ကျွန်တော်ဖေ့ဘွတ်အကောင့်ကိုဖွင့်တိုင်းကျွန်တော့်ရဲ့ဟုမ်းပေ့ခ်ျမပေါ်လာဘဲ

ဘာတွေမှန်းမသိတဲ့ဝဘ်ဆိုဒ်တွေပေါ်ပေါ်လာတယ်။ ဗိုင်းရပ်ကိုက်တယ်ထင်လို့ ဝင်းဒိုးအသစ်တင်လည်းမရဘူးဗျာ……

ဖေ့ဘွတ်ပေါ်ကသူငယ်ချင်းတစ်ယောက်ရဲ့ requestကို acceptလုပ်ပြီး ဖွင့်မိသွားကတည်းက ကျွန်တော့်ဖေ့ဘွတ်အကောင့်တိုင်းမှာ

ညစ်ညမ်းဝဘ်ဆိုဒ်တွေပဲပေါ်ပေါ်လာတယ် အကောင့်ကိုပဲကိုက်တတ်တဲ့ ဗိုင်းရပ်တစ်မျိုးလားမသိဘူး။

အဲဒီ့သူငယ်ချင်းကိုမေးတော့လည်း သူလည်းပဲrequestရလို့ accept လုပ်လိုက်တာ အော်တိုပို့စ်တွေအနေနဲ့တက်လာပြီး frတွေအကုန်လုံးကို ပို့နေတော့

တာပါပဲတဲ့ သူလည်းမရှုနိုင်မကယ်နိုင်တွေဖြစ်ပြီး ဒုက္ခတွေတွေ့နေရတယ်တဲ့ ပေါ်လာတဲ့boxလေးကဒါမျိုးဗျ

OMG! CHECK OUT THIS? Kohtet Shweoh Thet Naing Snow Fox Nangkhamswe Kham Oo September Ruby Man Barbie Huan Ma Hnin Ei Chaw MC Green Shaowsharman Man

okatokat.cf.gs အစမှာတော့ ဒီ My Home S3x Vide0 ဆိုတာလေးကိုဖွင့်လိုက်ရင် အွန်လိုင်းပေါ်ကဗွီဒီယိုတွေကို ကြည့်နိုင်မယ့် ဆော့ဝဲလ်တစ်ခု ကို

အင်စတောလုပ်ခိုင်းတယ် နောက်နှစ်ရက်လောက်ကြာတော့ ကိုယ့်ဟုမ်းပေါ်မှာ ဒါမျိုးတွေအော်တိုပဲ ကိုယ်တင်တဲ့ပို့စ်တွေအနေနဲ့တက်လာပြီး

အကောင့်ကိုဖွင့်တာနဲ့ ညစ်ညမ်းတာတွေမမြင်ချင်ဘဲတွေ့နေရတော့တာပဲ။ အကောင့်တစ်ခုမှဖြစ်တာမဟုတ်ဘူး ကိုယ့်ရဲ့ကွန်ပျူတာကဖွင့်တဲ့အကောင့်

တိုင်းမှာသွားပေါ်တာဗျ။ တစ်ခြားဆိုင်တွေကသွားသုံးတော့လည်း သူတို့ရဲ့ ဆာဖာမှာပါ မန်မိုရီတစ်ခုအနေနဲ့သွားပေါ်ပြီး သူတို့ဆီမှာလာသုံးကြတဲ့

ဖေ့ဘွတ်အကောင့်တွေမှာပါသွားပေါ်တယ်။ ရွာထဲက တတ်သိနားလည်သူများ ဒီကိစ္စကြီးဘယ်လိုဖြေရှင်းရမလဲအကြံပေးကြပါဦး ။ ဝင်းဒိုးပြန်ချလည်းမရ

အန်တီးဗိုင်းရပ်တွေကလည်းသူတို့ကိစ္စမဟုတ်တဲ့အတိုင်းပဲ ဘာမှမလုပ်ပဲငြိမ်နေကြတယ်ဗျာ……….

ဦးဂီတို့ ဦးစွယ်တော်တို့ သူကြီးတို့ရယ်ပြောပြပေးကြပါဦး ဘာလုပ်သင့်သလဲဆိုတာ …………………

ဒီမှာတော့စိတ်အိုက်လွန်းလို့ ရူးနှမ်းနှမ်းတောင်ဖြစ်ချင်နေပြီ  သူငယ်ချင်းတွေကလည်း တမျိုးမြင်ကုန်ကြပြီ ဖေ့ဘွတ်သုံးရမှာတောင် အများကြီးကြောက်

နေမိတယ်ဗျာ…………………………

သိသူများရှိရင် ကူညီကြပါဦး ကယ်ကြပါဦး ရှမ်းပြည်သားတို့ ဂေါက်ချင်ချင်ဖြစ်နေပြီ။

နောက်ပြီးကြိုတင်သတိပေးတဲ့အနေနဲ့စေတနာအရင်းခံပြီး ဖေ့ဘွတ်မှာပို့လာတဲ့requestမှန်သမျှ မကလိမိကြဖို့

သတင်းလေးပေးလိုက်ရပါတယ်။

နောက်ထပ် ထပ်ပြီးထပ်ပြီး အကြိမ်ကြိမ် ကူညီပါဦး ကယ်ကြပါဦးလို့လည်း ပြောကြားရင်း

ရှမ်းပြည်သား(တောင်ပိုင်း)

About ရှမ်းပြည်သား(တောင်ပိုင်း)

အလွမ်းရဲ့ကျိန်စာသင့်နေသော လူ has written 35 post in this Website..

ဥပဒေအကြံဥာဏ်များကိုတတ်စွမ်းသရွေ့ပေးနေပါသည်.... အကြံဥာဏ်လိုကကူညီခွင့်ပေးလျှင်ပေးချင်ပါသည်..... အခမဲ့အကြံပေးခြင်းဖြင့်ကုသိုလ်ယူလိုပါသည်......