မန္တလေးစက်မှုဇုန်ရှိ သံရည်ကျိုစက်ရုံတွင် ပေါက်ကွဲမှုဖြစ်ပွား(ပုံများနဲ့နောက်ဆက်တွဲပါ)

blackloverMarch 20, 20121min986

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုဇုန်ရှိ သခင်ဖိုးလှကြီးလမ်း၊ ၆၈ လမ်းနှင့် ၆၉ လမ်းကြား၊ နန ရှိ သံရည်ကျိုစက်ရုံတွင် သံရည်ကျိုရန် ပစ္စည်းဟောင်းများကို ထုခွဲဖျက်ဆီးရာမှ ပေါက်ကွဲမှုတစ်ရပ် ၁၉-၃-၂၀၁၂ ရက် ယနေ့ ၁၁ နာရီ ၅ မိနစ်ခန့်ကဖြစ်ပွားခဲ့သည်။

ယင်းပေါက်ကွဲမှုကြောင့် အသက် ၁၈ နှစ်ဝန်းကျင် ယောက်ျားလေးနှစ်ဦးမှာ ပွဲချင်းပြီးသေဆုံးခဲ့ပြီး အသက် ၁၂ နှစ်အရွယ်ရှိ ယောက်ျားလေးတစ်ဦးအား ဆေးရုံသို့ အရေးပေါ်ပို့ဆောင်ခဲ့ရသည်။

ပေါက်ကွဲမှုဖြစ်ပွားပြီးနောက် သက်ဆိုင်ရာစစ်အင်ဂျင်နီယာတပ်မှ ကျန်ရှိသည့် သံရည်ကျိုပစ္စည်းဟောင်းများကို ရှင်းလင်းရှာဖွေရာမှ စစ်ကျန်ဗုံးများကို ထပ်မံရှာဖွေတွေ့ရှိခဲ့သည်။ ၎င်းတို့မှာ ဒလက်ပါဗုံး၊ ဒလက် မပါ ဗုံးနှင့် ကျည်ဟောင်းများ စုစုပေါင်း ၂ဝ လုံးခန့်ဖြစ်သည်။

သံရည်ကျိုရန် ပစ္စည်းဟောင်းများကို ကြိုတင်ဖြတ်တောက်ထုခွဲလေ့ရှိသည့်အတိုင်း ဖြတ်တောက်ထုခွဲနေရာမှ ရုတ်တရက်ပေါက်ကွဲမှုဖြစ်ပွားခြင်း ဖြစ်နိုင်သည်ဟု အခင်းဖြစ်ရာနေရာရှိ မျက်မြင်အချို့ကပြောသည်။ သက်ဆိုင်ရာခွင့်ပြုချက်ရသည်နှင့် သေဆုံးသူနှစ်ဦး၏ ရုပ်အလောင်းကို လောကပါလ နာမှုကူညီရေးအသင်းမှ အသင်းသားများက ကောက်ယူခဲ့ပို့ဆောင်ခဲ့ကြကြောင်း သိရသည်။

နောက်ထပ်facebook ကတွေ့ရှိတဲ့ သတင်းလေးတွေနဲ့ပုံလေးတွေပါ

ပြီးတော့တစ်ခုလောက်မေးချင်လို့ပါရှင် ဒီဆိုဒ်ကဝင်ဖတ်တာများတယ် သိပ်မပိုစ့်မတင်ဖြစ်တော့လေ တင်ထားတဲ့ပိုစ့်ကို edit လုပ်ချင်ရင် ဘယ်ကနေလုပ်ရလဲသိချင်ပါတယ်ရှင် ကျေးဇူးပြုပြီးရှင်းပြပေးပါအုံးရှင်…..

6 comments

  • Thel Nu Aye

    March 20, 2012 at 3:32 pm

    ကျေးဇူးပါ။ စိတ်မကောင်းစရာတွေပါ။ ဗဟုသုတနဲပါးမှု့ကြောင့်မလိုလားအပ်တဲ့ တန်ဖိုးရှိတဲ့အသက် ဆုံးရှုးံ မှု့တွေဖြစ်ကုန်ရတာပါ။

  • ကိုရင်မောင်

    March 20, 2012 at 3:40 pm

    ဓါတ်ပုံတွေကြည့်ရတာစိတ်မကောင်းလိုက်တာ
    သဲနုအေးပြောတာဟုတ်ပါတယ် ဗဟုသုတနဲပါးလို့
    ခလေးငယ်တွေအသက်ဆုံးရှုံးရတာပါ..

  • kyeemite

    March 20, 2012 at 3:45 pm

    သတင်းဓါတ်ပုံလေးတွေနဲ့ တကွ အပ်ဒိတ်တင်ပေးတာကျေးဇူးပါ..

  • အသူရာ

    March 20, 2012 at 10:27 pm

    အားပေးသွားပါတယ် ။ကျေးကျေး

  • padonmar

    March 21, 2012 at 1:35 am

    member အသစ်တွေ edit လုပ်လို့မရပါ။ဒါကြောင့် သေချာစစ်ပြီးမှ တင်ရပါတယ်။
    စာမျက်နှာရဲ့ ညာဖက်က ဖတ်ပါ မှတ်ပါ ပြီးမှတင်ပါ အောက်မှာ လမ်းညွှန်ရှိပါတယ်နော်။

  • blacklover

    March 21, 2012 at 9:53 am

    padonmar ရေ ကျေးဇူးပါ ဟုတ်ကဲ့ အဲဒါကြောင့်edit ရှာမတွေ့တာကိုး ဟီးးအသစ်တော့မဟုတ်ပါဘူး ဒီဆိုဒ်ဝင်နေတာ တစ်နှစ်ကျော်ပါပြီပိုစ့်မတင်ဖြစ်တာပေါ့နော် ခုဟာကဓါတ်ပုံကနောက်မှတွေ့လို့အရင်တင်ထားတဲ့ပိုစ့်မှာ edit လုပ်ပြီးထည့်ချင်တာပါ အဲဒါနဲ့ နောက်ပိုစ့်တစ်ခုထပ်တင်လိုက်ရတာပါ ပြောပြပေးတာကျေးကျေးပါ…

Leave a Reply