ကြက်ဖွတ်ပါတီ မဲဆွယ်ရင်းပြောင်းဖူးရောင်းရင်း

ေရႊဘိုသားMarch 20, 20121min45025

http://www.facebook.com/#!/photo.php?fbid=341479265889175&set=a.101539929883111.3421.100000813137927&type=1&theater

အပေါ်က လင့်မှာလည်း ကြည့်နိုင်ပါတယ်ဗျ

ဒါက ကျနော်လက်ဆော့ ထားတဲ့ပုံ ဘယ်ရယ်မဟုတ်ဘူး ရယ်ချင်လို့ ပြောင်းဖူးကြီး မြှောက်ကာမြှောက်ကာ မဲဆွယ်နေတာကို ရယ်ချင်လို့

ဒီပုံကတော့ ကြက်ဖွံ့ အမတ်လောင်းမဲဆွယ်ပုံပါခဗျာ

ဟုတ်ကဲ့…မြန်မာနိုင်ငံသားတစ်ယောက်အဖြစ် သင်ဂုဏ်ယူလို့ ရပါပြီ။

အထူးသဖြင့် ဒီလို …မဟာ့ မဟာ ဉာဏ်ကြီးရှင်တွေ ဦးစီးတဲ့ ကြံ့ဖွတ်ပါတီကြီးရဲ့ အုပ်ချုပ်မှုအောက်မှာ လူဖြစ်ခွင့်ရတာကိုပဲ
သေမယ်ဆိုရင် သေပျော်ပြီလို့ ကျေကျေနပ်နပ် မှတ်ယူနိုင်ပါပြီ။

တိုင်းပြည်ကို ခေါင်းဆောင်မယ့် ပါတီဝင်လူကြီးမင်းများက
တာမွေဈေးကို မပြောင်းစေရပါဘူးလို့ ဒီလိုလေး အတိတ်ပြပြီး မဲဆွယ်ခဲ့ပါတယ်…တဲ့။
(ပြောင်းဖူးပေါ်မှ “မ” လို့ ထင်ထင်ရှားရှားရေးပြထားပါတယ်)

ဟုတ်ကဲ့.. ဒီကမ္ဘာပေါ်တွင်သာ မက .. ဘယ်ကမ္ဘာပေါ်မှာမှ မတွေ့နိုင်တဲ့ ခန့်ခန့်ငြားငြား မဲဆွယ်နည်းဖြစ်ပါသည်။

အို.. နိုင်ငံသူ၊ နိုင်ငံသား အပေါင်းတို့..
သင်တို့သည် သေပျော်သူများ ဖြစ်သွားကြပါပြီ တမုံ့။

(မှတ်ချက် ။ ထိုနေ့ ညနေဂဏန်းအဖြစ် ၅၅ အပူးထွက်ကာ တာမွေတစ်ဈေးလုံး ဝက်ဝက်ကွဲ ပေါက်ကြလေသတည်း) 😛

http://www.facebook.com/#!/photo.php?fbid=254930757930529&set=p.254930757930529&type=1&theater
မဲဆွယ်တဲ့ပုံ အပေါ်ကလင့်မှာလည်း ကြည့်လို့ရပါတယ်

25 comments

  • water-melon

    March 20, 2012 at 5:58 pm

    ဟဲ့ဘာသိလို့လဲ
    ပြောင်းဖူးက နာမ်နှိမ်တာအေ့
    ပြောင်း—-မြန်မြန်ပြောင်းရပါစေ
    ဖူး——–ဖူးတစ်လုံးဆောင် အိုတောင်မဆင်းရဲ

  • စိန်ပေါက်ပေါက်

    March 20, 2012 at 7:13 pm

    ဟေ့.. ဟေ့..
    အားမငယ်နဲ ့
    လကုန်ရင် သုံးလုံး ထီကျန်သေးတယ်..
    မပြောင်းဖူး ဆိုတော့ ၅၅၅ ငါးသုံးလုံး..
    လက်မလွတ်စေနဲ ့..အမုန်းဆွဲ ဗုံးကျဲပလိုက်

    စကားမစပ်
    ကိုယ့်ကိုယ်ကို ပေါလှပြီထင်နေတာ
    မပြောင်းဖူးနဲ ့ တွေ ့မှ ကိုယ့်ထက်ပေါတဲ့လူရှိသေးပါလားဆိုပြီး အားတက်သွားတော့တယ်..

  • ကိုရင်မောင်

    March 20, 2012 at 7:30 pm

    ပေါချက်ကမ်းကုန်ပါဘဲလား..ကွယ်ရို့

  • padonmar

    March 20, 2012 at 7:47 pm

    ဒေါ်စိန်ပေါက် ပေါ်လာပါပြီ။
    သူလည်း ဂေဇက်က မပြောင်းဖူးတဲ့နော။

  • ဖားသက်ပြင်း

    March 20, 2012 at 8:14 pm

    Garrr
    WTF

    ..
    Ma ban par ne tha gyii yal
    White through fortune lo say chin tar pqr..
    Kit kit
    😛

  • ahnyartamar

    March 20, 2012 at 8:47 pm

    Aww………like that

  • Khin Latt

    March 20, 2012 at 9:59 pm

    အောင်မလေး ရီလိုက်ရတာ ဖတ်ဖတ်မော သွားပါ၏။
    စံပြုလိုက်ပါရဲ့ နိုင်ငံ့ခေါင်းရှောင် များရယ်။
    ဒီလို လူတွေ က အုပ်ချုပ် နေတာခံနေတာကိုက ကိုယ်ညံ့လို့ ဘဲ လို့ သာ သတ်မှတ်ချင်ပါတော့တယ်။ 👿

  • နတ်ဆိုးလေး

    March 20, 2012 at 10:30 pm

    ရှေ့ကသာ မဲဆွယ်နေတာ နောက်က လူက ပြောင်းဖူးကိုင်ပြီး ဘယ်ကြည့်နေမှန်းမသိဘူး။ အမလေးကျောချမ်းလိုက်တာ ကို/မ ဖရဲရယ်။

  • marblecommet

    March 21, 2012 at 12:21 am

    ဟိုက်ရှားပါး….
    လက်စသပ်တော့
    သိုင်းလောက က ရိက္ခာခြောက်ကို
    သင်းတို့က ဒီအထိသယ်လာကြတာဂိုး..
    အံ့လေစွ ထူးလေစွ…
    ထူးထွေတည့် အံ့ရာသော်…

    ထူးထွေတည့် အံ့ရာသော်…..

  • ရှမ်းပြည်သား (တောင်ပိုင်း)

    March 21, 2012 at 1:23 am

    ဗေဒင်နဲ့မှန်ဘောင်တော့ဖြစ်နေပါပြီ
    ရှေ့ကလူကဗေဒင်ဟောတယ်လို့အော်….နောက်ကလူကမှန်ဘောင်တွေရောင်းတော့မှန်ပေါင် မှန်ပေါင်အော်
    နှစ်ခုစပ်ကြည့်တော့ဗေဒင်မှန်ပေါင် ဗေဒင်မမှန်ပေါင်ဆိုတဲ့သဘောမျိုးလေးပေါ့
    ခုလည်း တာမွေဈေးကိုရွေ့မယ်ဆိုတဲ့သဘောထား နောက်ကကိုင်ထားတဲ့အရာလေးက မပြောင်းဖူးဆိုတဲ့
    သဘောလား?
    ယုံပေါင်….ယုံပေါင် တို့တော့မယုံပေါင်……
    သူတို့တွေ သတ္တိရှိရင် သစ်ထူးလွင်ရဲ့စာမျက်နှာကိုဘယ်ပိတ်နေမလဲနော်…….
    ခုတော့လား။။။။။။။။ အမေစုရဲ့သတင်းမှန်သမျှကိုဖုန်းထားတယ်ဆိုပဲ………..
    ဪ…….ဘက်ဂီယာများထိုးဖို့လုပ်လေကြသလားတော်……….

  • ရွှေဘိုသား

    March 21, 2012 at 8:37 am

    အမည်ပေး ကင်ပွန်းတပ် ကြက်ဖွတ်ပါတီကို ပြောင်းဖူးပါတီလို့ခေါ်စေလိုပါကြောင်း

  • ကြောင်ကြီး

    March 21, 2012 at 9:58 am

    မပြောင်းဘူးလို ပြောချင်တဲ့ ပြောင်းဖူးကို ဟင့်အင်းဆိုတဲ့ ‘မ’ စာလုံးတွဲလိုက်တော့ ပြောင်းမယ် ဖြစ်သွားသည်ပေါ့ကွယ်..။

    • kai

      March 21, 2012 at 1:37 pm

      ပြောင်းဖူး ပါဆိုနေမှ.. အဓိပါယ်ပြည့်ပြီးသားကြီးကို.. အားအားယားယား.. “မ “သွားထည့်တော့..
      အဓိပါယ်ကောက်ပြောင်းပြန်ကြီးဖြစ်မှာပေါ့နော…

      မှန်ပါသတည်း…
      ဆိုတော့..
      ဈေးကို ပြောင်းမယ်ပြောချင်တာဖြစ်မယ်ထင်ကြောင်း..။

  • kyeemite

    March 21, 2012 at 11:45 am

    မှတ်သားလောက်ပါတယ် အေ့
    မှတ်သားလောက်ပါတယ် …
    “မပြောင်းဖူး” ဆိုတာအားလုံးမှတ်ထား..
    သူတို့ရဲ့မကောင်းတဲ့သောက်ကျင့်တွေ
    ဘယ်တော့မှမပြောင်းဘူးပြောတာ..(ဈေးကိုပြောချင်တာဟုတ်ဖူး)

  • chel gyi

    March 21, 2012 at 1:24 pm

    ဩံ့ရောဟယ်….ဩံ့ရော…..

  • ba gyi

    March 21, 2012 at 2:10 pm

    အဲသည်အောင်သိန်းလင်း၊ဂျာနယ်နဲ့ ဗျူးတော့၊သူကခေါင်းမှာသေနတ်မှန်ဖူးတယ်ဆိုပဲ၊
    ပုံမှန်တော့ဟုတ်ပုံမရဘူး၊
    ဒါကြောင့်သူ့အဖွဲ့ကသူ့ကိုအမတ်ရွေးလိုက်လားမသိပါဘူး။

  • Kyi Lwin

    March 21, 2012 at 2:18 pm

    ကျက်သရေကိုမရှိဘူး။ အရှက်ကိုမရှိဘူး။ အမှတ်ကိုမရှိဘူး။ မေတ္တာကိုမရှိဘူး။ စိတ်ကောင်းကိုမရှိဘူး။
    တကြိတ်ထဲတဉာဏ်ထဲ ဖွတ်ဦးဏှောက်တွေ။
    ( အဲ နေပါအုံး ဘာများထပ်ထည့်လို့ရအုံးမလဲ။ သိသေးရင်ပြောကြပါအုံး။)

  • Novy

    March 21, 2012 at 4:10 pm

    အမလေးတော်လို့တောင် မအော်ချင်တော့ပါဘူး
    သေမယ်ဆိုရင် သေလို့ရပြီ
    သူတို့တွေကို ပြောပါတယ်

  • ရွှေဘိုသား

    March 21, 2012 at 6:11 pm

    နံမည်ကြီး အမတ်ရူး လမ်းတစ်ခြမ်းခင်း အောင်သိန်လင်းပါခဗျ သူလည်း ပြောင်းဖူးရောင်းပါတယ်

  • mg mg

    March 22, 2012 at 5:17 pm

    ခင်ဗျားတို့ဗျာ- ကျုပ်တို့ကိုပဲအပြစ်လာလာပြောနေကြတယ်။
    ခုကျုပ်တို့ပါတီရဲ့မူဝါဒ မပြောင်းတဲ့အကြောင်း အမှန်အတိုင်း“မပြောင်းဖူး”ပြောတာ ခင်ဗျားတို့အပြစ်ပြောပြန်ပြီ၊ ကောင်းပြီ ဒါဆို ခင်ဗျားတို့မယုံလျင်စောင့်ကြည့်ပေါ့။
    မဲနိုင်ပုံမပေါ်လျင် လိမ်မယ်ဗျာ“မပြောင်းဖူး”
    ဟိုဘက်အခြမ်းက ကျုပ်တို့ပါတီမထောက်ခံဘူး၊ ဒီတော့ လမ်းတစ်ခြမ်းခင်းမယ်ဗျာ“မပြောင်းဖူး”
    ကိုယ်နဲ့မတည့်သူ ကိုယ့်ရန်သူပေါ့၊ ဒီတော့အပုပ်ချမယ်ဗျာ“မပြောင်းဖူး”
    အထက်လူဖားမှ ကိုယ့်လမ်းဖြောင့်ဖြူးမယ်၊ အောက်လူဖိထားမှ ခွါမတိုင်းရဲမယ်ဗျာ၊ “မပြောင်းဖူး”
    “မပြောင်းဖူး”“မပြောင်းဖူး”“မပြောင်းဖူး”“မပြောင်းဖူး” မပြောင်း—————ဖူး

  • char too lan

    March 22, 2012 at 8:11 pm

    ဟာဂျာ………. ဟိုလူဂျီးဂ လက်နက်ကျီးထောင်ပြနေဒါ ဘာတဘောလဲဂျ

  • chancellor

    March 22, 2012 at 8:16 pm

    ကျနော်ကြားဖူးတာ မပြောင်းချင်လို ့ပြောင်းဖူး ဆွမ်းတော်တင်တာ ပြောင်းဖူးက ပြောင်းဖူးပြုတ်ဖြစ်နေတော့ မပြောင်းရပဲ ပြုတ်သွားတယ်တဲ့။ သေချာကြည့်ပါဦး၊ ပြောင်းဖူးပြုတ်လားလို ့။

  • Mလုလင်

    March 23, 2012 at 11:40 pm

    ကဲကဲ .. အဖြေ ပေါ်ပါပြီ။ အဲ့ပြောင်းဖူးတွေက ..ဈေးသူဈေးသားတွေက .. တမင် ဆိုင် တံစက်မြိတ် အောက်မှာ ချိတ်ဆွဲထားတာပါတဲ့။ ဦးအောင်သိန်းလင်း တို့ မဲဆွယ် တာ မဟုတ်ပါဘူး တဲ့ဗျာ။ ပြောင်းဖူး ရဲ့ အညာှာလေးမှာ ကြိုး နဲ့ ချည် ထားတာ တွေ့ပါလိမ့်မယ်။ သေချာ တော့ ကြည့်ရမယ်ဗျို ့။ ဒီသတင်း က တမင် သက်သက် ဖွ တာဖြစ်ဖို့များ ပါတယ်။ တာမွေဈေးက ဈေးသူဈေးသား တွေက ဈေးနေရာ မပြောင်းချင်လို့ … ဈေးဆိုင် တံစက်မြိတ် မှာ ပြောင်းဖူး တွေ ချည်ပြီး သူတို့ရဲ့ ဆန္ဒကိုပြကြတယ် လို့ ကြားပါတယ်။

  • snow white

    March 30, 2012 at 5:20 pm

    ယတြာလားဘာလားတော့မသိဘူး ပြောင်းဖူးမှာလို့ရေးထားတယ် မိန်းကလေးတွေတော့သတိထားလို့ပြောတာလားမသိဘူး ဘာတွေလည်းတော့မသိဘူး ကြောက်တောင်ကြောက်တယ် သူတို့လည်းမလွယ်ပါဘူးမဲဆွယ်ရတာ သူတို့ကမဲဆွယ်လိုက် ပြည်သူလူထုကဟာသလုပ်လိုက်ရယ်တော့ရယ်ရတယ် သူတို့ဘာလုပ်လုပ်မှားနေတာကခက်တယ်

Leave a Reply