ကိုရီးယားဖက်ထုပ်

မြသဲ ( 17082011 )March 20, 20122min16222

ပါဝင်ပစ္စည်းများ

၁ ။ဖက်ထုပ်ရွက် ၄ဝ ( အဝိုင်း )

( ကျွန်မကတော့ လေးထောင့်ပဲရလို့ ငွေထုပ်ပုံလုပ်လိုက်ပါတယ်။ )

၂ ။ ကြက်သား ( ဝက်သား ) ၂ဝ သား ( နုတ်နုတ်စင်းထားပါ )

( အမဲသားစားသူများ အမဲသား ၂ ချိုးနှင့် ဝက်သား ၁ ချိုးရောလျှင်လဲရသည်။ )

၃ ။ မှိုခြောက် ၅ ခု

( ရေဖြင့်ပြုတ်ပြီး နုတ်နုတ်စင်းထားပါ )

၄ ။ ကြက်သွန်မိတ် ၂ စည်း

၅ ။ တိုဟူး ၃၀ဝ ဂရမ်

၆ ။ ကြက်သွန်နီ ၁ ဝက် ( နုတ်နုတ်စင်းထားပါ )

ရ ။ ကြက်သွန်ဖြူ ၃ မြွာ ( နုတ်နုတ်စင်းထားပါ )

၈ ။ ဆား

၉ ။ ခနောကြက်သားမှုန့်

၁ဝ ။ သကြား

၁၁ ။ နှမ်းဆီ

၁၂ ။ ငရုတ်ကောင်း

ပြုလုပ်ပုံ

၁ ။ အရင်ဆုံး  နုတ်နုတ်စင်းထားသော အသားများကို ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ ကြက်သားမှုန့် လက်ဖက်ရည်ဇွန်းတဝက်၊ နှမ်းဆီ စားပွဲတင်ဇွန်း ၁ ဇွန်း၊ ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်းတဝက် တို့ဖြင့်သမအောင်နယ်လိုက်ပါ။

၂ ။ ပြီးလျှင်ပါးပါးလှီးထားသော ကြက်သွန်မိတ်ကို ဆီ စားပွဲဇွန်း ၁ ဇွန်း ဖြင့်ရောမွှေပြီးအသားထဲ့ထားသောပန်းကန်ဘေးတွင်ပုံထားပါ။

၃ ။ ထို့နောက်ပြုတ်ထားသောမှိုကို အရည်ညှစ်ပြီး နုတ်နုတ်စင်းပေးပြီး ပဲငံပြာရည် လက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်း၊ နှမ်းဆီ လက်ဖက်ရည်ဇွန်း ၂ ဇွန်း တို့ဖြင့်နယ်ပါ။

၄ ။ တို့ဟူးကိုရေစစ်ပြီး နုတ်နုတ်စင်းလိုက်ပါ။ ရေမရှိတော့မှ ဆားအနည်းငယ်၊ နှမ်းဆီအနည်းငယ်တို့ဖြင့်နယ်ပါ။

၅ ။ နောက်ဆုံးမှ ပန်းကန်ပြားထဲသို့ ကြက်သွန်ဖြူ၊ ကြက်သွန်နီများထည့်ပြီးပါဝင်ပစ္စည်းများအားလုံးကိုသမအောင်နယ်ပါ။

၆ ။ အစာသွတ်ရန်ပြင်ဆင်ပြီးမန်ထိုစလုပ်နိုင်ပါပြီ။

ရ ။ ပြုလုပ်ပြီးလျှင် အိုးထဲတွင် ပန်းကန်ခံပြီးရေနွေးငွေ့ဖြင့် ၅ မိနစ်ခန့်ပေါင်းလိုက်လျှင်အနံ့အရသာဖြင့်ပြည့်စုံသော ကိုရီးယားဖက်ထုပ် ( မန်ထို ) ကိုရရှိပါမည်။

၈ ။ ကြော်စားလိုလျှင် အိုးထဲသို့ဆီ စားပွဲဇွန်း ၄ ဇွန်းခန့်ထည့်ပြီး မီး အသင့်အတင့်ဖြင့် တစ်ဖက်ကို ၁ မိနစ်နှုန်းဖြင့် အဖုံးအုပ်ပြီး ၂ မိနစ်မှ ၃ မိနစ်ခန့်ကြော်ပေးပါ။ ဖက်ထုပ်များအညိုရောင်သန်းလာလျှင် ရေ စားပွဲဇွန်း ၂ ဇွန်းခန့် ထည့်ပြီး အဖုံးပြန်အုပ်ပြီးမှချပါ။

၉ ။ ထိုမန်ထိုများကိုရပြီဆိုလျှင် ပန်းကန်ပြားထဲထည့်ပြီးကင်ချီ ( သို့ ) ဆော့ဖြင့်တွဲဖက်စားသုံးနိုင်ပါပြီ။

 

22 comments

  • Ma Ei

    March 20, 2012 at 4:42 pm

    အတော်စားကောင်းမဲ့ ပုံလေးဘဲ…
    မအိတော့ အဲဒီထဲက တို့ဟူးလေး လက်တစ်လုံးစီလောက်လှီးပြီး
    အကြောတင်းလေးကြော်..ပုဇွန်ခြောက်၊ကြက်သွန်ဖြူလေးထဲ့ကြော်
    ကောင်းမှကောင်း…

    • Thel Nu Aye

      March 20, 2012 at 4:48 pm

      ဟုတ်အမရေ အိမ်မှာကတော့ ချမလောက်ပဲ။ ကြိုက်ကြတယ်။ သူ့အစာလေးက စားကောင်း တယ်။

  • Shwe Tike Soe

    March 20, 2012 at 4:50 pm

    ဟာဂျာလုပ်တတ်တော့ဘူး အစ်မပဲ လုပ်ကျွေးတော့ဗျာ… စားချင်လာပြီ… လုပ်ကျွေးမှာလားအစ်မ .. 😀

    • Thel Nu Aye

      March 20, 2012 at 5:00 pm

      အင်း မင်္ဂလာဆောင်မှာအော်ဒါမှာလေကွယ်။ discount ပေးမှာပေါ့။ ဥပမာ – အခု ၁ ထောင်
      မှာရင် သတို့သားသတို့သမီးအတွက် ရေသန့် ၁ ဗူးပေါ့ကွယ်။ အထူးလက်ဆောင်ကတော့ တသက်လုံး စားရအောင် အုပ်အုပ်ကို လက်ထပ်သင်ပေးလိုက်မှာပေါ့။ ကောင်းဘူးလား။ ဟဲဟဲ။

  • စိန်ပေါက်ပေါက်

    March 20, 2012 at 4:53 pm

    မိုက်ဒယ် ဂျီးဒေါ်…
    ပြန်ရောင်းစားမယ်ဆိုရင် ရင် တစ်ခုဘယ်လောက်နဲ ့ ပြန်ရောင်းရမလဲဗျ
    🙄

    • Thel Nu Aye

      March 20, 2012 at 5:02 pm

      အင်း ရောင်းတာကတော့ ကိုယ်မြတ်ချင်သလောက်သာတင်ရောင်း။ စီးပွား ———- လတံ့။

  • ဆူး

    March 20, 2012 at 4:55 pm

    စားကြည့်ချင်လိုက်တာ.. ဘယ်အချိန် စားရမလဲဟင်.. လာ စားမလို့.. ဟိဟိ

    • Thel Nu Aye

      March 20, 2012 at 4:56 pm

      ရတယ်။ တနေ့နေ့တော့ ဖြစ်လာလိမ့်မည်။ ဟီဟိ

  • htoosan

    March 20, 2012 at 5:11 pm

    နံမည်ပြောင်းတပ်လို့ မရဘူးလား ။ သဲနုအေး ဖက်ထုပ်လို့ ။ မသဲနုအေးလုပ်တာ လေ… 😀 😀
    မန်ထို ဆိုတာ စီလုပ်ကြီးတွေရဲ့ အသားမပါတဲ့ ပေါက်စီကိုလည်း ခေါ်တယ် အောက်မေ့တာ။

    • Thel Nu Aye

      March 20, 2012 at 5:32 pm

      ကိုရီးယားကတော့ ဖက်ထုပ်ကို မန်ထိုလို့ရေးထားတာတွေ့လို့ပါ။ အသံလဲအဲလိုဆင်ဆင်ထွက် ပါတယ်။ အသားလွတ်ပေါက်စီလဲ မန်ထိုလို့ ခေါ်ပါတယ်။ အသံထွက်တော့ကွာလိမ့်မယ် ထင်တာပဲ။

  • နွယ်ပင်

    March 20, 2012 at 5:25 pm

    အစ်မရေ ဗိုက်ဆာနေတဲ့ အချိန်နဲ့ ကွတ်တိပါပဲလား
    ဘယ်မှာလာစားရမလဲဟင် ………. 🙂

    • Thel Nu Aye

      March 20, 2012 at 5:34 pm

      အင်း မိတိုက်ကိုတော့ အချွန်နဲ့မထားတယ်။ သူ့ပွဲမှာ စားရမယ်မှတ်တာပဲ။ ဟဲဟဲ။
      နောက်တွေ့ ဆုံပွဲ တွေလာဖြစ်ရင် လုပ်ယူလာခဲ့ပါ့မယ်။

  • pooch

    March 20, 2012 at 5:45 pm

    စားကောင်းမဲ့ပုံပဲ အမ မှိုမထဲ့လည်း ရမယ်ထင်တယ်နော် ။ ဒါနဲ့ အမ ရွာကလူတွေ အိမ်ခေါ်ကျွေးရင် မန်းလေးကိုရော ပါဆယ်လေးဘာလေး မပို့ပေးချင်ဘူးလား။ 😀

    • Thel Nu Aye

      March 20, 2012 at 6:26 pm

      မကြိုက်လဲမထဲ့ပဲလုပ်လဲရပါတယ်။ မှိုပါတော့ အနံလေးကတမျိုးလေး။ အရသာလဲထူးသွားတယ်။ ထုပ်ထုပ် ထုပ်ထုပ်နဲ့ စားကောင်းတယ်။ မန်းလေးလာရင်လုပ်ကျွေးမယ်။ နိုဝင်ဘာလောက် လာဖြစ်မယ်။

  • koaung

    March 20, 2012 at 6:20 pm

    တကယ်စားလို့ကောင်းမဲ့ပုံပဲဗျာ အဝါရောင်အလိတ်၂လိပ်ကဘာလေးတွေလဲဗျာ

    • Thel Nu Aye

      March 20, 2012 at 6:23 pm

      တိုဟူးတုံးလေးတွေလေ။

  • MaMa

    March 20, 2012 at 10:33 pm

    ဟင့် သူများတွေများ လုပ်တတ်လိုက်တာ။
    အားကျမခံဘူးဟေ့ ငါတို့ကလည်း စားတတ်ပါတယ်။ 😆

  • surmi

    March 20, 2012 at 11:55 pm

    ရွာထဲမှာ ခုတလော မဖိတ်တဲ.အလှုတွေများလိုက်တာ ………….။
    ပုံလည်းတင် ၊ တစ်ခါလောက်လည်းဖိတ်ပါဦး ………..။
    (ငတ်မရှက် တဲ. )

  • chel gyi

    March 21, 2012 at 10:35 am

    ဖက်ထုပ်ရွက် ကဘယ်မှာဝယ်ရမတုန်း….
    ပြောပြပါအုန်း…..

    • Thel Nu Aye

      March 21, 2012 at 10:47 am

      ဖက်ထုပ်ရွက်က Market တွေမှာ ဝယ်လို့ရပါတယ်။ စိန်ဂေဟာ၊ စီးတီးမတ် တို့လို့ မတ်တွေပေါ့။ အအေးခန်းတွေမှာရှိပါတယ်။

  • chel gyi

    March 21, 2012 at 12:47 pm

    သိုင်းကျုး….ma thel Nu Aye

  • star flower

    March 21, 2012 at 3:28 pm

    စားချင်စဖွယ်လေးနော်။
    ကြုံရင်ကျွေးနော်

Leave a Reply