“IDIOMS” Drill(2)

TTNUMarch 21, 20122min39645

Idioms ကာလဒေသအလိုက် သုံးနှုန်းပုံ၊ ဓလေ့သုံးစကား၊/ ဥပစာစကား

(ကျမ်းကိုး။ Idiom drills by George P. McCallum 1990.)

IDIOMS (DRILL 2)

A: Every now and then I get hungry for French food.
ခဏခဏဆိုသလို ငါပြင်သစ်အစားအစာစားချင်တယ်။
B: There’s a good French restaurant near here. Let’s go sometime.
ဒီနားတင်ပြင်သစ်စားသောက်ဆိုင်ကောင်းကောင်းရှိတယ်၊ တစ်ခါလောက်သွားစားကြရအောင်။
A: Why not tonight?
ဒီညသွားမလား။
B: No, not tonight. You have to make reservations in advance. It’s a very popular place. Besides, it’s expensive. And I don’t have any money.
ဟင့်အင်း၊ ဒီည မသွားသေးဘူး။ ကြိုမှာထားရမှာ။ အဲဒီနေရာက လူကြိုက်များတယ်၊ပြီးတော့ ဈေးကြီးတယ်။ ပြီးတော့ ငါ့မှာ ပိုက်ဆံမရှိဘူးကွ။
A: I’m broke, too. Let’s save our money and go next week.
ငါလည်းဘိုင်ပြတ်နေတာ၊ တို့တွေ ပိုက်ဆံစုပြီး ရှေ ့တစ်ပတ် မှသွားကြစို့။
B: Okay. But how?
ဟုတ်ပါပြီ။ ဒါပေမဲ့ ဘယ်လိုစုမှာလဲ။
A: We could do without lunch this week.
ငါတို့ ဒီတစ်ပတ် နေ့လည်စာ မစားဘဲနေရင်ရတာပေါ့။
B: Do you mean every day? I don’t feel up to that.
နေ့တိုင်း လို့ ပြောတာလား၊ ငါတော့ မလုပ်ချင်ဘူးကွာ။
A: Well, then every other day.
ကဲ၊ အဲဒီလိုဆိုလဲ တစ်ရက်ခြားတစ်ခါပေါ့လေ။

ရှင်းလင်းချက်

(၇) every now and then
ခဏခဏမကြာမကြာဆိုသလိုပဲ။
Every now and then I like to take a walk in the country.
ခဏခဏမကြာမကြာဆိုသလိုပဲ ကျေးလက်ဘက်ကို ငါ လမ်းလျှောက်ထွက်ချင်တယ်။

(၈) in advance
ကြိုတင်၍။
If you want to see that play, you should buy your tickets in advance.
အဲဒီပြဇာတ်ကြည့်ချင်ရင် လက်မှတ် ကြိုတင်၍ ဝယ်သင့်ပါတယ်။

(၉) be broke
ဘိုင်ပြတ်နေတယ်။
I’d like to go to the concert with you, but I’m broke.
ငါမင်းနဲ့ ကပွဲသွားချင်ပါတယ်၊ ဒါပေမဲ့ ငါ ဘိုင်ပြတ်နေတယ်။

(၁၀) do without
မပါဘဲနဲ့ ဖြစ်တယ်။
If there’s no butter for our bread, we’ll do without.
ငါတို့ပေါင်မုန့်အတွက် ထောပတ်မရှိရင်လည်း ငါတို့ ထောပတ်မပါဘဲ စားလို့ဖြစ်ပါတယ်။

(၁၁) feel up to
လုပ်ချင်စိတ်၊ လုပ်နိုင်စွမ်းရှိတယ်။
I ought to go to my friend’s wedding, but I just don’t feel up to it now.
သူငယ်ချင်းမင်္ဂလာဆောင်ကို သွားသင့်တယ်၊ ဒါပေမဲ့ ငါ အခု သွားချင်စိတ်ကို မရှိဘူး။

(၁၂) every other day
တစ်ရက်ခြား။
This class meets every other day, not every day.
ဒီအတန်းနေ့တိုင်းမရှိပါ၊ တစ်ရက်ခြားတွေ့ကြပါမယ်။

45 comments

  • windtalker

    March 21, 2012 at 1:35 pm

    I wanna go to NgaPaLi beach in thingyan festival , but I’m broke now !

    • TTNU

      March 21, 2012 at 1:47 pm

      Maung Pe,
      If you’re broke, it’s a good idea to ask Ko Pauk to share
      the charges for the trip to Ngapali. 😛

  • blackchaw

    March 21, 2012 at 1:38 pm

    တီချယ်ကြီးခင်ဗျာ။
    စောစောစီးစီး သင်တန်းဝင်တက်သွားပါတယ်ခင်ဗျာ။
    ဒါတောင် ရှေ့က မောင်ပေ က လွှတ်မြန်နေလို့
    သူက ပထမရသွားသေးတယ်။
    🙂

    • TTNU

      March 21, 2012 at 2:05 pm

      ကိုချောရေ…
      သင်တန်းစောစောလာတဲ့ ကလေးတွေ
      တန်းစီ။
      လက်ပိုက်ပါ။
      ချောကလက် တစ်လုံးစီကျွေးမယ်နော်။

  • mocho

    March 21, 2012 at 1:55 pm

    မှတ်သားသွားပါတယ် တီချယ်ကြီးရေ။ မိုချိုက အင်္ဂလိပ်စာ ညံ့တော့ အင်္ဂလိပ်စာသင်တဲ့ ဆရာ၊ဆရာမတွေနဲ့ အင်္ဂလိပ်စာ ထူးချွန်တဲ့ သူတွေကို အရမ်းလေးစား အားကျပါတယ်။

    • TTNU

      March 21, 2012 at 2:57 pm

      မိုချိုရေ…
      ကျေးဇူးပါနော်။
      ကူးယူပြီးကျက်ထားနော်။
      မှတ်ထားဖို့ပြောတာပါ။
      တီချာနု

  • ဖားသက်ပြင်း

    March 21, 2012 at 2:12 pm

    I really wanna go IZAGAYA(ဒါကိုလီရှိဗက်) every now and then.
    But i’m (totally, truely, traditionally, thickly) broke.
    😀

    သများ …မွဲနေလို့ဘာဂျာ…..
    ဖွတ်တောင် ဖွတ်ကျား မဟုတ်တော့ဘာဘူး…
    အကုန်ပြောင်သွားတဲ့
    ပုံ
    မောင်ဖွတ်ပြောင်

    • TTNU

      March 21, 2012 at 3:00 pm

      Saya Gi,
      တင်ထားတဲ့ ပရိုဖိုင်ပုံကြောင့် ပြောင်သွားတာ။
      ဓာတ်ပုံအကျော်အမော်ပဲ၊ ပုံလှလှလေးတွေ ကြည့်ချင်တယ်။
      ဒါပဲ။
      🙄
      တီချာနု

  • yaungchikha

    March 21, 2012 at 2:40 pm

    သင်တန်းတက်သွားပါတယ် ဆရာမကြီး၊ ကူးလည်း ကူးသွားပါတယ်နော်..

  • ahnyartamar

    March 21, 2012 at 2:41 pm

    I’m waiting Idioms Drill (2), now come up.
    Thank you Teacher………

  • koaung

    March 21, 2012 at 2:49 pm

    တီချာကြီးရေ သင်တန်းးလာတက်သွားပါတယ်ဗျာ :mrgreen:

  • TTNU

    March 21, 2012 at 3:04 pm

    ရောင်ခြည်ခ၊
    အညာတမာ၊
    ကိုအောင်၊ တို့ရေ….

    Drill (2) လာပါပြီ။ ကူးထားပြီးလေ့လာတိုးပွားမှတ်သားနိုင်ကြပါစေ။

    မေတ္တာစေတနာဖြင့်
    တီချာနု

  • star flower

    March 21, 2012 at 4:06 pm

    thanks a lot teacher

  • pooch

    March 21, 2012 at 7:21 pm

    တီချယ် အခါနား နီးလို့ ရေလာကန်တော့ရင် မုန့်ဖိုးပေးပါနော်။
    i’m broke every now and then , in advance, every other day and always.. :mrgreen:

  • MaMa

    March 21, 2012 at 8:53 pm

    တီချာကြီးရှင့်-သင်တန်းတက်ပြီး ဖတ်သွားပါတယ်။ ကျက်ဖို့ ကူးထားတာတွေများနေပြီဆိုပေမယ့် အာဂုံဆောင်မှ အာဂလူလို့ ဒေါ်ခင်လှတင့် (ဓမ္မဗျူဟာ) က ပြောကြားဖူးတော့ အာဂ လူတော့ မဖြစ်သေးပါကြောင်း ဝန်ခံသွားပါတယ်။

    • kai

      March 23, 2012 at 11:33 am

      တီချယ်ရေ.. စသင်ခန်းထဲ.. ဝင်ရှုှုပ်တာကို ခွင့်လွှတ်ပါနော…
      =
      ဒီလို..
      ဖတ်ဖူးတဲ့…. ရယ်စရာလေးသတိရမိလို့ပါ..။
      ဒီလို..
      စကားအထအန အင်မတန်ကောက်တတ်တဲ့ လူကြီးတယောက်ရှိသတဲ့..
      တနေ့တေ့ာ..သူ့ကို လူတယောက်က..အာဂလူပဲလို့ပြောလို့ဆိုပြီး.. စိတ်ဆိုးပြီး ထရိုက်ပါတယ်..
      ဘေးကလူတွေက.. ဝိုင်းဆွဲရင်းမေးတာပေါ့..
      ဘာဖြစ်လို့..ဒေါသတွေထွက်.. ရိုက်မယ်ပြုမယ်ဖြစ်ရတာလည်းလို့ပေါ့..
      သူ.. ရှင်းပြတာက…
      “အာဂလူ.”. ဆိုတာ.. မြန်မာလို ပြောင်းပြန်စကားလှည့်ရင်.. “အူကလာ”တာတဲ့..
      အူကလာတာက.. “ချီး”ပဲရှိတာမို့..
      သူ့ကို ချီးလို့ပြောတာဆိုပြီး စိတ်ဆိုးခြင်းဖြစ်ပါတယ်တဲ့…

      ဆိုတော့..
      “အာဂလူ”ဖြစ်ချင်သေးလား..လို့.. ဟင်င်င်… 😆
      =
      စိတ်မဆိုးနဲ့နော…။
      =
      တီချယ်စာသင်ခန်းထဲပါအောင်.. အသုံးဝင်တာလေးတခုပြောချင်လို့..
      အယ်လ်အေ ဒေါင်းတောင်းမှာ လမ်းဘေးကားခဏရပ်ရင်.. ကားမှန်ကို..အဝတ်တခုနဲ့ဖမ်းသုတ်ပြီး ပိုက်ဆံတောင်းသူတွေရှိတယ်..။
      အဲဒါ..
      I’m broke, no job ဆိုရင်.. စပ်ဖြဲဖြဲနဲ့.. လစ်ရောပဲ..
      အသုံးဝင်တယ်ဗျ..
      သူတို့အတွက်.. broke ဆိုတာ.. တော်တော်ဘိုင်ပြတ်မှသုံးပုံရတယ်..။ :mrgreen:

      • TTNU

        March 25, 2012 at 11:48 am

        Kai ရေ…
        တီချာ အူကလာတာမဟုတ်ဘူးနော်။ မန ္တလေးကလာတာ။:P
        အာဂလူလည်းမဖြစ်ချင်ပါဘူးတော်။
        ရိုးရိုးလူဘဝနဲ့တောင် မူးနောက်နေပါပြီ။

        ကိုခိုင်ရေ.. တို့ရွာတွေမှာ အဲဒီလို I’m broke. ဆိုရင် (ကိုဘကြိုင်)လို့
        ခေါ်တာတော့။ 😆

        • နေဝန်းနီ

          March 25, 2012 at 6:39 pm

          ကျွန်တော်ကိုခေါ်တာလားခင်ဗျား …. ကိုဘကြိုင်လို့ ဘယ်နဲ့ နာမယ်ရင်း ကို ဘယ်လိုသိသွားပါလိမ့်နော်….. 😛 😛 😛

  • TTNU

    March 21, 2012 at 9:27 pm

    Star Flower ရေ…ဖတ်ပါမှတ်ပါနော်။
    Pooch ရေ… ပေးရမှာပေါ့ကွယ်။ဒီနေ့ ပင်စင်ထုတ်ထားတယ်။ 🙂
    မမရေ… အာဂလူဖြစ်အောင် အာဂုံဆောင် အလွတ်မကျက်နိုင်တောင်မှ
    memorize ဖြစ်အောင်လုပ်နိုင်ရင်ရပါပြီကွယ်။ 😆

    တီချာနု

  • Swal Taw Ywet

    March 21, 2012 at 11:27 pm

    Dear teacher,
    Really thank you for your valuable posts.
    But …..
    Here, Doha, QATAR, we are facing Broken English such as-
    ” Salary coming- I paying” ( at the grocery store ).
    Most of the workers from India, Parkistan are poorer than our Myanmar.
    From A to Z, they could not write down.
    We have to use only simple present- ( if we use past tense they don’t know it. )
    Example—
    Yesterday, you go, me go, OK?
    We open this, OK?
    Now No water. OK?
    It is NO OK for us.
    Now complain .OK?
    ……
    ……
    So.. when I have time at Mandalay, please let me attend your classes.
    With respect,
    Swal Taw Ywet.

    • TTNU

      March 22, 2012 at 8:37 pm

      Dear Swal Taw Ywet,
      Yeah, it’s true that do in Rome as the Romans do.
      You need to, however, practise the correct English so that
      you might be able to communicate with any native speakers
      to share your thoughts and feelings if necessary.

      When making other people understand you, informal language
      could be used despite the broken one. Huh? 😛

  • zun zun

    March 21, 2012 at 11:28 pm

    I use the internet every other day.
    In fact , I wanna use every now and then,
    but if I do so, I will be broke.
    Really like this post, and thanks

    • TTNU

      March 22, 2012 at 8:43 pm

      Dear Zun Zun,

      Thank you for liking my post.And the way you construct
      the sentences ,using the idioms explained in the post
      is lovely. 🙂

  • Khin Latt

    March 22, 2012 at 4:15 am

    တီချယ်ကြီးရှင့်

    ကျွန်မတို့ ဂေဇက် ရွာသူ/သား တွေ awesome သင်ခန်းစာလေး တစ်ပုဒ် ရခဲ့ပြန်ပါပြီ။
    သင်တန်းအဝင်နောက်ကျ နေတာ ခွင့်လွှတ် ပါ တီချယ်ရေ။

    သူများ လခစား ဘဝ ဆိုတော့ every now and then ခေါင်းစားရပါတယ်။
    မြန်မာပြည် က လုပ်ငန်း တစ်ချို့ တွေမှာ တော့ စာရင်းကိုင် စနစ်တို့၊ လစာပေး စနစ်တို့ အတွက် ကွန်ပျူတာစနစ် က do without ဖြစ်လို့ရနေသေးထင်ရဲ့။
    မလတ် အလုပ်မှာတော့ အဲလို ကွန်ပျူတာစနစ် လုပ်ဖို့ feel up to မဖြစ်လဲ မလုပ်မနေ လုပ်ရပါတယ်။
    အဲဒီ ကွန်ပျူတာစနစ် တွေ ကို ထွင် တဲ့ ကုမ္ပဏီ တွေဟာ စနစ် တွေ အဆင့်မြှင့်ဖို့ ကို နှစ်ဆန်းပြီး ကထဲ စပြီး in advance သတိပေးနေပါ တော့တယ်။
    ကိုယ့် လုပ်ငန်းက broke ဖြစ်နေရင်တော့ လဲ စနစ် တွေ ကို နှစ်တိုင်း အဆင့်မမြှင့်နိုင် ဘူး ပေါ့လေ။
    ဒါပေမဲ့လဲ အဲဒီလို စနစ်တွေ အဆင့်မြှင့်ဖို့ ကို every other year တော့ မလုပ်မဖြစ် လုပ်သင့် ပါ တယ်။

    တီချယ်ကြီး ထံမှ အမှတ်လိုချင်လို့ ဒီလို အိမ်စာ လုပ်ခဲ့ခြင်း မဟုတ်ပါ။
    မလတ်လဲ အားလုံး နဲ့ အတူတူပါဘဲ။
    တီချယ်ကြီး ရဲ့ မလတ်တို့ အပေါ်ထားတဲ့ စိတ်စေတနာ နဲ့ ပေးခဲ့တဲ့အချိန် ကို လေးစား လွန်း လို့ တတ်နိုင် သလောက် ကြိုးစားခဲ့ခြင်းဖြစ်ပါတယ်။
    တကယ်တော့ မလတ် က အင်္ဂလိပ်စာ ညံ့ပါတယ်။
    အခုတော့ ကြိုးစား နေပါတယ် တီချယ်ကြီးရှင့်။ 🙂

    ရိုသေလေးစားချစ်ခင်စွာဖြင့်
    မလတ်

    • TTNU

      March 22, 2012 at 8:47 pm

      မလတ်ရေ…
      တီချာမနေ့က မဖတ်မိတာနဲ့ စာမျက်နှာ(၂)မှာ
      ပြန်ခေါ်ဖတ်တော့မှ မလတ် မန်းထားတာတွေ့ရတာ။
      တီချာတောင်တွေးနေသေးတယ်။ မလတ် ဒီတစ်ခါမလာပါလားလို့။
      တော်ပါသေးရဲ ့။ ပြန်ရစ်မိလို့။
      Best Comment လေးရွေးလိုက်တယ်နော်။
      တီချာနု

  • ကြောင်ကြီး

    March 22, 2012 at 9:15 am

    every now and then I get angry with Kaymone Lay. I don’t feel up to fighting with her because she is my dream boss.

    • TTNU

      March 22, 2012 at 8:51 pm

      ကိုကြီးကြောင်ရေ…
      ကျေးဇူးပါနော်။

  • padonmar

    March 23, 2012 at 4:52 am

    တီချာကြီးရှင့်
    I get ideas to write posts for MG every now and then.
    But sometimes I don’t feel up to write down it .
    So,I screw myself to read other persons’ posts and comment them appropriately .
    I try to visit MG at least every other day.
    …………………………………………….
    Dear Ma Latt,
    CONGRATULATIONS!!!!!!!!!!!!!!!!!!!!!!!!! for THREE STARS.

    • Khin Latt

      March 23, 2012 at 6:06 am

      ဒီရွာသူ/သား တွေဟာ တကယ်ကို ချစ်ဖို့ကောင်းတာပါဘဲ။

      တီချယ်ကြီးပေးတဲ့ အမှတ်တွေ နဲ့ ကြယ်တွေ တိုးသွားတာ။
      ကျေးဇူးတင်ပါတယ် တီချယ်ကြီးရှင့်။

      ဒါပေသည့် နောက်ကို ထပ်တိုးပြီး မလိုချင်တော့ပါဘူး။
      ကျွန်မ ဒီကြယ်တွေ ပိုလာတာ မကြိုက်ပါဘူး။
      ကျွန်မ က သူများ တွေထက်ပိုပြီး အင်တာနက်ပေါ် မှာထိုင်နေတော့ သူများတွေ ထက် ရွာထဲမှာ ပိုအနေများပြီး မှတ်ချက်တွေ ထိုင်ပေးနေနိုင်လို့ပါ။
      ကိုးနတ်ရှင်ကလဲ ကောင်းမှကောင်း ဆိုတော့ ကျွန်မ မှာ သူများတွေထက် အခွင့်ပိုသာရနေတာပါ။
      အားလုံး နဲ့ အတူတူ ဘဲ ဖြစ်နေချင်ပါတယ်။အမှန်ပြောတာပါ။

      အားလုံးက ရွာကြီး ကို တတ်နိုင်တဲ့ အချိန်လေးတွေ ပေးပြီး စည်ပင်အောင်လုပ်နေတာမို့ ကျွန်မက ကြယ်ပိုများနေတာ မဖြစ်သင့်ပါဘူး။
      မြန်မာပြည်က ကိုးနတ်ရှင် မကောင်း တဲ့ကြားက စိတ်ရှည်ရှည် အချိန်ပေး ဝင်နေရသူ တွေ ကို ကျွန်မ တကယ် ဘဲ အားနာပါတယ်။
      ဒီတော့ နောက်ဆို ကျွန်မကို Best Comment မပေးဖို့ တောင်းပန်ပါတယ်။
      ကျွန်မတို့ အားလုံး အတူတူ ကြိုးစားနေကြတာပါ။

      • TTNU

        March 25, 2012 at 11:25 am

        မလတ်ရေ..
        နောက်အစိမ်းမချယ်တော့ပါဘူးနော်။
        တီချာက သဘောကျပြီးချယ်မိတာပါကွယ်။
        အဲဒီလိုကြယ်တွေထွက်လာမှန်းမသိလို့ပါ။

    • Khin Latt

      March 23, 2012 at 6:09 am

      အစ်မပဒုမ္မာ ရယ် ကျေးဇူးပါနော်။

      • htoosan

        March 23, 2012 at 10:35 am

        အရီးလတ်ရေ congratulation ပါ.. အရီးလတ် ရဲ့ တန်ဖိုးရှိတဲ့ ကော့မန့်တွေက အဓိကပါ။ ကိုးနတ်ရှင်နဲ့ မဆိုင်ပါ။
        သူကြီး မှတ်တမ်း တင်ရတော့မယ်ထင်တယ် ။

    • TTNU

      March 25, 2012 at 11:22 am

      ပဒုမ္မာရေ…
      အလည်လာပေးလို့ကျေးဇူးနော်။

  • Gipsy

    March 23, 2012 at 12:42 pm

    Good သည်…
    Read ၍ အဆင်ပြေသည်..
    script ကောင်းပါသည်..
    ending ကောင်းဖိုု့ လိုသည်ဟု ထင်သည်…
    intellectual class ရွာတွင် အများကြီးရှိနေသည်…
    ကျွန်ုပ် သည်ကား flippant သူ ဖြစ်ချေသည်တကား….။

    • TTNU

      March 25, 2012 at 11:30 am

      Gipsy ရေ..
      မောင်ရင်က Flippant မဟုတ်ပါဘူးအေဟဲ့။
      ပြောပေးပါဦး။ ဘယ်လို ending ရမလဲဆိုတာ။
      ကျေးဇူးတင်စွာဖြင့်
      တီချာနု

  • တီချယ်ကြီးခင်ဗျာ ….
    မင်္ဂလာပါ …

    ကျနော် သဘောကျတဲ့ အီဒီယမ် လေးတွေကို နမူနာလေးနဲ့ လေ့ကျင့်ကြည့်မယ်နော် …

    Every now and then I like to get salary.
    Just now, I’m broke because my salary have gone. ……. 😀

    တီချယ်ကြီးရေ …
    စစ်ပေးပါဦးနော် …

    မောင်ကျောင်းသား … အံစာတုံး

  • kyeemite

    March 24, 2012 at 10:34 am

    ကျောင်းတက်နောက်ကျလို့ခွင့်လွှတ်ပါခင်ဗျား
    ကျွန်တော့အကြော်လေးတွေကုန်အောင်ရောင်းနေရသေးလို့ပါ…
    စာကျက်လိုက်အုံးမယ်တီချယ်ရေ..

    • TTNU

      March 25, 2012 at 11:42 am

      ကိုကြီးမိုက်ရေ…
      အကြော်ရောင်းရင်းစာကျက်တာလား။ 😛
      လိမ္မာလိုက်တာနော်။

  • TTNU

    March 25, 2012 at 11:39 am

    အံစာ The Great ရေ…

    {Every now and then I like to get salary.}
    {Just now, I’m broke because my salary have gone.}

    I’d like to get my salary. ဆိုရင်ပိုချောမလားပဲ၊
    my salary have gone. သုံးရင် Verb က အများ plural ဖြစ်နေတယ်။
    ဒီလိုလေးသုံးကြည့်ပါလား။ “I’ve run out of money.”
    “My salary has run out”.

    ဆရာလုပ်တယ်မထင်ပါနဲ့နော်။
    တီချာနု

    • တီချယ်ကြီးခင်ဗျာ ..
      ခုလို ပြင်ပေးတာ ကျေးဇူးပါဗျို့ …
      ပြီးတော့ တီချယ်ကြီးကို ကျနော်ရဲ့ ဆရာတစ်ယောက်အဖြစ် ရှုမြင်ထားတာပါလို့ …
      ဒါကြောင့်မို့ ကျနော်ရဲ့ အမှားတွေကို ထောက်ပြပေးပါ၊ ပြင်ဆင်ပေးပါ၊ မလိမ္မာတာရှိရင် ဆိုဆုံးမပေးပါ တီချယ်ကြီး ခင်ဗျာ …

      gone နဲ့ run out က ဘယ်လိုမျိုး ကွာခြားတယ်၊ ဘယ်နေရာမှာ ဘယ်လိုလေး သုံးရင် ကောင်းတယ် ဆိုတာလေးလည်း ပြောပြပေးပါဦးလား ခင်ဗျာ …

      လေးစား၊ ခင်မင်စွာဖြင့်
      အံစာတုံး

  • htet way

    March 26, 2012 at 8:17 am

    ပုံမှန်သင်ခန်းစာ အဖြစ်လေ့လာချင်ပါတယ်။
    တီချယ်ကြီး ပို့ချပေးပါရန်မေတ္တာရပ်ခံပါတယ်။
    လေးစားလျှက်
    ထက်ဝေး

  • KZ

    February 4, 2014 at 7:25 am

    ဒီ သင်ခန်းစာလေး မြင်တော့ တီချာဆီမှာ နေခဲ့ဖူးတဲ့ လွန်ခဲ့တဲ့ ၁၅ နှစ်ကာလကိုလွမ်းသွားတယ်။
    အချိန်တွေကုန်တာမြန်ချက်။
    😥

  • ဒညင်းဝက်

    February 4, 2014 at 11:56 am

    ပိုစ့်အဟောင်းလေးပဲ…
    ပြန်ဖတ်တော့လည်း… အသစ်လိုပါပဲ.. .

Leave a Reply