တောင်ကြီး မြို့တွင် Our Lovely World – တို့ချစ်တဲ့ကမ္ဘာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြပွဲ ကျင်းပ

VenusJune 10, 20101min1263

“ကျွန်ုပ်တို့သည် ဤမြေကမ္ဘာကို ဘိုးဘွားတို့ထံမှာ အမွေခံခဲ့ခြင်း မဟုတ်။

ကျွန်ုပ်တို့၏ သားမြေးများထံမှာ ငှားယူထားခြင်း ဖြစ်သည်။

အကယ်၍ ဤကမ္ဘာမြေကို

ကျွန်ုပ်တို့၏ သားသမီးများအား နေချင်စဖွယ်နေရာအဖြစ် ပေးအပ်ခဲ့မည် ဆိုပါက

လှပစိုပြည်၍ ပျော်ရွှင်စရာကောင်းသော သဘာဝပတ်ဝန်းကျင်ကို

ယခုချက်ချင်းဖန်တီးကြရန် ကျွန်ုပ်တို့၌ တာဝန်ရှိနေပြီ ဖြစ်သည်”

-DR Mostafa K Tolba (Executive Director) ,United Nation Environment Program

တောင်ကြီးမြို့တွင် “တို့ချစ်တဲ့ကမ္ဘာ Our Lovely World ” အမည်ဖြင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ပြပွဲတရပ်ကို ယဉ်ကျေးမှုပြတိုက်နှင့်စာကြည့်တိုက် (တောင်ကြီး) နှင့် ဝါသနာရှင်လူငယ်များ ပူးပေါင်း၍ ယဉ်ကျေးမှုပြတိုက် (တောင်ကြီး) တွင် ၈.၆.၂၀၁ဝ နေ့က ဖွင့်လှစ်ခဲ့သည်။ ပြပွဲတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်ရေးဆိုင်ရာ ဗဟုသုတများကို ပန်းချီများ၊ဓါတ်ပုံများ လက်မှုအနုပညာများဖြင့် ဖန်တီးထားသည်။ ကျောင်းသားကျောင်းသူလေးများ၏ ပန်းချီလက်ရာများကို ကြည့်ရှု နိုင်သည့်အပြင် ကာတွန်းများ သရုပ်ဖော်ပုံများ ဖြင့်လည်း ဗဟုသုတပေးထားသည်။ ပြပွဲလာသူများအား ပတ်ဝန်းကျင်ထိန်းသိမ်းရေထင်မြင်ချက်များကို သစ်ပင်ပုံလေးများအပေါ်တွင်ရေးချစေပြီး ခန်းမအဝင်ဝတွင်ရှိသည့် တောင်ကတုံးပုံကားချပ်ပေါ်တွင် အမှတ်တရ ကပ်သွားစေသည်မှာ ထိရောက်သည့် ပညာပေးတခု ဖြစ်သည်။ ပြပွဲလာသူများကို သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ ပညာပေး Video Cd များလည်း အခမဲ့ဝေငှပါသည်။ပြပွဲကို ၈.၆.၂၀၁ဝ မှ ၁၃.၆.၂၀၁ဝ ထိ မနက် (၉) နာရီမှ ညနေ (၅) နာရီထိ ဖွင့်လှစ်ပြသထားမည် ဖြစ်ပါသည်။

3 comments

  • သတင်းလူသား

    June 11, 2010 at 7:43 pm

    ယနေ့ကမ္ဘာဟာ သဘာဝဘေးအန္တရာယ်ဆိုးပေါင်းမြောက်များစွာနဲ့ ရင်ဆိုင်နေရပါတယ်။ အဲဒါကလည်း လူတွေကြောင့်လို့ပဲပြောရမှာဖြစ်ပါတယ်။ လူတွေမဆင်မခြင်လုပ်ဆောင်ရာကနေဖြစ်လာတာပါ။ ဒါကို အချိန်မီ ဝိုင်းဝန်းထိန်းသိမ်းဖို့လိုပါတယ်။ အဲလိုထိန်းဖို့ဆိုရင် လူထု အသိပညာဗဟုသုတရှိဖို့လိုပါတယ်။ အဲဒီ့အသိပညာဗဟုသုတရှိဖို့က ယခုလိုပွဲမျိုးတွေ စဉ်ဆက်မပြတ်လုပ်သွားမှဖြစ်မှာပါ။ ဒါကြောင့် ဒီလိုပွဲမျိုးများများ ဖြစ်ပေါ်ပါစေ။ လုပ်ဆောင်နိုင်ပါစေလို့ ဆုတောင်းပါတယ်။

  • putenyaung

    June 12, 2010 at 2:25 am

    သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဟာ လူတိုင်းနဲ့ သက်ဆိုင်တဲ့ အလုပ်တစ်ခုပါ…တောင်ကြီးမြို့တွင်မကပဲ တခြား မြို့တိုင်းမြို့တိုုင်းမှာပါ ဒီလို အသိပညာပေး ပြပွဲလေးတွေ ရှိရင် ပိုပြိး အားတက်စရာပါ..တောင်ကြီးမြို့မှ လူငယ်များကိုလည်း အခုလို အားထုတ်မှုတွေ အတွက် ဝမ်းမြောက်ဝမ်းသားဖြစ်ရပါတယ်..နောင်လည်း လူထု အတွက ်အခုလိုမျိုး အကျိုးကျေးဇူး များ စေတဲ့ လုပ်ဆောင်ချက်တွေကို လုပ်ကျပါလို့ တိုက်တွန်းရင်း……….

  • snow white

    March 7, 2012 at 12:29 pm

    သဘာပတ်ဝန်းကျင် စိမ်းလန်းစိုပြေ ရေးဟာလည်း အရေးကြီးတဲ့အချက်တချက်ပါဘဲ

Leave a Reply