ခေတ်အဆက်ဆက်က မြန်မာ ပိုက်ဆံများ

မြသဲ ( 17082011 )March 21, 201219min14521

ခေတ် အဆက်ဆက်ဆိုပေမယ့် ကုန်းဘောင် ခေတ်ကတော့ ရှာလို့ မတွေ့တာနဲ့ မတင်ဖြစ်တော့ပါဘူး။

ဒါကတော့ ဟိုး ပဝေသဏီ ပျူခေတ်တို့ တဂေါင်းခေတ်တို့က ဒင်္ဂါးတွေ ဖြစ်ဟန်တူပါတယ်။

ကိုလိုနီ ခေတ်တွင်းမှာ သုံးစွဲသော ပိုက်ဆံများ

                                                                                                           5 Rupees  Photo Credit : (Link)

 

                                                                                                         10 Rupees   Photo Credit : (Link)

 

                                                                                                     10 Ruppes    Photo Credit : (Link)

 

                                                                                                   10 Rupees   Photo Credit : (Link)

 

                                                                                                      10 Rupees   Photo Credit : (Link)

 

                                                                                                        100 Rupees   Photo Credit : (Link)

 

                                                                                                         100 Rupees   Photo Credit : (Link)

 

ဂျပန်ခေတ်တွင်းမှာ သုံးစွဲခဲ့တဲ့ ပိုက်ဆံအချို့ပါ

                                                                                                       ငါးမူးတန် ရူပီး   Photo Credit : (Link)

                                                                                                      တစ်မတ်တန် ရူပီး   Photo Credit : (Link)
                                                                                                        1 Rupees   Photo Credit : (Link)

                                                                                                     5 Rupees   Photo Credit : (Link)

                                                                                                            10 Rupees  Photo Credit : (Link)

                                                                                                  100 Rupees   Photo Credit : (Link)

                                                                                                      တစ်ပြား   Photo Credit : (Link)
                                                                                                         ၅ ပြား  Photo Credit : (Link)
                                                                                                           ၁၀ ပြား  Photo Credit : (Link)

Photo Credit : (Link)
ဂျပန်တို့ ဆုတ်ခွာသွားတော့၊  အလွန်အကျွံ ငွေတွေထုတ်ခဲ့လို့ အဆမတန် ဖောင်းပွနေတဲ့ ငွေကြေးတွေကို လွှတ်ပစ်ထားတဲ့ မြင်ကွင်းတစ်ခုပါ။
 မြန်မာနိုင်ငံတော် ဗဟိုဘဏ်ကနေပြီးတော့ လွပ်လပ်ရေးရပြီးကာစကာလမှ မဆလ ခေတ်အထိ ထုတ်ဝေခဲ့တဲ့ ပိုက်ဆံတွေပါ။  အချို့ပိုက်ဆံတွေကတော့ နဝတ ခေတ်မှာ ထုတ်ဝေခဲ့တဲ့ ပိုက်ဆံတွေလည်း ပါဝင်ပါတယ်။
 
                                      ဒါက ဗဟိုဘဏ် အုပ်ချုပ်ရေးမှုး ဦးစံသိန်းလက်မှတ်ပါတဲ့ ပိုက်ဆံတွေပါ။ ရွှေပေါင်ခံထားစဉ်ကာလတုန်းကပေါ့
 ဒါက မဆလခေတ်က ထုတ်ဝေခဲ့တဲ့ ပိုက်ဆံတွေပါ
နောက်ပိုင်းခေတ်တွေကတော့ အတွေကများနေကြဖြစ်နေကြတော့ မတင်ပေးတော့ပါဘူး။

ဒီပိုက်ဆံလေးတွေမြင်ရတာ အထူးသဖြင့် အကြွေစိလေးတွေမြင်ရတာ ကလေးဘဝကိုပြန်သတိယမိ ပါတယ်။ ကျွန်မတို့ငယ်ငယ်တုန်းကဆို သရေပင်ဝယ်ရင် ငါးပြားဖိုးဆို ငါးပင်တောင်ရတာ။ အခုခေတ် လိုပါးပါးလေးမဟုတ်ဘူး။ အထူကြီးရယ်။ တကျပ်ဖိုးဝယ်ရင် ဆက်ပြီးကြိုးခုန်လို့ရတယ်။ တနှစ်လောက် နေရောပဲ။ မုန်ဖိုးတမတ်ရ ရင်ပြီးပြီ။ စားပါလေ့။ ခင်ဝမ်းဆိုသလိုပဲ အပူပင်ကင်းတဲ့ ကလေးလေး ဘဝ ကို တခါပြန်ပြီးရချင်သေးတယ်။ တကယ်ပါ။ ငယ်ဘဝလေးလွမ်းလိုက်တာ။

 

AH ဆိုဒ်မှ ကူးယူဖေါ်ပြပါသည်။

http://blog-aunghtut.blogspot.com/2012/02/blog-post_08.html

 

 

 

 

 

 

 

 

 

 

21 comments

  • myanmarcitizen

    March 21, 2012 at 3:06 pm

    ကြည့်သွားတယ်ဗျို့။ အရင်တုန်းက မြန်မာ့ပိုက်ဆံပေါ်ကပုံတွေက အဓိပါယ်ရှိလှပါတယ် နိုင်ငံအတွက် တစ်ခုခုလုပ်ပေးခဲ့တဲ့သူတွေရဲ့ပုံတွေလေ။ သူများနိုင်ငံတွေမှာလဲ ဒီလိုပါပဲ။ ယိုးဒယား မှာဆို သူတို့ဘုရင်ကို များအလေးပေးလိုက်ကြတာ။ Pattaya က အောက်ခံဘောင်း ဘီနဲ့ကနေတဲ့ခပ်ချောချောကောင်မလေးကို သူ့ဘောင်းဘီမှာ ပိုက်ဆံညှပ်ပြီးပေးလိုက်တာ ချက်ချင်းပဲ ဆွဲထုတ်ပြီး လက်မောင်းမှာ ပြောင်းညှပ်တယ်ဗျာ။ သေချာကြည့်လိုက်တော့ လက်မောင်းမှာ ခေါင်းစည်းသရေကြိုးလေး နဲ့ အဲ့လောက်ကိုအလေးထားကြတယ်။ ကျွန်တော်တို့ နိုင်ငံမှာကော ပိုက်ဆံပေါ်က Animal ပုံတွေက ဒီမိုကရေစီ အစိုးရလက်ထက်မှာကော ဆက်ရှိနေအုန်းမှာလား။ ပြောင်းလဲသင့်တာတွေ မှန်သမျှခပ်မြန်မြန်ပြောင်းလဲသင့်နေပြီ။ ဒါမှနိုင်ငံတကာမှာ image ကောင်းလာမှာလေ။ လွှတ်တော်ထဲမှာလဲ ဒါတွေပြောသင့်နေပြီ။ အရေးကြီးတာလဲ ပြောရမယ် ၊ နဲနဲအရေးပါတာလဲပြောရမယ်၊ သေးသေးလေး လဲပြောရမှာပဲ။

    • Thel Nu Aye

      March 21, 2012 at 3:41 pm

      လွှတ်တော်ထဲမှာတော့ အဲဒီပိုက်ဆံအကြောင်းတင်ပြတယ်လို့ ပြောတာပဲ။ မှတ်သားထားတဲ့ အထဲပါသွားတယ်တဲ့။ ဘယ်တော့မှ ဆောင်ရွက်မလဲတော့မသိပါဘူး။ အမေစုအာဏာရ တော့မှ ပဲဝိုင်းပြီးတင်ပြကြတာပေါ့။

      • myanmarcitizen

        March 21, 2012 at 4:08 pm

        တင်ပြပြီးသွားပြီတဲ့လား သိတောင်သိလိုက်ဘူး။ မှတ်သားတဲ့အဆင့်မှာပဲ ရပ်နေမယ်နဲ့တူတယ်။

        • Thel Nu Aye

          March 22, 2012 at 9:47 am

          ဟုတ်တယ်။ ပိုက်ဆံတွေကို လူတွေကတန်ဖိုးမထားပဲ စုတ်ပြတ်နေအောင်သုံးလို့ သူတို့လေးစားရ တဲ့သူရဲ့ပုံနဲ့ထုပ်မယ် ဆိုရင်ရိုရိုသေသေကိုင်တွယ်လိမ့်မှာမို့ ပြန်လည်သုံးသပ်ပေးပါလို့ တင်ပြ တယ် လို့ပြောတယ်။

  • paw tar

    March 21, 2012 at 3:18 pm

    မြန်မာငွေကြေးစနစ်က ဘာလို့ ၃၅ကျပ်တိုက ၄၅ ကျပ်တို့ ၉ဝ တို့ရှီနေတာလည်းမသိဘူးနော် အမှန်ဆို ၁ပြား ၅ပြား ၁ဝပြား ၂ဝပြား ၅ဝပြား ၁ကျပ် ၅ကျပ် ၁ဝကျပ် ၅ဝကျပ် ၁၀ဝကျပ် အဲ့လိုတွေဆို ပိုမလွယ်ဘူးလားမသိဘူးဗျာ အခုဆို အတော်တွက်ရခက်ကုန်မယ် နောက်ပီး တစ်မူး တစ်ပဲ ငါးမူး တွေ လုံးဝနားမလည်ပါဘူးဗျာ
    ပိုက်ဆံတွေမြင်ဖူးတဲ့အတွက် တင်ပေးသူကို အထူးကျေးဇူးပါ။

    • Thel Nu Aye

      March 21, 2012 at 3:49 pm

      မှတ်မိသလောက်တော့ အဲဒီ ၃၅ကျပ်တိုက ၄၅ ကျပ်တို့ ၉ဝ တို့ကခဏလေးမှခဏလေးရယ်။ တနှစ်လောက်ပဲကြာမလားမသိဘူး။ အဲတုန်းကကျွန်မကငယ်သေးလို့ထွက်တာပဲမှတ်မိ လိုက် တယ်။ ဘယ်လောက်ကြာလဲအတိအကျမသိလိုက်ဘူး။ မကြာတော့မကြာ ဘူး။ ကြောင်တောင်တောင်နဲ့ ဘာလို့ထုပ်လိုက်လဲမသိဘူး။ နောက်တော့လဲပြန်သိမ်းသွားတာပဲ။ တစ်ရာတန်တွေသိမ်းပြီး သူ့ကိုထုပ်တာတော့ မှတ်မိလိုက်တယ်။ နောက်သူတို့ နဲ့ ၂၅ ကျပ် တန်တွေ သိမ်းတော့ ၈၈ အရေးအခင်း အစပျိုးတာပဲ။ ၈ရ မှာသိမ်းတယ်လို့ထင်တာပဲ။ ၅ပြား ၁ဝပြား ၂ဝပြား ၅ဝပြား ၁ကျပ် ကတော့ကျွန်မတို့တော်တော်ငယ်ငယ်ကအထိတော်တော်အ သုံးဝင်ခဲ့တာ။ အခုခေတ်ကလေးတွေအတွက်တော့ ယုံတမ်းစကားဖြစ်ကုန်ပြီပေါ့။ ကျွန်မတို့ မူးတို့ ပဲတို့မသိသလိုသူတို့လဲမသိတော့ဘူး။

    • kai

      March 22, 2012 at 4:26 am

      .. ၃၅၊၄၅၊၇၅၊၉ဝတွေက .. ဦးနေဝင်း ယတြာချေတာတွေပါ…။
      အပေါ်ကအကြွေစေ့တွေထဲ..၁ ပြားစေ့..(အလေး) ကျန်နေသေးတယ်..
      အရင်က..ကျုပ်ဆီမှာ ရှိဖူးတယ်..။

  • ကိုရင်မောင်

    March 21, 2012 at 7:53 pm

    ကျေးဇူးတင်ပါတယ်သဲနုအေးရေ…
    ခလေးတွေကိုပြဘို့ကူးထားရအုံးမယ်..
    အင်္ဂလိပ်အုပ်စိုးစဉ်ကငွေစက္ကူတွေတော့
    ခုမှမြင်ဘူးတော့တယ်…..

  • yaungchikha

    March 21, 2012 at 8:05 pm

    ဒင်္ဂါပြားတွေနဲ့ ကိုလိုနီခေတ်၊ ဂျပန်ခေတ်က ပိုက်ဆံတွေမမြင်ဘူးဘူး၊ အခုလိုတင်ပေးတဲ့အတွက် ကျေးဇူးပါနော်..

  • windtalker

    March 21, 2012 at 8:09 pm

    အမှတ်တရ အနေနဲ ့ကြည့်သွားပါတယ် ဗျို ့။ နောက်လူများကိုလဲ ပြလို ့ရတာပ ။

  • htet way

    March 21, 2012 at 9:56 pm

    ကျေးဇူးဗျာ
    အဲ့ဒီပိုက်ဆံရှုပီးဆိုတာလူတွေလိုက်ဝယ်နေတာပေါ့
    မမြင်ဖူးဘူး အခုမှတွေ့ဖူးတယ်

  • Khin Latt

    March 22, 2012 at 4:27 am

    သဲနုရေ
    Coin ထဲမှာ ကျပ် ၁၀ဝ coin ရှိတာ အခုမှ သိတယ် ။
    ၁ဝပြားစေ့ coin ကိုမြင်တော့ သူများတကာကို သွားပြီး ၁ဝပြားစေ့ မျက်နှာလို့ စခဲ့ဘူးတာ သတိရတယ်။
    အသိမ်းခံရတဲ့ ပိုက်ဆံတွေ တွေ့တော့ ရှိစုမဲ့စုလေး အလဟသဖြစ်ခဲ့တာ တွေးပြီး ရင်နာတယ်။
    အဓိက ၇၅ကျပ်တန် တွေသိမ်းတော့ စာမေးပွဲရက်ကြီး ထင်ရဲ့။
    ပြီးတော့ ကျောင်းတွေပိတ် ရော။ စာမေးပွဲ တောင် မပြီးဘူး။
    အမှတ်တရ လေးတွေ ဖော်ပေးလို့ ကျေးဇူးဘဲ သဲနုရေ။ 🙂

    • Thel Nu Aye

      March 22, 2012 at 9:41 am

      ဟုတ်တယ်အရီးလတ်ရေ။ ပိုက်ဆံတွေသိမ်းတော့ လခထုပ်ရက်ကြီးဆိုတာမှတ်မိနေတယ်။ ကျွန်မ တို့ ၆ တန်းပေါ့။ လခလဲထုပ်ပြီးရော ဆရာမတွေပါသွားလို့စာတောင်မသင်နိုင်ပဲ ငိုနေကြတာမှတ် မိသေးတယ်။ ကျွန်မတို့ကတော့ဘာသိမလဲ။ စာမသင်ရလို့ပျော်နေတာပေါ့။ အိမ်လဲပြန်ရောက် ရောအမေတို့လဲငွေထုပ်ကြီးရှေ့ချပြီးစိတ်ညစ်နေကြမှပဲ ကိုယ်လဲစုဘူးပြေး ဖွင့် တော့ ၂၅ ကျပ်တန်တရွက်ပါသွားတယ်။ ဟီဟိ။ နောက်မကြာဘူးကျောင်းသားတွေ ဆန္ဒပြ လို့ဆိုပြီး ကျွန်မတို့ကျောင်းတွေပါ ၁ လလောက်ပိတ်လိုက်တယ်။

  • aye.kk

    March 22, 2012 at 6:56 am

    သဲနုရေ…
    မမြင်ဖူးသေးတဲ့ပိုက်ဆံလေးတွေ..
    မြင်ဘူးသွားလို ့ကျေးဇူးပါနော်။။

  • mocho

    March 22, 2012 at 10:51 am

    အမသဲနုရေ
    ဒင်္ဂါးတို့ ပိုက်ဆံ တို့ဆိုတာ လူမျိုး တမျိုး ၊နိုင်ငံ တနိုင်ငံရဲ့သမိုင်း မှတ်တိုင် တခုဆိုရင် မမှားပါဘူး။

  • kyeemite

    March 22, 2012 at 1:31 pm

    ကျုပ်တို့တိုင်းပြည်မတော့
    ငွေစက္ကူပေါ် ဗိုလ်ချုပ်ပုံတင်ဖို့နေနေသာသာ
    ဗိုလ်ချုပ်ပုံကပ်ထားတဲ့ကားတောင် နန်းတွင်းပေးမဝင်နိုင်သေးဘူးတဲ့..
    ကောင်းကြသေးရဲ့လားအရပ်ကတို့ရေ့…
    ၁၅ကျပ်တန်ကျန်သွားတယ် ကိုသဲနုအေးရေ..

  • Thel Nu Aye

    March 22, 2012 at 5:02 pm

    သဂျီးရေ။ အရေးပေါ်အရေးပေါ်။ အခုကျွန်မတင်လိုက်တဲ့ပိုစ့်ကဘာတွေဖြစ်ကုန်တာလဲ မသိဘူး။ ဖျက်ပေးပါအုံး။ အသစ်တင်လိုက်မယ်။ ကွန်မင့်တောင်ပေးလို့မရဘူးဖြစ်နေတယ်။

    • Thel Nu Aye

      March 22, 2012 at 5:35 pm

      ဗိုလ်ချုပ်အောင်ဆန်းပိုစ့်ကိုပြောတာ။

  • Mလုလင်

    March 26, 2012 at 10:49 pm

    တီတီ သဲနုအေး ရေ … အဲလို ပိုက်ဆံ တွေတော့ ..တစ် ရွက် စီ တစ်စေ့ စီ လောက် လိုချင်သား ..

    • Thel Nu Aye

      March 27, 2012 at 9:49 am

      ရပါ့ရပါ့ တစုံ ၅ သောင်းလောက်ရှိတယ်။ ယူမလား။ ဟီဟိ

      • Mလုလင်

        March 27, 2012 at 12:27 pm

        အစစ်တွေ အကုန် စုံတယ် ဆိုရင်တော့ ကြည့်ချင်သား .. တီတီ ရေ .. လခ ထုတ် ရင် စဉ်းစားမယ်။

Leave a Reply