ဖုံသုတ်တံလေးတွေ

မြသဲ ( 17082011 )March 20, 20121min24718

                                                   ဖုံသုတ်တံလေးတွေကိုယ်တိုင်လုပ်ချင်ရင်လုပ်လို့ရပြီနော်။ အမှိုက်ကနေ ရွှေဖြစ်တယ်ဆိုတာ ဒါမျိုးများလားမသိဘူး။ FB ကရလို့သဘော ကျလို့ပြန်မျှဝေလိုက်တာပါ။ လုပ်ကြည့်လိုက်အုံးမယ်။ မန်းဂေဇက် ဖုံသုတ်တံဆိုပြီးတံဆိပ်ကပ်ရောင်းမယ်လို့ ကြံနေပါတယ်။ ရှယ်ယာပါမယ်ဆိုရင်လက်ခံပါတယ်။ အမြတ်ကတော့ ဟီဟိ။ ဒီလိုပဲအများလုပ်သလိုပေါ့။ ဟဲဟဲ။

18 comments

  • Thel Nu Aye

    March 20, 2012 at 4:57 pm

    ခေါင်းစဉ်ထဲ့ဖို့မေ့သွားလို့။ သဂျီးရေ သင့်တော်သောခေါင်စဉ်လေးထဲ့ပေးပါလား။ ကျေးဇူးပါ။

  • htoosan

    March 20, 2012 at 5:14 pm

    ရေသန့်ဘူးခွံတွေ ဈေးတက်ကုန်ဦးမယ် .. ကြို ဝယ်ထားမှနဲ့တူတယ်..

    • Thel Nu Aye

      March 20, 2012 at 5:39 pm

      ဟုတ်ပါ့။ တခါလုပ် ၅ ဗူးတောင်လိုတာ။

  • water-melon

    March 20, 2012 at 5:36 pm

    နှစ်ချောင်းလောက်ဗျို့
    တစ်ချောင်းဝယ်ရင် တစ်ချောင်းလက်ဆောင်

    • Thel Nu Aye

      March 20, 2012 at 5:39 pm

      အောင်မယ် မရပါ။ Hand Make လေ။ လွယ်မှတ်လို့။ တချောင်းဝယ်တချောင်းပဲရမယ်။ အအေးဗူးကလဲရှာရအုံးမှာ။ အမှိုက်ကောက်တဲ့ကောင်လေးတွေကို အခုလိုက်စည်းရုုံးနေတယ်။ ဟဲဟဲ။

  • အသူရာ

    March 20, 2012 at 10:36 pm

    အခုတည်းက ကြိုပွိုင့်ရိုက်ထားမယ်လေ ။ ချန်ထားအုံးနော 🙂

  • kai

    March 20, 2012 at 11:51 pm

    ကယ်လီဖိုးနီးယားမှာ.. အဲလိုဗူးတဗူး… 10¢ နဲ့ရီဆိုင်ကယ်သမားကပြန်ဝယ်တယ်..။
    http://en.wikipedia.org/wiki/Container-deposit_legislation_in_the_United_States
    ၅ဗူးဆို.. ၅ဝဆင့်ကျနေပြီ.. လုပ်အားခမပါသေးဘူး..။
    အဲဒါမျိုးဖုန်သုတ်တံက.. ၉၉ဆင့်နဲ့.. သူ့ထက်ကောင်းတာရတယ်..။ ဆိုတော့.. ပိုကောင်းတာလေး.. ထီထွင်စဉ်းစားစေလိုကြောင်း… 😆

  • Khin Latt

    March 21, 2012 at 3:39 am

    သဲနု ရေ
    အဲဒီ ပလပ်စတစ်မာခေါက်ခေါက် ကြီး ကို အမျှင် ရအောင် ဘယ်လို ညှပ်ပါ့မလဲ ရယ် အဲဒီ အမျှင် မာမာ တွေ နဲ့ ဖုံ ကို ဘယ်လို ခါရပါ့မလဲ လို့ 🙄
    စဉ်းစားနေပါ၏။ 😆

  • ကြောင်လေး

    March 21, 2012 at 7:09 am

    ဟုတ်တယ် ညှပ်ဖို့မလွယ်ဘူး၊ကျနော်လည်းအဲဒါတွေးနေတာ၊ပုံတွေပြတာကသပ်သပ်
    ဖုံသုတ်တံကသပ်သပ်ဖြစ်မယ်။

    • Thel Nu Aye

      March 21, 2012 at 8:56 am

      နံပါတ် ၃ မှာ အမျှင်လေးတွေညှပ်ပြထားပါတယ်။ သူလဲတနေရာရာတော့အသုံးတည့်ပုံရတယ်။ တံဆိပ်တွေ ဘာတွေနဲ့ဆိုတော့လေ။ ဥပမာ – ထင်တာပြောရရင် အမာစားတွေခါရင်အသုံးတည့် မယ်မှတ်တာပဲ။ အချို့အိမ်တွေဆိုရင် အပြင်ဘက်မှာ အိမ်ကို ဂဝံကျောက်တွေနဲ့အလှဆင်ကြ တယ်။ အဲတော့အဲဒီကြားထဲကို ဖုံတွေဝင်ရင်ကျတော့ဒီလို အမာနဲ့ခါမှရမယ်ထင်တယ်။ အိမ်ထဲ ကဖုံတော့မရဘူးပေါ့။ တွေးကြည့် တာပြောပါတယ်။ သူက တံဆိပ်တပ်ထားတာနော်။ ကျကျနနပဲ။ ကျွန်မတော့စမ်းကြည့်ပြီးခါကြည့်လိုက်အုံးမယ်စိတ်ကူးနေတယ်။ တခုပဲ ပြားသွားအောင်ချုပ်ဖို့ အပ်ကောင်းကောင်း နဲ့ ကြိုးကောင်းကောင်းရှာနေတယ်။ စာအုပ်ချုပ်တဲ့ပိုးကြိုးလဲမဖြစ်လောက် ဘူး။ ပလပ်စတစ်ကိုချုပ်ရမှာဆိုတော့။ ချည်ကြိုးခိုင်ခိုင်ရှာနေတယ်။

  • စိန်ပေါက်ပေါက်

    March 21, 2012 at 11:25 am

    မြန်မာမှု လက်ရာလေးတွေလဲ ရှိတယ်ဗျ
    ဆေးလိပ်ပြာခွက်လေးတွေ..မီးပုံးလေးတွေ လုပ်ထားတာ တွေ ့ဖူးတယ်
    သေချာ စုံစမ်းပြီး ကြော်ငြာပေးဖို ့ပဲ လိုတာ

  • Novy

    March 21, 2012 at 1:51 pm

    အိမ်မှာ Max အအေးဘူးတွေသောက်ပြီး မပစ်ရသေးဘူး အများကြီးဘဲ
    ဒီတပတ် ရုံးပိတ်ရင် စမ်းပြီးလုပ်ကြည့်လိုက်အုံးမယ်

  • Thel Nu Aye

    March 21, 2012 at 1:55 pm

    အမရေ လုပ်ပြီးရင်လဲ အတွေ့အကြုံလေးမျှပါအုံးနော်။

  • TTNU

    March 21, 2012 at 2:17 pm

    သဲနုအေးရေ..
    စိတ်ဝင်စားစရာပါ။
    လက်တော့ဝင်မယ်ထင်ပါရဲ ့နော်။

  • etone

    March 21, 2012 at 3:23 pm

    အစ်မရေ .. ချစ်စရာလေးတွေပါလား .. ဟိဟိ … ။
    အိမ်မှာတော့.. ရေခဲရေသောက်ဖို့ … ဖြည့်ထားတဲ့ ..အ ချိုရည်ဗူးတွေရှိတယ် … ရေတွေသွန်ပြီး …ဖုန်သုတ်တံလုပ်လိုက်လို့ကတော့ … ဘွားတော် ဆဲတော့မှာပဲ .. ဟိဟိ 😀

  • Shwe Tike Soe

    March 21, 2012 at 3:35 pm

    လက်မှုပညာလေးတွေ မိုက်သဗျ.. ဝါသနာပါတယ်. ဒါမျိုးလုပ်တာ… ရွာစီးပွားလုပ်ကြမလား

  • နွယ်ပင်

    March 21, 2012 at 3:43 pm

    ဖုံသုတ်တံ Hand Make လေးတွေပါလား
    အိမ်မှာရှိတဲ့ အအေးဗူးတွေနဲ့ လက်တည့်စမ်းကြည့်ဦးမှ ……….

  • manawphyulay

    March 22, 2012 at 1:16 pm

    ဒါဆို အတော်ပဲ။ သင်္ကြန်မှာ ရေသန့်ဗူးတွေ သောက်ကောက်ပြီး သင်္ကြန်အပြီးမှာ တက်ဈေးနဲ့ ပြန်ရောင်းလို့ရပြီ။ 😛

Leave a Reply