မိန်းမတွေသုံးတဲ့စကားလုံးများ၏ အဓိပ္ပါယ်ဖွင့်ဆိုချက် ( i copied it from gtu online blog)

April StarMarch 20, 20121min995

၁ ။ (ရပါတယ်)
ဒီစကားကိုတော့ ယောင်္ကျားလေးနဲ့ ရန်ဖြစ်တဲ့အခါ၊ ငြင်းခုန်တဲ့အခါမှာ သုံးလေ့ရှိပါသည်။ ရန်ပွဲ၏ အဆုံးသတ် စကားလည်းဖြစ်ပါသည်။
– “ငါမှန်တယ်။ ဒီကိစ္စ ဒီမှာတင်ပြီးပြီ။ နင်ပါးစပ်ပိတ်တော့” ဟု အဓိပ္ပါယ်ရပါသည်။

၂ ။ (ကောင်းပြီလေ)
ဒီစကားကတော့ ယောင်္ကျားလေးတွေအတွက် အင်မတန်မှ အန္တရာယ်အရှိဆုံးစကားဖြစ်ပါသည်။
– “နင့်ကိုငါ ပြန်ပြီး မကလဲ့စားချေခင်မှာ ဘယ်လိုကလဲ့စားချေရမယ်ဆို သေသေချာချာလေး စဉ်းစားဦးမယ်” ဟု အဓိပ္ပါယ်ရပါသည်။

၃ ။ (ဘာမှမဟုတ်ဘူး)
ဘာမှမဟုတ်ဘူးလို့ပြောရင် သူတို့စိတ်ထဲက ဘဝင်မကျတဲ့ အရာတစ်ခုခုကို ရည်ညွန်းပြီးပြောခြင်းဖြစ်ပါသည် ။
မပေါက်ကွဲခင်မှာ မီးခိုးငွေ့အရင်မှုတ်ထုတ်တဲ့ မီးတောင်လို အရှိန်ယူနေတာဖြစ်ပါသည်။
မှတ်ချက်။ ဘာမှမဟုတ်ဘူးကနေ ရန်ပွဲတွေစတတ်ပြီး နံပါတ် (၁) က “ရပါတယ်” ဆိုတဲ့စကားနဲ့ဆုံးလေ့ရှိသည်။

၄ ။ (ငါးမိနစ်ပဲ)
ဒီစကားကိုတော့ သူတို့ မိတ်ကပ် လိမ်းတဲ့အခါ၊ အလှပြင်တဲ့အခါ၊ အပြင်သွားဖို့ အဝတ်အစားလဲတဲ့အခါတွေမှာ
သုံးလေ့ရှိပါသည်။ အဲဒီငါးမိနစ်က တစ်နာရီခွဲနှင့်ညီမျှသည်ဟု မှတ်ထားရပါမည်။ငါးမိနစ်ကလည်း ကြာလိုက်တာ
ဆိုပြီး သွားပြီးမပြောမိပါစေနဲ့။ မီးပွင့်တတ်သည်။ အိမ်နောက်ဖေးက ကိုယ်တစ်ခါမှ မနှုတ်ဖူးတဲ့ ပေါင်းပင်တွေကို
နှုတ်ရတဲ့အခါမှာ ကြာသလိုမျိုးသာ သဘောထားရပါမည်။

၅ ။ (ကျေးဇူးပဲ)
ကျေးဇူးတင်နေတာဖြစ်ပါသည်။ဘာကြောင့်လဲဆိုပြီး ပြန်မမေးပါနှင့်။ဝမ်းသာပြီးတော့လည်း မူးလဲမကျသွားပါနှင့်။
ရပါတယ် လို့သာပြန်ပြောပြီး သူလုပ်စရာရှိတာ ဆက်လုပ်ပါစေ။

၆ ။ (သက်ပြင်းချရင်)
သက်ပြင်းချတာက စကားမဟုတ်လို့ ယောင်္ကျားလေးတွေ ခဏခဏ ကောက်ချက်ချမှားတတ်ကြပါသည်။
သက်ပြင်းချတဲ့ အဓိပ္ပါယ်ကတော့ …
“နင်တော်တော် အ တာပဲ။ နင့်လို အ တဲ့လူနဲ့ အချိန်ဖြုန်းပြီးစကားပြောမိတာ ငါမှားပါတယ်” ဖြစ်ပါသည်။

ရ – (လုပ်လိုက်လေ၊ လုပ်ကြည့်လေ)
ဒီစကားပြောရင် စိန်ခေါ်နေတာဖြစ်ပါသည်။ ခွင့်ပြုချက်ပေးတာ မဟုတ်ပါ။ လုံးဝမလုပ်လိုက်ပါနှင့်။

၈ – (စိတ်မပူပါနှင့် ငါလုပ်တတ်ပါတယ်)
ဒီစကားကတော့ ယောင်္ကျားလေးတွေအတွက် ဒုတိယအန္တရာယ် အရှိဆုံးစကားဖြစ်ပါသည်။ သူတို့လုပ်ခိုင်းထား
တဲ့အလုပ်ကို ယောင်္ကျားကမလုပ်လို့ သူတို့ကိုယ်တိုင်ဝင်လုပ်ရတဲ့အချိန်မှာ သုံးလေ့ရှိပါသည်။ဘာဖြစ်လို့လဲလို့
သွားမမေးလိုက်ပါနှင့် ။ ပြန်ရမယ့်အဖြေနဲ့ အကျိုးကတော့ နံပါတ် ၃ လိုသာ ဖြစ်ပါလိမ့်မည်။

5 comments

  • water-melon

    March 20, 2012 at 8:24 pm

    သများတို့ အခြောက်တွေကတော့ ဒါမျုိုးမလုပ်ဘူး
    သူများတွေတော့မသိဘူး
    ကျေးဇူးနော်
    အချစ်ဆုုံးကို မေးကြည့်အုန်းမယ် 😆

  • Mလုလင်

    March 20, 2012 at 8:36 pm

    စာရေးဆရာ အကြည်တော် ရဲ့ စာအုပ် တစ်အုပ် နဲ့ တပိုင်းတစ (ကျောရိုး) တူနေတယ်လို့ …. စိတ်ကထင် (ကျွန်တော့ စိတ်ထင်) နေမိပါတယ်။

    • April Star

      March 21, 2012 at 7:34 pm

      GTU online friend website ka nay copy htar tal loh write htar tal lay

  • water-melon

    March 21, 2012 at 8:37 am

    အမလေး ညည်းကလဲ
    အကုန်ထင်နေတာဘဲ
    ဟိုပို့စ်လဲထင် ဒီပို့စ်လဲထင်နေတာဘဲ
    ငါတောင် ပို့စ်မရေးရဲတော့ဘူး
    ဟဲ့ ငါရဲ့ ရေကူးဝတ်စုံနဲ့ရိုက်ထားတဲ့ပုံရပြီလား 😆

  • chel gyi

    March 21, 2012 at 2:17 pm

    အကုန်းလုံးထိပါတယ်….

Leave a Reply