အတော်ဆိုးလာတဲ့ မော်တော်ပီကယ်များ

manawphyulayMarch 20, 20121min47528

မော်တော်ပီကယ်များ ကားမောင်းပြေးသွားပုံ ဖြစ်ပါတယ်။

လိုင်းကားစီးရတာလည်း အလုပ်သွားချိန်ဆို ဒုံးပျံစီးပြီး သွားချင်စိတ်ပဲ ပေါက်မိတယ်။ အဓိပတိကလည်း ကြာလိုက်တာမှ အီကြာကွေးဆွဲနေသလိုပါပဲ။ အမျိုးသမီးကားကတော့ တစ်ခါတလေ မြန်တယ်။ ဒီတော့ မနက်အလုပ်သွားချိန်ဆို မြန်တဲ့ကားပဲ စောင့်စီးဖြစ်တယ်။ တစ်နေ့တော့ ၄၈ ကားစီးလာတာ မြို့ထဲမရောက်ခင် အလုံမြို့နယ် စာရင်းစစ်ချုပ်ကျောင်းနားလည်း ရောက်ရော ဘေးက ကွန်တင်နာကို ဟို်င်းလတ်ကားတစ်စီးက ဖြတ်တက်ပါရော။ ဘာမပြော ညာမပြောနဲ့ ဖြတ်တက်တော့ ကွန်တင်နာက ကားဟွန်းတီးလိုက်တယ်။ ဖြတ်တက်တဲ့ကားက မနော စီးလာတဲ့ကားရှေ့ရောက်တော့ လက်ပြတားတယ်။ ကားပေါ်ကို လှမ်းကြည့်တော့ ဟိုင်းလတ်ကားကလှည့်ကင်းကားဖြစ်နေတယ်။ သူပဲ ဘာမပြော ညာမပြောနဲ့ ဖြတ်တယ်။ ပြီးတော့ လက်ပြတားတယ်။ တားတော့ ကားသမားက ရပ်ပေးတယ်။ ဆရာတို့ ဘာကြောင့် လက်ပြတားရတာလဲပေါ့။ ကားပေါ်မှာလည်း မတ်တတ်ရပ်နေတဲ့သူဆိုလို့ စပယ်ယာနှစ်ယောက်ပဲရှိတယ်။ ဒါနဲ့ မော်တော်ပီကယ်က လူမပါမှန်းသိတော့ ပြန်မလွှတ်ပဲ ဘာထပ်ပြောလဲဆိုတော့ ဒရိုင်ဘာ လိုင်စင်ပေးပါတဲ့။ ဒရိုင်ဘာက ဘာလို့ တောင်းတာလည်း ယာဉ်စည်းကမ်းအတိုင်းပဲသွားတယ်။ ဘာမှလည်း မဖြစ်ဘူးပေါ့။ မေးတာကို မဖြေပဲ အတင်းတောင်းတယ်။ တောင်းတော့ ပေးလိုက်ပြီး ဘာကြောင့် လိုင်စင်သိမ်းတာလဲဆိုတော့ ကားဟွန်းတီးလို့တဲ့ ပြောပါရော။ ကားသမားက အတော် ဒေါကန်သွားတယ်။ ကားဟွန်းလည်း မတီးရပဲ လိုင်စင်ကို ဘလိုင်းကြည့်သိမ်းတော့ သူက ငြိမ်မခံနေတော့ပဲ လိုက်ဆင်းသွားတယ်။ သတ်သတ်မဲ့ ငွေညစ်တာဆိုပြီး မပေးပဲနေတယ်။ ပြီးတော့ ဟွန်းတီး မတီးကို ခရီးသည်တွေအကုန်မေးကြည့်လို့ရပါတယ်ပြောလိုက်တယ်။ ဒါလည်း မရဘူး။ ဒါနဲ့ မော်တော်ပီကယ်အပွင့်နဲ့ လူက ဂိတ်မှာ စောင့်နေမယ်။ ဘာညာနဲ့ ပြောပြီး မောင်းထွက်သွားတယ်။ ကားသမားက သတ်သတ်မဲ့တော့ ငွေ ၃ သောင်းလောက် မပေးနိုင်ဘူးတဲ့ လိုင်စင်လည်း အသိမ်းမခံနိုင်ဘူးတဲ့။ ဒီတော့ ကားပေါ်ပါတဲ့ ခရီးသည်တွေကို ခဏလေးဖြစ်ဖြစ် ဂိတ်ကို လာခဲ့ပေးဖို့ ပြောတယ်။ ကျွန်တော် ပြန်ပို့ပေးမှာပါတဲ့။ ခရီးသည်တွေဆိုတာကလည်း အရေးကြီး အလုပ်ဆင်းမယ့်သူတွေ အချိန်လုနေရတာ မနောလည်း အချိန်နောက်ကျလို့မဖြစ်နဲ့ ကားက ခုနကားနောက်ကို မောင်းပြီး လိုက်သွားတာကို ပါသွားရပါရော။ ရှေ့က မော်တော်ပီကယ်ကားကို ပိတ်ရပ်ဖို့ ခရီးသည်တွေ ဝိုင်းအော်ကြတယ်။ ပိတ်ရပ်လိုက် ဒီမှာ ရှင်းမယ်ပေါ့။ ဒါနဲ့ ၄၈ ဂိတ် ဗိုလ်တစ်ထောင်ဘုရားကို ပါသွားရတယ်။ ကားလည်းရပ်ရော… ခရီးသည်တွေအကုန်လုံး ပြေးဆင်းပြီး မော်တော်ပီကယ်ကားကို သွားဝိုင်းတယ်။ ပြီးတော့ ပြောတာပေါ့။ ဟွန်းမတီးပဲ ဘာရစ်တာလည်း ခရီးသည်တွေကို အားမနားဘူးဘာဘူးနဲ့ပေါ့။ တချို့က ဖုန်းနဲ့ဓာတ်ပုံရိုက်လည်း ရိုက်ရော မနောလည်း ဘယ်ရမလဲ ပါလာတဲ့ ကင်မရာထုတ်ပြီး ရိုက်တာပေါ့။ လူအုပ်က အုံနေတယ် အဲဒီမှာ ကားပေါ် ရှေ့တစ်ဖက်ချနေတဲ့ မော်တော်ပီကယ်အပွင့်နဲ့လူက သူမှန်တယ်ဆို လာတဲ့အကြောင်းပြောပေါ့။ ဘာပြောတယ်မှတ်လဲ။ ကျွန်တော် ခုနက ဘာပြောလို့လဲ ဂိတ်မှူးနဲ့ မတွေ့တာကြာလို့ ခဏဝင်ပြီး စကားလာပြောတာပါ ပြောပြီး နောက်က အောက်ဆင်းပြီး မော်တော်ပီကယ်တစ်ယောက်တောင် မစောင့်တော့ပဲ အောက်ခြေတစ်ဖက်ချထားတာ ပြန်တင်ပြီး ကားအတင်းမောင်းပြေးပါရော.. နောက်က ပုလိပ်က အသည်းအသန်ခိုပြီး လိုက်တက်ရတယ်။ ဒရိုင်ဘာက ဘယ်သွားမလို့လဲ ဒီမှာ လာရှင်းလေလို့ ပြေးပြောတာ ဘာမှမပြောပဲ ပြေးကြပါလေရော… ဪ တောင်းတာ ရမ်းတာလည်း အတော်ဆိုးလို့ လာနေပါလား… ရုံးလည်း နည်းနည်း မဆိုသလောက် နောက်ကျပြီး လမ်းအတော်လျှောက်လိုက်ရတယ်။
၄၈ ဂိတ်အစတွင် ကားထိုးရပ်လာစဉ် ခရီးသည်များ ဝိုင်းသွားပုံမြင်ကွင်း

လူအုံနေမှသတိရပြီး ရိုက်လိုက်တာ ကားနံပါတ်တော့ ပေါ်ပါတယ်။

28 comments

  • စိန်ပေါက်ပေါက်

    March 20, 2012 at 4:04 pm

    သဒေါင်းစားလို ့ခေါ်ရင် ရိုင်းရာကျပါ့မလား 🙄

    • myanmarcitizen

      March 20, 2012 at 4:08 pm

      မရိုင်းဘူး သူတောင်းစားက စိတ်ဆိုးမှာ သူနဲ့နိုင်းလို့။ 🙂

  • htoosan

    March 20, 2012 at 4:07 pm

    အားပေးတယ် မနောရေ.. မှန်ရင်မှန်တဲ့ဘက်က ရပ်တည်တာ။။

  • myanmarcitizen

    March 20, 2012 at 4:07 pm

    ဟောက်စား ချောက်စား ကောင်တွေ ဟဟ ပြည်သူတွေနဲ့တွေ့တော့ ပြေးလိုက်တာတန်းနေတာပဲ။ ကဲ သမ္မတကြီးရေ ခင်ဗျားတပည့်တွေ လုပ်ပုံလဲကြည့်အုန်းလေ သက်သေနဲ့တကွတွေ့ရပြီ ထပ်ပြီးအရေးယူ ပါအုန်းဟ။ ကဲကားနံပါတ်ကလဲ သေချာပဲ ဒ/၈၇၅ တဲ့ အဲ့နံပါတ်နဲ့ လိုက်လိုက်ရင် ဘယ်ကောင်တွေ ဆိုတာသိ ပြီပေါ့ဗျာ။ အနည်းဆုံးတော့ ၄ ကောင်ပဲဗျာ။

    • ko latt

      March 23, 2012 at 8:38 pm

      ဆူးပင် အကိုင်း အခက် ခုတ်လိုက်တာနဲ့ မလုံလောက်ဘူး..အခြေအနေပေးရင် ဆူးက ပြန်ထွက်လာဦးမှာ ..အမြစ်က ိုတူးထုတ် နိုင်မှ …..ဒီလိုပါဘဲ..သူတို့တွေက စနစ် ဆိုးရဲ့ သားကောင် တွေပါ လစာချို့တဲ့တော့ မိသားစု စားဝတ်နေရေး မလောက်င တဲ့အပြင် ရတဲ့နေရာလေး တည်မြဲအောင် သူတို့ရဲ့ သူတောင်းစား အထက်ဆရာကြီးတွေ ကိုလည်း ရှာဖွေ ကျွေးရသေးသဗျ…ကောင်းကင်က ကြယ် တွေကို ရေတွက်လို့ ရနိုင်ပေမယ့် အခုလို အလားတူ ဖြစ်ရပ် မျိုးတွေ ကမြန်မာပြည် မှာ ရေတွက်လို့ ဆုံးနိုင်မယ် မထင်ပါဘူးဗျာ….
      ဒီတော့ အပင် ကို ခုတ် မှာလား ….အမြစ်ကို တူးထုတ် မှာလားဆိုတာ.. အဆုံးအဖြတ်ပေးမည့်သူ က ပြည်သူ လူထု ပါဘဲ ခင်ဗျာ……

  • htoosan

    March 20, 2012 at 4:09 pm

    ဝေး .. ဒို့စိန်ပေါက်ပေါက်ကွ ကိုယ်ထင်ပြပြန်ပြီ….ဝဲလ်ကမ်းဘက်ခ် ..

  • Mon Kit

    March 20, 2012 at 4:13 pm

    ပြည်သူ့အင်းအား ဒို့အင်အားတဲ့…..
    ပြည်သူတွေက အမှန်ဘက်ကနေ ရဲဝင့်စွာ ရပ်တည်ပေးခဲ့တဲ့အကျုးိပေါ့နော်…

    😀

  • Thel Nu Aye

    March 20, 2012 at 4:20 pm

    အင်းခေတ်အဆက်ဆက် သူတို့ပဲ။ ခေတ်များသာပြောင်းတယ်။ စနစ်များကတော့ဒီအတိုင်းပဲ။ အကျင့်များကတော့လက်ဆင့်ကမ်းပေးသွားတယ်မှတ်တာပဲ။ ကောင်းမွေတော့လက်ဆင့်မကမ်းပဲ တောင်းမွေတော့ကောင်းကောင်းလက်ဆင့်ကမ်းသွားတာ။ ကောင်းလှောင့်တေး ကောင်းလှောင့်တေး။

  • snow white

    March 20, 2012 at 4:28 pm

    ဟုတ်ပါ့ကားနံပတ်သိနေပြီဆို သေချာစစ်လိုက်ရင်ပေါ်ပြီပေါ့လေ ကောင်းတယ်မမမနောရေသူတို့တွေတော်တော်ဆိုးလာတာ တောင်းရမ်းတာတော်တော်ကြာနေပြီ ကားသမားတွေထဲကတဦးဦးသူတို့တွေထဲကတယောက်လောက်ကိုကားနဲ့ဝင်တိုက်လိုက်ရင် ပိုတောင်မတောင်းရဲတော့မှာ

  • ကိုရင်မောင်

    March 20, 2012 at 4:50 pm

    ဟ…..စိန်ပေါက်ပေါက်ဘယ်ကဘယ်လိုပြန်ရောက်လာတာတုန်း
    မင်းဘယ်ပျောက်နေတုန်းလူပျောက်တိုင်တဲ့သူကတိုင်လို့
    ရွာသူားတွေကိုနှုတ်ဆက်လိုက်အုံး စိုးရိမ်တဲ့သူနဲ့လွမ်းဖျားလွမ်းနာကျတဲ့သူနဲ့
    ခွင့်လွတ်တယ်အမြန်ပြန်လာပါဆိုတဲ့သူနဲ့
    မင်းကွန်မန်းတွေ့ရတာဝမ်းသာပါတယ်
    နေကောင်းတယ်မို့လား……

  • ကိုရင်မောင်

    March 20, 2012 at 4:55 pm

    မနောဖြူလေးရေ
    ဒီလိုကောင်တွေကိုခုလိုပညာပေးလိုက်တာ
    တော်တော်ကောင်းလုပ်ရပ်ပါ….
    ပြည်သူတွေစည်းလုံးဘို့အရေးကြီးနေပြီ….

  • yaungchikha

    March 20, 2012 at 5:51 pm

    အခုလို ပုံနဲ့တကွတင်လိုက်တော့ သူတို့နောက်လုပ်ရမှာတွန့်သွားမယ်ထင်တယ်၊

  • အသူရာ

    March 20, 2012 at 10:34 pm

    ဟုတ်တယ် ဂယ်ပဲ ပြောလိုက်ရမကောင်းရှိတော့မယ် ဟွင်း
    ပုံနှင့်တကွဖော်ပြပေးလိုက်တာ ကောင်းတယ် အားပေးတယ် များများရိုက်နိုင်ပါစေ

  • padonmar

    March 20, 2012 at 11:40 pm

    မနောကွ
    ဒါမှ CJ အစစ်ဟေ့ ၊
    အားပေးပါတယ်။
    မတရားတာ ခေါင်းငုံ့မခံဖို့လိုပါတယ်။

  • ကိုတတ်ပ

    March 21, 2012 at 5:02 am

    ဒီ တဖွဲ့တော့ ဒီတခါ ထိပီ ။ ကောင်းတယ် ဒီလိုလဲ များများ ထိပေးအုံး မှ။
    ဒီလိုမှ မလုပ်ရင် နောက်ဆို အမြဲ ဒုက္ခ ပေးနေအုံးမှာ ။
    မတရားမှုတွေကို ခုလို ဝိုင်းဝန်းဖြေရှင်းပေးနိုင်ရင် မတရားလုပ်ချင်တဲ့သူတွေ
    ဘယ်သူမဆို နောက်တွန့်သွားတော့မှာ။
    အားပေးပါတယ် ၊ ။
    ” မတရားမှုများ ပပျောက်ပါစေ “

  • Foreign Resident

    March 21, 2012 at 5:50 am

    ပုလိပ် အရာရှိတော့ အိပ်မက်ဆိုးတွေ မက်နေလောက်ပြီ ။
    ဘာမဟုတ်တာလေးနှင့် ဘဝ ပျက်ရတော့မယ် ။
    သနားရမှာလား မသိ ?????

    နောက်ဆို MG ရွာသူားတိုင်း ကင်မရာ ဆောင်ထားတော့မှာပဲ ။
    Citizen Journalist ပေါ့ ။
    Anyway, Good Job, Well Done.

  • Foreign Resident

    March 21, 2012 at 5:57 am

    သူကြီးရယ် On the spot
    ဒီလို ဓါတ်ပုံ နှင့်တကွ ပြည့်ပြည့်စုံစုံ
    သတင်း ဆောင်းပါးမျိုးတင်နိုင်တာ
    မနောလေးကို ဂုဏ်ပြုသင့်ပါတယ် ။
    ဒီလို တိုက်ဆိုင်ဖို့ဆိုတာ လွယ်မှတ်လို့ ။

  • ဖားသက်ပြင်း

    March 21, 2012 at 6:04 am

    မတ်တပ်ရပ်ပြီး လက်ခုတ်တီးသွားပါကြောင်း…..
    😀

  • water-melon

    March 21, 2012 at 9:43 am

    ထိုင်ပြီး လက်ခုတ်တီးသွားပါကြောင်း…..
    ခွီ.ခွီ.ခွီ.ခွီ.ခွီ.ခွီ.ခွီ.(မောင်ဂီအသံဖြင့်ရယ်ရန်)

  • သူရဇော်

    March 21, 2012 at 10:11 am

    လမ်းလျှောက်ရင်းလက်ခုပ်တီးသွားပါကြောင်း။……. လက်မလေးလဲ ထောင်ပေးခဲ့ပါကြောင်း…….

  • ကြောင်ကြီး

    March 21, 2012 at 10:32 am

    အန်တီမနော လမ်းဖြတ်ကူးရင် မျဉ်းကျားက ကူးပါ..။
    ပုံ
    မော်တော်ပီကယ်ချုပ်မှူးကြီး 🙁

    • manawphyulay

      March 21, 2012 at 11:45 am

      ဒါတော့ စိတ်ချ ခုဆိ မျဉ်းကြား ရှာနေတာနဲ့ အလုပ်အမြဲနောက်ကျတယ်။ ဆူးလေနားက မျဉ်းကြားဖြတ်ရင်ဖြတ် မဖြတ်ရင် ပန်းဆိုးတန်းက မျဉ်းကြားကို ရောက်အောင်သွားပြီး ကူးရတာ။ ဖြစ်သင့်တာက မျဉ်းကြားတွေလည်း ဆေးပြန်သုတ်ပြီး လင်းလင်းထင်းထင်းလေး ပြန်လုပ်စေချင်တယ်။ မျဉ်းကြားတွေ ပျောက်နေတော့ ဘယ်က ကူးရမှန်းမသိလည်း ဖြစ်နေတာ များတယ်။

  • favourite

    March 21, 2012 at 12:13 pm

    ဟင် လိုင်စင်ရော ပြန်ပေးမသွားဘူးလား ပြန်ပေးမပေးမပါလို့
    ပြန်မပေးသွားဘူးဆိုရင်တော့ ကားသမားတွေ ရုံးမှာသွားတောင်းရင်တော့ သေပြီပဲ
    ခုတောင် ခရီးသည်တွေအများကြီး ဝိုင်းလို့သာ ထွက်ပြေးတာလေ

  • kyeemite

    March 21, 2012 at 1:28 pm

    ဂွတ်ဂျော့..ချီးကျုးပါတယ်…
    ဂေဇက်သူနဲ့တွေ့တော့
    မော်တော်ပီကယ်တောင်
    လစ်ပြေးရတယ်..

  • TTNU

    March 21, 2012 at 1:37 pm

    မနောရေ..
    တော်တယ်ကွယ်။
    လိုင်စင်ပြန်ပေးရဲ ့လားဟင်။
    သူတို့ ဓားပြဖြစ်နေပြီ။

  • chel gyi

    March 21, 2012 at 1:48 pm

    ရုပ်ရှင်မင်းသား..တောင်မှ သူတို့အိုင်တင်ကိုအရှုံးပေးရလောက်တယ်….

  • kai

    March 21, 2012 at 2:29 pm

    CJ တွေများလာရင်.. မီဒီယာပွင့်လင်းလွတ်လပ်ရင်.. ခြစားတာတွေလျှော့နည်းသွားမယ်ဆိုတာ.. သိသာစေတဲ့.. အဖြစ်တခုပါ..။
    အုပ်ချုပ်ရေး(အစိုးရ)က.. ဒါမျိုးတွေ.. အထောက်အထားဓါတ်ပုံနဲ့.. တက်လာရင်.. အရေးယူပေးဖို့လိုတယ်ထင်မိတယ်..။

    တကယ်တော့.. CJ တွေဟာ.. တိုင်းပြည်အတွက်..( အစိုးရက လစာပေးစရာမလိုပဲ.. ) တာဝန်ထမ်းပေးနေသူတွေပေါ့..။
    CJ များအား.. လေးစားဂုဏ်ပြုပါ၏.။

  • Khin Latt

    March 23, 2012 at 8:53 pm

    မနော ရေ
    ကင်မလာ ကို အမြဲဆောင်ထားပေတော့။
    ဒီမော်တော်ပီကယ် တွေ ခမျာ ကျားရှေ့မှောက်ရက်လဲ တာဘဲ။
    နောက်ဆို ဂဇက် စီဂျေ များ ဟာ မြန်မာပြည် မီဒီယာ ရဲ့ လမ်းပြကြယ် များ ဖြစ်လာတော့ ပါမည်။
    အင်တာဗျူး လဲ လုပ်ဘူးပြီ၊ ဓာတ်ပုံ နဲ့လဲ သတင်းဖော်ပြီးပြီ။
    ဂုဏ်ယူပါတယ် မနောရေ။ 🙂
    ဒါထက် အစ်မပဒုမ္မာ မေးသလိုဘဲ။ လိုင်စင်ပြန်ပေး သွားလား???

Leave a Reply