လိုင်းကားပေါ်မှာ..ကြုံတွေ့ ရသော အတွေ့ အကြုံ.တချို့ ကို..ရင်ထဲကနေ ချပြချင်နေတာ ကြာပါပြီ။
သို့ ပေမယ့် အကြောင်း အမျိုးမျိုးတို့ ကြောင့် စာမျက်နာပေါ်ေ၇ာက်မလာခဲ့ပါဘူး။
အခုတော့..တကယ့်ကို မနေနိုင်တော့လို့ .. (ရင် ထဲမှာပေါ့သွားအောင် .) ရေးလိုက်မိပြီ ။

မောင်နှင့် အစ်မ ၊ သားနဲ့ အမိ ၊ နှမချင်း..မစာနာနိုင်သော…လူတချို့မှာ..
ကျွန်တော် အလုပ့်သွား..အလုပ်ပြန်.. စီးနေသော.( DYNA ) ကားပေါ်မှာ .ကြုံခဲ့ရသော..( ဇာတ်လမ်းမဟုတ်ပါ )
အဖြစ်အပျက်ပါ ။
ကျွန်တော်နှင့်..ကားမှတ်တိုင်မှ အတူ တက်သော..လူသုံးယောက်နှင့်.. အမျိုးသမီးငယ်.တစ်ယောက်..
ပထမတော့ လမ်းခရီး အတူသွား..မို့ .. သတိမထားမိပါဘူး။
သတိထားလိုက်မိသော အချိန်မှာ.. ထိုသုံးယောက်ထဲ..မှ… ဂျင်းဘောင်းဘီ…၀တ်ထားသော..လူက
ထိုမိန်းကလေး၏နောက် သို့ ..ေ၇ာက်နေပြီ။

ကျွန်တော်.သိလိုက်ပြီ။
ဒီလူဟာ.ထောက်လှန်းရေး..ဆိုတာ..ကို..။ သိလိုက်ရပါတယ် ။
ဒါနဲ့ ..ကျန် နှစ်ယောက်ကို.. ကျွန်တော် လှမ်းကြည့်မိလိုက်တယ် ။
သူတို့ ရဲ့ မျက်နှာ တွေဟာ.. စပ်ဖြဲဖြဲနဲ့ ထောက်လှန်းရေးသမားကို.. အားပေး အားမြှောက်.. လုပ်နေတယ် ဆိုတာ သိသာ လွန်းပါတယ် ။
ဘယ်လောက်များ..စိတ်ပျက်.ရွံ ရှာ..ဖို့ ကောင်းလိုက်ပါသလဲ.။

အမျိုးကောင်း.သားတွေ …ဟုတ်မှ ဟူတ်ရဲ့ လား..ဗျာ..လို့ မေးလိုက်ချင်ပါတယ် ။
ဒါပေမယ့် ..ဒီအချိန်မှာ..သူရဲကောင်း ၀င်လုပ်လို့  မရနိုင်မှန်း..သိခဲ့ပါတယ် ။
ဘာလို့ လဲ..ဆိုတော့..
သူတို့ ဟာ..ရာဂတစ္ဆေ..ပူးကပ်နေကြပြိလေ..။
အရှက်တရား ၊ အကြောက်တရား..ဆိုတာ ရှိတော့မှာ မဟုတ်ပါဘူး ။

တချို့ DYNA ကားတွေ.ဟာ..ကျွန်တော်တို့ အလုပ့်သွား အလုပ်ပြန်..င်္စိးနေကျ…ပါ ။
ဒါပေမယ့်.. ညနေ 6း00 ကျော်ပြီ..ဆိုတာနဲ့ ..
တစ်ရာတန်..ခရီးက နှစ်၇ာ.ဆြိုပိး..ဖြစ်သွားပါတယ် ။
ဘာလို့ ဖြစ်သွားတာလဲ ?.။
6း00 ကျော်ရင် ခရီးက ပိုဝေးသွားလို့ လား…?
ဒါမှ မဟုတ်… 6း00ကျော်ရင် ဆီဈေးတွေ..ဈေးတက်လို့ လား…လို့ …မေးချင်ပါတယ် ။

ရင်ထဲက ဆန္ဒ တွေ ကို… မျိုသိပ်၇င်း..( လုံးဝ မမေးရဲပါ )
ပြန်ခဲ့ရတဲ့ ရက် ပေါင်းတွေဟာ…မနည်းတော့ပါဘူး။
တကယ်ဆို..ဒီထက် အများကြီး.ပြောပြချင်ပါတယ် ။

အချုပ်ဆိုရသော်…..
အဲဒီလို လူမျိုးတွေကို…
မြင်ခဲ့ပါရက်နဲ့ မမြင်ချင်ယောင် ဆောင်ခဲ့ ရသူတွေ.. ၊ မကြားချင်ယောင် ဆောင်ခဲ့ရတဲ့သူတွေ…ဘယ်လောက်တောင် များပြားနေပြီလဲ…?
ကိုယ်ချင်းစာ တရားကို..လက်ကိုင်ထားပြိး.. မပြောရဲ မဆိုရဲ.. ( ကျွန်တော် အပါအ၀င် )
ဘယ်လောက်တောင် များပြားနေပြီလဲ..?
ထို သို့ သော…လူများကို…လက်ပိုက်ပြိးတော့ပဲ..ကြည့်နေရတော့မလား..ဆိုတာကို..စဉ်းစားလို့  မရအောင် ပါပဲ..ဗျာ။
ကျွန်တော်တို့ ဘာဆက် လုပ်ကြမလဲ.။
ကဲ…ဘယ်လိုလဲ..ကိုယ့်လူတို့ 
အကြံတွေ..ဥာဏ်တွေနဲ့…ပြောပြပေးကြပါဥိးလေ..။

About မိုး မင်းသား

မိုး မင်းသား has written 48 post in this Website..

သတိ ရခြင်း ငှက်... အချစ်ပင် ထက်မှာ ရောက်နေတယ် ။