ကူပါဦး ကယ်ပါဦး ရွာသားအပေါင်းတို့ရယ် ဒုက္ခလှလှကြီးတွေ့နေလို့ပါ.

ကျွန်တော်ဖေ့ဘွတ်အကောင့်ကိုဖွင့်တိုင်းကျွန်တော့်ရဲ့ဟုမ်းပေ့ချ်မပေါ်လာဘဲ

ဘာတွေမှန်းမသိတဲ့ဝဘ်ဆိုဒ်တွေပေါ်ပေါ်လာတယ်။ ဗိုင်းရပ်ကိုက်တယ်ထင်လို့ ဝင်းဒိုးအသစ်တင်လည်းမရဘူးဗျာ……

ဖေ့ဘွတ်ပေါ်ကသူငယ်ချင်းတစ်ယောက်ရဲ့ requestကို acceptလုပ်ပြီး ဖွင့်မိသွားကတည်းက ကျွန်တော့်ဖေ့ဘွတ်အကောင့်တိုင်းမှာ

ညစ်ညမ်းဝဘ်ဆိုဒ်တွေပဲပေါ်ပေါ်လာတယ် အကောင့်ကိုပဲကိုက်တတ်တဲ့ ဗိုင်းရပ်တစ်မျိုးလားမသိဘူး။

အဲဒီ့သူငယ်ချင်းကိုမေးတော့လည်း သူလည်းပဲrequestရလို့ accept လုပ်လိုက်တာ အော်တိုပို့စ်တွေအနေနဲ့တက်လာပြီး frတွေအကုန်လုံးကို ပို့နေတော့

တာပါပဲတဲ့ သူလည်းမရှုနိုင်မကယ်နိုင်တွေဖြစ်ပြီး ဒုက္ခတွေတွေ့နေရတယ်တဲ့ ပေါ်လာတဲ့boxလေးကဒါမျိုးဗျ

OMG! CHECK OUT THIS? Kohtet Shweoh Thet Naing Snow Fox Nangkhamswe Kham Oo September Ruby Man Barbie Huan Ma Hnin Ei Chaw MC Green Shaowsharman Man

okatokat.cf.gs အစမှာတော့ ဒီ My Home S3x Vide0 ဆိုတာလေးကိုဖွင့်လိုက်ရင် အွန်လိုင်းပေါ်ကဗွီဒီယိုတွေကို ကြည့်နိုုင်မယ့် ဆော့ဝဲလ်တစ်ခု ကို

အင်စတောလုပ်ခိုင်းတယ် နောက်နှစ်ရက်လောက်ကြာတော့ ကိုယ့်ဟုမ်းပေါ်မှာ ဒါမျိုးတွေအော်တိုပဲ ကိုယ်တင်တဲ့ပို့စ်တွေအနေနဲ့တက်လာပြီး

အကောင့်ကိုဖွင့်တာနဲ့ ညစ်ညမ်းတာတွေမမြင်ချင်ဘဲတွေ့နေရတော့တာပဲ။ အကောင့်တစ်ခုမှဖြစ်တာမဟုတ်ဘူး ကိုယ့်ရဲ့ကွန်ပျူတာကဖွင့်တဲ့အကောင့်

တိုင်းမှာသွားပေါ်တာဗျ။ တစ်ခြားဆိုင်တွေကသွားသုံးတော့လည်း သူတို့ရဲ့ ဆာဖာမှာပါ မန်မိုရီတစ်ခုအနေနဲ့သွားပေါ်ပြီး သူတို့ဆီမှာလာသုံးကြတဲ့

ဖေ့ဘွတ်အကောင့်တွေမှာပါသွားပေါ်တယ်။ ရွာထဲက တတ်သိနားလည်သူများ ဒီကိစ္စကြီးဘယ်လိုဖြေရှင်းရမလဲအကြံပေးကြပါဦး ။ ဝင်းဒိုးပြန်ချလည်းမရ

အန်တီးဗိုင်းရပ်တွေကလည်းသူတို့ကိစ္စမဟုတ်တဲ့အတိုင်းပဲ ဘာမှမလုပ်ပဲငြိမ်နေကြတယ်ဗျာ……….

ဦးဂီတို့ ဦးစွယ်တော်တို့ သူကြီးတို့ရယ်ပြောပြပေးကြပါဦး ဘာလုပ်သင့်သလဲဆိုတာ …………………

ဒီမှာတော့စိတ်အိုက်လွန်းလို့ ရူးနှမ်းနှမ်းတောင်ဖြစ်ချင်နေပြီ  သူငယ်ချင်းတွေကလည်း တမျိုးမြင်ကုန်ကြပြီ ဖေ့ဘွတ်သုံးရမှာတောင် အများကြီးကြောက်

နေမိတယ်ဗျာ…………………………

သိသူများရှိရင် ကူညီကြပါဦး ကယ်ကြပါဦး ရှမ်းပြည်သားတို့ ဂေါက်ချင်ချင်ဖြစ်နေပြီ။

နောက်ပြီးကြိုတင်သတိပေးတဲ့အနေနဲ့စေတနာအရင်းခံပြီး ဖေ့ဘွတ်မှာပို့လာတဲ့requestမှန်သမျှ မကလိမိကြဖို့

သတင်းလေးပေးလိုက်ရပါတယ်။

နောက်ထပ် ထပ်ပြီးထပ်ပြီး အကြိမ်ကြိမ် ကူညီပါဦး ကယ်ကြပါဦးလို့လည်း ပြောကြားရင်း

ရှမ်းပြည်သား(တောင်ပိုင်း)

15 comments

  • ရှမ်းပြည်သား (တောင်ပိုင်း)

    March 20, 2012 at 11:59 pm

    OMG! CHECK OUT THIS? Snow Lay Thin Zar Crystal Man Kyaw Khaing Oo Sai Kong Tip Summer Snow Emomainkalay Kalay สุเทพ ศรีทอง Jinlin Keai Rain Hein
    View the Suck Video of my Partner
    s3lvid30o.uk.to
    Like · · Share · Yesterday at 7:27pm ·

    Yin Kyae သယ်ရင်း၁ပုံဆိုတော်ရောပေါ့
    Yesterday at 9:42pm · Like
    Mee Nge ဟေ့ကောင်လေး
    14 hours ago · Like
    Yeesa Tayoutaloshithi
    အဲအဲ ဒီဆိုဒ်တွေကိုမဖွင့်ကြည့်ကြပါနဲ့ ကျွန်တော်တင်တာမဟုတ်ဘူး သူငယ်ချင်းတစ်ယောက်ရှယ်ထားတာကိုဝင်ကြည့်ရင်း ဗိုင်းရပ်ကိုက်သလို အော်တိုမက်တစ်တက်ကုန်တာဗျ ။ ကျွန်တော်အစောကဒီလိုမျိုးပို့စ်တွေမှာ ရေးထားတာမဖတ်ရသေးဘူးထင်တယ် ။ ဒီဆိုဒ်ကိုဝင်ကြည့်ရင် အရင်…See More
    2 hours ago · Like
    ကျွန်တော့်ရဲ့ ဟုမ်းပေါ်မှာ ပေါ်လာသမျှ ဒုက္ခတွေပါ ။
    နမူနာလေးပြထားပါတယ်။ ဒါတွေပေါ်လာတိုင်း ဖြေရှင်းရတဲ့ ကွန်မန်းတွေပါပြထားပါတယ် တနားကြပါဦး
    အရပ်ကတို့ရယ်……… ဪဒုက္ခ ဒုက္ခ

  • kai

    March 21, 2012 at 12:21 am

    Malwarebytes®The Original | Malwarebytes.org
    http://www.malwarebytes.org/Anti-Malware
    Protect, Detect & Remove Malware Trusted by IT & Security Pros.

    အဲဒါအင်စတောလုပ်ပြီး စကန်င်လုပ်ကြည့်ပါလား..
    ရိုးရိုးထည့်မရရင်..safe mode install မှာလုပ်ပါ..။

  • ရှမ်းပြည်သား (တောင်ပိုင်း)

    March 21, 2012 at 12:42 am

    ကျေးဇူးပဲ သူကြီးမင်းရေ…….စမ်းကြည့်လိုက်ဦးမယ်ဗျ……

  • Foreign Resident

    March 21, 2012 at 5:26 am

    ကောင်လေးရေ မင်းက ဆပ်ဆော့ပြီး
    သူတို့ရဲ့ software ကို install သွားလုပ်တာကိုး ။

    အဲဒီ software ကို လက်မခံမှီမှာ
    Face Book ကမင်းကိုမေးလိမ့်မယ်
    မင်းရဲ့ Personal Information တွေကို တောင်းနေတယ် ပေးရမလား ဆိုပြီး ။
    အဲဒါကို မင်း က Yes / Accept လုပ်လိုက်လို့ဖြစ်ရတာ ။

    သူတို့ဆီမှာ မင်းရဲ့ Pass Word, Friend List & etc ရောက်သွားပြီ ။

    လောလောဆယ် Pass Word ပြောင်းလိုက်ပါ ။
    Installed Appliance ( Appliances & Games ) အားလုံးကို Delete လုပ်လိုက်ပါ ။

  • water-melon

    March 21, 2012 at 7:23 am

    ကျေးဇူးနော်
    အံဇာတုံးရေ
    ညည်းကျွမ်းတဲ့အပိုင်းရောက်နေပြီအေ့
    ကူညီလိုက်အုုန်း
    နာ့တော့ ကြီးမိုက် အကြော်ဆိုင်လစ်လိုက်အုန်းမယ်
    သူတူမ ချောတယ်ဆိုလို့ 😀

  • kyeemite

    March 21, 2012 at 8:43 am

    ဝါတာမဲလုံးမ…အရင်အကြွေးဆပ်ဖို့ ပိုက်ဆံပါယူလာနော်
    ဒါဗြဲ…

  • water-melon

    March 21, 2012 at 8:48 am

    ဟဲ့ဟဲ့ ဘာဝါးတားမဲလုံးလဲ
    လူကို မဲလုံးတဲ့
    မမဲဘူးဟေ့ ဖွေးတယ်
    ရန်ကုန်ရောက်မှ ပြမယ် 😀

  • ရွှေဘိုသား

    March 21, 2012 at 8:55 am

    ရွာသားကလည်း x ဆိုတာလေးမြင်တာနဲ့ အင်စတော တန်းလုပ်လိုက်တာထင်တယ် ပို့ပေးစမ်းပါဗျ ကျနော်ဆီ

    • ရှမ်းပြည်သား (တောင်ပိုင်း)

      March 21, 2012 at 7:12 pm

      မဟုတ်ပါဘူးဗျာ သူက My Home S3x Vide0 ဆိုတော့ သူတင်ထားတဲ့သတင်းဖိုင်လေးတွေကို
      ကြည့်ဖိုထင်တာကိုးဗျ သူအင်စတောလုပ်ခိုင်းတဲ့ဆောဝဲလ်က Gotclipတဲ့ဗွီဒီယိုဖိုင်တွေဒေါင်းတဲ့ဟာ လေ ကြည့်ချင်သပဆိုရင် အပေါ်မှာ လင့်ပေးထားတယ်ဗျို့..
      ဝင်သာရှူပေတော့ ကို မုဆိုးဖိုသားရေ…….. ငါးမည်ရပြည်ရွှေဘိုထဲကတစ်မည်အားခေါ်ခြင်းဖြစ်ပါ
      သည်။

  • ကြောင်ကြီး

    March 21, 2012 at 9:22 am

    ပေါ်လာမှတော့ ကြည့်လိုက်ပေါ့ကွာ။ ပါးစပ်ထဲလက်ထည့်ပေးတာတောင် မကိုက်တတ်ဘူးလို့.. အံ့ရော အံ့ရော… 🙄

  • နတ်ဆိုးလေး

    March 21, 2012 at 10:56 am

    ကြည့်လို့ ဝမှ အကူအညီတောင်းတယ်ပေါ့။ သွားလူဆိုး

    • ရှမ်းပြည်သား (တောင်ပိုင်း)

      March 21, 2012 at 7:27 pm

      ဟုတ်ပါဘူးဗျာ……………….
      အစောကတည်းကကွိုင်တက်လာလို့ ကြည့်ချင်စိတ်တောင်တစ်ကွက်မှပေါ်မလာဘူး…..
      စဉ်းစားသာကြည့်တော့ ကိုယ့်ဆရာရေ……. ကောင်မလေးတွေဆီရောက်သွားရင် သူတို့က
      ကျွန်တော့်ကိုဘယ်လိုမြင်လိမ့်မတုံး

  • pyaponthu

    March 21, 2012 at 1:17 pm

    ပြောလို့ ပြောတာမှုတ်ဘူး။မန်းဂေဇက် ရွာသူားတွေ ဟာ အရမ်းခင်ဘို့ကောင်းတယ်။ကူညီတတ်တယ်။မျက်နှာ မလိုက်တတ်ဘူး။ခင်မင် ဖေါ်ရွေ မန်ဂဇက် ရွာသူားတွေ။

  • Mon Kit

    March 21, 2012 at 1:46 pm

    အော်… ဖစ်မှ ဖစ်ရလေတယ်…
    ဆတ်ဆတ်ဆော့ဆော့ကွယ်….
    😀

  • ရှမ်းပြည်သား (တောင်ပိုင်း)

    March 21, 2012 at 7:31 pm

    သူကြီးလုပ်ခိုင်းတဲ့အတိုင်းရော အဘပြောတဲ့အတိုင်းရော ကလိပြီးပြီ မရဘူးဗျ
    လုပ်ကြပါဦး

Leave a Reply