ဟာသ အတိုအထွာ – ၂

True FaithJune 10, 20101min1518

ညဝတ် အချစ်အင်္ကျ ီ

အသက်အတော်ကြီးပြီဖြစ်တဲ့ အဘွားအိုတယောက်ဟာ သူ့ရဲ့ တဦးတည်းသောသားကို အိမ်ထောင်ချပေးပြီးတဲ့နောက် တလလောက်ကြာတော့ အိမ်ခွဲနေတဲ့ သားဖြစ်သူရဲ့အိမ်ကို သွားလည်တယ်။

အဘွားအိုဟာ အိမ်တံခါးကို ခေါက်လိုက်တယ်။

“ဒေါက်” “ဒေါက်” “ဒေါက်”

မကြာခင် ချွေးမဖြစ်သူက တံခါးလာဖွင့်တယ်။  သူ့ချွေးမကို ကြည့်လိုက်တော့ အဘွားအို အံ့ဩသွားတယ်။

“ဟဲ့ နင်က ဘာမှလည်း ဝတ်မထားပါလား”

“ဒါက ယောက်ျားတွေ သိပ်နှစ်သက်တဲ့ ညဝတ်အချစ်အင်္ကျ ီလို့ ခေါ်တယ် အမေရဲ့”

ချွေးမစကားကိုကြားတော့ အဘွားအိုက သိပ်သဘောကျသွားပြီး အိမ်ထဲ မဝင်တော့ဘဲ ပြန်သွားတယ်။ အိမ်ရောက်တော့ ရေမိုးချိုး၊ အမွှေးနံ့သာတွေ လိမ်းပြိး ညဝတ် အချစ်အင်္ကျ ီနဲ့

သူ့ယောက်ျားအဘိုးကြီး ပြန်အလာကို စောင့်နေတယ်။

မကြာခင်မှာပဲ တံခါးခေါက်သံကြားလို့ တံခါ်းသွားဖွင့်တော့ အဘိုးကြီးက သူ့မိန်းမကိုမြင်ပြီး အံ့ဩစွာနဲ့ …

“မင်းက ဒီနေ့ ဘာစိတ်ကူးတွေ ပေါက်နေတာလဲ”

အဘိုးကြီးအမေးကို အဘွားကြီးက ပြုံးစစနဲ့ ပြန်ဖြေတယ်။

“ဒါက ညဝတ်အချစ်အင်္ကျ ီလို့ခေါ်တယ် အဖေကြီးရဲ့”

အဘွားကြီးစကားကိုကြားတော့ အဘိုးကြီးက စိတ်ပျက်လက်ပျက်နဲ့ ပြောလိုက်တယ်။

“မင့် အင်္ကျ ီက မီးပူထိုးဖို့ လိုအပ်နေပြီကွ။ ဟိုမှာကြည့်ပါဦး။  ကြယ်သီးနှစ်လုံးကလည်း  ပြုတ်ထွက်တော့မယ်”

(မဇ္ဈိမဂျာနယ်က ဟာသတခုပါ။)

…………………………………………………………………………………………………..

မနက်စာ

“ဟေ့ စားပွဲထိုး…။ မင်းတို့ဟိုတယ်ရဲ့ မနက်စာက ညံ့လှချည်လားကွ။ မန်နေဂျာကို ခေါ်စမ်းကွာ”

“မန်နေဂျာ မရှိဘူး ခင်ဗျ”

“ဘယ်သွားသလဲ”

“အပြင်မှာ မနက်စာ သွားစားပါတယ်”

(ဆရာကံချွန်ရဲ့ ဟာသတခုပါ။ ဖတ်ဖူးတာကို ပြန်ရေးထားတာပါ။)

………………………………………………………………………………………………

လူမှားခြင်း

တနေ့မှာ အမျိုးသမီးတယောက်ဟာ နေမကောင်းတဲ့ လသားအရွယ်ကလေးငယ်ကို ဆေးခန်း လာပြတယ်။ ဆရာဝန်က ကလေးကို စမ်းသပ်တဲ့အခါ ကလေးဟာ နို့မဝလို့ နေမကောင်း ဖြစ်နေတာကို သိလိုက်တယ်။

“ကလေးကို နို့မတိုက်ဘူးလား”

“နို့လည်းတိုက်တယ်။ နို့မှုန့်လည်း ဖျော်တိုက်တယ် ဆရာ”

“ကျနော် ခင်ဗျားကို နည်းနည်း စမ်းသပ်ကြည့်ချင်တယ်”

ဆရာဝန်ရဲ့ စကားကိုကြားတော့ အမျိုးသမီးက ရှက်ကို့ ရှက်ကန်းနဲ့…

“ဟို ဟို ကျမကလေ…ကျမက…”

“မရှက်ပါနဲ့ ခင်ဗျ။ ကျနော်က စမ်းသပ်ရုံပါပဲ။ ခဏလေးပါ”

အဲဒီလိုပြောပြီး စမ်းသပ်ခန်းထဲမှာ အမျိုးသမီးရဲ့ နို့တိုက် အင်္ဂ ါတွေကို ဆရာဝန်က

စမ်းသပ်လိုက်တယ်။ ခဏကြာတော့ ဆရာဝန်က အမျိုးသမီးကို အပြစ်တင်တဲ့လေသံနဲ့

ပြောတယ်။

“ကလေးက ဘယ်လိုလုပ် နို့ဝမလဲဗျ။ ခင်ဗျားရဲ့ နို့တိုက်အင်္ဂ ါတွေမှာ နို့ရည်မှ မရှိတာ”

အဲဒီမှာ အမျိုးသမီးက ဒေါသထွက်ထွက်နဲ့ ဆရာဝန်ကို ပြန်ပြောလိုက်တယ်။

“ဘယ်လိုလုပ် နို့ရည်ရှိနိုင်မလဲ။ ကျမက သူ့အဒေါ်ရှင့်…”

(မဇ္ဈိမဂျာနယ်မှ ဖတ်ဖူးသော ဟာသတခုပါ။)

……………………………………………………………………………………………..

မိန်းမပေးစားနည်း

ဖခင် ။   ။ သားရေ.. အဖေ မင်းကို မိန်းမပေးစားမလို့ စီစဉ်နေတယ်ကွ။
သား ။   ။ ကျနော်က ကိုယ့်ကြိုက်တဲ့လူပဲ ကိုယ်ယူမှာ အဖေရ။
ဖခင် ။   ။  ကောင်မလေးက ဘီလ်ဂိတ် သမီးနော်။
သား ။   ။ အော် ဒီလိုလား… ဒါဆိုရင်တော့ အဖေ့ စကားနားထောင်မယ်ဗျာ။

ထို့နောက် ဖခင်သည် ဘီလ်ဂိတ် ထံသို့သွား ပြီး….
ဖခင် ။    ။ ခင်ဗျား သမီးအတွက် အင်မတန်သင့်တော်တဲ့

ကောင်လေးတစ်ယောက် တွေ့ထားတယ်။
ဘီလ်ဂိတ် ။    ။ ကျွန်တော့်သမီးလေးက ငယ်ပါသေးတယ်ဗျာ။
ဖခင် ။    ။ နေအုံး… ဟိုကောင်လေးက ကမ္ဘာ့ဘဏ်ရဲ့ ဒု ဥက္ကဌ ဗျ။
ဘီလ်ဂိတ် ။   ။ အာ.. ဒီလိုဆိုတော့လဲ လက်ခံရမှာပေါ့ဗျာ။

နောက်ဆုံးတွင် ဖခင်သည် ကမ္ဘာ့ဘဏ် ဥက္ကဌ ထံသို့သွားကာ

ဖခင် ။    ။ ဥက္ကဌ ကြီးခင်ဗျား… လစ်လပ်နေတဲ့ ဒု – ဥက္ကဌ ရာထူးအတွက်

အထူးသင့်တော်တဲ့ သူငယ်လေးတစ်ယောက် တွေ့ထားပါတယ်။

ဥက္ကဌ ။   ။ ကျွန်တော်မှာ အဲဒီရာထူးအတွက် ရွေးစရာလူတွေ လိုတာထက် ပိုများနေပါတယ်။

ဖခင် ။  ။ သူငယ်လေးက ဘီလ်ဂိတ်ရဲ့ သားမက်ကလေးနော်။

ဥက္ကဌ ။ ။ ဒီလိုလား…ဒါဆိုရင်တော့  ရပါတယ်ဗျာ။

(ဖြိုးဝေကျော်ရဲ့ဘလော့ဂ်မှာ ဖတ်မိလိုက်တာလေးကို ဝေမျှပါတယ်။)

………………………………………………………………………….

ကျေးဇူးရှင်

စာပေစကားဝိုင်းတခုတွင် စာရေးဆရာပေါက်စတဦးက စကားပြောရင်း သူ့အကြောင်းကို

ထည့်သွင်းပြောဆိုရာတွင်…

“စာပေကို မြတ်နိုးတဲ့စိတ်ကြောင့် ဆေးပညာကို စွန့်လွှတ်ပြီး စာပေလောကထဲကို ခြေစုံပစ်

ဝင်ခဲ့တာပဲဗျာ။ ဆရာဝန်တစ်ယောက်ထက် စာရေးဆရာတယောက်အနေနဲ့ ပြည်သူလူထုကို

ပိုပြီး အကျိုးပြုနိုင်မယ်လို့ ကျနော်ယုံကြည်ထားတယ်”

စကားဆုံးတော့ လူတစ်ယောက်က ထပြောလိုက်တယ်။

“ဆေးပညာ စွန့်လွှတ်လိုက်တာနဲ့တင် ပြည်သူလူထုအတွက် တော်တော်လေး အကျိုးပြုပြီးသား

ဖြစ်သွားပါပြီဗျာ”

(စုဘူး ဘလော့ဂ်က ဖတ်မိတဲ့ ဟာသတစ်ခုပါ။)

………………………………………………………………………………………………………

စောင့်နေသူ

တခါက အရူးဆေးရုံတစ်ခုရဲ့ ဆေးရုံအုပ်ကြီးက လူနာတွေရဲ့ အခြေအနေကို သိချင်တဲ့အတွက်

စမ်းသပ်မှုတခု လုပ်တယ်။ သူစမ်းသပ်ပုံက လူနာတွေကို လ္ဘက်ရည်ခွက်တခွက်စီ

ပေးလိုက်တယ်။

“ကဲ မင်းတို့ကို လ္ဘက်ရည်တိုက်မယ်။ အားလုံးတန်းစီ”

လူနာတွေအားလုံး တန်းစီကြတယ်။ အဲဒီမှာ ဆေးရုံအုပ်ကြီးက ဘာမှထည့်မထားတဲ့ ဓာတ်ဘူး

အလွတ်တစ်လုံးနဲ့ လ္ဘက်ရည်တွေ လိုက်ထည့်ပေးတဲ့ပုံစံလုပ်လိုက်ပြီးတော့…

“ကဲ လ္ဘက်ရည်ထည့်ပြီးပြီ။ အားလုံးသောက်လို့ရပြီ” လို့ ပြောလိုက်တယ်။

လူနာတွေကလည်း ဘာမှမရှိတဲ့ လ္ဘက်ရည်ခွက်ကို အားရပါးရ မော့သောက်လိုက်ကြတယ်။

အဲဒီအထဲမှာ လူနာတယောက်ကတော့ မသောက်ဘဲနဲ့ လ္ဘက်ရည်ခွက်ကို စိုက်ကြည့်နေတာကို

ဆေးရုံအုပ်ကြီးကမြင်တော့ “အင်း ဒီလူနာကတော့ အတော်လေး ရောဂါ

သက်သာသွားပြီ ထင်တယ်”လို့ တွေးလိုက်မိပြီး လူနာကို မေးလိုက်တယ်။

“သူများတွေ အားလုံး လ္ဘက်ရည်သောက်နေကြပြီ။ မင်းကဘာလို့ မသောက်ဘဲ

လ္ဘက်ရည်ခွက်ကို ကြည့်နေတာလဲ ”

လူနာက ပြန်ဖြေလိုက်တယ်။

“ပူနေသေးလို့ ခင်ဗျ”

(သူငယ်ချင်းတယောက် ပြောပြဖူးသော ဟာသတစ်ခု ဖြစ်ပါတယ်။)

…………………………………………………………………………………………………

လွယ်လွန်းလို့


ကျောင်းကပြန်လာတဲ့ မူလတန်းကျောင်းသား မောင်လှကို ကျောင်းမတက်တဲ့ သူငယ်ချင်း

မောင်မြက မေးတယ်။

မောင်မြ ။   ။ ” ကျောင်းမှာ ဘာတွေသင်သလဲကွ”

မောင်လှ ။   ။ “မြန်မာ၊ အင်္ဂလိပ်၊ သချင်္ာ”

မောင်မြ ။   ။ “ဒါဆို မင်းက အင်္ဂလိပ်စကား တတ်သလား”

မောင်လှကလည်း ခပ်ကြွားကြွားနဲ့ ပြန်ဖြေတယ်။

“တတ်တာပေါ့ကွ”

မောင်မြ ။   ။ “ဒါဆို ဒီကိုလာ ဆိုတာကို အင်္ဂလိပ်လို ဘယ်လိုပြောသလဲ”

မောင်လှ ။   ။ “ဒါလေးများ လွယ်လွန်းလို့။ Come here လို့ ပြောရတယ်”

မောင်မြ ။   ။ “အလဲ့ တယ်ဟုတ်ပါလား။ ဒါဆို ဟိုကိုသွား ဆိုရင်ရော”

ဆရာမ သင်ပေးတဲ့အထဲမှာ အဲဒါမပါသေးတော့ မောင်လှအခက်တွေ့ သွားတယ်။

ဒါပေမယ့် ခပ်တည်တည်နဲ့ ပြန်ဖြေလိုက်တယ်။

“ဒါလေးများ လွယ်လွန်းလို့။ ဟိုဘက်ကိုသွားပြီးတော့ Come here လို့ ပြောလိုက်”

(သူငယ်ချင်းတယောက် ပြောပြသော ဟာသတစ်ခုကို ဝေမျှခြင်း ဖြစ်ပါတယ်။)

………………………………………………………………………………………………….

8 comments

  • thihayarzar

    June 10, 2010 at 4:41 pm

    ကောင်းလိုက်တာ .. တော်တော် ရီရတယ် အခုလို စုဆောင်းတင်ပြပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်

  • Amie

    June 10, 2010 at 10:46 pm

    that’s funny …..great!!!!!

  • yannaingech

    June 11, 2010 at 2:21 am

    “မိန်းမပေးစားနည်း” … လေးကိုကြိုက်ပါသည်။ ဟာသသက်သက်မဟုတ်ပါ။ management ရှုထောင့်မှကြည့်လျှင် တွေးစရာတွေပါနေပါသည်။

  • myomaung

    July 8, 2010 at 12:38 pm

    ကောင်းပါတယ်

  • poeei

    March 5, 2011 at 4:18 am

    အရမ်းရယ်ရတယ်။ ကျေးဇူးပဲ

  • poeei

    March 5, 2011 at 4:21 am

    အရမ်းရယ်ရတယ်။ ကျေးဇူးပဲ။

  • နီလေး

    March 5, 2011 at 8:42 am

    ရီစရာလေးတွေကော မှတ်သားစရာလေးတွေကောပဲ

Leave a Reply