သူဌေးကြီးဒေါက်တာနေဇင်လတ်? (သမ္မတအကြံပေး)

phone_kyawMarch 21, 20121min1768

စားပြီးလို ့ ကုန်ခါနီးမှ ပေးတဲ့ အကျန်လား။ အကြံညာဏ်ပေးမှာလား။

သမ္မတဦးသိန်းစိန်ရဲ  ့အကြံပေး ဒေါက်တာနေဇင်လတ်ပိုင်တဲ့ ဟိုတယ်တွေ ဖြစ်ပါတယ်။ ချောင်းသာမှာတစ်ခု၊ ငွေဆောင်မှာတစ်ခု၊ ရန်ကုန်မှာ ဟိုတည်ကြီးတစ်ခုပိုင်ပါတယ်။ ကာလပေါက်ဈေးနဲ ့တွက်ရင် သူလည်း ဒေါ်လာသန်းသုံးလေးဆယ်ပိုင်တဲ့သူဌေးတစ်ဦးပါ။ ချောင်းသာကို သွားလည်မလို ့တည်းခိုးခန်းတွေလိုက်ရှာရင်း ဒေါက်တာနေဇင်လတ်ပိုင်တဲ့ဟိုတည် နဲ ့ မတ်ဇော်ဇော်ပိုင်တဲ့ဟိုတည်တွေ ့တော့ ကျနော့်စိတ်ကူးက တည်းရမှာတောင် ရွံသလိုလိုဖြစ်လာတယ်။ ဒါ့ကြောင့် ကျနော်တို ့မိသားစု သူငယ်ချင်းတွေနေတဲ့ ချောင်းသာဘေးနားက တဲစုလေး မှာပဲတည်းပါတော့မယ်။

More Info ?? Go to http://www.amboco.com/about.html

 

8 comments

  • MTY

    March 21, 2012 at 10:52 am

    Mr phone_kyaw
    ပေါက်သွားပြီ။

  • lusoegyikoko

    March 21, 2012 at 11:23 am

    ကို phone kyaw ဘာကိုပြောချင်တာလဲဗျ။ Dr နေဇင်လတ် ကချမ်းသာတာတော့မှန်ပါတယ်။
    မဆလ ခောတ်က ကကယာ တပ်မတော်ကစစ်ဗိုလ် တစ်ယောက်ပါ။စစ်အစိုးရတက်မှစီးပွားရေးလုပ်ပါတယ်။စီးပွားရေးပညာရှင်တစ်ယောက်ပါ။ချမ်းသာပါတယ်။ ဦးဇော်ဇော် နဲ့တော့မတူပါဘူး။သူရေးတဲ့စာတွေတော်တော်များပါတယ်။ဘာပဲပဲဖြစ်ပေါ့ဗျာ..တိုင်းပြည်အတွက်တော့
    အုတ်တစ်ချပ် သဲတစ်ပွင့်..

  • blackchaw

    March 21, 2012 at 4:06 pm

    ကိုဘုန်းကျော်ရေ။
    ဆရာနေဇင်လတ်က ကျွန်တော်လေးစားတဲ့ ဆရာတစ်ယောက်ပါ။
    လူငယ်တွေကို knowledge မျှဝေပေးနေတဲ့ ဆရာတစ်ယောက်ပါ။
    ကျွန်တော်ကိုယ်တိုင် သူ့ စာအုပ်တွေကပေးတဲ့ အလင်းရောင်နဲ့ မကင်းပါဘူး။
    တိုက်ခိုက်နှိမ်ချရမယ့်လူမျိုးမဟုတ်ဘူးလို့ ယုံကြည်ပါတယ်။
    တခြားသူဌေးကြီးတွေနဲ့ သူ့ကို တစ်တန်းတည်းထားပြီး
    တိုက်ခိုက်မယ်ဆိုရင်တော့ ကျွန်တော် လုံးဝကန့်ကွက်ပါတယ်။
    ချမ်းသာတိုင်း အပြစ်ရှိတယ်လို့ မယူဆစေချင်ပါဘူး။

  • kai

    March 21, 2012 at 4:26 pm

    အင်းလေ..
    ချမ်းသာတော့ ကောင်းတာပေါ့..
    ထပ်မခိုးချင်တော့ဘူးပေါ့..။ ဒါမှမဟုတ်..ခိုးချင်စိတ်နည်းနေမှာပေါ့..

    ဒါကြောင့်..
    ယူအက်စ်ရဲ့နိုင်ငံရေးသမားတွေ. သန်ကြွယ်တွေအများကြီးပဲ..။ ချမ်းသာမှ နိုင်ငံရေးလုပ်ကြတာကောင်းတယ်.။
    ငွေအတွက်နဲ့တော့.. ပြသနာနည်းသွားတယ်ပေါ့..။

    တကယ်တော့.. အရင်းရှင်..ငွေရှင်တွေကို.. နှိပ်ကွပ်တာ.. ဆိုရှယ်လစ်..ကွန်မြူနစ်အငွေ့အသက်လို့ ထင်မိတယ်..။
    မြန်မာတွေမှာ.. အဲဒီစိတ်တွေ တော်တော်ကျန်နေသေးတယ်..။
    မှားယွင်းတယ်လို့ ထင်မိတယ်..။

  • Wow

    March 21, 2012 at 4:47 pm

    သဂျီးရဲ့ ချမ်းသာတော့ ထပ်မခိုးချင်တော့ဘူး ဆိုတဲ့ အယူအဆကတော့ technically correct လို့ပြောရမှာပါပဲ။
    But you can never be 100% sure!
    ချမ်းသာပြီး ထပ်ခိုးချင်သေးတဲ့သူတွေ (ဥမပါ … နဝတစစ်ဗိုလ်ချုပ်ကြီးများ)
    မချမ်းသာပေမဲ့ ရိုးသားဖြောင့်မတ်တဲ့သူတွေ (ဥပမာ… ဗိုလ်ချုပ်အောင်ဆန်း၊ မင်ဒရဲလား၊ အေဗရာဟင်လင်ကွန်း)

    • htoosan

      March 21, 2012 at 6:02 pm

      ဦးနေဇင်လတ် အမျိုးသမီးက နဂို ဦးနေဇင်လတ်နဲ့ မရခင်ကထဲက ချမ်းသာသူပါ။
      RIT မှ B.Arch ရပြီး စစ်တပ်တွင် ဗိုလ်ကြီး အထိ တာဝန်ထမ်းဆောင်ခဲ့သူပါ။
      သို့သော် မပြောလိုသော်လည်း သူ့ လုပ်ငန်း အချို့ သည် …….
      သူသိမသိ မသိသော်လည်း နံမည် မကောင်းပါ။

  • Ko out of...

    March 22, 2012 at 7:41 am

    သူရေးတဲ့စာကိုလည်းဖတ်ရပါတယ်..မှတ်သားစရားလေးတွေလည်းမှတ်ပါတယ်…တခုတော့ရှိတယ်..
    သူ့စာအုပ်ဖတ်ရင်းနဲ့ တနေရာမှာ..ရိုးရာအစဉ်အလာ ဘာသာရေးအကြောင်းပါလာတော့…အော်သူလည်း ခေတ်ပညာတတ်ဆိုပေမဲ့…. ဒီဥခွံထဲက မဖေါက်ထွက်နိုင်ပါလား..ဒါဆိုရင်ဒီလိုလူက နိုင်ငံတော် အကြံပေးဖြစ်နေသေးရင်တော့… ??????

  • maungmoenyo

    March 22, 2012 at 9:06 am

    he is a controversial technocrat! But his ideas are crucial in shaping Burma’s economy. So far his recommendations are moving smoothly. Let’s see how the things go.

Leave a Reply