မြန်မာ့လယ်ယာလုပ်ငန်းတွင်ရင်းနှီးမြှုပ်နှံရန် ထိုင်းဆန်စပါးကုန်သည်အသင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ စိတ်ဝင်စား

wailynnooJune 9, 20101min541

ရန်ကုန်၊ ထိုင်းနိုင်ငံဆန်စပါးကုန်သည် များအသင်း ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ မစ္စတာဗီချိုင်းက မြန်မာနိုင်ငံ၏လယ် ယာဏ္ဍတွင်ရင်းနှီးမြှုပ်နှံရန် အလွန် စိတ်ဝင်းစားကြောင်း ပြောကြားလိုက် သည်။
သို့သော် ထိုသို့ရင်းနှီးမြှုပ်နှံမှုပြု ရန်အတွက် ပွင့်လင်းသောဈေးကွက် စနစ်ရှိရန်လိုအပ်ကြောင်း မေ ၁၃ရက် တွင် ဗန်ကောက်မြို့၌ မြန်မာသတင်း ထောက်များနှင့်တွေ့ဆုံစဉ် ယင်းက ပြောကြားခဲ့ခြင်းဖြစ်သည်။
“မြန်မာနိုင်ငံမှာ ပွင့်လင်းလွတ်လပ် တဲ့ဈေးကွက်ရှိရင် ကျွန်တော် ကျိန်းသေ ပေါက်ရင်းနှီးမြှုပ်နှံမှာပါ။ မြန်မာနိုင်ငံ ရဲ့လယ်ယာကဏ္ဍက အကျိုးအမြတ်ရ မယ့်အနေအထားအများကြီးရှိပါတယ်” ဟု မစ္စတာဗီချိုင်းက ဆိုသည်။
လက်ရှိအချိန်တွင် မြန်မာ့လယ် ယာကဏ္ဍသည် အရင်းအနှီးအင်အား နည်းပါးနေပြီး တောင်သူတို့အတွက် အကျိုးအမြတ်မက်လုံးနည်းပါးနေသည့် အတွက် ထုတ်လုပ်မှုနှုန်းနည်းခြင်း၊ ခေတ်မီရိတ်သိမ်းချိန်လွန်နည်းပညာနှင့် ကြိတ်ခွဲမှုနည်းပညာအားနည်းခြင်းတို့ ကြောင့် အရည်အသွေးမကောင်းခြင်း စသည့်အခက်အခဲများကို ကြုံတွေ့နေ ရသော်လည်း လုံလောက်သည့်ရင်းနှီး မြှုပ်နှံမှုပြုလုပ်ပါက အချိန်တိုအတွင်း တစ်နှစ်လျှင် ဆန်တန်ချိန် ၁ဝသန်း ဝန်းကျင်တင်ပို့နိုင်သည့် ကမ္ဘာ့နံပါတ် တစ်ဆန်တင်ပို့သည့်နိုင်ငံအဖြစ်သို့ ရောက်ရှိလာနိုင်ခြင်းကြောင့် မြန်မာ နိုင်ငံတွင် ရင်းနှီးမြှုပ်နှံမှုပြုလုပ်လိုခြင်း ဖြစ်ကြောင်း ယင်းကဆိုသည်။
“ကျွန်တော့်ရဲ့ဘိုးဘွားတွေဟာ လွန်ခဲ့တဲ့နှစ်၁၀ဝလောက်က ထိုင်းနိုင်ငံ ဟာရင်းနှီးမြှုပ်နှံဖို့ကောင်းတဲ့အတွက် တရုတ်နိုင်ငံကနေရောက်လာကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံသာရင်းနှီး မြှုပ်နှံဖို့ဈေးကွက်အနေအထားကောင်း လာရင်  ဒီလိုပဲရင်းနှီးမြှုပ်နှံမယ့်သူတွေ ပြုံတိုးလာကြမှာပါ”ဟု မစ္စတာဗီချိုင်းက ရှင်းပြသည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ တွင် လယ်စိုက်ဧက ၁၆သန်းသာရှိ သေးပြီး ဆက်လက်ချဲ့ထွင်ရန် မြေ လွတ်မြေရိုင်းများစွာကျန်ရှိနေသေး ကြောင်း မြန်မာ့လယ်ယာလုပ်ငန်းကျွမ်း ကျင်သူများက ဆိုသည်။
သို့ဖြစ်ရာ လယ်ယာကဏ္ဍတွင် ပြည်ပရင်းနှီးမြှုပ်နှံသူများဝင်ရောက်လာ ပါက လယ်သမားများရင်ဆိုင်နေရသော စိုက်ပျိုးစရိတ်ချို့တဲ့ခြင်း၊ နည်းပညာချို့ တဲ့ခြင်းတို့အား ပြေလည်စေနိုင်ဖွယ်ရှိ ကြောင်း ပညာရှင်များက ပြောကြား သည်။

Source: yangonmedia

One comment

  • chitkay

    June 9, 2010 at 9:51 am

    အကျိုးအမြတ် ရရင်တော့ ကောင်းတယ်….
    ဘယ်သူတွေ ရနိုင်လဲ….

Leave a Reply