာသူ၊ရွာသားတွေရော ကော်ပြန့်ကြော် ဆိုရင်…

ငါးဖယ်လား၊ပြောင်းဖူးလား…

 

Ma Ei

About Ma Ei

Ma Ei has written 53 post in this Website..