စစ်ကျန်ဗုံးဟောင်း ပေါက်ကွဲမှုကြောင့် လူ ၃ ဦးသေ

blackloverMarch 20, 20121min1615

ယနေ့ နံနက် ၁၁း၃ဝ တွင် ဇရပ်ကွက် ပြည်ကြီးတံခွန်မြို့နယ် ၆၈လမ်းနှင့်၆၉လမ်းကြား သခင်ဖိုးလှကြီးလမ်း နိင်စိုးပိုင် သံရေကြိုလုပ်ငန်း ပိုင်ရှင်ဦး ကျော်…၏လုပ်ငန်းခွင်တွင် တာဝေးပစ်ဗုံးအမျိုးစားဗုံးတစ်လုံးပေါက်ကွဲခဲ့ပါသည်။ အလုပ်လုပ်ကိုင်နေတဲ့ ကလေး၃ဦး ဖြစ်သော စိုးမိုးသူ (ဘ) ဦးအောင်ငွေ ၁၆နှစ် နံသာလှိုင်ရွာ ၊ မြင်းခြံမြို့နယ်မှဖြစ်ပြီး နောက်တစ်ဦးမှာ ကိုမိုး (ဘ) ဦးမင်းစိုး ၁၉နှစ် နှင့် ချစ်ကောင်း (ဘ) ဦးတင်သွင် မိုးထောင်ရွာ ငါးဇွန်မြို့နယ်တို့ ၃ဦးစလုံးသေဆုံးခဲ့ကြောင်းသိရှိရပါသည်။စိုးမိုးသူ နှင့် ကိုမိုးတို့မှာ နေရာတွင် ပွဲချင်းပြီးသေဆုံးခဲ့တာဖြစ်ပြီး ချစ်ကောင်းမှာတော့ ဆေးရုံကြီးသို့ပို့ဆောင်ပြီး ညနေ၃နာရီတွင်သေဆုံးခဲ့ကြောင်းသိရသည်။အဆိုပါ တာဝေးပစ်ဗုံးအမျိုးစားကို သံတူနှင့်ထုရာမှပေါက်ကွဲခဲ့တာဖြစ်ပြီး ကိုမိုးမှာ ဘယ်ခြေပြတ် ၊လက်နှစ်ဘက်ပျက် နှင့် ဗိုက်ပွင့်ဒဏ်ရာဖြင့် နေရာတွင်သေဆုံးခဲ့ပြီးအလားတူ စိုးမင်းသူမှာလည်း ခြေ၂ဖက်ပျက် ဗိုက်ပွင့်ဒဏ်ရာနှင့်သေဆုံးသွားခဲ့ကြပါသည်။ချစ်ကောင်းမှာ ခြေ ၊ ဦးခေါင်းတို့တွက် ဒဏ်ရာများရရှိခဲ့ပြီး ဆေးရုံတွင်သေဆုံးသွားခဲ့ပါသည်။သေဆုံးသူများ၏အခင်းဖြစ်ရာအနီးတစ်ဝှိက်တွင် ခြောက်ပေါင်တူ ၁လက် နှင့်သံထည်ဟောင်း ရှော့ဘားများကိုလည်းတွေ့ရှိရပါသည်။ဆက်လက်၍တာဝန်ရှိသူများအခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိစစ်ဆေးရှာဖွေရာမှမပေါက်သေးသောဗုံး ၂၃လုံးကိုလည်းတွေ့ရှိသိမ်းစီးရရှိခဲ့ပါသည်။ပေါက်ကွဲရခြင်းအကြောင်းကိုမူအသေးစိတ်ထပ်မံစုံစမ်းနေပြီး သူတို့၃ဦးမှာ အဟောင်းထည်များဖျက်ရန်အတွက် သံထည်များထုနှက်နေချိန်ပေါက်ကွဲသွားခြင်းဖြစ်ကြောင်း ပတ်ဝန်းကျင်မှမျက်မြင်များ၏ပြောကြားချက်ကိုသိရှိခဲ့ရပါသည်။

သစ်ထူးလွင် ဆိုဒ်ကshare လိုက်တာပါ တင်ထားတာမတွေ့သေးလို့ပါ….ပုံတွေတော့နောက်မှတင်ပါ့မယ်ရှင် လိုင်းကတော်တော်ဆိုးနေလို့ပါ

5 comments

  • etone

    March 20, 2012 at 3:00 pm

    အဲ … စစ်ကျန်ခေတ်က ဗုံးတွေကို ..တွေ့ပြီး .. .သံရေကျိုဖို့ သံတွေ ဖဲ့ခွာယူပုံကနေ … ပေါက်ခဲ့တာထင်တယ် … ။
    ဗုံး ၂၃လုံးတောင်တွေ့တယ်ဆိုတော့ .. … နှစ်တွေကြာပြီ မပေါက်လောက်တော့ဘူးလို့ထင်ပြီး …. သူဌေးဖြစ်သူ ဆင်ခြင်ဉာဏ်မဲ့စွာ အချိုချောင်ရလို့ ဝယ်ထားတာဖြစ်ရမယ် … ။ ဗုံးမှန်းပဲ မသိလို့လား … တွေးခေါ်မှုနည်းလို့လားမသိဘူး … အလုပ်သမားလေးတွေ … မသေသင့်ပဲ သေကြရတယ် … ။ သူတို့ရဲ့နောက်က … မှီခိုနေတဲ့ မိသားစုတွေအတွက်လည်း ….. စိတ်မကောင်းစရာပါပဲ … ။

  • manawphyulay

    March 20, 2012 at 3:24 pm

    ဪ ဒါကြောင့် သစ်ထူးလွင်ဆို်က်ကို ပိတ်လိုက်တာ ဖြစ်မယ်ထင်တယ်…

    • etone

      March 21, 2012 at 10:25 am

      သစ်လွင်ထူးဝက်ဖ်ဆိုက်က မပိတ်ပါဘူး .. ဖွင့်လို့ ရနေတုန်းပါ …
      ဂယ်ပဲ .. ဂယ်ပဲ … လျှောက်ပြောတယ် … ။

  • water-melon

    March 20, 2012 at 5:35 pm

    မဆိုင်တာ မပြောပါနဲ့ မနောရယ်
    သစ်ထူးလွင်က ဒါနဲ့မဆိုင်ပါဘူး

  • blacklover

    March 21, 2012 at 10:02 am

    water-melon ရေ မမနောပြောချင်တာအဲဒါမဟုတ်ဘူး
    သစ်ထူးလွင်ဆိုဒ်ကအဲလိုထိပ်တန်းလျို့ဝှက်ချက်တွေ ဖော်နေလို့ အစိုးရက ပိတ်ခံရတယ်ထင်ပါတယ်

Leave a Reply