စစ်ကိုင်းတိုင်းဒေသကြီး နဲ့ မကွေးတိုင်းဒေသကြီးတို့မှာ NLD အဖွဲ့စည်းတွေကို ပုတ်ခတ်နေကြပါတယ်

လာမည့် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပပြုလုပ်မည့် ကြားဖြတ် ရွေးကောက်ပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ကန့်ဘလူမြို့နယ် အမျိုးသားလွှတ်တော် အမှတ် (၃)  မဲဆန္ဒနယ် (ကန့်ဘလူ၊ ကျွန်းလှ၊  ရေဦး၊ တန့်ဆည်) မှာ ဝင်ရောက်ယှဉ်ပြိုင်မည့်  ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ  ဦးတင်မောင်ဝင်းက ကန့်ဘလူမြို့နယ် ထန်းတပင်ကျေးရွာ ဘုရားကွင်းအတွင်းမှာ  သူ၏ ပြိုင်ဘက် ကိုယ်စားလှယ်လောင်းတဦးဖြစ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) မှ ဒေါက်တာ မြင့်နိုင်ကို ပုတ်ခတ်ပြောဆိုပြီး မဲဆွယ်စည်းရုံးရေး ပြုလုပ်ခဲ့သည်ဟု သိရှိရပါသည်။

မတ်လ ၁၈ ရက်နေ့ နံနက် ၁ဝးဝဝ နာရီမှ ၁၁း၃ဝ အချိန်ထိ ကျင်းပပြုလုပ်ခဲ့သည့် မဲဆွယ်စည်းရုံးဟောပြောပွဲမှာ ဦးတင်မောင်ဝင်းက ဒေါက်တာမြင့်နိုင်သည် ထောင်ထွက်တယောက်ဖြစ်သည့်အပြင် မိန်းမ ၂ ယောက် ယူထားတယ် ဆိုတဲ့ ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေကို ပြောဆိုခဲ့ပြီး သူဟာ စစ်ဦးစီးအရာရှိ (ပထမတန်း) ဖြစ်ကြောင်း၊ တပ်မတော်က နိုင်ငံအတွက် တကယ် အလုပ်လုပ်နေတာ ဖြစ်ကြောင်း ဟောပြောခဲ့တယ်လို့  အဆိုပါ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲကို တက်ရောက်ခဲ့သည့် ဒေသခံတဦးက ပြောပါသည်။

ဒါ့အပြင် မဲဆွယ်စည်းရုံးရေး မစခင် မတ်လ ၁၈ ရက်နေ့  မနက်ပိုင်းမှာ ထန်းတပင်ကျေးရွာ အုပ်ချုပ်ရေးမှူးက တအိမ်တယောက် မဲဆွယ်စည်းရုံးပွဲကို မလာမနေရ တက်ရောက်ရမယ်ဆိုပြီး အသံချဲ့စက်နှင့် လှည့်လည် ကြေညာခဲ့ပါသည်။ ထန်းတပင်ကျေးရွာမှာ လူနေအိမ်ခြေ ၃၀ဝ ကျော် ရှိသည့်အတွက် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ၏ မဲဆွယ်စည်းရုံးရေး ဟောပြောပွဲကို ဒေသခံအယောက် ၃၀ဝ ကျော် တက်ရောက်ခဲ့ကြပါသည်။

“ရွေးကောက်ပွဲ ကော်မရှင်ကရော အစိုးရကရော ပြောနေတဲ့ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲ ဆိုတာက အောက်ခြေမှာ ဖြစ်ပျက် နေတဲ့ပုံစံက အဲလိုမဟုတ်ဘူးဖြစ်နေတယ်။ ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေဟာ ကြံ့ခိုင်ရေးပါတီကို အတိုင်းအတာတခုထိ ကူညီပံ့ပိုးနေတာဟာ လွတ်လပ်ပြီး မျှတတဲ့ ရွေးကောက်ပွဲဆိုတာ ဖြစ်ပါ့မလားဆိုတာ သံသယဝင်စရာ ဖြစ်နေပြီ” လို့ ထန်းတပင်ကျေးရွာက ဒေသခံတဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပါသည်။

(ကန့်ဘလူ၊ ကျွန်းလှ၊ ရေဦး၊ တန့်ဆည်) အမျိုးသားလွှတ်တော် အမှတ်(၃)မဲဆန္ဒနယ် နေရာမှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါက်တာ မြင့်နိုင်၊ ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ဦးတင်မောင်ဝင်း နှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေး ပါတီမှ ဦးတိုးမြင့်အောင် တို့ ဝင်ရောက် ယှဉ်ပြိုင်မှာ ဖြစ်ပါသည်။
ဘားမားဗီဂျေ

———————————————————————————————————————————————————————————————————————————————————————————–

မကွေးတိုင်း မကွေးမြို့နယ် ကျေးရွာများတွင် ဒီမိုကရေစီအဖွဲ့ချုပ်မှ NLD အောင်နိုင်ရေး

စည်းရုံးရေးဟောပြောခွင့်များကို ဖုတ်ကုန်း(စည်ပင်သာ) ကျေးရွာအုပ်ချုပ်ရေးမှူး 
ဦးရွှေလုံးနှင့် မကွေးမြို့ နယ် အုပ်ချုပ်ရေးမှူးဦးလှရှောင်မှ တားဆီးပိတ်ပင်နေကြောင်း
သိရပါတယ်။
မကွေးမြို့နယ် ဖုတ်ကုန်း(စည်ပင်သာ)ကျေးရွာ ကို မကွေးမြို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အောင်နိုင်ရေးအဖွဲ့ဝင်များ မတ်လ (၁၈) ရက်နေ့မှာရောက်ရှိခဲ့ပါတယ်။ 
အဲဒီနေ့မတိုင်မီ မတ်လ(၁၇)ရက်နေ့ ညမှာတစ်ကြိမ်၊(၁၈)ရက်နေ့ နံနက်တစ်ကြိမ်
အသံချဲ့စက်နဲ ့ ကျေးရွာသူ/သားများကို အသံချဲ့စက်များနှင့် လူစုလူဝေးများဖြင့် NLD အောင်နိုင်ရေးအဖွဲ့များအား ကြိုဆိုကြခြင်းမပြုလုပ်ပါရန် မကွေးမြို့ မ.ယ.က 
အုပ်ချုပ်ရေးမှူးဦးလှရှောင် အမိန့် ဖြင့် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ ဒေသခံတဦးက
ပြောပြထားပါတယ်။
ဒေသခံရဲ ့ပြောပြချက် ရုပ်/သံ ဖိုင်ကို အောက်မှာကြည့်နိုင်ပါတယ်။

4 comments

  • နတ်ဆိုးလေး

    March 20, 2012 at 9:39 am

    ဖိုင်တွဲလိုက်တယ်ဗျာ မပေါ်ဘူး ပို့ပေးမယ် နားထောင်ချင်ရင်တေ့ာ သစ်ထူးလွင်မှာ ကြည့်လဲ ရတယ်။ မေးလ် ထဲသို့ လမ်းပို့ပေးပါ့မယ် ရဲဘော်လေးအကြောင်းလဲ ရှိပါတယ် ဒီနေ့မနက်မှ ဒေါင်းလုဒ် ဆွဲထားတာ သစ်ထူးလွင် ဖွင့်မရဘူးဆိုလို့ နောက်ဆုံးသတင်းတွေ Share လိုက်တာပါ။

  • နတ်ဆိုးလေး

    March 20, 2012 at 9:42 am

    ဖိုင်တွဲလိုက်တယ်ဗျာ မပေါ်ဘူး ပို့ပေးမယ် နားထောင်ချင်ရင်တေ့ာ သစ်ထူးလွင်မှာ ကြည့်လဲ ရတယ်။ မေးလ် ထဲသို့ လမ်းပို့ပေးပါ့မယ် ရဲဘော်လေးအကြောင်းလဲ ရှိပါတယ် ဒီနေ့မနက်မှ ဒေါင်းလုဒ် ဆွဲထားတာ သစ်ထူးလွင် ဖွင့်မရဘူးဆိုလို့ နောက်ဆုံးသတင်းတွေ ပြန်ပွားပေးလိုက်တာပါ။

  • minn zaw

    March 20, 2012 at 12:02 pm

    အင်း ကြံ့ဖွတ်တွေကတော့ အဲဒီနည်းနဲ့ပဲမဲဆွယ်ကြတာပါပဲ။

    ပြည်သူတွေမကြောက်ကြဖို့ လိုပါတယ်။ ဒီကောင်တွေ အရမ်းလွန်နေပြီ။

    သူတို့အထက်က လူကြီတွေဆီ ထိထိရောက်ရောက် လူသိရှင်ကြား

    တိုင်နိုင်ဖို့လိုပါတယ်။အဲဒီပါတီက ကိုယ်စားလှယ်တွေ တိုင်းပြည်အတွက်

    ပြည်သူတွေ အတွက် ရပ်ရွာအတွက် စေတနာသန့်သန့်နဲ့ ဘာတစ်ခုမှ

    လုပ်မပေးခဲ့ပါဘူး။ အကြိုးလိုလို့ ညောင်ရေလောင်းနေကြတာပါ။

    ပြည်သူတွေကိုပြောချင်တယ်ဗျာ။အဲဒီလောက်အထိ မ အ ကြစမ်းပါနဲ့။

    ၂၀၀ရ တုန်းကလဲ ဘုန်းကြီးတွေကို ဘယ်သူတွေ ရိုက်ခဲ့ တာလဲ။

    မမေ့ကြစမ်းပါနဲ့။ပြည်သူတွေ မ အ ကြစမ်းပါနဲ့။ မကြောက်ပါနဲ့။

  • chel gyi

    March 20, 2012 at 1:47 pm

    ဖွတ် ဆိုရင်ဘယ် ဖွတ် မှမကောင်းဘူး……..

Leave a Reply