အဝေးကလူ ရဲ့ စိတ်စေရာ…

Ma EiMarch 20, 20121min22923

အဝေးကလူ ရဲ့ စိတ်စေရာ

ဘဝ တစ်လျှောက်လုံးမှာ စိတ်၏စေစားရာအတိုင်း ရှင်သန် နေထိုင်ခဲ့တဲ့ အနုပညာရှင်တစ်ဦးကတော့ အဆိုတော် ပန်းချီဆရာ ခင်ဝမ်း ဖြစ်ပါတယ်…

MG ရဲ့ ကိုပေါက် ကတော့ ခင်ဝမ်းရဲ့ သီချင်းတွေအကြောင်းကို အပိုအလို မရှိပြည့်စုံအောင် ဒီလို ရေးဖွဲ့ ပေးထားပါတယ်…

…..ကိုယ်ပိုင်သံစဉ်အကြောင်းပြောမယ်ဆိုရင် ကျနော်ရင်ထဲကို စူးနစ်စွာရောက်လာဘူးတဲ့ (ခင်ဝမ်း)ကစရမယ်ထင်ပါတယ်။
(ပြင်သစ်ကတောင်ပြန်လာတယ် ပန်းချီလဲဆွဲတယ် စာလဲရေးတယ်လို့ကြားဘူးပါတယ်)
အရင်က (နုတ်ဆက်ခဲ့ပါတယ် ကျနော်သွားတော့မယ် လမ်းရဲ့သယ်ဆောင်ရာ ဟိုအဝေးကို………………….)ဆိုတဲ့စာသားလေးတွေကို
အဆောင်ရှေ့ကဂစ်တာဝိုင်းမှာကြားနေပေမယ့် ဘယ်သူ့သီချင်းဆိုတာ မသိခဲ့တာအမှန်ပါှ
ဒီဂီတနဲ့ပါတ်သက်တဲ့အလုပ်ကိုလုပ်မိမှ ဒါက (ခင်ဝမ်း)ဆိုတဲ့သီချင်းတွေပါလားဆိုတာသိလာပါတယ်။
သူရဲ့နှင်းဆီဖြူရဲ့အဝေးကလူတစ်ယောက်ဆိုတဲ့ ဆီးရီးစ်မှာ(အချစ်ကိုရင်း၍)ဆိုတဲ့သီချင်းမှာနောက်ကနေဟာမိုနီလိုက်ပေးတဲ့(ရင်းကီး)ရဲ့
(ဟာ…….ဟ…ဟာ….ဟာ)ဆိုတဲ့အသံပါးပါးလေးက အခုပြန်ပြောနေရင်းတောင် နားထဲမှာကြားနေပါတယ်။
ဒီသီချင်းကို ရင်ဂိုပြန်ဆိုတော့ သည်လှပတဲ့ ဟာမိုနီအသံလေး မပါတာကိုတွေ့ရပါတယ်.။
ခင်ဝမ်းရဲ့ (ကောလိပ်နေ့ရက်များ)ဆိုတဲ့သီချင်းထဲမှာ
(အပေါ်ထပ်က အသဲကွဲသီချင်းကို တီးခတ်လိုက်တော့ နှင်းတွေဟာပိုမိုသိပ်သည်းလို့လာတယ်)ဆိုတဲ့မျက်ရည်ကျတာကို သွယ်ဝို်က်သောနည်းနဲ့ပြလိုက်တာကတော့ သိပ်လှပတဲ့စာသားလေးပါ။
(ခင်ဝမ်း)ရဲ့နာမယ်အကြီးဆုံးသီချင်းများ ကျနော်နှစ်သက်တဲ့သီချင်းများကတော့
(ဧရာဝတီ။ နုတ်ဆက်ခဲ့ပါတယ်။ အမေ၊ပြည်မှာဆောင်း။မမချစ်။ခုနှစ်ပြည်ထောင် ။မြားဘုရင်။နဒီမင်္ဂလာ။သောင်ကမ်းခြေ၊နှင်းထုဖွဲ့ဆင်၊ဆောင်းလည်းမဝေးတော့ပြီမို့။ ချစ်ခြင်းတည်ခဲ့တယ်။)
(ဆယ်လမွန်ငါးတို့အပြန်။မိုးတွေရွာစွေ။မိန်းကလေးများနဲ့စကားပြောရတာ တော်တော်ဘဲခက်တယ်)တို့ဖြစ်ပါတယ်။
(အဝါရောင်မိုးဖွဲလေးအောက်မှာ တွေ့ခဲ့သူရယ် ချည်နှောင်တဲ့ သမုဒယကြိုးက ရစ်ဖွဲ့နှောင်တွယ်…………………
တောင်စဉ်တောင်တန်းတွေ ပြာရီအုံ့မိူင်းနေ စာသင်ကျောင်းလေးတစ်ကျောင်းရှိလို့နေ တောင်ပေါ်သူလေးရေ ဆရာမလေးရေ…)
ဆိုတဲ့ (တောင်ပေါ်ဆရာမလေး)သီချင်းက သံစဉ်စာသားလှပပေမဲ့ ခင်မောင်တိုးပြန်ဆိုတဲ့(ခုနှစ်နှစ်တာ သီချင်းများ)ထဲမှာ
ပါမလာပါဘူး။အတီးမပါတဲ့ သီချင်းတစ်ပုဒ်ကတော့” ယိမ်း” ဆိုတဲ့ ကဗျာရွတ်တာလိုဆိုထားခဲ့တဲ့သီချင်းလေးပါ။
အခုချိန်မှာ အားလုံးကိုနုတ်ဆက် လူလောကကြီးကိုစွန့်ခွာလို့တမလွန်မှာ ကိုယ်ပိုင်သံစဉ်သီချင်းတွေရေးဖွဲ့သီဆိုနေအုံးမယ်ထင်ပါတယ်။…

1.ခင်ဝမ်း နဲ့ မိသားစုပါ…

ကျွန်မ ကတော့ သီချင်းတွေအပြင် ပန်းချီကားတွေကိုပါ ခံစားခွင့် ရရှိခဲ့ပါတယ်…

ပန်းချီဆရာ ခင်ဝမ်းရဲ့ 4’ X 14’  ပန်းချီကားချပ်ကြီး 8 ချပ်ကို  Lobby မှာ ချိတ်ဆွဲ အလှဆင်ထားတဲ့ နေရာမှာ အလုပ်လုပ်ခွင့်ရနေလို့ဖြစ်ပါတယ်…

တိုင်းရင်းသားလူမျိုးတွေနဲ့ သဘာဝရဲ့ အလှတွေကို အနုပညာနဲ့ ရှုမြင်ခံစားရေးဖွဲ့ထားတဲ့ ပန်းချီကားတွေပါ…

စုတ်တံ မသုံးဘဲ မှုတ်ဆေးဘူး များကို အသုံးပြုရေးဖွဲ့ထားပါတယ်…

ခံစားကြည့်ရအောင်နော်…

2.ပန်းချီကား 4 ချပ်
3. ပန်းချီကား 4 ချပ်

 

အမည်ပေးမထားသော ပန်းချီကားချပ်များရဲ့ အကြောင်းအရာလေးတွေ ပြောကြည့်မယ်နော်…

1လက်ဘက်ခူးတဲ့ ပလောင်သူ

2.အင်းသားလေး

3.ဒုံးယိမ်း အက

4.ရေသဘင်ပွဲ

5.ကယားရဲ့ ဖားစည်

6.ချင်း ရိုးရာ

7.ကချင် မနော အလှ

8.ရှမ်းတို့ရဲ့ ကိန႖ရီ

 

ပန်းချီကား 8 ချပ် အပ်လိုက်ပေမဲ့စိတ်၏စေစားရာအတိုင်း ရှင်သန် နေထိုင်ခဲ့တဲ့ အနုပညာရှင်လို့

သတ်မှတ်ရအောင်ကို စိတ်ဝင်စားမှ ဆွဲပေးတာကို စောင့်ခဲ့ရပါတယ်…

ပန်းချီကားအပြီးသတ် ဆေးတစ်ချက်မှုတ်လေးတောင် သူ ကြည့်နေတာ အကြာကြီးပါဘဲ…

သူ့ရဲ့ ပန်းချီကားတွေ အခြားနေရာမှာရှိနေနိုင်ပေမဲ့ ဒီလိုကြီးမားတဲ့ပန်းချီကားတွေတော့ မရှိနိုင်ပါဘူး…

အနုပညာနဲ့သာ ဘဝကို ရှင်သန်စေခဲ့ပြီး စိတ်တိုင်းကျ ဘဝကို နေသွားတဲ့သူမို့ အဝေးကလူ ရဲ့ စိတ်စေရာကို

ညွှန်းဖွဲ့အားကျစကား ဆိုခဲ့မိကြောင်း တင်ပြလိုက်ပါတယ်…

23 comments

  • Ma Ei

    March 20, 2012 at 4:59 pm

    ခင်ဝမ်းရဲ့ သီချင်းတွေအကြောင်းကို အပိုအလို မရှိပြည့်စုံအောင် ရေးဖွဲ့ ပေးထားတဲ့
    Comment ကို အသုံးပြုခွင့်ပေးသော ကိုပေါက် အား ကျေးဇူးအထူးတင်ရှိပါသည်…

  • Mon Kit

    March 20, 2012 at 5:17 pm

    ခင်ဝမ်းရဲ့ မမသီချင်းဘွဲ့ကို အရမ်းကြိုက်ခဲ့ပါတယ်…
    သူ့ရဲ့ပန်းချီကားတွေကို တိုင်းတပါးက လူမျိုးခြားတွေကပါ အရမ်းနှစ်သက်ကြတာပါ….

    • Ma Ei

      March 21, 2012 at 2:09 pm

      မမချစ် သီချင်းလား…သိနေတယ်နော်…

      • Mon Kit

        March 21, 2012 at 2:25 pm

        ဟီးးးးးးးးးးးး
        ဟုတ်တယ်..
        ဒါပေမဲ့ မွန်ကစ် က ညလေး အရွယ်လေ….
        😀

  • yaungchikha

    March 20, 2012 at 5:38 pm

    ခင်ဝမ်းရဲ့ ဆော်လမွန်ငါးတို့အပြန်၊ တောင်ပေါ်ဆရာမလေး၊ ဧရာဝတီတို့ကိုကြိုက်တယ်၊ ခင်မောင်တိုးသီချင်းတွေရေးတဲ့ ဆရာ အဉ္ဇလီမောင်မောင်ကိုလည်း သတိရမိသွားတယ်..

  • MaMa

    March 20, 2012 at 5:45 pm

    မအိရေ-
    ခင်ဝမ်းဆွဲတဲ့ ပန်းချီကားကို တွေ့တုန်းက အဆိုတော်အနေနဲ့ပဲ သိထားတာမို့ အံ့ဩသွားတယ်။
    ပန်းချီကားတွေကို သိပ်မခံစားတတ်လို့ မသိပေမယ့်…
    သူ့သီချင်းတွေကိုတော့ အရမ်းကြိုက်တယ်။

    • Ma Ei

      March 21, 2012 at 2:23 pm

      ရောင်ခြည်ခ နဲ့ မမ ရေ…
      ခင်ဝမ်း ကို အဆိုတော် အနေနဲ့ဘဲ သိကြတာများပါတယ်…
      သူဆိုတဲ့ သီချင်းတွေကနှစ်သက်ဖွယ် သီချင်းလေးတွေပါ…

  • pooch

    March 20, 2012 at 6:06 pm

    မအိ ဖြစ်နိုင်လား မဖြစ်နိုင်လားသိ မေးကြည့်အုန်းမယ် ။ အမ ပန်းချီကား တခုချင်းစီကို အဆင်ပြေမယ်ဆိုရင် တကားကို တပုံစီလောက်ရိုက်ပါလား ဟင်။ ကျမတခါမှ မမြင်ဖူးလို့ပါ။ အမအခုလို နာမည်ပေးတာလှတယ်။ ဒီပန်းချီကားတွေကို မြင်ရတာ အမ က မြင်နေကျမို့ နာမည်ပေးတတ်တာ ကျမ ကြည့်တာ အတော်ကြည့်ယူရတယ်။

    ကျမ ကိုခင်ဝမ်း အကြောင်းကို သိပ်မသိပါဘူး။ အနုပညာနဲ့ပဲ ဘဝတခုလုံးကို စိတ်တိုင်းကျ ပုံဖော်သွားတဲ့လူလို့တော့ ဖတ်ဖူးပါတယ်။ အမေနဲ့ အဖေကတော့ သူ့ကို ဖေးဘရိတ်ပါ။ သူ့သီချင်းတွေ အမေသိပ်ကြိုက်တာပါ။ အဖေမဆုံးခင်ကလည်း ခင်ဝမ်းတို့ ကိုထီးတို့ သီချင်းတွေ နဲ့ ဂစ်တာခေါက်နေကျတဲ့ ။ အမေ ပြောပြတာ။

    • Khin Latt

      March 20, 2012 at 9:55 pm

      Pooch လေးရေ – Pooch အဖေ ဆုံး ခဲ့တာ အခု မှသိရတယ်။
      အရီး စိတ်မကောင်းပါဘူး သမီးရယ်။
      Pooch က အမေ့ နားမှာ အားဖေးဖော် သမီးကောင်း လေးလို့ အရီး အကြွင်းမဲ့ ယုံကြည်ပါတယ်။
      ဒါထက်ပိုပြီး အောင်မြင် တိုးတက် ပါစေသမီးရေ။

    • Ma Ei

      March 21, 2012 at 2:50 pm

      Pooch လေးရေ …
      ပန်းချီကားတွေကို တစ်ပုံချင်းရိုက်ထားပါတယ်…
      အမြင့်မှာချိတ်ထားတာ ဆွဲရိုက်ရတာမို့ ပုံတွေသိပ်စိတ်တိုင်းမကျတာနဲ့
      မတင်ဖြစ်တာပါ…ရွာထဲက ဓါတ်ပုံဆရာတွေကို မမှီဘူးလေ…

      အမ Post လေးဖတ်မိပြီး အဖေကို သတိရအောင်လုပ်မိပြီကွယ်…
      အမေ့ ကို ပိုဂရုစိုက်လိုက်ပါနော်…

  • Khin Latt

    March 20, 2012 at 9:52 pm

    သီချင်းလေးတွေ အတွက်၊ ခင်ဝမ်းအလွမ်းပြေ အတွက်၊ ပန်းချီဆရာမှန်း အခုမှ သိတဲ့ အတွက်၊ ပန်းချီကားလေးတွေ အတွက် အားလုံး ကို ကျေးဇူးပါ မအိရေ။

    အိမ်ကို ပြန်ချင်နေတဲ့၊ အိမ်ပြန်ချိန် စောင့် နေကြတဲ့ အဝေးက ဆယ်လမွန်ငါးတို့ အတွက် စာသားလေး။
    ကျွန်မ လဲ လွမ်းပါတယ်။ 😥
    တစ်ချိန်မှာတော့ လဲ အဝေးက ဆယ်လမွန်ငါး တွေ အိမ်ပြန်လာကြ ကောင်းပါရဲ့။

    “ဆယ်လမွန်ငါးတို့ အပြန်”

    ပြန်ချိန်လည်း ဆုံးဖြတ်ခိုင်မာစေ
    ရာသီလည်းတွက်ချက် မှန်ကန်စေ
    စိတ်တူရာခိုဝင် ပြည့်စုံချိန်
    ပြန်ခဲ့မယ်တဲ့
    ငယ်ရွယ်စဉ် ရှာဖွေစွန့်ခဲ့ပြီ

    ချစ်ဖော်လည်းလိုက်ခဲ့ ခေါ်ငင်စေ
    ဝဋ်ကြွေးလည်း တုံ့လှည့်ကျေနပ်စေ
    ဦးဆောင်သူစေရာ
    ယုံကြည်စွာ လိုက်ခဲ့မယ်တဲ့
    မောင်မယ်စုန်ဆန်ကာ ပြန်ခဲ့ပြီ

    မိုးဦးရေဆန် မိုးဦးရေဆန်
    ဆယ်လမွန်ငါးတို့ အပြန်
    ဆယ်လမွန်ငါးတို့ အပြန်
    အပြန် – အပြန် – အပြန်….
    ဆယ်လမွန်ငါးတို့ အပြန်

    • Ma Ei

      March 21, 2012 at 3:06 pm

      မလတ်ရဲ့ Comment လေးတွေထဲမှာ စေတနာတွေ၊မေတ္တာတွေ
      ပါဝင်နေတာ သတိထားမိရပါပြီ…ရွာသူ၊ရွာသားများအတွက်သာမက
      မိသားစုဝင်တွေအတွက်ပါ ဂရုတစိုက်ရှိလှတဲ့ မလတ်ရဲ့ စေတနာကို
      လေးစားမိပါတယ်…ကျေးဇူးလဲတင်ပါတယ်…
      အဝေးကပြန်လာကြမဲ့ ဆယ်လမွန်ငါးလေးတွေကိုလဲ ကြိုဆိုချင်ပါတယ်…

  • ခင်ဝမ်း…………………
    ကျနော်နှစ်သက်သော အဆိုတော်တစ်ယောက်ပါ။
    သူ့သီချင်းတွေကို အပုဒ်ပေါင်းများစွာ အကြိမ်ပေါင်းများစွာနားထောင်ခဲ့ဘူးပါတယ်။
    ကျနော် သီချင်းတွေနဲ့ထမင်းစားခဲ့တဲ့1981-1991 ကာလမှာ ကူးပေးရမယ့်သီချင်းလစ်စ်ထဲမှာ
    ခင်ဝမ်းပါရင် အဲဒီခွေကို ကျနော်ကူးတာပါဘဲ။
    ခင်ဝမ်းရဲ့ခုနှစ်ပြည်ထောင် အဲဒီတုံးက ကျနော်ဟတ်ထိခဲ့တဲ့သီချင်းလေးပေါ့၊
    “မင်းကို တွေ့ရချိန်မှာ ဘဝဟာပြောင်းသစ်လာတယ် နုယဉ်မင်းရဲ့အသွင်ဟာ အသဲကိုသိမ်းပိုက်ယူတယ် မြင်ရာလွန် လှလွန်း နှင်းတွေဝေလို့နေ
    မင်းနဲ့တွေ့ရ ခုမှသိရ နတ်မိသက်ဆင်းည………………”
    မန်းနေရင်းတောင်ခင်ဝမ်းသီချင်းလေးကို သတိရလာတာ။
    ခင်ဝမ်းရဲ့ပန်းချီကားများအကြောင်းကြားဘူးပေမယ့် မြင်ခွင့်မကြုံခဲ့ပါ။
    တကယ်လို့များ အခါအခွင့်သင့်ရင် ပန်းချီကားများကို မြင်တွေ့ခွင့်ရချင်ပါတယ်။
    အခုလိုပန်းချီကားတွေတင်ပေးတဲ့ မအိကိုလဲ ကျေးဇူးတင်ပါတယ်။

    • Ma Ei

      March 21, 2012 at 3:46 pm

      Co., Lobby ကို အလှဆင်ဘို့အတွက် ပန်းချီကားမှာတဲ့အခါမှ
      သူ့ သီချင်းတွေကို ပိုစိတ်ဝင်စားခဲ့ရတာပါ…
      ပန်းချီကား 8 ချပ်ကို 1997-1999 ထိ 2 နှစ် အချိန်ယူ ဆွဲပေးပါတယ်…
      ရန်ကုန်ရောက်တဲ့အခါ ကြုံရင်လာကြည့်ပါ…ဓါတ်ပုံလဲ ရိုက်ပါ…
      နေရာက အိတုန်၊ မမ ၊ ET တို့ သိကြတယ်…
      ကိုပေါက်ရဲ့ Comment ကြောင့် ဒီ Post ကိုတင်ဖြစ်တဲ့အတွက် ထပ်ဆင့်
      ကျေးဇူးပါနော်…

  • marblecommet

    March 20, 2012 at 11:55 pm

    ဂျပန်သွေးတစ်ဝက်ပါတဲ့
    ပန်းဆရာ၊ သီချင်းရေးဆရာ၊ အဆိုတော်
    စာရေးဆရာ ကိုခင်ဝမ်းက
    ကျွန်တော်လေးစားအားကျရတဲ့
    အနုပညာရှင်ပါ..
    ကိုခင်ဝမ်းအသံဝါဝါကြီးနဲ့ ဆိုထားတဲ့
    နဒီမင်္ဂလာ သီချင်းလေး တောင်နားထဲမှာ
    ကြားယောင်လာတယ်ဗျာ
    သူရေးစိတ္တဇပန်းချီ အကြောင်းစာအုပ်ကလည်း
    ဒီလောကမှာ မပြောမဖြစ် ထည့်ပြောရတဲ့အနုပညာတစ်ခုပါပဲ
    သူက မယ်ဒလင်ပါ တီးတတ်တယ်လို့လည်းသိရတယ်.
    အခါတစ်ပါးက သူတို့ကျောင်းသားဘဝတုန်းက
    မယ်ဒလင်တစ်လက်ကို အဆောင်ယူလာပြီးတစ်ပတ်လောက်
    ဒေါင်ဒေါင်ဒင်ဒင်လုပ်လိုက်တာနဲ့ မယ်ဒလင်ကိုလည်း
    ကျွမ်းကျွမ်းကျင်ကျင်တီးတတ်ပြန်တယ်လို့ ဆိုတယ်
    ပေါင်းသင်းဆက်ဆံရေးလည်း ဂွတီးဂွကျနိုင်တယ်လို့သိရတယ်
    ရေတွင်းကလေးကို ငုံကြည့်ပြီး နှင်းရေ့လို့ အော်ခဲ့တယ်…
    နှင်းဆီဖြူရဲ့ အဝေးကလူတစ်ယောက်
    ပြည်မှာ ဆောင်း …
    ပြည်သား အနုပညာရှင်တစ်ယောက်အကြောင်း
    အစပြန်ဖော်ပေးကြလို့
    သူ့ကို လွမ်းဆွတ်သွားပါပြီခင်ဗျာ
    ပန်းခရမ်းပြာ..

    • Ma Ei

      March 22, 2012 at 5:19 pm

      သတိပြန်ရ ကြတယ်ဆိုလို့ ပီတိဖြစ်ရပါတယ်…

  • FattyCat

    March 21, 2012 at 10:50 am

    ကိုခင်ဝမ်းအကြောင်းမှာ ထူးခြားတာတစ်ခုရှိတယ်….
    အခု တပ်မတော်ခန်းမမှာထင်တယ်…သေချာတော့မမှတ်မိတော့ပါ…
    ကဗျာပြပွဲတစ်ခုလုပ်သွားဖူးတယ်…
    အဲဒီကဗျာပြပွဲမှာ…ကဗျာတွေအားလုံး ပါဠိလိုရေးထားတာတွေချည်းပဲ…
    ကျွန်တော်တို့ ငယ်ငယ်တုန်းကပါ…
    တော်တော်ကို ငယ်ပါသေးတယ်…ကျွန်တော့ဦးလေးတွေခေတ်ပေါ့…
    YIT ကျောင်းသားဖြစ်တဲ့ဦးလေးက ခင်ဝမ်းတို့ ခင်မောင်တိုးတို့ ပရိတ်သတ်ပေါ့…
    ခင်ဝမ်းကို အဆိုတော် ပန်းချီသမားအပြင် ကဗျာကို ပါဠိလိုရေးတဲ့ ကဗျာဆရာလို့ပါသိရင် ပိုပြီး အံ့ဩကြလိမ့်မယ်…

    • Ma Ei

      March 21, 2012 at 4:00 pm

      ကဗျာရေးတယ်လို့ သိရပေမဲ့ ပါဠိလိုကဗျာရေးတယ်ဆိုလို့
      တကယ်ဘဲ အံ့ဩရပါတယ်…

  • မောင်ဘလိူင်

    March 21, 2012 at 11:24 am

    သူ့အကြောင်းတော့ နည်းနည်းကြီးမှ သိရတာရယ်..
    ငယ်ငယ်တုန်းကတော့ သူ့တွေ့ရင် ကြောက်လို့..
    အဖေက ရီတယ်..သားရယ် ဦးခင်ဝမ်းကြီးက
    သဘောကောင်းပါတယ်တဲ့…ခြေတစ်ဖက် ဆာဆာ
    ရုပ်ဆိုးဆိုးလူကြီးကို ကျွန်တော် တကယ်ကြောက်ခဲ့တာ..
    သူက ကျွန်တော်တို့နဲ့ တစ်လမ်းကျော်မှာနေတာလေ..
    နောက်တော့ …သူ့ရဲ့ စိတ္တဇပန်းချီစာအုပ်ကို ဖတ်မိပြီး
    တော်တော်လေးစားသွားမိတယ်..

  • etone

    March 21, 2012 at 12:55 pm

    အန်တီအိရေ … အဲ့ဒီနေရာကို ရောက်ဖူးခဲ့ပေမယ့် …. ပန်းချီကားတွေကို သာမန်ကာလျှံကာလောက်သာ ကြည့်ဖြစ်ပြီး .. ဘယ်သူဆွဲခဲ့မှန်း … လုံးဝကို မသိခဲ့ပါဘူး … အဆိုတော် ခင်ဝမ်းဆိုတာလည်း .. ပန်းချီဆရာတစ်ဦးပါလားဆိုတာ .. အခုမှပဲ သိတော့တယ် … ။ ကိုကြောင်ဖက်ပြောသလို .. ပါဠိနဲ့ ကဗျာရေးတဲ့ ကဗျာဆရာဆိုတာသိရတာလည်း အံ့ဩမိပါတယ် … ။

    • Ma Ei

      March 22, 2012 at 5:15 pm

      နောက်ထပ် လာကြည့်ပါ လို့ ဖိတ်ထားပါတယ်နော်…

  • koaung

    March 21, 2012 at 2:45 pm

    ၂၀၀ဝနှစ်မှာဆုံးတယ်နော် ဒါဆိုလူ့လောကမှာ၅၃နှစ်ပဲနေသွားတာဘဲနော်

  • manawphyulay

    March 21, 2012 at 2:48 pm

    ဦးခင်ဝမ်းကိုတော့ အဆိုတော်အနေနဲ့ သိတာပါ။ ပန်းချီပညာရှင်ပါ သိလိုက်ရတော့ အတော့်ကို ပါရမီကုသိုလ်ထူးတဲ့ လူတစ်ဦးအဖြစ် ဂုဏ်ယူမိပါတယ်။ လေးစားလည်း လေးစားမိပါတယ်။

Leave a Reply