အဝေးကလူ ရဲ့ စိတ်စေရာ

ဘ၀ တစ်လျှောက်လုံးမှာ စိတ်၏စေစားရာအတိုင်း ရှင်သန် နေထိုင်ခဲ့တဲ့ အနုပညာရှင်တစ်ဦးကတော့ အဆိုတော် ပန်းချီဆရာ ခင်ဝမ်း ဖြစ်ပါတယ်…

MG ရဲ့ ကိုပေါက် ကတော့ ခင်ဝမ်းရဲ့ သီချင်းတွေအကြောင်းကို အပိုအလို မရှိပြည့်စုံအောင် ဒီလို ရေးဖွဲ့ ပေးထားပါတယ်…

…..ကိုယ်ပိုင်သံစဉ်အကြောင်းပြောမယ်ဆိုရင် ကျနော်ရင်ထဲကို စူးနစ်စွာရောက်လာဘူးတဲ့ (ခင်ဝမ်း)ကစရမယ်ထင်ပါတယ်။
(ပြင်သစ်ကတောင်ပြန်လာတယ် ပန်းချီလဲဆွဲတယ် စာလဲရေးတယ်လို့ကြားဘူးပါတယ်)
အရင်က (နုတ်ဆက်ခဲ့ပါတယ် ကျနော်သွားတော့မယ် လမ်းရဲ့သယ်ဆောင်ရာ ဟိုအဝေးကို………………….)ဆိုတဲ့စာသားလေးတွေကို
အဆောင်ရှေ့ကဂစ်တာဝိုင်းမှာကြားနေပေမယ့် ဘယ်သူ့သီချင်းဆိုတာ မသိခဲ့တာအမှန်ပှါ
ဒီဂီတနဲ့ပါတ်သက်တဲ့အလုပ်ကိုလုပ်မိမှ ဒါက (ခင်ဝမ်း)ဆိုတဲ့သီချင်းတွေပါလားဆိုတာသိလာပါတယ်။
သူရဲ့နှင်းဆီဖြူရဲ့အဝေးကလူတစ်ယောက်ဆိုတဲ့ ဆီးရီးစ်မှာ(အချစ်ကိုရင်း၍)ဆိုတဲ့သီချင်းမှာနောက်ကနေဟာမိုနီလိုက်ပေးတဲ့(ရင်းကီး)ရဲ့
(ဟာ…….ဟ…ဟာ….ဟာ)ဆိုတဲ့အသံပါးပါးလေးက အခုပြန်ပြောနေရင်းတောင် နားထဲမှာကြားနေပါတယ်။
ဒီသီချင်းကို ရင်ဂိုပြန်ဆိုတော့ သည်လှပတဲ့ ဟာမိုနီအသံလေး မပါတာကိုတွေ့ရပါတယ်.။
ခင်ဝမ်းရဲ့ (ကောလိပ်နေ့ရက်များ)ဆိုတဲ့သီချင်းထဲမှာ
(အပေါ်ထပ်က အသဲကွဲသီချင်းကို တီးခတ်လိုက်တော့ နှင်းတွေဟာပိုမိုသိပ်သည်းလို့လာတယ်)ဆိုတဲ့မျက်ရည်ကျတာကို သွယ်ဝိုက်သောနည်းနဲ့ပြလိုက်တာကတော့ သိပ်လှပတဲ့စာသားလေးပါ။
(ခင်ဝမ်း)ရဲ့နာမယ်အကြီးဆုံးသီချင်းများ ကျနော်နှစ်သက်တဲ့သီချင်းများကတော့
(ဧရာဝတီ။ နုတ်ဆက်ခဲ့ပါတယ်။ အမေ၊ပြည်မှာဆောင်း။မမချစ်။ခုနှစ်ပြည်ထောင် ။မြားဘုရင်။နဒီမင်္ဂလာ။သောင်ကမ်းခြေ၊နှင်းထုဖွဲ့ဆင်၊ဆောင်းလည်းမဝေးတော့ပြီမို့။ ချစ်ခြင်းတည်ခဲ့တယ်။)
(ဆယ်လမွန်ငါးတို့အပြန်။မိုးတွေရွာစွေ။မိန်းကလေးများနဲ့စကားပြောရတာ တော်တော်ဘဲခက်တယ်)တို့ဖြစ်ပါတယ်။
(အ၀ါရောင်မိုးဖွဲလေးအောက်မှာ တွေ့ခဲ့သူရယ် ချည်နှောင်တဲ့ သမုဒယကြိုးက ရစ်ဖွဲ့နှောင်တွယ်…………………
တောင်စဉ်တောင်တန်းတွေ ပြာရီအုံ့မိုင်းနေ စာသင်ကျောင်းလေးတစ်ကျောင်းရှိလို့နေ တောင်ပေါ်သူလေးရေ ဆရာမလေးရေ…)
ဆိုတဲ့ (တောင်ပေါ်ဆရာမလေး)သီချင်းက သံစဉ်စာသားလှပပေမဲ့ ခင်မောင်တိုးပြန်ဆိုတဲ့(ခုနှစ်နှစ်တာ သီချင်းများ)ထဲမှာ
ပါမလာပါဘူး။အတီးမပါတဲ့ သီချင်းတစ်ပုဒ်ကတော့” ယိမ်း” ဆိုတဲ့ ကဗျာရွတ်တာလိုဆိုထားခဲ့တဲ့သီချင်းလေးပါ။
အခုချိန်မှာ အားလုံးကိုနုတ်ဆက် လူလောကကြီးကိုစွန့်ခွာလို့တမလွန်မှာ ကိုယ်ပိုင်သံစဉ်သီချင်းတွေရေးဖွဲ့သီဆိုနေအုံးမယ်ထင်ပါတယ်။…

1.ခင်ဝမ်း နဲ့ မိသားစုပါ…

ကျွန်မ ကတော့ သီချင်းတွေအပြင် ပန်းချီကားတွေကိုပါ ခံစားခွင့် ရရှိခဲ့ပါတယ်…

ပန်းချီဆရာ ခင်ဝမ်းရဲ့ 4’ X 14’  ပန်းချီကားချပ်ကြီး 8 ချပ်ကို  Lobby မှာ ချိတ်ဆွဲ အလှဆင်ထားတဲ့ နေရာမှာ အလုပ်လုပ်ခွင့်ရနေလို့ဖြစ်ပါတယ်…

တိုင်းရင်းသားလူမျိုးတွေနဲ့ သဘာဝရဲ့ အလှတွေကို အနုပညာနဲ့ ရှုမြင်ခံစားရေးဖွဲ့ထားတဲ့ ပန်းချီကားတွေပါ…

စုတ်တံ မသုံးဘဲ မှုတ်ဆေးဘူး များကို အသုံးပြုရေးဖွဲ့ထားပါတယ်…

ခံစားကြည့်ရအောင်နော်…

2.ပန်းချီကား 4 ချပ်

3. ပန်းချီကား 4 ချပ်

 

အမည်ပေးမထားသော ပန်းချီကားချပ်များရဲ့ အကြောင်းအရာလေးတွေ ပြောကြည့်မယ်နော်…

1လက်ဘက်ခူးတဲ့ ပလောင်သူ

2.အင်းသားလေး

3.ဒုံးယိမ်း အက

4.ရေသဘင်ပွဲ

5.ကယားရဲ့ ဖားစည်

6.ချင်း ရိုးရာ

7.ကချင် မနော အလှ

8.ရှမ်းတို့ရဲ့ ကိန္တွရီ

 

ပန်းချီကား 8 ချပ် အပ်လိုက်ပေမဲ့စိတ်၏စေစားရာအတိုင်း ရှင်သန် နေထိုင်ခဲ့တဲ့ အနုပညာရှင်လို့

သတ်မှတ်ရအောင်ကို စိတ်ဝင်စားမှ ဆွဲပေးတာကို စောင့်ခဲ့ရပါတယ်…

ပန်းချီကားအပြီးသတ် ဆေးတစ်ချက်မှုတ်လေးတောင် သူ ကြည့်နေတာ အကြာကြီးပါဘဲ…

သူ့ရဲ့ ပန်းချီကားတွေ အခြားနေရာမှာရှိနေနိုင်ပေမဲ့ ဒီလိုကြီးမားတဲ့ပန်းချီကားတွေတော့ မရှိနိုင်ပါဘူး…

အနုပညာနဲ့သာ ဘ၀ကို ရှင်သန်စေခဲ့ပြီး စိတ်တိုင်းကျ ဘ၀ကို နေသွားတဲ့သူမို့ အဝေးကလူ ရဲ့ စိတ်စေရာကို

ညွှန်းဖွဲ့အားကျစကား ဆိုခဲ့မိကြောင်း တင်ပြလိုက်ပါတယ်…

Ma Ei

About Ma Ei

Ma Ei has written 53 post in this Website..