ကိုယ့် ဘ၀ထဲ…ကို… ဘယ်တော့ မှ…၀င်မလာဖို့ … တားမြစ် ပိတ်ပင် လိုက်မိတယ် ။
“” ဖြတ်သန်းသွားလာခွင့် မပြု.. “” လို့  ဆိုင်းဘုတ်..တင်ထားမိရဲ့  ။
ကိုယ်ဟာ..သတိရခြင်းတွေ. ပါဝင်နေခဲ့မိတယ် ။.
(ရှက်ဖို့ ကောင်းလေစွ )
ထားပါဦးတော့….။ ကိုယ်ဟာ အရမ်း ၀မ်းနည်းတဲ့ အခါ ဖြစ်ဖြစ်… ၊ အရမ်း ၀မ်းသာတဲ့ အခါမျိုးပဲ..ဖြစ်ဖြစ်..
မင်းကို သတိရတတ်တာ… အဆန်းတကြယ်တော့…မဟုတ်တန်ကောင်းဘူး …သူငယ်ချင်း ရယ်……။
ကိုယ်တစ်ခု ဆုတောင်းမိတာက….. ကိုယ်တို့ ရဲ့  မြန်မာ နှစ်သစ်ကူး ပွဲတော်လေးကို..
မင်း..တက်ရောက် နိုင်ပါစေ..လို့ .. ဆုတောင်းလိုက်တယ်လေ….။
ကိုယ်တို့ ရဲ့ ပွဲတော်လေးကို… နှစ်ယောက်သား ဆင်နွဲ ချင်ပါတယ် ကွာ….။
ဘယ်ဘ၀ရောက်ရောက်…ဆိုတဲ့ စကားတစ်ခွန်း ထက်… နားလည် မှု တွေနဲ့ အတူ….. ခင်မင်မှုဟာ… ထာဝရ..တည်တံ့နေမှာပါ ။
ပြီးတော့… ခိုင်မြဲနေမှာပါ ။

DRINK OF COFFEE ,
DRINK OF TEA ,
BURN YOUR LIP AND
REMEMBER ME .

ကော်ဖီသောက်တဲ့ အခါ…..
လက်ဖက်ရည်သောက်တဲ့အခါ…
မင်းရဲ့ နှုတ်ခမ်းလေးကို…
အပူငွေ့ လေး ထိသွားတာနဲ့..
ငါ့ကို….သတိရလိုက်ပါ ။

( သတိရမိတယ်…ချန်ဒူး..ရယ်…)

About မိုး မင်းသား

မိုး မင်းသား has written 48 post in this Website..

သတိ ရခြင်း ငှက်... အချစ်ပင် ထက်မှာ ရောက်နေတယ် ။