မြန်မာနိုင်ငံ က မော်ဒယ်တွေ ဒီလိုတွေ ဝတ်ပြနေကြပြီပေါ့

မြန်မာ နိုင်ငံမှာ ဒီမိုကရေစီ လမ်းစ ပွင့်ပြီဆိုပေမဲ့ ဒီလိုမျိုး ကြော်ငြာမျိုးကိုတော့ နတ်ဆိုးလေးတို့ လက်မခံနိုင်သေးတာ အမှန်ဘဲ။ဘယ်လောက် ဘဲ ခေတ်ရေစီးကြောင်းနဲ့ လိုက်နိုင်ပါတယ်ပြောပြော မြန်မာ ဝတ်စားဆင်ယင်မှု  ကိုကျော်ပြီးတော့

ဒီလိုအလှပြ ၊ ဝတ်စုံ ကြော်ငြာတာကတော့ နတ်ဆိုးလေး တို့မျက်စိထဲမှာ ကန့်လန့် ကြီး ဝင်နေတယ်။ ဒီပုံတွေက ကျွန်တော် ဒီထဲကတွေ့လို့ တင်ပေးလိုက်တာပါ။ နဲနဲ ရိုင်းသွားရင်ဖြင့် ခွေးလွှတ်ကြပါလို့ ။ အစကတော့ မတင်ဘဲ နေမလို့ဘဲ ဒါပေမဲ့ ရွာထဲ က မဖရဲ တို့ ကိုစိန်ပေါက်တို့ ကိုပေ တို့ မဝတ်တတ် မစားတတ်မှာ မို့လို့ ကြည့်ရအောင် တင်ပေးးလိုက်တာပါ ။ စတာနော် တိုတို ဗြဲ။

ဒါကတော့ မူရင်း ဆိုဒ်ပါ

http://www.onlinefashionwear.com/underwears.html

Show Room:
(1). No.47, 8 Miles, Mayangone Township, Yangon, Myanmar.
Phone : (+951) 09-731-84077, 09-731-84099

(2). Build No (10), Room No (4), Yuzana Street,
Yuzana Plaza Beside, Tamwe Township, Yangon, Myanmar.
Phone: (+951) 01-200747 Ext: 7958, 09-500-3714

Factory:
No.20/52, Industrial Zone Path Thapye Lane, Mingalardon Township, Yangon, Myanmar.
Phone: (+951) 01-635557, 09-730-33670, 09-730-66538

Website: www.onlinefashionwear.com,
www.onlinewear.biz
Other Links: http://www.hninnshwekyar.com,
http://everwer.en.alibaba.com

 

52 comments

  • Thel Nu Aye

    March 20, 2012 at 9:39 pm

    ဘုရားရေ။ အဲလိုအဆင့်တောင်ရောက်နေကြပြီလား။ နောက်ဆို တီဗွီမှာများ ဒါမျိုးတွေပြကြတော့မှာလား။ ဘုရားဘုရား။

    • Thel Nu Aye

      March 20, 2012 at 9:43 pm

      ဒါပေမဲ့သူ့ဆိုဒ်ထဲ ဝင်ကြည့်တာ ကောင်မလေးမျက်နှာနဲ့ အောက်ကကိုယ်လုံး နဲနဲကွဲနေသလိုပဲ။ မျက်နှာကကြီးပြီးကိုယ်လုံးကတော်တော်သေးနေသလိုပဲ။ အသားရောင်လဲကွဲနေတယ်။

  • ခပ် KING ကင်း

    March 20, 2012 at 9:51 pm

    တိန် …..
    အစောကတည်းက ခရေးတွေ မကြည့်ရလို့မပြောဘူး
    ခုတော့ တားကြည့်မိတွားပြီ
    ရှက်ထှာ … 😆

  • နတ်ဆိုးလေး

    March 20, 2012 at 9:55 pm

    ကိုယ်ဟန်အမူအရာနဲ့ ခေါင်းဒီဇိုင်းတွေက အဲ့လောက် အများကြီး ယူလို့မရပါဘူး။ ဘယ်လောက်ဘဲ ပြင်ထားပါတယ်ပြောပြော အဲ့လောက် ပုံတွေ အများကြီး မရနိုင်ပါဘူး။ သူ့ခေါင်းနဲ့ သူ့ ကိုယ် ဟန်နဲ့က အားလုံး အန်ကိုက် ဖြစ်နေပါတယ်။ ဒါပုံ ဆြာ များဝေဖန်ကြပါအုံး။ ပြီးတော့ သူ့ ရဲ့ ပင်ရင်းပိုစ့် ကလဲ တရားဝင်ကြီးကို တင်ထားတာဗျ .။ နတ်ဆိုးလေး လဲ တော်တော် လေးခေါင်းစားနေပါတယ်။ ဒါပေမဲ့ မသဲနုအေး ရယ် မိန်းကလေးတွေ မကြည့်ပါနဲ့ ဆိုမှ ဘာလို့ဝင်ကြည့်တာလဲဗျာ နတ်ဆိုးလေး မျက်နှာ ပူူအောင် လုပ်နေပြီ အမ နော်…..။

    • Thel Nu Aye

      March 21, 2012 at 9:09 am

      ဟင့် အဲဒါသများတို့ မိန်းကလေးတွေဝတ်တာလေ။ ကြည့်ချင်းကြည့်သများတို့ပဲ ကြည့်ရမှာလေ။ ညီးတို့နဲ့ဘာဆိုင်တာမှတ်လို့။ ဘာလို့ကြည့်သတုန်း။ ဘာကိုကြည့်သတုန်း။ သများတို့က သူဝတ်ပြ ထားတာလေ့လာတာ။

      • water-melon

        March 21, 2012 at 9:16 am

        အမကြီးက စိတ်ဝင်စားနေတာထင်တယ်
        ဟီးဟီး 😀

  • အသူရာ

    March 20, 2012 at 10:17 pm

    ဂလု ဂလုံ ဂလွမ် အမရေး တတွေးတောင်သီးဒယ် ဂယ်ပဲ
    သောက်သုံး (အဲ့လေ) အားပေးသွားကြောင်းပါ လစ်တဲစေတန်ရေ့

  • ကြောင်လေး

    March 20, 2012 at 10:21 pm

    ကြောင်တစ်ကောင် ဟာအလင်းအမှောင်ကိုချိန်ဆပြီး သူ့ရဲ့မျက်လုံးသူငယ်အိမ်ကိုအကျဉ်းအကျယ် လုပ်တယ်လို့ဆိုတယ်။ ဒါကိုတုပြီး ကင်မရာရဲ့ မှန်ဘီလူးအော်တိုစံနစ်ကိုတီထွင်ဖန်တီးထားတယ်တဲ့။
    ဒီပုံတွေကိုတော့ ကြောင်လေးက လင်းလင်း မှောင်မှောင် မျက်လုံးကိုအတင်းဖြဲပြီး အပီအပြင်ကြည့်သွားပါတယ် နတ်ဆိုးရေ့………ခွစ်ခွစ်ခွစ်။ ကိုကြောင်ကြီး ကရောဘယ်လိုကြည့်သလဲလို့
    သိချင်မိသား………

  • cobra

    March 20, 2012 at 10:51 pm

    သောက်ရမ်းမိုက်တယ်ဟေ့
    သောက်ရမ်းမိုက်တယ်ဟ
    အပီအပြင်အားပေးသွားပါကြောင်းးးးးး

  • padonmar

    March 20, 2012 at 11:56 pm

    သူက underware ကြော်ငြာတာဆိုတော့ ဒီလိုပဲ ဝတ်ပြရပါမယ်။
    ဒါကို အပြစ်မမြင်စေချင်ပါဘူး။
    သိပ်ကြီး ကော့ကော်ကံကားလည်း လုပ်မပြထားပါဘူး။
    မလုံ့တလုံဝတ်ပြီး စိတ်ကို နှိုးဆွတဲ့ မင်းသမီးတွေထက်တော့ သာပါတယ်။

    • Foreign Resident

      March 21, 2012 at 6:25 am

      ” underware ကြော်ငြာတာဆိုတော့ ဒီလိုပဲ ဝတ်ပြရပါမယ် ”
      ဟုတ်ပါတယ် ။
      နောက်ပြီး မျက်နှာပေး နှင့် ကိုယ်ဟန်မူရာ မမှားပါဘူး ။
      OK ပါ ။ အဘ ကတော့ ကြိုက်တယ် ။ 😛

      • apulay

        March 22, 2012 at 9:30 am

        ယုံပြီးသားပဲ ၊ အဲဒါ fr ကြီးရဲ့ အကြိုက်ဆိုတာ ။

    • myanmarcitizen

      March 21, 2012 at 1:33 pm

      ကျွန်တော်လဲ ထောက်ခံပါတယ်။ အိမ်သာတက်တဲ့ သူကို ကိုယ်ကချောင်းကြည့်ပြီး “အာ ဒီကောင် စောက်ရှက်ကိုမရှိဘူး” ပြောသလိုဖြစ်နေဦးမယ်။ ဘာပဲပြောပြော အဘ နဲ့တော့ အကြိုက်ချင်းတူသွားပြီ :-)။

  • kai

    March 21, 2012 at 12:24 am

    မြန်မာနိုင်ငံက.. ဘာနိုင်ငံမို့လို့ မဝတ်ရတာလည်းကွယ်..။
    ဝတ်ပါစေ..။ တကမ္ဘာလုံး မိုဒယ်တိုင်း.. ဒီလိုဝတ် ကြော်ငြာရိုက်နေတာပဲ..

    ကွန်ဆာဗေးတစ်ဖြစ်လွန်းနေပြီ.. လူကြီးတွေတင်မဟုတ်.. လူငယ်တွေဖြစ်တာ.. အံ့စရာ.. 😕

    Victoria’s Secret: Lingerie and Women’s Clothing, Accessories & more.
    http://www.victoriassecret.com/
    Victoria’s Secret is THE destination for chic women’s clothing, sultry swimwear, must-have shoes and accessories, and beauty products, in addition to women’s ..

    • Mr. MarGa

      March 24, 2012 at 3:45 pm

      သူကြီး
      အဲဒီလို တော့ မပြောပါနဲ့ ဒါက မြန်မာနိုင်ငံ ပါ
      ရှေးကတည်းက အစဉ်အလာနဲ့ စည်းမျဉ်း စည်းကမ်းတွေနဲ့ နေတာပါ
      အဲဒီ စည်းကမ်းတွေက စာအုပ်ထဲမှာ မဟုတ်ပါဘူး
      လူတွေရဲ့ စိတ်ထဲမှာ ရှိတာပါ။
      အရင်တုန်းကတည်းက မိန်းကလေး အတွင်းခံတွေကို ဆိုင်ခန်းတွေနဲ့ ရောင်းကြပါတယ်
      ဒါပေမယ့် အဲဒီလောက်တော့ ကြော်ငြာခြင်း မပြုပါဘူး
      မြန်မာ လူမျိုးတွေမှာ ဟိရိဩတ္တပ တရားဆိုတာ ရှိပါတယ်။(ဆရာလုပ်တာမဟုတ်ပါဘူး)
      ရှက်သင့် ကြောက်သင့်တဲ့အရာကို ရှက်တတ် ကြောက်တတ်ရပါတယ်။
      ဒါမျိုးတွေကို ကြော်ငြာရာမှာ အတော်အသင့်ပဲ ကောင်းပါတယ်။
      မကြော်ငြာရဘူးလို့ ပြောတာ မဟုတ်ပါဘူး
      အဲဒီလောက် မပြသင့်ဘူးလို့ ပြောချင်တာပါ
      တခြားနိုင်ငံတွေနဲ့ ဒီနေရာမှာ အယှဉ်မခံနိုင်ပါဘူး
      အဲဒါ ကျွန်တော့် ယူဆချက်ပါ
      လွပ်လပ်စွာ သဘောထားကွဲကြတာပေါ့

      လေးစားစွာဖြင့်
      ဦးမာဃ (ခေတ္တ လူ့ပြည်)

  • ရှမ်းပြည်သား (တောင်ပိုင်း)

    March 21, 2012 at 1:48 am

    I agree with kai. Why not possible?
    မြန်မာ့ဓလေ့နဲ့မကိုက်ညီရင် လွန်ခဲ့တဲ့ဆယ်နှစ်လောက်ကတည်းကခေတ်စားလာတဲ့
    အမျိုးသမီးလစဉ်သုံးတွေကို နိုင်ငံပိုင်ရုပ်သံလွှင့်ဌာနတွေမှာပေးကြေညာမှာမဟုတ်ပါဘူး။
    သူ့အိုးနဲ့သူ့ဆန်တန်သလောက်တော့ခပ်လို့ရပါတယ်။ ဒါက ဘီကနီကြော်ညာတစ်ခုဖြစ်တဲ့အတွက်ကြောင့်မို့
    ဘီကနီလေးတွေမြင်သာအောင် ကိုယ်ဟန်ပြရတာဖြစ်ပါတယ်။
    ညစ်ညမ်းပုံတွေမရိုက်ကျရင်သာပြီးတာပါပဲ။ မြန်မာနိုင်ငံမှာတော့ ဒီလိုညစ်ညမ်းပုံတွေ၊ညစ်ညမ်းကားတွေ
    မြန်မာဗားရှင်းအနေနဲ့မရှိစေချင်တာအမှန်ပါ။ ဒါပေမယ့်ဒီကြော်ညာလေးက ညစ်ညမ်းပုံထဲမှာပါဘူးရယ်….
    ယဉ်ကျေးမှုကိုထိန်းသိမ်းခြင်းနှင့် လွတ်လပ်စွာဝတ်စားဆင်ယင်ခြင်းဆိုတဲ့အပိုင်းမှာ ဘုရားဖူးဖို့ဘုရားကိုလာ
    တဲ့မြန်မာနိုင်ငံသူအမျိုးကောင်းသမီးများဟာ လုံချည်ကိုဝတ်စားလာရမှာဖြစ်ပြီး ချောင်းသာလိုပင်လယ်ကမ်း
    ခြေမျိုးကို အလည်အပတ်သွားမယ်ဆိုရင်တော့ ပင်လယ်လှိုင်းများရဲ့ပြန်အကျဆွဲယူမှုကိုတုန့်ပြန်ဖို့ ဘီကနီ
    လိုဝတ်စုံမျိုးနဲ့မှအဆင်ပိုပြီးပြေပါတယ် အဲလိုမှမဟုတ်ဘဲပြောင်းပြန်အနေအထားမျိုးကိုတွေးကြည့်ရင်တော့
    ကိုနတ်ဆိုးလေးရဲ့အမြင်ဟာမှန်နိုင်ပါတယ်။ ဒူးနေရာဒူး တော်နေရာတော်ပေါ့ဗျာ။
    မှတ်ချက်။…………။စာရေးသူ၏ပို့စ်ကိုရှုံချဝေဖန်လိုခြင်းမဟုတ်ပါ ….. လွတ်လပ်စွာသဘောထားကွဲလွဲခြင်း
    ဆိုတဲ့ဟိုတလောကရွာထဲခေတ်စားသွားတဲ့စကားလုံးလေး အတိုင်း ဝင်ရောက်ဆွေးနွေးခြင်းသာဖြစ်ပါသည်။

  • Mလုလင်

    March 21, 2012 at 1:56 am

    ပိုစ့်ပိုင်ရှင် ရေ … ယခင်ခေတ် မယ်ရွေးပွဲ ဆိုတဲ့ ပုံလေးတောင် ပြစမ်းချင်ပါဘိ။ယခင်ခေတ်က ရေကူးဝတ်စုံ နဲ့ ပြိုင်ကြသကိုးဗျ။ ကြည့်ချင်တယ်ဆိုရင်တော့ မြန်မာနိုင်ငံ ဓာတ်ပုံအသင်း နှစ် 60 ပြည့်စာအုပ် ရဲ့ စာမျက်နှာ 85 . ဆရာ ချစ်နိုင်(စိတ်ပညာ) ရဲ့ ဆောင်းပါးမှာ သုံးထားတဲ့ ဦးမောင်မောင်တင် ရဲ့ ပုံ ကို ကြည့်နိုင်ပါတယ်။ နဲနဲ ထပ်ရှည်ရရင် .. Studio lighting ခပ် ပြေပြေ လေးသုံးထားတဲ့ အတွက် Sexy လဲမဖြစ်ပါကြောင်း နဲ့ … ဒီလို ကုန်စည် အတွက် မဖြစ်မနေ ဒီလို ရိုက်ကြတာမို့ … အနုပညာ တစ်ခု လို့သာ ခံစားပြီး ဘောင်းဘီ(အတွင်းခံ) ကိုသာကြည့်ပါလေ.. ဘောင်းဘီအောက်က ကေစ့်ကို မတွေး ပါနဲ့ လို့ ……
    လေးစားစွာဖြင့်
    Mလုလင်

    • water-melon

      March 21, 2012 at 7:33 am

      အောက်ခံအောက်က ကေ့စ်ကိုတော့မကြည့်ပါဘူးကွယ်
      အဖြူလေးကို တစ်ချက်လောက်ရှိုးလိုက်ပါအုန်း
      မဲမဲလေး

      • စိန်ပေါက်ပေါက်

        March 21, 2012 at 12:19 pm

        ဂလု..ဂလု..အဲလေ..ဘောင်းဘီပဲ ကြည့်ပါဆို ဘာတွေလျှောက်ကြည့်နေမှန်းလဲသိဘူး
        လူဂျိုး

      • Mလုလင်

        March 21, 2012 at 12:50 pm

        တောက်!!! ဒီလို ရိုက် မယ်ဆိုရင် … ဒီလို မမည်းအောင် ကြိုတင်ပြင်ဆင် သင့်တာပေါ့ …
        စကားအတင်းစပ် …. မဲ စရာ ရှိလို့ မဲတယ် ပဲ မှတ်ပါတယ်။

  • ဖားသက်ပြင်း

    March 21, 2012 at 5:47 am

    အာလီဘာဘာရဲ့ လင့်ခ် ကိုတွေ့တော့ …
    ဒို့ဗမာဒွေ အဲ့ဒီကနေတောင် ယူရောင်းနေပလား ..တွေးမိရဲ့

    ပုံနဲ့ပါတ်သတ်ပြီးပြောရရင်တော့ အင်း …
    ဘာမှ မပြောတော့ ဘာဘူးဂျာ…

    အဲ့သည့် ဆိုင်ကသာ ဒါ့ပုံဆြာ လိုသလားပဲ မေးပေးကြပါ…
    အဟတ်အဟတ်…

    😀

  • water-melon

    March 21, 2012 at 7:31 am

    Bravo Bravo Bravo Bravo Bravo
    နောက်ထပ်လဲ ဒီထက် ချွတ်တာ ဖော်တာ လုပ်တာတွေ ရိုက်ပါဗျို့
    အမျိုးသားတစ်ရပ်လုံးက ထောက်ခံပါတယ် ( နှာခေါင်းနဲ့ )
    ရေရေလည်လည် အားပေးပါကြောင်း

  • kyeemite

    March 21, 2012 at 8:42 am

    အပေါ်ကလူကြီးဒွေ ပြောသွားကြဒါ
    စုံနေဘီဆိုဒေါ့..ဘာမှမပြောချင်ဒေါ့ဘာဘူး..

  • ရွှေဘိုသား

    March 21, 2012 at 8:43 am

    အရှိကိုအရှိတိုင်းသာ ဖော်ပြသူ
    မြင်မြင်ချင်း မင်းကိုချစ်သွားပြီ
    မင်းကုန်းလိုက်ရင်လည်း မှားလို့ (ပြုံးလိုက်ရင်လည်း)
    အိမ်မက်တွေထိပဲ လိုက်နှောက်ယှက်သည်။
    ကိုယ်မညာတော့ဘူး မင်းကို

  • ကြောင်ကြီး

    March 21, 2012 at 8:43 am

    အောက်အီးအီးအွတ်… ရွာထဲက ကြက်ဖကြီးတွန်သံပါ…
    အန်တီပဒုမ္မာပြောသလိုပဲ မလုံ့တလုံဝင်ပြီး ဖင်ကော့ပြတာထက်စာရင် တော်ပါသေးတယ်.. သို့သော်ပေါ့လေ…. စိတ်ပူတော် မမူဂျပါနဲ့လို့… မကြာမှီလာမည်မျှော်…….
    သဂျီးပြောတဲ့ ဇိမ်နိုင်ငံတော်ကြီး ဖြစ်လာတော့မယ်ကွ… ပြသနာတက်လာရင်တော့ ကွန်ဆာဗေးတစ်ကြောင့်လို့ အော်ဂျပေါ့ဗျာ..။ ဘာလုပ်လုပ် ဖြစ်မြောက်အောင်လုပ်ဆိုတဲ့ စကားရှိတယ်။ ဖြစ်အောင်တော့လုပ်ကြပါ… ဒါရိုက်တာနဲ့ အိပ်ချင်လဲအိပ်၊ စပွန်ဆာရှာရင်လည်းရှာကြ၊ ပြီးရင် တန်းဝင်ရုပ်ရှင်မင်းသမီး အဆိုတော်တော့ ဖြစ်လာပါစေ.. နို့မို့ရင် ကကဖြစ်သွားတာပဲ အဖတ်တင်မယ်..။

  • MTY

    March 21, 2012 at 9:15 am

    လွတ်လပ်မှုနဲ့အတူဒွန်တွဲပါလာမဲ့ရလဒ်တစ်ခုဘဲဟုရှုမြင်ပါသည်။
    အခြားကိစ္စရပ်ပေါင်းများစွာကိုတော့လွတ်လပ်ခွင့်ပေး၊လွတ်လပ်ခွင့်ယူမယ်
    မိန်းမတွေကျတော့.ဝတ်စားဆင်ယဉ်မှုကအစNoထားလို့တော့မရလောက်ဘူးထင်တယ်။
    မာပါတယ်ဆိုတဲ့ကွန်မြူနစ်တရုပ်တောင်ဘာတတ်နိုင်လဲ၊ဖွင့်ပေးရတာဘဲ။

  • နတ်ဆိုးလေး

    March 21, 2012 at 9:51 am

    အားလုံးလွတ်လပ်စွာ တွေးခေါ်နိုင်ကြပါတယ်။ ဒါပေမဲ့ နတ်ဆိုးလေး တွေးမိတာက ကိုယ့် ညီမ ကိုယ့် ချစ်သူ နေရာကနေ စဉ်းစားမိတာပါ (ဟီးဘာမှ လဲ ဆိုင်ဘူး)။အဲ့ဒီ မိန်းကလေးက ကိုယ့်ရဲ့ အမျိုုးသမီးဘဲ ဆိုပါတော့ ။ အဲ့မိန်းကလေးက ကိုဖရဲ တို့လို့ ဒါ့ပုံ ဆြာရှေ့မှာ အိုက်တင်ပေး နေရပြီဗျာ။ ကိုယ့်ရှိနေရင်တော့ ဘာမှ မဖြစ်ဘူးပေါ့။ ကိုယ့်လဲမရှိဘူး သူတို့ပဲ ဆိုရင်…………..။ အနည်းနဲ့ အများတော့ နောင်တချိန်မှာ ဒီကိစ္စဟာ ပြောစရာ ဖြစ်လာနိုင်တယ်ဗျ ။ ဘာလို့လဲ ဆိုတော့ ယောက်ျားတွေက သူတို့ဘဲ ဘာမှဆိုလုပ်ချင်တာ .။ ကိုယ့်ချစ်တဲ့ သူ တခြား တစိမ်းယောက်ျားလေးနဲ့ စကားပြောရင်ကို လုံးဝမကြိုက်။ နတ်ဆိုးလေးတို့ပြောတာနော် ။။။ သများတွေ မပါဘူး။

    အားလုံး လွတ်လပ်စွာ ပြောဆိုနိုင်ပါသည်။
    သဂျီး ဆိုဒ် အတွက်လဲ ကျေးဇူးပါ။ ကိုဖရဲဆိုဒ်က ၃၆ တဲ့ဗျ :mrgreen:

  • FattyCat

    March 21, 2012 at 10:05 am

    ပြောတော့ ပြောရမယ်…နဲနဲရိုင်းတင်ထင်ရင်တော့ ခွင့်လွှတ်ဗျာ…
    မြန်မာနိုင်ငံမှာရှိသမျှ ယောင်္ကျား၊ မိန်းမ အားလုံး Underware မဝတ်ကြဘူးလား…
    ကျန်းမာရေးအတွက်ရော၊ လုံခြုံမှုအတွက်ပါအဆင်ပြေတဲ့ Underware ကြော်ငြာတာ အပြစ်တဲ့လား…

    Underware ကြော်ငြာတာ Underware ဝတ်မပြလို့…ထားပါတော့…လုံလုံခြုံခြုံတော့ဝတ်ထားပါရဲ့…
    ကြော်ငြာချင်တာက Underware…
    ရင်ဖုံးအကျီ င်္နဲ့ ထမီရှည်ဝတ်ထားပြီး….ပရိတ်သတ်ရှေ့ရောက်မှ…ကြော်ငြာချင်တာကြော်ငြာဖို့ ထမီလှန်ပြရင်ရော…အဆင်ပြေပါ့မလား…
    သေချာစဉ်းစားနော်…ဟုတ်တော့မဟုတ်သေးဘူး…
    ရှက်သင့်တာကိုရှက်ပါ…မရှက်သင့်တာသည် ရှက်စရာမဟုတ်ပါ…

    • ဖားသက်ပြင်း

      March 21, 2012 at 10:12 am

      အာဟိ အာဟိ….
      ကိုဖက်ကတ် ရယ် ….
      လှန်ပြတော့လည်း တမျိုးလေး ရင်ခုန်စရာ မကောင်းဝူးလား ဟင်င်င်င်င်

      ခင်ဗျားပြောမှ အဲ့က မာကတ္တာတွေ အိုင်ဒီယာရပြီး …လှန်ပြတဲ့ ကြော်ငြာ ဗီဒီယို
      အတိုလေးတွေ ရိုက်ပြီး ယူတု တွေ ဖေ့စဘုတ်ပေါ်တွေ တင်ကုန်ပါဦးမယ်….
      စိုးတယ်.. စိုးမိတယ်… စိုးထိတ်မိတော့တယ်ကွယ်…
      (မြန်မြန်မကြည့်ရမှာ စိုးတာ ….ပြောပါတယ.်..)
      😀
      ဒက်ဂလောက်…ဒက်ဂလောက်…

    • Kyi Lwin

      March 21, 2012 at 3:08 pm

      အလို ကိုရင်ဖက်တီးကလည်း ပြောတတ်လိုက်တာ။ ဂလိုသာ ဂလိုဘယ်လိုက်ဇေးရှင်းကြိးတို့ ခေတ်ကာလ အသုံးအဆောင်တွေကို မျက်မြင်ခံစာနိုင်အောင်ကြော်ငြာကြရမယ်ဆိုရင်တော့ စဉ်းစားအုံးကွဲ့။ မင်းတို့လူကြီးမင်းများသုံးတဲ့အဖေါ်တွေ ကို ပီပီပြင်ပြင်ဖေါ်ပြသင့်တယ်လို့ရောထင်နေလား။ ခေတ်ကာလအလိုက် ပွင့်လင်းတဲ့ခေတ်မီတဲ့အတိုင်းအတာတခုထိလက်ခံတယ်ဆိုပေမယ့် မင်းနှမတွေရှေ့ ဒါဟာ ကျန်းမာရေးအတွက်ပါလို့ ပေါ်ပေါ်တင်တင် ဝတ်ဆင်အသုံးပြုဖို့ဆိုရင် မင်းရော ဒါမျိုးရှက်စရာမဟုတ်လို့ ပွင့်လင်းသင့်တယ်လို့ထင်သလားကွယ်။ ဒါနဲ့ ပြောင်းပြန်တွေးရင် မင်းနှမ က ဒီလိုတွေ မင်းတို့လို မောင်တွေ အစ်ကိုတွေရှေ့ဝတ်ပြလို့ သင့်တော်မယ်ထင်သလား။
      လူ့အသုံးအဆောင်ပစ္စည်းမို့ ခေတ်အလိုက်ကြော်ငြာတာကို မကန့်ကွက်ပေမယ့် လူမြင်လို့တင့်တယ်အောင် ( ကော့ကော်ကံကားလုပ်မပြပေမယ့် ဒီလိုဝတ်စားပြတာက မောင်နဲ့နှမ သားနဲ့အမိ ကြည့်လို့သင့်တော်ရဲ့လားဆိုတာထည့်တွက်ပါလေ။) တင်ပြနိုင်တဲ့ အနေအထားတွေရှိပါတယ်။ ခေတ်မီတာကို လက်ခံပါတယ်။ ဒါပေမယ့် ခေတ်မီတယ်ဆိုပြီး သူများလုပ်တိုင်း တင့်တယ် တယ်လို့တော့မထင်နဲ့ကွဲ့ ။ နေရာတိုင်းမှာ သူ့အရပ်နဲ့သူ့ဇာတ်ဆိုတာပဲလိုက်ဖက်တာပါ။ လူမျိုးတိုင်း နိုင်ငံတိုင်းမှာ ကိုယ့်ယဉ်ကျေးမှုနဲ့ကိုယ် တိုင်းတာတဲ့စည်းကမ်းသတ်မှတ်ထားတဲ့ စံချိန် စံညွှန်းဆိုတာရှိပြီးသား။ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတခုမှာ လူရှေ့ သူရှေ့ မမြင်သင့်တာ မမြင်အောင် ထိမ်းသိမ်းတယ်ဆိုတာ ယဉ်ကျေးမှုတမျိုးပါ။ ဒီပို့စ်မှာ ဘယ်ပစ္စည်းကိုအဓိကထားကြော်ငြာတယ်ဆိုတာက နောက်မှ တွေးကြမှာပဲ။တွေ့လိုက်တာနဲ့ ဟယ် ဘယ်လိုဖြစ်နေတာပါလိမ့်လို့အရင်တွေးတဲ့သူက အမြင်မတော်ဘူးလို့ တွေးတဲ့သူ။ အဲ ဒိလိုတောင်ဖြစ်နေပါပေါ့ ကြည့်လို့တော့ကောင်းသားပဲလို့တွေးတဲ့သူလည်းရှိသပေါ့။ ဒါကတော့ သူများကိုမထိခိုက်ရင် ကိုယ့်လွတ်လပ်ခွင့်မို့ လွတ်လပ်စွာတွေးတောနိုင်ပါကြောင်း။သို့သော် ကိုယ့်ကိုယ်ပို်င်လွတ်လပ်ခွင့်ဆိုပြီး ဝတ်လစ်စလစ်( အဝတ်အစားမဲ့ခန္ဒာကိုယ်နဲ့) နဲ့ လမ်းမပေါ်လျှောက်သွားမယ့် လွတ်လပ်ခွင့်ဆိုရင်တော့ ဒါဟာ လွတ်လပ်ခွင့်မဟုတ်တော့ပဲ ပတ်ဝန်းကျင်ကိုမထီမဲ့မြင်ပြုမူနေထို်င်တာမို့ လူ့အသိုက်အဝန်းကိုစော်ကားခြင်းတမျိုးလို့သတ်မှတ်ရပါလိမ့်မယ်။ ဒါမျိုးကိုလွတ်လပ်ခွင့်ပေးလိုက်ရင် ဘာဖြစ်နိုင်မလဲ။ လူ့တိရစ္ဆာန်တွေအဖြစ် ဖြစ်ကုန်လိမ့်မယ်။
      ဒီတော့ ခုလို အောက်ခံအဝတ်အစားကြော်ငြာတာတွေကို စည်းကမ်းသတ်မှတ်သင့်တယ်လို့ယူဆပါတယ်။ လူယဉ်ကျေးတွေဆိုတာ လူ့လောက ကိုတိုးတက်ဖွံ့ဖြိုးအောင် လှပအောင် စည်းကမ်းရှိအောင် လူ့ကျင့်ဝတ်နဲ့နေထိုင်တတ်အောင် လုပ်ဆောင်နိုင်မှ လူ့အသိုက်အဝန်းဟာ ကျက်သရေရှိလာမှာပါ။ ခေတ်မီကြပါ။ သို့သော် လူ့ယဉ်ကျေးမှုကိုတော့ဂရုစိုက်ကြစေချင်ပါတယ်။

      • siamonone

        March 21, 2012 at 8:03 pm

        အကို့အဆိုအရဆိုရင် အဖေါ် ကို မိန်းလေးတွေကို မပြသင့်ဘူး ပေါ့..
        ကျွန်တော် သိထားတာကတော့ မိန်းလေးတွေ ရည်းစားနဲ့တွဲပြီး ကိုယ်ဝန်ရတယ်ဆိုတာ ..
        အဲ့ အဖေါ်ကို မသိလို့ရယ် .. ပထမဆုံးအချိန် မှာ အဖေါ်သုံးဖို့ ဘယ်လိုပြောရမလဲဆိုတာ မဝံ့ မရဲဖြစ်လို့ ရယ် .. ဒါတွေကြောင့် ကျောင်းမပြီးခင်ကိုယ်ဝန်တွဲလန်း .ဖြစ် ဖြစ်နေကြတာ..ဗျ ..
        အကိုက ရည်းစားထားပြီး ဟိုဟာမကျူးလွန်နဲ့လို့ ပြောလို့ တော့မရဘူးနော် .ခောတ်က မတူတော့ဘူးဗျ ..
        အဲ့လိုလုပ်ရင် ဘာဖြစ်တတ်တယ် .. အဲ .အဖော် မသုံးရင် ကိုယ်ဝန်ရတတ်တယ် .. ဆိုတာလောက်ဘဲ ပြောပြလို့ရတဲ့ခေါတ်ရောက်နေပြီ နော ..
        ကျွန်တော်ကတော့ ကျွန်တော့်ညီမလေးကို အဖေါ်နဲ့ ပတ်သတ်ပြီး အားလုံး ပြောပြထားတယ် ..
        တိုးတက်တဲ့နိုင်ငံတွေမှာ Sex အကြောင်းကို ဟိုး ငယ်ငယ်လေးကတည်းက . ရိုက်သွင်းထားတာ . သူတို့မှာ sex နဲ့ ပတ်သတ်တဲ့ပြသနာ ရှားမှရှား ..
        ကျွန်တော်တို့လို မျိုး မရှက်သင့်တဲ့အရာကိုရှက်နေကြလို့ .. သိသင့်တဲ့အရာကို သေသေချာချာ မသိကြလို့ .. သားပျိုသမီးပျိုတွေ ပတ်ဝန်းကျင်မှာ မတင့်မတယ်ဖြစ်နေကြတာ ဗျ ..

        • Kyi Lwin

          March 22, 2012 at 1:47 pm

          မောင်ရင်ရေ စာကိုသေချာဖတ်စေချင်တယ်။ တို့များပြောတာ အဲဒီအဆင့်ထိအရောက်သးဘူးကွဲ့။
          လူ့အသုံးအဆောင်ကုန်ပစ္စည်းကြော်ငြာတယ်ဆိုရင်တောင် အမြင်တင့်တယ်တဲ့အသွင်နဲ့ကြော်ငြာ
          စေချင်တဲ့ အကြောင်းအဓိကဖြစ်သလို ခေတ်မီတယ်။ လွတ်လပ်ခွင့် ဆိုပြီး လူမြင်ကွင်းမှာ အမြင်မတော်တာတွေမကြော်ငြာသင့်ဘူးထင်လို့ မှတ်ချက်ပေးတာပါ။ ခေတ်မီတိုးတက်နေသော
          ကာလ ကိုအခွင့်ကောင်းယူပြီး ရောင်းကုန်ပစ္စည်းကို ပြ တာလား။ လူကို ရောင်းကုန်အဖြစ်အသုံးချတာလား။ အဲ့ဒါတွေတွေးစေချင်တယ်။ ပြိးတော့ ကိုယ့်ယဉ်ကျေးမှု
          မှာ ဒီလိုခေတ်မီတာကိုပေါ်ပေါ်တင်တင် ခွင့်ပြုဖို့တော့ စည်းကမ်းရှိသင့်တယ်လို့မြင်တယ်လေ။
          ( တိုးတက်တဲ့နိုင်ငံတွေမှာ Sex အကြောင်းကို ဟိုး ငယ်ငယ်လေးကတည်းက . ရိုက်သွင်းထားတာ . သူတို့မှာ sex နဲ့ ပတ်သတ်တဲ့ပြသနာ ရှားမှရှား ..)
          ဒါက မောင်ရင်ထင်တာပါ။ အဲဒီလိုဗဟုသုတများလွန်းတော့လည်း သူတို့မှာ တစ်ပြဿနာပါ။
          ဆယ်ကျော်သက် ( ၁၂ ၊၁၃) တွေ အရုပ်လေးတွေပိုက်ပြီးကိုယ်ဝန်ဆောင်တဲ့ပုံတွေ Times တို့Newsweek တို့လို မဂ္ဂဇင်းတွေမျက်နှာဖုံးဓါတ်ပုံနဲ့ ဆောင်းပါးတွေပါခဲ့ဖူးတယ်။ မောင်ရင်တွေ့ဖူးပါ့မလားမသိဘူး။ နှစ်တော့နဲနဲကြာပြီ။ ၉၄-၅ ပတ်ဝန်းကျင်လောက်ကဖြစ်မယ်ထင်ရဲ့။( ခုနှစ်မသေချာလို့ အမှန်ပြင်ပေးမယ့်သူများရှိရင်ပြောနို်င်ပါတယ်။) သိပ်ပွင့်လင်းလွန်းတဲ့ လူနေမှုစနစ်ကြောင့် အတွေ့အကြုံယူချင်တဲ့လက်တည့်စမ်းချင်တဲ့ လူငယ်သဘာဝ စမ်းကြတဲ့ အဖြစ်တွေကြောင့်ပေါ့။
          လူဆိုတာမျိုးတွေက စူးစမ်းချင်တယ်။စမ်းသပ်ချင်တယ်။အတွေ့အကြုံလိုချင်တယ်။အသစ်အဆန်းကိုရှာချင်တယ်။ အဲဒီလိုတွေကြောင့် လောကကြီးတိုးတက်လာတာ ကောင်းတဲ့အပြောင်းအလဲတွေကြောင့် ကောင်းကျိုးဖြစ်လာတာတွေကိုလက်ခံသလို ဆုတ်ယုတ်တဲ့အကျိုးသက်ရောက်မှုတွေကိုပါတွဲပါလာတယ်ဆိုတာသိပါတယ်။ဒါဟာ တို့များလက်မခံချင်သော်လည်း အဆိုးနဲ့အကောင်းဒွန်တွဲနေတာမို့ကြိုက်သည်ဖြစ်စေမကြိုက်သည်ဖြစ်စေတွေ့နေရတယ်။သို့သော် အကောင်းတွေများပြိး အဆိုးတွေ နဲ ဖို့တော့ အထိမ်းအကွပ်လုပ်တဲ့ စည်းကမ်းတော့ရှိမှဖြစ်မယ်လေ။ လာသမျှလက်ခံရမယ်လို့တော့ တရားသေမှတ်ပြီးလွှတ်ထားလိုက်ရင် လူ့ယဉ်ကျေးမှုတွေကို အမျိုးသားပြတိုက်ထဲမှာပြန်ရှာကြည့်ရမယ့်ကိန်းဆိုက်သွားလိမ့်မယ်။ ခုလိုပြန်ရေးတာဟာ တိုက်ခိုက်ချင်တဲ့ သဘောမဟုတ်ပါ။ ဘယ်အရာမဆို ဝိုင်းဝန်းဆွေးနွေးခြင်းဖြင့် အဖြေမှန်ရနိုင်တယ်ဆိုတဲ့ ခံယူချက်ကြောင့်ဖြစ်ကြောင်းပါ။ ပြီးတော့ မောင်ရင်ပြောတဲ့
          ( အဲ့ အဖေါ်ကို မသိလို့ရယ် .. ပထမဆုံးအချိန် မှာ အဖေါ်သုံးဖို့ ဘယ်လိုပြောရမလဲဆိုတာ မဝံ့ မရဲဖြစ်လို့ ရယ် .. ဒါတွေကြောင့် ကျောင်းမပြီးခင်ကိုယ်ဝန်တွဲလန်း .ဖြစ် ဖြစ်နေကြတာ..ဗျ ..
          အကိုက ရည်းစားထားပြီး ဟိုဟာမကျူးလွန်နဲ့လို့ ပြောလို့ တော့မရဘူးနော် .ခောတ်က မတူတော့ဘူးဗျ ..
          အဲ့လိုလုပ်ရင် ဘာဖြစ်တတ်တယ် .. အဲ .အဖော် မသုံးရင် ကိုယ်ဝန်ရတတ်တယ် .. ဆိုတာလောက်ဘဲ ပြောပြလို့ရတဲ့ခေါတ်ရောက်နေပြီ နော .. ) ဒါကို ပြန်ရေးရမယ်ဆိုရင် တို့များယဉ်ကျေးမှုကိုထည့်ပြောမှ ရပါလိမ့်မယ်။ တို့တွေမှာ ချစ်သူထားတာနဲ့ ကိုယ်လက်နှီးနှောလို့မရပါဘူး၊ အကြင်လင်မယားဖြစ်မှ ဒီလိုကိစ္စတွေရှိလာရတယ်။ဒါက ဥပဒေပုဒ်မနဲ့ထုတ်ပြန်ထားတာမဟုတ်ပေမယ့် ယဉ်ကျေးမှုနယ်ပယ်မှာ တားမြစ်ထားတဲ့အချက်ပါ။ ခုခေတ်လို စည်းမဲ့ကမ်းမဲ့ လက်မထပ်ပဲ အတူနေတဲ့ လုပ်ရပ်မျိုးမလုပ်ရဲကြဘူး။ ရပ်ထဲရွာထဲ လူသိရှင်ကြား အကြင်လင်မယားဖြစ်မှ တအိုးတအိမ်ထူထောင်တယ်။ဒီတော့ ဒီအဖေါ်ကို သုံးစရာအကြောင်းမရှိသလို မလိုအပ်ခဲ့ဘူး။
          ဒီလို အပျို လူပျို နေတာမျိုးမပြောနဲ့ အိမ်ထောင်သည်တွေ အိမ်ထောင်ကျပြီးရင် ကိုယ့်လင် ကိုယ့်မယား မှတ်မှတ် သားသား ပေါင်းသင်းကြရတယ် ။စိတ်အလိုလိုက်ပြီး နောက်တယောက်က်ိုသဘောကျလှပါတယ်လို့လုပ်လို့မရဘူး။ ဒါကြောင့်လည်း အိမ်ထောင်မှု ဘုရားတည် ဆေးမှင်ရည်စုတ်ထိုး ဒီ သုံးချက် မပိုင်ရင်
          နောင်ပြင်ရန်ခက်သည့်အမျိုးဆိုပြီး စကားထားခဲ့တာပေါ့။ ခုတော့ကိုရီးယားယဉ်ကျေးမှု တွေ အနောက်တိုင်းစတိုင်တွေနဲ့ အိမ်ထောင်သည်တွေကလည်း ခုမှ အချစ်စစ်တွေ့တယ်လေး ခုမှ တကယ့်ချစ်သူတွေ့တာပါဆိုတာတွေနဲ့ လက်ရှိအခြေအနေကနေ စည်းပျက်ကမ်းပျက်နဲ့ ဖြစ်ချင်တို်င်းကိုဖြစ်နေတော့တာ။ ဒါမျိုးဆိုတာက လူ့ကျင့်ဝတ်ဖေါက်ပြန်တာ ပဲ။ တကယ့် စည်းကမ်းအတိုင်းနေရင် ကိုယ့်စိတ်ကို အလိုမလိုက်ရင် ဒီလိုတွေဖြစ်စရာမလိုဘူး။ လူ့စည်းကမ်း ယဉ်ကျေးမှုစည်းကမ်းတွေသာ လိုက်နာပါ။ အဲဒီအဖေါ်ဆိုတာတွေ အရင်ကလည်း မြန်မာပြည်မှာ မရှိခဲ့ပါဘူး။ ကိုယ့်စိတ်ကို အထိမ်းသိမ်းနဲတဲ့သူတွေ စိတ်အလိုလိုက်လွန်းသူတွေ ရုပ်ဝတ္ထုနောက် သိပ်လိုက်လွန်းသူတွေကြောင့် အဲဒီ ရုပ်ဝတ္ထုတွေနဲ့ပဲပြန်ထိမ်းသိမ်းဖို့ တီထွင်လာကြတာမို့လား။
          ဒီတော့ ခေတ်မီချင်လွန်းသူတွေ သိပ်ပွင့်လင်းချင်တဲ့သူတွေ နို်င်ငံတကာနဲ့ ရင်ဘောင်တန်းချင်သူတွေ က လူ့ယဉ်ကျေးမှု ဆိုတဲ့ လူတွေ မလုပ်သင့် မလုပ်အပ် မမြင်သင့် မမြင်အပ် မပြသင့် မပြအပ်တဲ့ လူ့ယဉ်ကျေးမှုဓလေ့ထုံးစံတွေကိုတော့ ဂရုစိုက်ကြပါလို့။

        • ရှမ်းပြည်သား (တောင်ပိုင်း)

          March 24, 2012 at 11:08 am

          ဟုတ်တယ်ဒါတော့ထောက်ခံတယ်ဦးကြည်လွင်
          အကြင်လင်မယားမဖြစ်သေးဘဲ လိင်ဆက်ဆံတယ်ဆိုတဲ့ကိစ္စကတော့
          မြန်မာမှုနယ်ပယ်မှာ တော်တော်ကိုသရုပ်ပျက်တဲ့ကိစ္စထဲမှာပါတယ်ဗျ
          ခေတ်ပျောင်းတာကခေတ်ပျောင်းတာပဲ ယဉ်ကျေးမှုတွေတိုးတက်တာမဟုတ်ပါ။
          ဒီလိုအိမ်ထောင်မပြုခင် လိင်ဆက်ဆံခြင်းဟာ ယဉ်ကျေးမှုဆုတ်ယုတ်သွားခြင်းသာဖြစ်ပါတယ်။
          ဒီနေရာမှာ အနီတွေ၊အစိမ်းတွေမပြဘူး ကွန်မန်းပေးပြီးတော့ကို ကန့်ကွက်တယ်။
          လွတ်လပ်ခြင်းနှင့် ပျက်စီးခြင်းသည် ဘာမှမဆိုင်သောကိစ္စတစ်ခုဖြစ်ပါတယ်။
          ရှမ်းပြည်သားလွတ်လပ်တာကြိုက်တယ် ၊ ကိုယ့်ဘဝကိုကိုယ့်စိတ်ကြိုက်ဖန်တီးတာကြိုက်တယ်။
          ဒါပေမယ့် လွတ်လပ်မှုကပျက်စီးခြင်းအကြောင်းတရားဘက်ကို ဦးတည်ရင်တော့ ဒီလွတ်လပ်မှုက
          လွတ်လပ်မှုမမည်တော့ဘူး ပျက်စီးခြင်းဆိုတဲ့အကြောင်းတရားရဲ့ဘောင်ထဲမှာ အကျဉ်းကျနေပြီ
          သူကြီး ထောက်ခံလား ကျွန်တော့်အမြင်ကို

  • chel gyi

    March 21, 2012 at 10:25 am

    အရင်တုန်းကမရှိပေမယ့်…..မြန်မာမိန်းကလေးတယောက်အနေနဲ့ဆိုရင်တော့ မတင့်တယ်တာ..
    အမှန်ပါ….

  • နတ်ဆိုးလေး

    March 21, 2012 at 10:49 am

    ဒါဆို ကိုဖတ်ကပ် ရေ နေတိုးကြတော့ဘာလို့ အဲ့လိုဝတ်ပြီး မကြောငြာ ဘဲ စတိုင်ပင် ဝတ်ပြီး ကြောငြာရတာလဲ ဗျ။ မိန်းကလေးတွေ ကျတော့ ဒီလို…ဒီလို…. ဒီလို….. ဘာလိုလဲ ကို မသိတော့ပါဘူးဗျာ။

  • နတ်ဆိုးလေး

    March 21, 2012 at 10:55 am

    ဒါဆို ယောက်ျားတွေက တော်တော် အရှက်အကြောက်ကြီးနေတာဘဲနော်။ မန်းလေးက အဲ့ဒီ့ အဝတ်အစား ရောင်းတဲ့ ဆိုင်တွေကတော့ အရုပ်တွေမှာ ဝတ်ပြထားတယ်ဗျာ။ ဒါဆိုလဲ ဖြစ်တာဘဲ။ လူကိုယ်တိုင် ဝတ်ပြမှ မဟုတ်ပါဘူး။ ၃၅ လမ်း က ၇၄ လမ်းလား ၇၅ လမ်းလား အဲ့မှာ ရှိပါတယ် ။ အရုပ်မှာ ဝတ်ပြထားတာ ကြည့်လို့ ကောင်းမှကောင်း ။

  • manawphyulay

    March 21, 2012 at 12:48 pm

    အော် သူတို့မှာလည်း ဒီလိုဝတ်ပြမှ မိဘကို လုပ်ကျွေးနိုင်ကြမှာဆိုတော့လည်း ဝတ်ရတာပေါ့နော်။ ဒီလိုအဝတ်အစားကို ဒီလိုကြေငြာမှသာ ရောင်းအားကောင်းဦးမှာကိုး။ အမှန်တော့ ဒီလိုသရုပ်ပြမှမဟုတ်ပါဘူး။ အရုပ်တွေကိုယ်မှ ကပ်ပြီး ရိုက်လည်း ရပါတယ်။ နောက်ပိုင်းတောင် တီဗီကြေငြာတွေလာဦးမလားမပြောတတ်ဘူး။ အရင်တုန်းကတော့ နန္ဒာလှိုင် ဘီယာကြေငြာတုန်းက ထမိန်ရင်လျားနဲ့ကို ဝိုင်းပြောကြပေမယ့် မျက်စိအေးတယ်ဆိုပြီး ယောက်ျားလေးတွေက မပြောကြပါဘူး။

  • windtalker

    March 21, 2012 at 1:14 pm

    သိပ်ကိုကြိုက် အရမ်းကိုခိုက်
    ကိုကိုအားလုံး ပြိုက်…
    နတ်ဆိုးလေး ရေ
    နောင်ကို ဒီလိုမျိုးလေးတွေ
    များများတင်ပေးပါနော
    ကျေးကျေးဘာ
    ဂလု (သွားရည်ယိုစီး ဒိန်ညင်းသီး)

  • paw tar

    March 21, 2012 at 3:09 pm

    ကျန်တော် တစ်ခါမှ လည်းဝင်မရေးဖူးပါဘူး အသစ်မို့လို့ပါ အခုမှ မှတ်ပုံတင်ပြီး ရေးပါပြီဗျာ
    ဒီလိုကြော်ညာမျိုးကိုတော့ ကျန်တော် အမြင်မှာ(ကျန်တော်တစ်ဦးထည်းအမြင်မှာဖြစ်ပါသည်) လိုက်ပိတ်ပင်နေတယ်ဆိုရင် မိန်းကလေးတွေကို နှိမ်ရာ ကြမယ်လို့ထင်ပါတယ် မိန်းကလေးမှာလည်း မိန်းကလေးဝတ် ဆိုတာရှီပါတယ် ကြည့်သူက ကြောညာတာကိုပဲကြည့်တယ် ဆိုရင်တော့ ပြသနာမရှီဘူးလို့ထင်ပါတယ် ဒါမှ မဟုတ် မျက်နှာကို မပါ အောင်ရိုက်ထားတယ်ဆိုလည်း ရနိုင်မယ်လို့တော့ ထင်ပါတယ် အရုပ်မှာ ဝတ်ပြတာနဲ့ လူမှာ ဝတ်ပြတာ တူမယ် လို့တော့ ကျန်တော်မထင်ပါဘူး၊ အဲ့လိုမျိုးဝတ်ပြီးလူကြားထဲမှာ လျှောက်သွားနေမှာမှမဟုတ်တာ ကိုယ်နဲ့ မျက်စိ ပဒသဖြစ်မယ်ဆိုတာ ကို ရွေးဝယ်ဖို့ အတွက် အလှပြရိုက်ထားတာမျိုးလို့ပဲကျန်တော်မြင်ပါတယ် ဘယ်လိုမှကို ရိုင်းတယ်လို့ကို ခံစားလို့မရတာပါ။
    ပိုစ့်တင်ပေးတဲ့သူ ကို အပြစ်ဆိုလိုချင်းမဟုတ်ပါ ကျန်တော်အမြင်လေးကို ဝင်ရောက်ပြောဆိုချင်းသာဖြစ်ကြောင်းပါ။

  • အရင့်ရောင်

    March 21, 2012 at 3:35 pm

    ဂျာမဏီ နိုင်ငံမှာတော့ အဲလိုကြေငြာကိုကြည့်ပြီး ကားမောင်းတာ ကားတိုက်လို့
    ကြေငြာ ကုပ္မဏီ ဒဏ်ငွေဆောင်လိုက်ရတယ်လေ
    ကြေငြာတယ်ဆိုပေမယ့် သဘောမကျပါဘူး………
    သဘောတာ မကျတာနော်………
    ဟြေတော့ဝူး…….
    အကောင်းဘဲဖြစ်လိမ့်မယ့်…….
    အါးပေးတွါးပါချောင်း…………

  • နတ်ဆိုးလေး

    March 21, 2012 at 4:02 pm

    (အရုပ်မှာ ဝတ်ပြတာနဲ့ လူမှာ ဝတ်ပြတာ တူမယ် လို့တော့ ကျန်တော်မထင်ပါဘူး၊ အဲ့လိုမျိုးဝတ်ပြီးလူကြားထဲမှာ လျှောက်သွားနေမှာမှမဟုတ်တာ ကိုယ်နဲ့ မျက်စိ ပဒသဖြစ်မယ်ဆိုတာ ကို ရွေးဝယ်ဖို့ အတွက် အလှပြရိုက်ထားတာမျိုးလို့ပဲကျန်တော်မြင်ပါတယ် ဘယ်လိုမှကို ရိုင်းတယ်လို့ကို ခံစားလို့မရတာပါ။) လို့ပြောထားတဲ့
    paw tar ရေ အဲ့လိုပြောကြေးဆို အတွင်းခံ ဝတ်တာဘဲ လူမြင်တာမှတ် လို့ လှတာ မလှတာ ထက် ကိုယ့် ဝတ်ရတာ အဆင်ပြေဖို့ဘဲမဟုတ်လားဗျာ။ အဲ့လောက်ထိကြော်ငြာစရာ မလိုပါဘူး။ ဒီလိုအဝတ်တွေ ကို ဒီဆိုင်မှာ ရောင်းနေပြီနော် ဆိုပြီး ကြောငြာလဲ ရပါတယ်ဗျာ။( ဖော်ဝတ်ပြချင်ကြတဲ့ အမျိုးသမီးများအတွက် ချွင်းချက်)

  • paw tar

    March 21, 2012 at 4:18 pm

    အတွင်းခံ ဝတ်တာ လူမြင်တာမှတ် လို့ လှတာမလှတာ ထက်ကိုယ်ဝတ်ရတာ အဆင်ပြေဖို့ ဘဲ မဟုတ်လားဗျာ ဆိုတာ ယောကျင်္ားလေးအတွက် မှန်ကောင်းမှန်ပေမယ့် မိန်းကလေးတွေအတွက်တော့ အပြည့်အဝမှန်ကယ် တို့လို့မထင်မိပါဘူး။ ပုံစံအမျိုးမျိုး အရောင်အမျိုးမျိုး ဒီဇိုင်း အမျိုးမျိုး နဲ့ ဒါဆို ဘာလို့ ထုတ်နေကြသေးလည်းဗျာ။ သို့ပေသိ ထားလိုက်ပါပီဗျာ ကျန်တော်တို့က မိန်းကလေး မဟုတ်တော့ ပြောရတာ ခက်နေတယ် ကဲဟုတ်ပါပြီဗျာ ဒီကောင်မလေး ဝတ်တာ ရိုင်းတယ် မဖြစ်သင့်ဘူးပဲ ဆိုပါစို့ ကိုနတ်ဆိုးလေး ခင်ဗျာ ဘာလုပ်သင့်တယ်ထင်ပါသလဲ ကျန်တော်သိချင်လှပါတယ်။ ကျန်တော်တို့ မီဒီယာကနေ အော်ကြမလားဗျ မိကျောင်းသားလျှာရှည်တယ် မထင်ပါနဲ့ဗျာ ပြောရင်လည်းတော့ပစ်ချော်ကုန်မှာ ဆိုးရပါတယ် မြန်မာ့ယဉ်ကျေးမှု မြန်မာ့ယဉ်ကျေးမှု လို့ပြောကြတာတော့ဟုတ်ပါပြီ ကျန်တော်သမိုင်းကိုလည်း သိပ်တော့မသိပါဘူး သို့ပေမယ့် ဟိုးရှေးရှေးတုန်းက မြန်မာတွေဝတ်တာ စားတာအရမ်းလုံခြုံတာလား ပုံဂံခောတ် ဇာတ်ကားတွေမှာတော့ ရေလျှား သာသာသဘောပါပဲ။ နောက်ပြီးစစ်ပြီးခောတ်တုန်းကလည်း ပါးလျှပ် နေတဲ့ အကျီတွေကို ဝတ်ကြတာ သားမြတ် အထက်ပိုင်းကိုတောင် ထင်ထင်ရှားရှား မြင်ရသလိုပါပဲ။ ဒါပေမယ့် ထားပါ ကျန်တော် ဆက်ငြင်း နေရင်ဖြင့် ပိုစ့်တွေများကုန်ပါမယ် နေရာလည်းပုပ်ပါတယ် ဘာမှမဟုတ်တဲ့ကြော်ညာ တစ်ခုနဲ့ တော်ကြာ ကိုနတ်ဆိုးလေး တို့နဲ့ ဂေဇက်မှာ ကျန်တော်ဝင်ဝင်လာ ချင်းဆောက်နဲ့တွင်းတယ် ထင်ကုန်ပါဦးမယ် ဒီတော့ ကိုနတ်ဆိုးလေး ပြောတာ မှန် ပါ တယ် ဗျာ။

  • နတ်ဆိုးလေး

    March 21, 2012 at 4:47 pm

    ဟုတ်ကဲ့ ကျွန်တော် အပေါ်ဆုံးက မန့်ပေးခဲ့သလို့ လူကြီးမင်းရဲ့ အမသော် ၎င်း၊ ညီမသော် ၎င်း ၊ ဇနီးမယားသော် ၎င်း အခုဝတ်ပြီး ကြော်ငြာပြခဲ့ရင်ဖြင့် လူကြီးမင်း၏ စိတ်ခံစားချက် အဘယ်သို့ ရှိမည်နည်း။ စိတ်ဆိုး ၍ ပြောခြင်းမဟုတ်ပါ။ ကြိုဆိုပါတယ် ကို paw tar ပြောတာတွေကိုလဲ လက်ခံပါတယ်။ နတ်ဆိုးလေး က ညီအကိုမောင်နှမ အမြင်ကနေပြောနေတာပါ ။ တစိမ်းအမြင်နဲ့ အရမ်းကြည့်လို့ကောင်း။ များများ ပြလေ များများမြင်လေပါဗျာ ။ ဒီကိစ္စနဲ့ပက်သက်လို့ လဲ အမုန်းပွားစရာ မလိုပါဘူး။ ကြိုဆိုပါတယ် နတ်ဆိုးလေးပါ

    • Kyi Lwin

      March 22, 2012 at 2:16 pm

      ကိုနတ်ဆိုးလေးရဲ့
      လူကြီးမင်းရဲ့ အမသော် ၎င်း၊ ညီမသော် ၎င်း ၊ ဇနီးမယားသော် ၎င်း အခုဝတ်ပြီး ကြော်ငြာပြခဲ့ရင်ဖြင့် လူကြီးမင်း၏ စိတ်ခံစားချက် အဘယ်သို့ ရှိမည်နည်း။
      ဒီမေးခွန်းလေးတစ်ခုထဲရဲ့အဖြေနဲ့တင်လုံလောက်တဲ့အကြောင်းအချက်ဖြစ်နိုင်ပါတယ်။
      ဒါပေမယ့် အဲဒီမေးခွန်းကို ဘယ်သူမှဆွေးနွေးခြင်းမပြုတာသတိထားမိတယ်။
      အဲဒီမေးခွန်းလေးပြန်ဖြေပေးမယ့်လူကြီးမင်းများရှိရင်ဖတ်ချင်ပါတယ်။

      • ဂျက်ကီချီးပေ

        March 22, 2012 at 2:45 pm

        ဒါကတော့ ကိုယ့်အရပ်နဲ့ကိုယ့်ဇာတ်ဘဲ
        ချဉ်ပေါင်သည်က ချဉ်ပေါင်ရောင်းတာ သူ့အလုပ်
        ငပိသည်က ငပိရောင်းတာ သူ့အလုပ်
        ဘရာစီယာသည်က ဘရာစီယာရောင်းတာ သူ့အလုပ်
        စပ်စပိုင်တာသည်က စပ်စပိုင်တာရောတာသူ့အလုပ်
        ဂေါင်းစွပ်ရောင်းတဲ့သူက ခေါင်းစွပ်ရောင်းတာသူ့အလုပ်
        သီးသျှင်ကြီးတင်တဲ့လူက ဦးသျှင်ကြီးတင်တာသူ့အလုပ်
        ကိုယ့်အလုပ်ကိုယ်လုပ်ကြတာဘဲတော့ထင်တာဘဲ
        ဒီတော့ကာ
        ကိုယ့်ရောင်းကုန်အတွက် ကိုယ့်ပစ္စည်းကို ကိုယ်ကြော်ငြာကြတာလို့မြင်မိပါတယ်
        ဘာမှမရှုပ်ဘူးလဲမြင်မိပါတယ်
        ပြဿနာက ကျုပ်နှမက အဲ့သည် ဘရာစီယာဝတ်ပြတဲ့ ကောင်မလောက်
        ပန်တြာက မလှတော့ ဂွအကျသား
        ဒါ့ကြောင့် ရွာမှာနေပြီး ကောက်စိုက် စပါးရိပ်ဘဲလုပ်နေရရှာတယ်

  • PEACEMAKER

    March 21, 2012 at 5:13 pm

    liberalနဲ့conservativeတွေ တွေ့နေကြပြီ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 22, 2012 at 2:00 pm

    ဟုတ်တယ်
    ဒဂယ်ဒေါ့ ကြည့်လို့ကောင်းလို့သာ ဘာမှမပြောတာ 😀
    တစ်ခါတစ်လေ ဘုန်းဘုန်းတို့လည်း နိုင်ငံတော်က လှူထားတဲ့ တယ်လီဗေးရှင်းကြီးကနေ
    သတင်းတွေဘာတွေကြည့်နေတုန်းအမျိုးသမီးများ ဟဝှာဖြစ်ရင် ဟဝှာလုပ်တဲ့
    ဘာတဲ့
    မျက်နှာသုတ်ပဝါလား ဘာလား အဲ့သည်ကြော်ငြာကြီးလာတဲ့ခါ
    ကိုရင်လေးတွေမေးရင်ဖြေရတာ သိပ်စိတ်လေဒယ်
    ပုံ
    ဆရာဒေါ်ဂျီး

    • windtalker

      March 24, 2012 at 8:45 am

      အဲဒီ့ ဟဝါ ကို အာပုံ စလောင်း ရယ်လို့ အမည်ပေးသင့်ကြောင်းပါ ဖလာ့။
      ဘုံ
      ဆရာတော်လေး

  • Phaung Phaung

    March 24, 2012 at 12:07 pm

    ကွန်မန့်တွေဖတ်ပြီးတော့ပဲ ရီသွားပါကြောင်း

  • winkhant

    March 24, 2012 at 6:33 pm

    ဘယ်လိုပဲပြောပြောပါ ကြည့်တဲ့သူရဲ့ စိတ်ပေါ်မှာပဲ မူတည်ပါတယ်
    ကြည့်တဲ့သူက ဒါဟာ အမျိုးသမီးအတွင်းခံ ကြော်ငြာပဲဆိုတဲ့ စိတ်ထားမျိုးနဲ့ကြည့်ရင်တော့
    ရဲရဲကြီး ကြည့်လို့ရပါတယ်။ ဒါပေမယ့် ဟိုလိုအတွေးနဲ့ ကြည့်ရင်တော့ မပြောတက်ဘူးပေါ့ဗျာ။
    အခု ဓာတ်ပုံတွေရဲ့ဆိုလိုရင်းက အတွင်းခံသီးသန့်ကြော်ငြာပါ။ Beer တွေ အရက်တွေ ကြော်ငြာသလိုမျိုး
    sexy နဲ့ ပတ်သတ်တာ တစ်ခုမှ မပါပါဘူး။ FattyCat ပြောသွားသလို ရှက်သင့်တာကို ရှက်ပါ မရှက်သင့်တာကို မရှက်ပါနဲ့ Kyi Lwin ပြောသွားသလိုလူ့ယဉ်ကျေးမှုနဲ့ မဆိုင်ပါဘူး။ အခုခေတ်က ၂ဝရာစု မဟုတ်တော့ပါဘူး။ ခေတ်နဲ့အညီ ပြောင်းလဲလာတာကို လက်ခံပေးရပါမယ်။ ဥပမာဗျာ ရေကူးကန်မှာ မြန်မာမလေးတစ်ယောက် ရေကူးတော့မယ်ဆိုပါဆို့။ သူ့အနေနဲ့ ရင်ဖုံးအကျီင်္နဲ့ ချိတ်ထမီကိုဝတ်ပြီး ရေကန်ထဲ ဆင်းကူးရမလား ဒါမှမဟုတ် ရေကူးဝတ်စုံဝတ်ပြီး ရေကူးရမှာလား။
    ရေကူးဝတ်စုံဝတ်တာကို လူ့ယဉ်ကျေးမှုနဲ့ ဆန့်ကျင်တယ်လို့ ပြောလို့ ရပါ့မလား။ အခု သူပြနေတာ သူ့ပစ္စည်းမဟုတ်ပါဘူး အတွင်းခံတွေ ကြော်ငြာတာပါ။ ရှင်းရှင်းလင်းလင်းကြည့်တက်ကြပါစေ 😛

  • siamonone

    April 22, 2012 at 2:29 pm

    စောတီးပါဗျာ . . အနော် ဖတ်တာနဲ့ မန့်တာ လွဲသွားတယ် .. ပြီးတော့ .. အကိုပြောတာ မှန် ပါတယ် .. လူတကိုယ် အကြိုက်တမျိုးပေါ့လေ .. နောက်ဆုံးတော့ human right ကိုဘဲ ဆွဲထည့်ရတော့မှာဘဲဗျို့ .. ဟီး ..

Leave a Reply