မြစ်ဆုံဆည် ဝန်းကျင်မှာ ပြန်လည်အခြေချ နေထိုင်တဲ့ တန်ဖဲရွာသားများ၏ အသနားခံစာ တင်ပြစာ…

ဘဲဥMarch 20, 20123min1095
မတ်လ (၁၇)ရက်နေ့က မြန်မာစစ်တပ်မှ စစ်ထရပ်ကား(၅)စီးနဲ့ အစိုးရဋ္ဌာန ကားမျိုးစုံ ရောက်ရှိလာပြီး မြစ်ဆုံဆည်စီမံကိန်း ဝန်းကျင်မှာ ပြန်လည် အခြေချနေထိုင်ဖို့ ပြန်လည်ရောက်ရှိလာတဲ့ မူလတန်ဖဲ ရွာသားများအား အတင်းအကြပ် ချိန်းခြောက် နှင်ထုတ်ခဲ့ပြီး တားမြစ် ဧရိယာ ဆိုင်းဘုတ်ကို စိုက်ထူခဲ့ပါတယ်..။ ပြီးခဲ့တဲ့ လပိုင်းများက ရပ်ဆိုင်းသွားပြီ ဆိုတဲ့ မြစ်ဆုံဆည် စီမံကိန်းကြောင့် အတင်းအကြပ် ပြောင်းရွှေ့ခံထားရပြီး တရုတ်ကုမ္ပဏီတွေ ဆောက်လုပ်ပေးထားတဲ့ အောင်မြေသာ စံပြကျေးရွာများမှ မူလ အခြေချ တန်ဖဲရွာသားများဟာ မိမိနေရပ်မှာ ပြန်လည် လုပ်ကိုင်စားသောက် အခြေချ နေထိုင်ဖို့ပြန်လည် ရောက်ရှိလာကြပါတယ်..။ အစိုးရမှ ပြန်လည်ရောက်ရှိလာတဲ့ ဒေသခံ တန်ဖဲရွာသားများအား မတ်လ(၁၇)ရက်နေ့ နောက်ဆုံးထားပြီး ပြန်လည် ပြောင်းရွှေ့ပေးဖို့ ကြေငြာခဲ့ပါတယ်..။ ထို့အတွက်ကြောင့် တန်ဖဲရွာသားများမှ ကချင်ဝန်ကြီးချုပ်ထံ အသနားခံစာအား ပူးတွဲပါစာမှာ ကြည့်ရှူနိုင်ပါတယ်..။ (KDNG)ရဲ့သတင်း ထုတ်ပြန် ကြေငြာချက်ပါ..။
မြစ်ဆုံဆည် စီမံကိန်း အုပ်ချုပ်ရေးဋ္ဌာန မတ်လ(၄)ရက်နေ့ မြင်ကွင်း
ပြီးခဲ့တဲ့ (၂၀၁၁) စက်တင်ဘာ (၃၀)ရက်နေ့ကမြစ်ဆုံဆည် စီမံကိန်းအား ရပ်ဆိုင်းကြောင်း နိုင်ငံတော် သမ္မတမှ ကြေငြာခဲ့ပါတယ်..။

ဒီမိုဝေယံမှ စုံစမ်းသိရှိထားတဲ့ သတင်း၊ ဓာတ်ပုံများအရ လက်ရှိမြစ်ဆုံဆည် စီမံကိန်း အတွင်း တရုတ်ဝန်ထမ်းများနဲ့ အတူ မြန်မာဝန်ထမ်းအချို့ ဆက်လက်တာဝန် ထမ်းဆောင်လျှက်ရှိပြီး ပြီးခဲ့တဲ့ မတ်လ(၃)ရက်နေ့က တရုတ်ဝန်ထမ်းများ စက်ယန္တယားများအား လာရောက်စစ်ဆေးပြီး ဝန်ထမ်းများ ထပ်မံရောက်ရှိနေကြောင်း သိရှိရပါတယ်..။

ထို့အတူ ပြီးခဲ့တဲ့ ရက်ပိုင်းများအတွင်း ကလည်း တရုတ်အစိုးရမှ မြစ်ဆုံဆည်စီမံကိန်းအား ပြန်လည်စတင်ရန် ဖိအားပေးခဲ့ပါတယ်..။ မြစ်ဆုံဆည်အား ရပ်ဆိုင်းထားပေမယ့် မြစ်ညာဒေသမှ ချီဖွေရေအား လျှပ်စစ်စီမံကိန်းအား ဆက်လက် လုပ်ကိုင် ဆောင်ရွက်နေပါတယ်..။

တရုတ် ကုမ္ပဏီတွေ တည်ဆောက်ပေးထားတဲ့ အောင်မြေသာ စံပြကျေးရွာနဲ့
လက်ရှိ ပကတိအခြေအနေ ဖတ်ရှူကြည့်ကြပါ..
မူရင်း ။ ။ဒီမိုဝေယံ

5 comments

  • နတ်ဆိုးလေး

    March 20, 2012 at 9:40 pm

    သူတို့ က ရပ်သွားပြီပြောပေမဲ့ အခုသတင်းအရ လုံးဝယုံကြည်နိုင်ခြင်းမရှိ ရသေးပါဘူး။ တိတ်တဆိတ်လုပ်နေ ကြတာတွေကို ဖော်ထုတ်နိုင်ဖို့ အတွက် video မှတ်တမ်းတင်ပြီး ချပြနိုင်မှာ တော်ကာ ကြမယ်လို့ ထင်ပါတယ်။ အဲ့လို လုပ်နိုင်သူများ ပေါ်ထွက်နိုင်ပါစေ လို့ ဆုတောင်းနေပါတယ်။

  • water-melon

    March 21, 2012 at 7:57 am

    အော် ငါတို့ပြည်သူပြည်သားတွေလည်း
    ဘယ်တော့မှ စစ်ခွေးစစ်အာဏာရှင်တွေ လက်အောက်မှ ဘယ်တော့များလွတ်မြောက်မလဲ။

  • pyaponthu

    March 21, 2012 at 12:25 pm

    မင်းမှာ သစ္စာ လူမှာ ကတိ

  • Lwin Aung

    March 21, 2012 at 1:18 pm

    It should sue to responsible persons at the justice to permit the China Company without studying environmental effects.

  • အသူရာ

    March 21, 2012 at 3:03 pm

    သမ္မတဂျီးရေ့ ဘယ်လိုလဲဗျာ။ သမ္မတထက် အာဏာပိုရှိတဲ့လူများရှိနေလို့လား ????? ❓

Leave a Reply