နှစ်ကူး ဆုမွန်

manawphyulayMarch 21, 20121min25916

သင်္ကြန်အတာ၊ ခုချိန်ခါမှာ
ဗျာပါပူဆွေး၊ ချစ်သူလေးကို
ရေအေးမေတ္တာ၊ လောင်းလိုပါငြား
မေကားတနယ်၊ မောင်ဝယ်တကျေး
ခရီးဝေးလျက်၊ ကြင်သူသက်ကို
ဖြန်းပက်သွန်းခွင့် မသာပြီ။

ပိတောက်နံ့မွှေး၊ နံ့သာအေးကို
မေ့ပါးပြင်ထက်၊ မွတ်မွတ်ညက်တွင်
ညင်သာဖွဖွ၊ လိမ်းလိုလှလဲ
လက်တွေ့မကျ၊ ဝေးလျလျမို့
မှုန်းချယ် သ-ခွင့် မသာပြီ။

ဘယ်လိုပင်ဝေး၊ ကြားလေသွေးလဲ
မောင့်ကြင်နာနွေး၊ ချစ်စိတ်ထွေးဖြင့်
စိတ်ခြင်းလက်ဆက်၊ ချစ်ခြင်းထပ်ကာ
မေတ္တာရင်းမှန်၊ သည်းထန်ထန်သည်
နီးဖို့အားအင် ဖြစ်မည်တကား …
လက်ချင်းဆက်ဆက် မြဲစေသား။

16 comments

  • အသူရာ

    March 21, 2012 at 3:11 pm

    ဟယ် ပိတောက်ပန်းလေးတွေ လှလိုက်ထှာ
    “ပိတောက်ပန်းလေးတွေ လှိုင်လှိုင် ပွင့်ကြပြီပဲ”
    အားပေးသွားပါတယ် မနောရေ့

  • kaung kin pyar

    March 21, 2012 at 3:44 pm

    အားပေးသွားပါတယ် မမနောရေ….ဒီနှစ်တော့ မြန်မာနှစ်ကူးပုံစံ ဖြစ်မလား၊ ကိုရီးယားနှစ်ကူးပုံစံ ဖြစ်မလား မသိဘူး။

  • chel gyi

    March 21, 2012 at 4:06 pm

    ဒီနှစ်သင်္ကြန် ….ကခုထိအေးစက်နေတာကအမှန်ပဲ…..

  • Khin Kha

    March 21, 2012 at 4:11 pm

    kaung kin pyar ရေ ဟိုမရောက်ဒီမရောက်၊
    အောက်နားတိုတို အပေါ်ကလို၊
    ဒါကိုခေတ်မှီ ဆိုကြသည်။
    အလယ်ကဟ ဖောင်းလာမှ၊
    ဘယ်သူ့အဖေ ခေါ်ရမည်။

  • star flower

    March 21, 2012 at 4:17 pm

    “သင်္ကြန်အတာ၊ ခုချိန်ခါမှာ
    ဗျာပါပူဆွေး၊ ချစ်သူလေးကို
    ရေအေးမေတ္တာ၊ လောင်းလိုပါငြား
    မေကားတနယ်၊ မောင်ဝယ်တကျေး
    ခရီးဝေးလျက်၊ ကြင်သူသက်ကို
    ဖြန်းပက်သွန်းခွင့် မသာပြီ။”

    တိုက်တိုက်ဆိုင်ဆိုင်နော်

    • Gipsy

      March 23, 2012 at 12:20 pm

      ရှစ်ရပ်ခွင်လုံး ၊ တိမ်ပိတ်ဖုံးသော်
      ခြိမ့်အုံးမည့်ဟန် ၊ ရွာမည့်ဟန်နှင့်
      ပန်းမန်ငုံကင်း ၊ မြေနံ့သင်း၍
      ရင်တွင်းစိတ်မှာ ၊ ကြည်နူးပါသည်
      တာသင်္ကြန်ကြိုလင့်ပြီမို့ ။

      အို…… ရွှေရည်သုတ်ဖြူး ၊ မြညှာဖူး
      မြူးလော့ ဝင့်လော့ ၊ ပွင့်ပါလော့ ။

  • နတ်ဆိုးလေး

    March 21, 2012 at 4:56 pm

    ကလေး အဖေလေးကဘူတဲ့လဲ…………..ကလေး ဖေလေးက ဘူတဲ့လဲ……..
    တူဘဲ.. တူဘဲ.. တူဘဲ.. တူဘဲ.. (ဘာလျှောက်ဖတ်နေတာလဲ နင့်ကိုပြောတာဟဲ့) :p

  • yaungchikha

    March 21, 2012 at 7:35 pm

    သင်္ကြန်ရောက်လို့ ပိတောက်တွေပွင့်ရင် ပိတောက်ပင်အောက်သွားထိုင်ပြီး ပိတောက်နံ့သင်းသင်းလေးရဲ့ ရနံ့လေးကိုခံစားရတာကြိုက်တယ်…

  • နတ်ဆိုးလေး

    March 21, 2012 at 7:56 pm

    ပိတောက်ကိုင်းပေါ်က ခါချဉ် ပြုတ်ကျလို့ လည်ဂုတ် ခါချဉ် တွဲမှ ဖြင့် ဟုတ်ပေ့ဖြစ်နေအုံးမယ်နော် သတိထား

  • Khin Latt

    March 21, 2012 at 8:03 pm

    အဖြူအမဲ နဲ့ တွဲထားတဲ့ ပုံလေးက အမြင်တစ်မျိုးဆန်းတယ်။
    ပိတောက်တွေ တောင် ပွင့်ပြန်ပါပေါ့လား။
    မြန်မာလို တစ်နှစ်ဆန်းပြန် ဦးတော့မှာပေါ့။
    ပိတောက်ပုံလေး တွေ အတွက် ကျေးဇူးပါ မနောလေးရေ။ 🙂

  • ခပ် KING ကင်း

    March 21, 2012 at 8:19 pm

    သင်္ကြန်အတာ၊ ခုချိန်ခါမှာ
    ဗျာပါပူဆွေး၊ ချစ်သူလေးကို
    ရေအေးမေတ္တာ၊ လောင်းလိုပါငြား
    မေကားတနယ်၊ မောင်ဝယ်တကျေး
    ခရီးဝေးလျက်၊ ကြင်သူသက်ကို
    ဖြန်းပက်သွန်းခွင့် မသာပြီ။

    တောက် ….. (မျက်ရည် ကြမ်းပြင်ပေါ်သို့ကျသံ)
    ဟီးးးး ဟီးးးးးးးး အဟင့် ရွှတ် (ငိုရှိုက်သံ)
    zzzzzzzzzzzzzzzzzzzzzzz (အိပ်ပျော်သွားသည်)
    ……………………………….
    (ဘာမှကို မပြောနိုင်လောက်အောင် ဆွံ့အ သွားခဲ့သည်)

  • kaung kin pyar

    March 22, 2012 at 8:36 am

    Khin Kha ရေ။ ကဗျာလေးက ကောင်းလိုက်တာ…။ သင်္ကြန်မှာ မဖြစ်သင့်တာတွေ ဖြစ်သွားတဲ့ မြန်မာမိန်းခလေးတွေ အများကြီး ရှိပါတယ်….။ အရက်တွေသောက်၊ လွတ်လပ်ချင်တိုင်းလွတ်လပ်ပြီး ကိုယ့်ကိုယ်ကို မထိန်းနိုင်တော့တာပါ။ သတိထားသင့်ပါတယ်။

  • Burmese or Chinese

    March 22, 2012 at 10:38 am

    ပိတောက်ပန်းတွေတော့ 🙂

  • snow white

    March 22, 2012 at 1:57 pm

    ပန်းတောက်ပန်းမကြိုက်ဘူး အမ ကဗျာတော့ကြိုက်တယ် ကူးသွားတယ်နော်

  • Gipsy

    March 23, 2012 at 12:11 pm

    အသစ် အသစ်လေးရယ်နဲ့

    နုသစ်တဲ့ရာသီရောက်ပြန်ပြီ။

    ပူပူနွေးနွေး

    တောအရေးက စိမ်းမြမြ

    ပွင့်သစ်ဖြူနီတွေ လှပြန်ပေါ့

    ပွင့်ဖူးတဲ့ ရာသီ။

    ငွေခွက်ဖလား တကိုင်ကိုင်

    သံချပ်တွေ မြိုင်မြိုင်တိုင်ကြပေါ့

    ပိတောက်ခိုင်ဝါဝါဝင်း

    တာသင်္ကြန် အခါကြိုလု့ိ

    သပြေညို အတာအိုးတွေနဲ့

    ရွာရိုးမှာ ပရိတ်ပန်းတွေက

    ငြိမ်းချမ်းအောင် ဆုမွန်တောင်း

    ရက်ရက်စက်စက် လှမယ်ကွဲ့

    ဟော နှမတို့ရဲ့ ရေသဘင်မဟာပွဲ။

  • ကြောင်ကြီး

    March 24, 2012 at 12:21 pm

    နှစ်သစ်ကူးမှာ
    အချစ်စစ်စူးလို့
    ယစ်ယစ်မြူးပါရစေကွယ်..။

Leave a Reply