ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုခြင်း

wailynnooJune 9, 20101min671

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာချက်အမှတ် (၇၃/၂၀၁၀)ကို ဇွန်လ ၈ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ကြေညာလိုက်သည်။ အဆိုပါ ကြေညာချက်အရ နေပြည်တော် ဒက္ခိဏသီရိမြို့နယ်၊ ရာဇသင်္ဂဟလမ်းနှင့် “စီ” လမ်းထောင့်၊ မြေကွက်အမှတ်(၅)တွင် ပါတီရုံးချုပ် ဖွင့်လှစ် ထားရှိသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအား ၂၀၁ဝ ပြည့်နှစ်၊ ဇွန်လ ၈ ရက်နေ့မှစ၍ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၉ နှင့်အညီ မှတ်ပုံတင်ခွင့် ပြုလိုက်ကြောင်းနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ မှတ်ပုံတင်အမှတ်မှာ (၃၂)ဖြစ်ကြောင်း ၂၀၁ဝ ခုနှစ် ဇွန်လ ၉ ရက်နေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားပါသည်။

Source: mtalk.net.mm

One comment

  • susunosuki

    June 9, 2010 at 1:00 pm

    မှတ်ပုံတင်ပြီးတော့ ဝင်ပြိုင်တာလည်းပြိုင်ပေါ့
    ကျွန်တော်တို့ရပ်ကွက်လမ်းတွေ ကိုလည်း ခင်းလက်စ ကိုဆက်ပြီး ခင်းပေးပါဦးဗျာ
    တဝက်တပျက်နဲ့ လမ်းက ပိုဆိုးနေလို့

Leave a Reply