မိန်းကလေးတစ်ယောက်ကို တကယ်ချစ်ရင်…76 ချက်ထဲက ဘယ်နှချက် သင် လုပ်နိုင်သလဲ (I copied it from GTU online Blog)

April StarMarch 20, 20121min18216

၁။ facebook password ကို သူမကို ပြောပြပါ…

၂။ သူမကို မရက်စက်ပါနဲ့…

၃။ စိတ်ထိခိုက်အောင် မလုပ်ပါနဲ့…

၄။ သူမကို အနိုင်မကျင့်ပါနဲ့…

၅။ မညာပါနဲ့…

၆။ မရိုက်ပါနဲ့…

၇။ တစ်ခုခုနဲ ့ကောက်ပေါက်တာမျိုးမလုပ်ပါနဲ့..

.

၈။ သူမဖုန်းကို မချပစ်ပါနဲ့….

၉။ အသံကျယ်နဲ ့ အော်ပြီး သူမကို စကားမပြောပါနဲ့…

၁၀။ သူမ စိတ်မကောင်းဖြစ်အောင် မလုပ်ပါနဲ့…

၁၁။ သူမအတွက် အနှောင့်အယှက်ဖြစ်မဲ ့အရာတွေ သူမနဲ ့အတူ မရှိပါစေနဲ့…

၁၂။ မလုပ်ချင်တဲ့ အရာကို အတင်းမခိုင်းပါနဲ့…

၁၃။ ရည်းစားဟောင်းမိန်းကလေးနဲ ့သူမကို နှိုင်းပြီး မပြောဆိုပါနဲ့…

၁၄။ မလုပ်တတ်တဲ ့အရာကို အပြစ်မပြောပါနဲ့…

၁၅။ သူမကျန်းမာရေးနဲ ့မညီညွတ်တဲ့ အစာတွေကို မကျွေးပါနဲ့…

၁၆။ တခြားတစ်ယောက်က သူမထက် ပိုတော် ပိုကောင်းတယ်လို့ မပြောပါနဲ့…

၁၇။ အေးတဲ ့ရာသီမှာ သူမရဲ ့လက်ကလေးတွေကို နွေးထွေးစွာ ဆုပ်ကိုင်ထားပေးပါ…

၁၈။ လမ်းသွားတဲ့အချိန်မှာ သူမလက်ကို မြဲမြဲကိုင်ထားပါ…မလွှတ်လိုက်ပါနဲ့…

၁၉။ လမ်းကူးတဲ့အခါ… သူမလက်ကို တင်းကြပ်စွာ ကိုင်ထားပေးပါ…

၂၀။ သူမနဲ ့အတူတူ ဈေးဝယ်ထွက်တဲ့အခါ ပင်ပန်းလိုက်တာလို့ မပြောပါနဲ့…

၂၁။ ဈေးဝယ်ထွက်ရင် ပစ္စည်းကူသယ်ပေးပါ…

၂၂။ အထိမ်းအမှတ်နေ့တွေမှာ အမှတ်တရလက်ဆောင်ပေးပါ…

၂၃။ သူမ ဆာလောင်တဲ့အခါ…သူမနဲ ့အတူတူ စားသောက်ပေးပါ…

၂၄။ ရန်ဖြစ်ရင် အရင်ဆုံး တောင်းပန်ပါ….

၂၅။သူမ ကလေးဆန်တဲ့အခါ အဖော်ပြုပေးပါ…

၂၆။ နေမကောင်းတဲ့အခါ သတိတရ ဆေးတိုက်ပါ…

၂၇။ သူမ ဖုန်းဆက်ရင် ဆက်ဆက် ကိုင်ပါ…

၂၈။ နေမကောင်းတဲ့အခါ သူမဘေးမှာ နေပေးပါ…

၂၉။ ဝမ်းနည်းစရာနဲ ့သူမကြုံတဲ့အခါ…နှစ်သိမ့်ပေးပါ

၃၀။ သူမ ငိုတဲ့အခါ… နွေးထွေးစွာ ဖက်ထားပါ..

၃၁။ သူမ မွေးနေ့ရောက်တဲ့ အခါ.. ပထမဆုံး သူမကို ပျော်ရွှင်စေသူဖြစ်ပါစေ…

၃၂။ သူမကို ပြောတဲ ့အတိုင်း ကတိတည်ပါ…

၃၃။ ဟန်းဖုန်းကို သူမကို ကြည့်ခွင့်ပေးပါ…

၃၄။ ကိစ္စရှိလို့ သူမခေါ်တဲ့အခါ…သွားနိုင်အောင်ကြိုးစားပါ…

၃၅။ ညဘက် ဖုန်းပိတ်မထားပါနဲ့…

၃၆။နေ့တိုင်း သူမကို ဖုန်းဆက်ပေးပါ….

၃၇။ online ပေါ်ရောက်တဲ့အခါ…သူမ ရှိမရှိ အရင်သတိပြုပါ…

၃၈။ တနေရာကို သူမ တစ်ယောက်ထဲသွားတဲ့အခါ… သူမကို ဖုန်းဆက်ပြီး
သတိထားသွားဖို့ ပြောဆိုပါ…

၃၉။ သူမ ကြိုက်ရင် ဝယ်ပါစေ…

၄၀။ သူမကို သေချာစောင့်ရှောက်ပါ…နေမကောင်းမဖြစ်ပါစေနဲ့…

၄၁။ သူမရဲ့ ဖုန်းနံပါတ်ကို ဖုန်းနံပါတ် စာရင်းထဲမှာ နံပါတ် ၁ ရှိပါစေ….

၄၂။ သူမနဲ ့စိတ်တူကို်ယ်တူရှိပါစေ…

၄၃။ သူမ မက်ဆေ့ချ် ပို့ရင် ချက်ခြင်း ပြန်ပါ….

၄၄။ သူငယ်ချင်းတွေရဲ့ ရှေ့မှာ သူမကို မျက်နှာသာပေးပါ…

၄၅။ လမ်းအတူတူသွားတဲ့အခါ သူမရဲ ့ဘယ်ဘက်မှာ နေပေးပါ…

၄၆။ ချစ်သူသက်တမ်းဘယ်လောက် ကြာပါစေ…အချစ်တွေ အမြဲ သစ်လွင် လန်းဆန်းနေပါစေ…

၄၇။ အန္တရာယ်ရှိရင် သူမကို မခိုင်းပါနဲ့…

၄၈။ မိုးရွာရင်… သူမကို ထီးဆောင်းပေးပါ…

၄၉။ သူမရဲ့ အကြိုက်ကို မှတ်ထားပေးပါ…

၅၀။ ပျော်ရွှင်တဲ့အခါ သူမနဲ ့အတူ မျှဝေခံစားပါ…

၅၁။ ဝမ်းနည်းစရာရှိရင် သူမကို အသိပေး တိုင်ပင်ပြောဆိုပါ…

၅၂။ သူငယ်ချင်းအားလုံးကို သူမနဲ့ မိတ်ဆက်ပေးပါ…

၅၃။ သူမကို ရယ်မောပျော်ရွှင်အောင် ထားပါ…

၅၄။ ပြောတဲ့အတိုင်း လုပ်ပါ…

၅၅။ တတ်နိုင်ရင် ဟင်းချက်သင်ပြီး သူမကို ကျွေးပါ….

၅၆။ သူမကို ယုံကြည်ပေးပါ…

၅၇။ အမြင်သဘောထားချင်း မကြာမကြာ ဖလှယ်ပါ…

၅၈။ သူမအိပ်တဲ့အခါ စောင်ခြုံပြီး နွေးထွေးအောင်လုပ်ပေးပါ….

၅၉။ သူမရဲ ့အတိတ်ကို နားလည်ပေးပါ…

၆၀။ သူမအတွက် လုံခြုံမှု ရှိပါစေ…

၆၂။ သူမစိတ်ဆိုးတဲ့အခါ ပျော်ရွှင်အောင် နှစ်သိမ့်ပြောဆိုပါ…

၆၃။ သူမ အလိုရှိတာကို အတတ်နိုင်ဆုံး ကြိုးစားပေးပါ…

၆၄။ ချိန်းတွေ့တဲ့အခါ..သူမထက် စောရောက်ပါစေ…

၆၅။ ချိန်းတွေ့တဲ့နေရာမှာ သူမကို စောင့်ရတာ အရမ်းကြာလို့ ပြန်သွားတာမျိုး
မလုပ်ပါနဲ့…

၆၆။ သူမနဲ ့အတူတူ အဖော်ပြု
လည်ပတ်ပေးတဲ့အခါ…အချိန်မရှိဘူးလို့မပြောပါနဲ့…သူမသွားချင်တဲ့နေရာကို
ရွေးချယ်ပါစေ…

၆၇။ အချိန်တိုင်း သူမကို သတိရ ပါစေ….

၆၈။ တခြားမိန်းကလေးတစ်ယောက်ကို ၃ စက္ကန့်ထက်
ပိုမကြည့်ပါနဲ့…မကြည့်တာအကောင်းဆုံးပါပဲ…

၆၉။ အိမ်ပြန်တဲ့အခါ သူမကို အိမ်ဝ အထိလိုက်ပို့ပေးပါ… သူမအိမ်ပေါ်ရောက်မှ ပြန်ပါ…

၇၀။ အိမ်ပြန်ပို့ပေးတဲ့အခါ ကောင်းသောညပါလို့ နှုတ်ဆက်ဖို့ မမေ့ပါနဲ့…

၇၁။ သူမလုပ်တဲ့အရာကို ကူညီလုပ်ပေးပါ… သပ်သပ်ရပ်ရပ် ကူညီလုပ်ဆောင်ပေးပါ…

၇၂။ စားကောင်းတဲ့ အစာကို သူမကို ကျွေးဖို့ သတိရပါ…

၇၃။ မနက်အိပ်ရာထဖို့ သူမကို နှိုးပေးပါ…

၇၄။ မနက်စာ ဝယ်ကျွေးပါ…

၇၅။ဘဝမှာ သူမကို အရေးကြီးဆုံးနေရာမှာထားပါ…

၇၆။ သူမဟာ သင့်ကြောင့် ကံအကောင်းဆုံး မိန်းကလေးဖြစ်ပါစေ…

စာချစ်သူများအား ကျေးဇူးတင်ပါသည်။

16 comments

  • April Star

    March 20, 2012 at 8:07 pm

    အမှားရှိရင် ပြောပြကြပါရှင်

  • ဖားသက်ပြင်း

    March 20, 2012 at 8:09 pm

    I gonna ask.. so what?

    😛

  • water-melon

    March 20, 2012 at 8:20 pm

    အကုုန်လုံးလုပ်နိုင်တယ်ဆိုရင်
    မုန့်ဝယ်ကျွေးမှာလား
    ဖရဲဆို ဒီထက်တောင်လုုပ်ပေးနိုင်တယ် 😀

    • Khaing Khaing

      March 21, 2012 at 10:11 am

      ဖရဲက ၇၆ ချက်ထက်ကျော်အောင် ဂရုစိုက်မှာဟုတ်လား ဒါဆို ”မာစကဒ်” နော်မမေ့နဲ့ …..
      ၁ချက်ကျန်သေးတယ် သူမှာတဲ့လက်ဆောင်လေးတွေကို ကားပေါ်မှာမေ့ခဲ့ပေမယ့် ဆင်တူတာကို သူမသိအောင်ပြန်ဝယ်ပေးနိုင်အောင်ကြိုးစားပါ …….. (မိတိုက်မကိုစောင်းမြောင်းရေးခြင်း သာဖြစ်ပါသည်)

  • Mလုလင်

    March 20, 2012 at 8:24 pm

    အဲလို ကူးတင်မယ့် အစား link လေးသာ ပေးလိုက်ပါလား ကွယ် လို့ ပြောချင်ပေမယ့် .. ပြောမထွက်ပါဦး ညီမ ရေ ….. အားပေးပါတယ်နော့ …..

    • April Star

      March 24, 2012 at 8:04 pm

      nout so post ma tin tot par bu.
      because i can’t write it on my own.

      • Mလုလင်

        March 26, 2012 at 10:53 pm

        အော် .. ငါ့ကြောင့် … ငါ့ကြောင့် …. ငါ မနေနိုင်မထိုင်နိုင် စပ်ဆော့ မိလို့ …….
        ဘာစိတ်နဲ့ မှ မဟုတ်ပါဘူး April Star ရေ .. အစ်ကို က …… လျှာရှည် မိတာပါ …. နောက် လဲတင်ပါနော့ ….

  • နတ်ဆိုးလေး

    March 20, 2012 at 10:01 pm

    ပြောပြီးသွားပြီ ကိုလင်လုရေ ။ :mrgreen:

  • ရွှေဘိုသား

    March 21, 2012 at 9:13 am

    မမ အရူးလစတား ပြောမှသတိရတယ်
    ကောင်မလေးကပြောတယ် Dota နဲ့ ဘောလုံးကို ဖြတ်မလား ငါ့ကိုဖြတ်မလားတဲ့
    Dota ထဲက ဟီးရိုးတွေလို ငါခိုင်းသလိုလုပ် ဘောလုံးလို ငါကန်တဲ့နေရာပြေးရင် မင်းကိုပဲ တစ်သက်လုံးချစ်ပါ့မယ်

    မမ အရူးလစတား လို 76 ချက်မဟုတ်ဘူးနော်
    ကျနော်က 2 ချက်ထဲလက်ခံရင် လက်တွဲလို့ရတယ် အဟိ

  • Foreign Resident

    March 21, 2012 at 11:26 am

    မိန်းကလေးတွေက အဘ ကို တကယ်ချစ်လို့
    အချက် ( ၁၀ဝ ) လုပ်ပေးမယ် ဆိုရင်တော့ ။

    အဲဒီ မိန်းကလေး ကို ပြန်ချစ်ဖို့ နဲနဲ စဉ်းစားပေးပြီး ။
    အဘ က လဲ ( ၇၆ ) ချက်ကို ပြန်လုပ်ပေးဖို့ နဲနဲ စဉ်းစားပေးပါမယ် ။

    အဲလိုမှမဟုတ်ရင်တော့ ။ ပြန်မေးစရာ မေးခွန်း တစ်ခွန်းပဲ ရှိပါတယ် ။
    အဲဒီ တောင်းဆိုချင်တဲ့ မိန်းကလေးက ရူးနေတာလားဟင် ဒါမှမဟုတ်
    ကန့်လန့် ဖြစ်ရုံတင် မကပဲ စိန် ပါ ကွပ်ထားလို့လားလို့ ။

  • snow white

    March 21, 2012 at 2:11 pm

    အဲလိုမျိုးလုပ်ပေးမယ့်ယောကျင်္ားကရှားသွားပါပြီ ဒီခေတ်ကြီးထဲမှာ၁ဝချက်ပြည့်အောင်တောင် လုပ်ပေးနိုင်မယ့်သူမရှိလောက်တော့ဘူး တယောက်သွားတယောက်တွဲကျမယ်လေ

  • အရင့်ရောင်

    March 21, 2012 at 2:45 pm

    အရင့်ရောင် …..တို့က အချက်ပေါင်း 760 မက
    လိုက်နာဆောင်ရွက်နိုင်တယ်နော်
    ကို့ချစ်သူကို ဘယ်လောက် ချစ်လဲ လာမမေးနဲ့
    ဟြေမပြတက်အောင်ချစ်တယ်……..
    သူပဲသိတယ်

  • Mon Kit

    March 21, 2012 at 3:05 pm

    အဲဒါ….. ပုံပြင်ထဲက အကြောင်းတွေလားဟင်င်င်င်င်……:)

  • awra-cho

    March 21, 2012 at 5:09 pm

    ဘုရားဘုရား ၊ အကုန်လုပ် ရရင် တေပြီဆရာ ဘဲ။

  • Green Rose

    March 21, 2012 at 9:46 pm

    အဲလောက်ရူးတဲ့ယောက်ျားရှိပါ့မလား။ ဘာအလုပ်မှ လုပ်စရာမရှိလောက်အောင် အားနေတဲ့လူတောင် မဖြစ်နိုင်ပါဘူး။ ယောက်ျားပဲဖြစ်ဖြစ် မိန်းမပဲဖြစ်ဖြစ် ကိုယ်ပိုင်လွတ်လပ်ခွင့်တော့ ရှိသင့်ပါတယ်။ ပထမဆုံးအချက် e-mail password ကိုပေးထားမယ်ဆိုရင်တောင် မလိုချင်ပါဘူး။ သူ့ရဲ့ ကိုယ်ရေးကိုယ်တာ တွေကို လိုက်စပ်စုမိတဲ့အထိ Green Rose ရဲ့ စိတ်ဓါတ်အောက်တန်းမကျချင်လို့ပါ။ နောက်တစ်ခုသတိထားရမှာက လောကကြီးမှာ ဘယ်အရာမှ အလကားမရပါဘူး။ သူကတောင် ဒီအချက်အလက်တွေလုပ်ပေးနိုင်ရင် ကိုယ့်ကိုလည်း သူ့ကို ဒီအချက်အလက်တွေ ဒီအခွင့်အရေးတွေ ပေးရပါလိမ့်မယ်။
    ဒါတွေလုပ်ပေးတဲ့ ယောက်ျားကမှ တကယ်ချစ်တာဆိုရင်တော့ …..အင်း……..
    အခုပြောထားတဲ့အချက်အလက်တွေကိုပဲ ကိုယ်ဆိုရင်ကော လုပ်နိုင်မှာလားလို့ အရင်မေးကြည့်ကြည့်တယ်။ မလုပ်နိုင်ပါဘူး။ အဲဒီ့တော့ အဲဒါတွေ အကုန်လုံး လုပ်ပေးနိုင်တယ်ဆိုတဲ့ လူလည်း ရှိမယ်လို့မထင်ပါဘူး။ လုပ်ပေးနိုင်တယ်လို့ပြောရင် အဲဒါညာတာပါ။

  • April Star

    March 24, 2012 at 8:06 pm

    Perfect man present only in dreams.

Leave a Reply