အွန်လိုင်းကြော်ငြာလုပ်ငန်းက မြန်မာ့ဝက်ဘ်ဆို်က်များအတွက် ကြော်ငြာရှာပေးမည်ဆို

klnJune 9, 20101min1203

မြန်မာဝက်ဘ်ဆိုက်ပေါင်းထောင်ကျော်အား ကြော်ငြာပေး၍ အွန်လိုင်းမှ ဝင်ငွေရှာဖွေပေးမည့် အစီအစဉ်တစ်ရပ်ကို Myanmar Online Advertising (Myanmar Version) မှ ယခုလတွင် စတင်အကောင်အထည်ဖော်တော့မည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် နည်းပညာ၊ ကဗျာ၊ Social ၊ ဖိုရမ်၊ သတင်းစသော ဝက်ဘ်ဆိုက်ပေါင်းထောင်ချီရှိပြီးမြန်မာတို့၏ ကုန်ပစ္စည်းများကို မြန်မာဝက်ဆိုက်များတွင် ကြော်ငြာခြင်းဖြင့်ကမာ္ဘတစ်ဝန်းရှိမြန်မာများကြည့်ရှုနိုင်မည်ဟုဆိုသည်။ ဝက်ဘ်ဆိုက်များကို ကြော်ငြာပေးအပ်ရာတွင် မည်သည့် ISP မှ မပိတ်ထားသော ဝက်ဘ်ဆိုက်တစ်ခုရှိရမည်ဖြစ်ပြီး၊ Porn နှင့် Political ဆိုက်များမဖြစ်စေရဘဲ Post များ Update ဖြစ်ရမည်ဟုသိရသည်။ Visitor Count Widget ပါရှိရမည်ဖြစ်ပြီး တစ်ရက်လျှင် Visitors ကြည့်ရှုသူ အယောက် ၂ဝနှင့်၂ဝအထက်ရှိသော ဆိုက်ဖြစ်မှ ကြော်ငြာရရှိမည်ဖြစ်သည်။ MOA ၏ တရားဝင်ဝက်ဘ်ဆိုက်တွင် ဝက်ဘ်ဆိုက်ရေးသူများ သွားရောက်မှတ်ပုံတင်ရမည်ဖြစ်ပြီး မှတ်ပုံတင်ပြီးသော ဆိုက်များကိုတစ်ပတ်ခန့်ကြည့်ရှုပြီး တစ်ပတ်ပြည့်ပါက MOA Admin များမှ ကြော်ငြာနှင့် ကုတ်ကို ပို့ပေးမည်ဖြစ်သည်။ ကြော်ငြာကို ဆိုက်၏ သိသာထင်ရှားသော နေရာတွင်တင်ပေးရမည်ဖြစ်ကာ လူတစ်ယောက်ကို ကြော်ငြာတစ်ခုသာ စတင်ရရှိမည်ဖြစ်သည်။ ကြော်ငြာတင်ပြီးနောက်တစ်ပတ်တွင်ငွေကျပ် ခြောက်သောင်းကို လာရောက်ထုတ်ယူနိုင်ပြီဖြစ်ပြီး၊ ၆လစာပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။ MOA ၏တရားဝင်ဝက်ဘ်ဆိုက်ကိုမကြာမီကာလအတွင်း မီဒီယာများသို့ကြေညာသွားမည်ဖြစ်ကြောင်း သိရသည်။

3 comments

  • wailynnoo

    June 9, 2010 at 8:27 am

    ဒါဆိုရင် blogger တွေအတွက် အလုပ်ရတော့မှာပေါ့။

  • chitkay

    June 9, 2010 at 9:56 am

    ကောင်းပါတယ်….
    ဘလော့ဂ်ဂါတွေ အတွက်တော့ တော်တော်လေးကောင်းမယ်ထင်ပါတယ်.

  • kai

    June 9, 2010 at 11:40 pm

    (မြန်မာတို့၏ ကုန်ပစ္စည်းများကို မြန်မာဝက်ဆိုက်များတွင် ကြော်ငြာခြင်းဖြင့် ကမာ္ဘတစ်ဝန်းရှိမြန်မာများ ကြည့်ရှုနိုင်မည်ဟုဆိုသည် )ဆိုထားတာမို ့..
    ကမာ္ဘတစ်ဝန်းရှိမြန်မာတွေ မြန်မာပြည်က ဘယ်လိုကုန်ပစ္စည်းများကို ဝယ်လို့ရသလဲ သိချင်မိတာပါပဲ..။
    နိုင်ငံခြားမှာရတဲ့ ဖက်ရှင်အကျီ င်္တွေ။ အဝတ်အစားတွေ။ အီလက်ထရောနစ်ပစ္စည်းတွေတော့ အဲဒီက တကူးတက မှာမဝယ်ချင်ပါဘူး။
    ငပိတွေ။ ငါးခြောက်တွေ၊ လက်ဖက်တွေဝယ်လို့ရနိုင်မလား သိချင်မိပါတယ်။

    အဲဒီလိုဆိုတော့..ဘယ်လိုမြန်မာလုပ်ငန်းရှင်က ဘာအကြောင်းနဲ့ နိုင်ငံခြားသွားကြော်ငြာမလဲ..နော..။
    ကြော်ငြာတယ်ဆိုတာက ကိုယ့်ပစ္စည်းရောင်းရဖို ့မဟုတ်လား..။

    ဘာပဲဖြစ်ဖြစ်…(ဆန်းပါသည့် ထူးထွေရာ)လို့မှတ်လိုက်ပါတယ်။ အားပေးဖို ့စောင့်နေပါ့မယ်။

Leave a Reply