ပုဂ္ဂလိကဘဏ်များ ပေါ်ပေါက်လာခြင်းကို စီးပွားရေးပညာရှင်များနှင့် လုပ်ငန်းရှင်များကြိုဆို

klnJune 9, 20101min692

ပုဂ္ဂလိကဘဏ်ကြီးများ ပေါ်ပေါက်လာမည်ကို စီးပွားရေးလုပ်ငန်းရှင်များနှင့်ပညာရှင်များက ကြိုဆိုကြောင်း သတင်းရရှိသည်။ လာမည့်လပိုင်းအတွင်း ပုဂ္ဂလိကဘဏ်ကြီးများ ပေါ်ပေါက်လာမည့်အပေါ်ဘဏ်လုပ်ငန်းပညာရှင်ဦးဝင့်ကျော်က “ ပုဂ္ဂလိကဘဏ်လုပ်ငန်းတွေ ၂၀၀၃ခုနှစ်မှာ ပြိုလဲသွားပြီးတဲ့နောက် စီးပွားရေးလုပ်ငန်းတွေ တုံ့ဆိုင်းသွားတယ်။ အဲဒီလိုဖြစ်သွားလို့ ငွေပိုငွေလျှံရှိတဲ့သူတွေနဲ့ ငွေလိုတဲ့သူတွေကြားမှာ ဆက်သွယ်ပေးတဲ့ တံတားတွေ ပြိုလဲသွားတယ်။ လက်ရှိမှာ ပုဂ္ဂလိကဘဏ်တွေ ပေါ်ပေါက်လာမယ့်သတင်းတွေ ပေါ်ထွက်နေတယ်။ ဘယ်သူတွေ ဖွင့်တာပဲဖြစ်ဖြစ် ပုဂ္ဂလိကဘဏ်တွေပေါ်ထွက်လာတာကို ကြိုဆိုတယ် ” ဟု သူ၏အမြင်ကို ပြောကြားသည်။ “ ဘဏ်တွေဖွင့်တဲ့အတွက် လူတွေမှာ ပိုပြီးရွေးချယ်ခွင့်တွေရှိလာမယ်။ ငွေအပ်ချင်တဲ့သူတွေလည်းအပ်လို့ရပြီး ချေးချင်တဲ့သူတွေလည်းချေးလို့ရမယ် ” ဟု စီးပွားရေးလုပ်ငန်းရှင်ကြီးတစ်ဦးကလည်း ပြောသည်။ “ ပုဂ္ဂလိကဘဏ်တွေဖွင့်တာကို ကြိုဆိုပါတယ်။ ဘယ်သူဖွင့်တာပဲဖြစ်ဖြစ်ပေါ့။ ဘဏ်ကို အသုံးချတဲ့အလေ့အထတွေ များလာစေချင်တယ် ” ဟု စီးပွားရေးပညာရှင်တစ်ဦးဖြစ်သော ဦးခင်မောင်ညို(ဘောကဗေဒ) ကပြောသည်။ ပုဂ္ဂလိကဘဏ်သစ်များ ဖွင့်ခွင့်ရသည်နှင့်နည်းတူ သက်ဆိုင်ရာက ဘဏ်များကို လုပ်သာကိုင်သာရှိစေရန်နှင့် အရမ်းလွှတ်ပေးထားခြင်းမျုးိကိုလည်း မဖြစ်စေရန် ဆောင်ရွက်ပေးသင့်ကြောင်း ၎င်းကဆက်လက်ပြောသည်။ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်အတွက် ဘဏ်လုပ်ငန်းများ တိုးတက်ရန်လိုအပ်ပြီး၊ မြန်မာနိုင်ငံလက်ရှိအခြေအနေမှာ ဘဏ်လုပ်ငန်းများ ဖွံ့ဖြိုးမှုမရှိသေး၍ ပုဂ္ဂလိကဘဏ်များ ဖွင့်လှစ်လုပ်ကိုင်လာခြင်းနှင့်အတူ ဘဏ်လုပ်ငန်းများပါ ဖွံ့ဖြိုးတိုးတက်ရန်လိုကြောင်း အထက်ပါပုဂ္ဂိုလ်များက တညီတညွတ်တည်းပြောသည်။ “ ပုဂ္ဂလိကဘဏ်တွေ ပေါ်ပေါက်လာမယ်ဆိုရင် ကုန်ထုတ်လုပ်ငန်းတွေ၊ ကုန်သွယ်ရေးလုပ်ငန်းတွေမှာ ဘဏ်ချေးငွေကို ရယူပြီးအကျုးိရှိအောင် သုံးဖို့လုပ်ငန်းရှင်တွေ စဉ်းစားသင့်တယ်။ အရင်ကလို ဘဏ်ချေးငွေကို မတော်တဲ့နေရာတွေမှာ မသုံးသင့်ဘူး ” ဟု ဘဏ်လုပ်ငန်းပညာရှင် ဦးဝင့်ကျော်က ပြောသည်။ ထပ်မံရရှိသော သတင်းများအရ ပုဂ္ဂလိကဘဏ်အသစ်များမှာ မကြာမီလပိုင်းအတွင်း နေပြည်တော်၊ ရန်ကုန်၊ ပခုက္ကူ၊ ပုသိမ်၊ ပြည်စသော မြို့ကြီးများတွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ ယခုနှစ်အတွင်း ဘဏ်တစ်ဘဏ်လျှင် ဘဏ်ခွဲ ၁ဝ ဘဏ်စီ ဖွင့်လှစ်ရန် ရည်မှန်းထားကြောင်း သိရသည်။

2 comments

  • kai

    June 9, 2010 at 10:00 pm

    ဘဏ်တွေများတာကို ကြိုဆိုပါတယ်။
    ဒါပေမဲ့ ဘဏ်တွေကို အာမခံဘယ်လိုထားတယ်။ ဘဏ်တွေပြိုလဲတဲ့အခါ ဘယ်သူက ဘယ်လောက် ဘယ်လိုပေးလျှော်တယ်ဆိုတာတွေပါ လူထုကြီး ကျယ်ကျယ်ပြန့်ပြန့်သိအောင် စာနယ်ဇင်းတွေက လုပ်ပေးသင့်တယ်ထင်ပါတယ်။ လူတွေက ငွေကြေးစံနစ်ကို မယုံကြည်ရဲတဲ့အခါမှာ ဘဏ်စံနစ်က ထင်သလောက်မဖွံ ့ဖြိုးနိုင်ဘူးမို ့လား။
    နောက်တခုက ..နိုင်ငံခြားငွေကိတ်စပါ။
    အဲဒါတွေကိုပါ ပုဂ္ဂလိကဘဏ်တွေကိုလုပ်နိုင်ခွင့် ခွင့်ပြုထားသလား၊ ခွင့်မပြုဘူးလား သိချင်ပါတယ်။
    သိသူတွေ သတင်းရေးပေးကြပါဦး.။

  • Shwemannmay

    June 11, 2010 at 2:36 am

    မှန်ပါတယ်။ ဘဏ်လုပ်ငန်းနဲ ့ပက်သတ်ပြီး လူအများရဲ ့ ဘဏ်လုပ်ငန်းအပေါ်နားလည်မှူ ၊ ယုံကြည်မှု ရှိမှသာ အားကိုးမှုရှိလာပြီး ဘဏ်လုပ်ငန်းပိုမိုကျယ်ပြန် ့လာမှာပါ

Leave a Reply