ခရီးသွားယင်းလက်ဆော့ထားတာတွေ

thureinmaungMarch 21, 20122min964

ကင်မရာလေးတစ်လုံးလက်ထဲမှာရှိနေယင်ခရီးသွားယင်း၊ရိုက်ထားတာတွေကတစ်ချိန်မှာ
ြပြန်ကြည့်တဲ့အခါအမှတ်တရလေးတွေဖြစ်လာတယ်၊ဒီလထဲမှာရန်ကုန်ကနေမန်းလေးကို
လေယာဉ်နဲ့ခရီးသွားခဲ့တော့မြင်ရတဲ့ပုံရိပ်လေးတွေကိုရွာအတွက်ဝေမျှလိုက်ပါတယ်

ရန်ကုန်လေဆိပ်ထွက်ခွါဆောင်အပေါ်ထပ်ကကော်ဖီဆိုင်ကနေ မြင်ရ တဲ့ပြည်တွင်းခရီးစဉ်ထွက်ခွါမယ့်လေယာဉ်တွေ
လေယာဉ်တက်ခါစအောက်မှာမြင်ရတာကလှိုင်မြစ်၊ အပေါ်နားမှာအောင်ဇေယျတံတား ညာဘက်ကအင်းစိန်ဘယ်ဘက်ခြမ်းကFMIအိမ်ယာ

 

ဒီဘက်ကပန်းလှိုင်မြစ်၊ဟိုဘက်ကရန်ကုန်မြစ်၊အလယ်ကကြ်လျှာစွန်းလို အကွက်ထဲမှာလှိုင်သာယာစက်မှုဇုံကစက်ရုံတွေ
လေယာဉ်ပေါ်မှာကျွေးတဲ့အစာဗူးရယ်၊ကော်ဖီဖျော်ဘို့ သကြား၊ ခရင်(မ)အထုပ်လေးရယ်ကိုလာအချိရည်ရယ်
ဗူးထဲကမုန့်တွေကဗိုက်ဆာတဲ့ကျွန်တော့်အတွက်တော်ဘဲ
ဟဲဟိုးလေဆိပ်မှာတစ်ထောက်နားတုန်းနိုင်ငံခြားခရီးသည်တွေ လေယာဉ်ပေါ်ထပ်တက်လာတယ်
မန်းလေးလေဆိပ်ကိုဆင်းခါနီး အောက်ကမြင်ရတဲ့လမ်းက နေပြည်တော်-မန်းလေးအမြန်လမ်းမကြီးဖြစ်ပါတယ်

4 comments

  • manawphyulay

    March 21, 2012 at 12:27 pm

    ဒါပဲလား။ ခရီးသွားတယ်ဆိုလို့ ခရီးသွားပုံတွေလား လေယာဉ်စီးပုံတွေလား.. ထပ်တင်ပေးပါဦး။ ပုံတွေက မစုံဘူးရယ်…

  • water-melon

    March 21, 2012 at 4:39 pm

    ဟယ် လေယာဉ်တောင်ပံတခြမ်းက ပန်ကာလည်းမလည်ဘူး 😀
    တော်သေးတာပေါ့
    မုုန့်တွေက လတ်သေးလား

    • ကြောင်လေး

      March 21, 2012 at 11:03 pm

      ဖရဲရဲ့ အဲဒါလေယာဉ်တစ်ဖက်ကိုကွေ့ချင်လို့ ပန်ကာတစ်ခြမ်းကိုရပ်ထားပြီး တစ်ခြမ်းထဲမောင်းထားတာလေ၊ ဒါမှ လေယာဉ်က တစ်ဖက်ကိုလည်ပြီးကွေ့သွားမှာ၊ သိလည်းသိပဲနဲ့…ဟွန်း

  • windtalker

    March 21, 2012 at 8:02 pm

    ဘောစိရဲ ့လေပျံစီးမှတ်တမ်းများကို ကြည့်ရှုအားပေးသွားကြောင်းပါ။

Leave a Reply