သစ်ထူးလွင်ဝက်ဆိုက်အားမြန်မာအစိုးရမှပိတ်လိုက်ပြီ

chityimhtooMarch 19, 20121min16024

ယနေ ့မတ်လ(၁၉)ရက်နေ ့မှာတော့ www.thithtoolwin.com ကို မြန်မာပြည်တွင်မှ ပြည်သူလူ
ထု ဝင်ရောက်ဖတ်ရှုခြင်းမပြုနိုင်အောင် မြန်မာအစိုးရမှ ပိတ်ဆို ့ထားလိုက်ပြီ ဖြစ်ပါတယ်။

www.thithtoolwin.com Myanmar News Now မှ မြန်မာပြည်သူ ့တွေ၏ မတရားပြုကျင့်
ခံနေရမှုတွေ၊ ကြံ့ခိုင်ရေးနှင့် ဖွံ ့ဖြိုးရေးပါတီထိပ်ပိုင်ခေါင်းဆောင်များ၏ သတင်းများ၊ ကာကွယ်
ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ ပြည်ထောင်စုစရင်းစစ်ချုပ်ရုံး ၊ သတ္တုတွင်းဝန်ကြီး
ဌာန စတဲ့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော ် သမ္မတဦးသိန်းစိန် အစိုးရ၏ ထိပ်တန်း
လျှိုဝှက်ချက်သတင်းများကို ပြီးခဲ့တဲ့ အခုရက်ပိုင်းအတွင်း ဆက်တိုက်ဖော်ထုတ်တင်ပြပေးခဲ့ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာ မသမာမှုများနှင့် နိုင်ငံရေးပါတီများ၏ စည်းရုံးရေးလုပ်ငန်း
သတင်းများကိုလည်း Myanmar News Now မှ ပုံမှန်တင်ပြပေးနေတာဖြစ်ပါတယ်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပဖို ့ရက်ပိုင်းအလိုမှာ အများပြည်သူ ကြည့်ရှုနေတဲ့
အင်တာနက်စာမျက်နှာကို ပိတ်ဆို ့လိုုက်မှုနှင့်ပါတ်သတ်၍ ပြည်တွင်းမှ ပြည်သူပြည်သားများ၊
သတင်းမီဒီယာများ၊ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆိုင် အဖွဲ ့အစည်းများနှင့် ပူးပေါင်း
ဆောင်ရွက်ပြီး မြန်မာအစိုးရမှ www.thithtoolwin.com Myanmar News Now ကို
ပြည်တွင်းမှာ ပြန်လည်ကြည့်ရှုနိုင်အောင် ကြိုးစားလုပ်ဆောင်သွားမှာဖြစ်ပါတယ်။

ပိတ်ဆို ့ထားမှုကို ပြန်လည်ဖွင့်လှစ်ပေးဖို ့ မြန်မာအစိုးရထံ တိုက်ရိုက်တောင်းဆိုသွားမှာဖြစ်ပါတယ်။
Myanmar News Now ကို မြန်မာပြည်သူလူထု နေ ့စဉ် လူဦးရေ (၃၀၀၀၀)သုံးသောင်ကျော်
ဝင်ရောက်ကြည့်ရှုပြီး၊ သတင်းစာမျက်နှာပေါင်း တစ်သိန်းကျော် ဝင်ရောက်ဖတ်ရှုနေတာ
ဖြစ်ပါတယ်။

Myanmar News Now
http://www.thithtoolwin.com/2012/03/blog-post_1910.html

ဒီရက်ပိုင်းလိုင်းတွေပက်ပက်စက်စက်ကျနေတာ။ထင်တော့ထင်သားဘာတွေများလုပ်နေပါလိမ့်လို့ spam mail တွေစစ်တယ်ဆိုပြီး notice လုပ်သေးတယ်…ခုတော့ သွားရှာပြီ။

24 comments

  • water-melon

    March 19, 2012 at 7:36 pm

    proxyနဲ့ကျော်ကြည့်ရင်တော့ရတယ်ကွဲ့
    အရေးကြီးတာ ဒို့မန်းလေးဂဇတ်မပိတ်ဖို့ဘဲ
    သူကြီးကာကွယ်ထားနော်
    မျက်စောင်းထိုးနေတာကြာပြီထင်တယ် :mrgreen:

  • ချစ်ရင်ထူးနှစ်

    March 19, 2012 at 10:05 pm

    ဟုတ်တယ် မဖရဲ
    ဒါပေမယ့် မကျော်တတ် ဘူး
    နဲနဲ ကူ ညီ ပေးပါဦး

  • ဦးဦးကောလ ဟာလ

    March 19, 2012 at 10:17 pm

    ဟုတ်ပါတယ်ကိုဖရဲရယ် ဘယ်လိုမျာကျော်ရမတုန်း ပြောပေးပါဦး။
    သိတဲ့သူအပေါင်းလည်းပြောပေးကြပါဦးနော်။

  • htoosan

    March 19, 2012 at 10:18 pm

    ့ပြန်ဖွင့်ထားပါသည် ။ ဖတ်၍ ရပါသည်။

  • နတ်ဆိုးလေး

    March 19, 2012 at 10:23 pm

    ultrasurf 01.17 နဲ့ကျော်ကြည့်နိုင်ပါတယ် 127.0.0.1 port က 9666 ဖြစ်ပါတယ်။ ကိုဗြဲသီးရေ တူလားတော့ မသိဘူးနော်။ ဒါပေမဲ့ အဲ့တာက Malwarebytes Anti-Malware ဆော့ဝဲလ် နဲ့မတည့်ဘူးဗျ။ ဒီကောင်ကလဲ ဗိုင်းရစ် တမျိုးဘဲ မို့လို့ပါ ကိုဗြဲဆီမှာ ရှိပါလိမ့်မယ်တောင်းလိုက်ကြပါ။

  • ပေစိ

    March 19, 2012 at 10:32 pm

    ဦးဗြဲ ကျော်ခွဆိုဒ် တိတ်တိတ်လေး လူသိများရင် ပိတ်သွားဦးမယ် leoscorpionsstar@ ကိုတချက်လောက်
    ကျေးကျေးနော် တိ်တိတ်လေး ခွိခွိ

  • Thel Nu Aye

    March 19, 2012 at 10:46 pm

    ဟုတ်တယ်။ဒီနေ့ဖွင့်တာဖွင့်လို့မရပါဘူးအောက်မေ့နေတာ။ တခြားအမေစုနဲ့ပါတ်သက်တဲ့ ဆိုဒ်တွေ လဲဖွင့် လို့မရဘူး။ ဒေါ်အောင်ဆန်းစုကြည်လို့ပါတာနဲ့ဖွင့်မရတော့ဘူး။ နောက်ပြန်လှည့်နေကြပြီလားကွယ်တို့ရယ်။ စိတ်ပျက်ပါတယ်။ ပြသနာက ရတနာပုံတယ်လီပို့ ရဲ့အရေးအကြီးဆုံးအပိုင်းတွေမှာ တရုတ်တွေချည်းပဲ။ ဒင်းတို့လက်ချက်ဖြစ်ရမယ်။ သူတို့က အမေစုကို စစ်အုပ်ကစု မုန်းတာထက်ပိုမုန်းနေတာ။

  • ရှမ်းပြည်သား (တောင်ပိုင်း)

    March 20, 2012 at 12:31 am

    လုပ်ကြပါဦးကျွန်တော်လည်းဖွင့်မရဘူးဖြစ်နေတာ ကိုထူးဆန်းပြောလို့ထပ်ဖွင့်ကြည့်လည်းမရဘူး
    proxyလည်းမကျော်တတ်ဘူးဗျ ကျော်ရမယ့်ဆော့ဝဲလ်လည်းမရှိဘူး ဘာနဲ့ဘယ်လိုလုပ်ရမှန်းကိုမသိဘူး
    တော်သေးတယ် ရွာကြီးကိုတော့ Access Deniedမလုပ်ပစ်လိုက်လို့ အဲလိုသာလုပ်လိုက်ရင်တော့ သွားပြီ….
    မသဲနုအေးရေ …….. သူတို့ဘယ်လောက်ပိတ်ပိတ်ပါ ဖေ့ဘွတ်ကအကောင့်တစ်ခုပြီးတစ်ခုဖွင့်တင်ရင်ဘာတတ်နိုင်မှာတဲ့တုန်း။
    အင်တာနက်သုံးခွင့်တွေပိတ်ပစ်ကြရင်တောင် လူတိုင်းမှာရေဒီယိုတစ်လုံးရှိတဲ့ အရင်ခေတ်ဟောင်းက
    ဆက်သွယ်ရေးကွန်ရက်တွေသုံးလိုက်မှာပေါ့ အမေစုနဲ့ပတ်သက်ပြီးပိတ်ရင်တော့လား တရုတ်ကိုခလုတ်နှိပ်ပြီး
    မီးသဂြိုလ်ပစ်လိုက်မယ် မြစ်ဆုံကိစ္စနဲ့ဂတ်စ်လိုင်းကြောင့်ကျွန်တော်တို့တွေခံရပြီးကတည်းက တရုတ်ဆို
    အပြုတ်ဖြုတ်ပြီး ငါးဆုပ်လိုလုံးပစ်လိုက်ချင်တာဗျ။

  • water-melon

    March 20, 2012 at 8:36 am

    https://ctunnel.com/ ဗျို့ကျော်ခွဆိုဒ်က
    အောက်မှာပါတဲ့ begin Browsing မှာ http://www.thithtoolwin.com/လို့ရိုက်ထည့်ပြီးနှိပ်လိုက်ရင်
    ပေါ်လာပြီနော့
    မရရင်လဲ ပြောကြအုန်းနော်

    • laypai

      March 20, 2012 at 10:33 am

      http://www.thithtoolwin.com/
      အပေါ် က ကိုဖရဲ ပေးထားတဲ့ link ကို right click / Open Link in New Window လုပ် လိုက်တာ တန်း ပွင့် သွားပါသည်။ ( နံနက် ၁ဝ နာရီ ၃ဝ ) မတ်လ ၂၀။

    • Thel Nu Aye

      March 20, 2012 at 3:12 pm

      ရပြီး ဖရဲရေ။ ကျေးကျေး။ ဖတ်နေပြီ။

  • ရွာစားကျော်

    March 20, 2012 at 9:02 am

    ၂၀-၃-၂၀၁၂ နံနက် ၉ နာရီ မှာ
    ကျနော်ဖွင့်တာ ဖွင့်လို့ရပါတယ်ခင်ဗျ..
    ပြန်ဖွင့်ပေးလိုက်ပါပြီ..

  • water-melon

    March 20, 2012 at 9:16 am

    ရွာစားရေ ပွင့်သေးဘူးကွဲ့
    ဘာများမှားနေပါလိမ့်

  • htoosan

    March 20, 2012 at 9:17 am

    ဒုက္ခော …
    မနေ့ ညနေ ပိုင်း ရုံးက မပြန်ခင်မှာ ဖတ်မိလို့ ကြည့်တော့ ပိတ်ထားပါသည်။
    အိမ်ပြန်ရောက်ပြီး ညဘက် မှာ ကြည့်တော့ ကြည့်၍ ရပါသည်။
    ယခု ရုံးမှာ ၉း၁ရ နာရီ ၂၀-၃-၂၀၁၂ မှာ ကြည့်တော့ ပိတ်ထားပါသည်။
    ယခင် ကျွန်တော် သူကြီး ဆိုဒ်ကို အိမ်မှာ ဝင်မရ။ ရုံးမှာသာ ဝင်၍ရတာ ဖြစ်ဘူးပါသည်။
    ဆိုတော့ …. ယူတဲ့ နေရာ ပေါ်မူတည်နေသလား သိတော့ဘူး … ။ အခု ရေးနေတုံး ရွာစားကျော်ကလည်း ရတယ် ဆိုတော့….

  • chel gyi

    March 20, 2012 at 9:17 am

    thithtoolwin site ကမြန်မာစာသားတွေမှာ တချို့က ပေါ်ပြီး တချို့က ဖောင့်မှားနေတယ်ထင်တယ်…
    ဘီလိုလုပ်ရမတုန်း…သိရင်ပြောပေးပါခင်ဗျ…..

  • htoosan

    March 20, 2012 at 9:24 am

    https://www.vtunnel.com ကနေလည်း ကျော်ဝင်လို့ရပါသည်။

    အခုဘဲကျော်ဝင်ပြီး ကြည့်ပြီးတွေ့တဲ့ သတင်း………………

    အမျိုးသားဒီမိုကရေစီအဖွဲ ့ချုပ် အင်တာနက်စာမျက်နှာ http://burmese.nldburma.org/ ဝက်ဆိုဒ် တိုက်ခိုက်ဖျက်ဆီးခံထားရကြောင်းသိရပါတယ်။
    ယခုအခါ ပြည်တွင်းရော ပြည်ပမှာပါ NLD ဝက်ဆိုဒ်ကို ဖွင့်ကြည့်လို ့မရတော့ပါ။
    http://www.thithtoolwin.com ကို လည်း မြန်မာပြည်တွင်းမှာ ကြည့်ရှုလို ့မရအောင် ပိတ်ဆို ့ခံထား
    ရပါတယ်။ အခုလို ပိတ်ဆို ့ဖျက်ဆီးခံရမှုတွေ အတွက် Myanmar News Now မှာ ရက်ပိုင်း
    အတွင်းမှာ အသေးစိတ် သတင်းထုတ်ပြန်သွားမှာဖြစ်ပါတယ်။

  • ahnyartamar

    March 20, 2012 at 9:26 am

    Thank you so much Water-melon. easily get through with your proxy.

  • htoosan

    March 20, 2012 at 9:33 am

    အဲ သစ်ထူးလွင် ဆိုဒ်မှာပြောထားတဲ့ http://burmese.nldburma.org/ က ဝင်လို့ရနေပြန်ပါပြီ။။
    ဟိ . ဟိ … ရသူရ ..မရသူ မရနဲ့ ရန်တိုက်ပေးနေတယ်ထင်တယ် … 😀

  • aunty tun

    March 20, 2012 at 10:04 am

    ခုချိန်ထိဖွင့်လို့မရသေးပါဘူး ။

  • snow white

    March 20, 2012 at 6:24 pm

    မသိပါဘူးConnection မကောင်းလို့များမရတာထင်နေတာ

Leave a Reply